26th MAY 2023 - Morning Daily News by Radio NUG


၂၀၂၃ မေလ ၂၆ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လူထုဟာ စစ်အုပ်စုကို အလွန်ခါးသီးနေကြပြီဖြစ်ပြီး လုံးဝလက်မလျော့ဘဲ အဆုံးအထိ တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ထားတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်ဆွေးနွေး

📌 ၃။ ပြည်သူ့ရင်ခွင်ခိုလှုံရေး ကောင်အထည်ဖော်ဆောင်မှု ကော်မတီ ၂၁ ကြိမ်မြောက် အစည်းအဝေးအား ကျင်းပခဲ့

📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၅။ ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA)ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးကြရသူ ဒေသခံအိမ်ထောင်စုများကို အမိုးအကာအတွက် ရန်ပုံငွေများ NUGက ဆက်လက်ထောက်ပံ့ပေးလျက်ရှိ

📌 ၆။ NUGနံပါတ်ပြားနဲ့ ကိုယ်ပိုင်ကားမှာ ၄င်းပိုင်ကားမဟုတ်ဘဲ လာကြိုပေးသူ၏ ကားသာဖြစ်တယ်လို့ သြစတြေးလျရောက်ရှိနေတဲ့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းရှင်းလင်း

📌 ၇။ စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ

📌 ၈။ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)  တပ်ရင်း()မှ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

📌 ၉။ ဗန်းမောက်မြို့ ကြောင်လည်ရွာတိုက်ပွဲ စကစတပ်က ဗိုလ်တစ်ဦးအပါအဝင် အယောက်၂၀သေဆုံး၍ ကြောင်လည်ရွာအား ကာကွယ်ရေးတပ်များပြန်လည်သိမ်းပိုက်ရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူထုဟာ စစ်အုပ်စုကို အလွန်ခါးသီးနေကြပြီဖြစ်ပြီး လုံးဝလက်မလျော့ဘဲ အဆုံးအထိ တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ထားတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


မေလ၂၅

လူထုဟာ စစ်အုပ်စုကို အလွန်ခါးသီးနေကြပြီဖြစ်ပြီး လုံးဝလက်မလျော့ဘဲ အဆုံးအထိ တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ထားတယ်လို့ မေလ၂၅ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားပြောကြားရာမှာ ထည့်သွင်းပြောပါတယ်။


"အကြမ်းဖက်စစ်အုပ်စုဟာ လူထုကို အကြောက်တရားနဲ့ ဖိပြီး အုပ်ချုပ်လို့ရမယ်ထင်နေပါတယ်။ အမှန်က လူထုဟာ စစ်အုပ်စုကို အလွန်ခါးသီးနေကြပြီဖြစ်ပြီး လုံးဝလက်မလျော့ဘဲ အဆုံးအထိ တိုက်ပွဲဝင်ဖို့ ဒီနေ့အချိန်ထိကို စိတ်ဆုံးဖြတ်ထားကြဆဲ ဖြစ်ပါတယ်။"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိုင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်မှုနှင့်အတူ နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုပေါ်ပေါက်ခဲ့တယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်ဆွေးနွေး


မေလ ၂၅ ရက်

မေလ၂၅ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးအမှတ် (၂၁/၂၀၂၃) ကိုကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။


အဆိုပါဆွေးနွေးပွဲတွင် ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဆိုင်ရာ လုပ်ငန်းရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ပြည်သူ့ရင်ခွင်ခိုလှုံရေး ကောင်အထည်ဖော်ဆောင်မှု ကော်မတီ ၂၁ ကြိမ်မြောက် အစည်းအဝေးအား ကျင်းပခဲ့


မေလ ၂၅ ရက်

ပြည်သူ့ရင်ခွင်ခိုလှုံရေး ကောင်အထည်ဖော်ဆောင်မှု ကော်မတီ ၂၁ ကြိမ်မြောက် အစည်းအဝေးအား မေလ ၂၅ရက်မှာ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ကာ အမှာစကားပြောကြားခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်သူ့ရင်ခွင်လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တော်လှန်ရေးကာလနှင့်အညီ ချိန်ကိုက်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦး၊ ဦးမင်းကိုနိုင်၊ ဦးဝင်းနိုင်( CRPH) ဆရာဘရန်ဂျာတို့အပါအဝင် သက်ဆိုင်သူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


မေ လ၂၅  ရက်

မေလ၂၅ရက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၁၉/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။


အစည်းအဝေးသို့  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊  ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးအဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA)ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးကြရသူ ဒေသခံအိမ်ထောင်စုများကို အမိုးအကာအတွက် ရန်ပုံငွေများ NUGက ဆက်လက်ထောက်ပံ့ပေးလျက်ရှိ


မေ ၂၅ရက်


ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA)ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးကြရသူ ဒေသခံအိမ်ထောင်စုများကို အမိုးအကာအတွက် ရန်ပုံငွေများ NUGက ဆက်လက်ထောက်ပံ့ပေးလျက်ရှိတယ်လို့ မေလ၂၅ရက်မှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။


မေလ (၁၄)ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ဗဟိုပြု၍ ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း "မိခါ" (MOCHA)ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ရှိ ဒေသတော်တော်များများတွင် များစွာပျက်စီးဆုံးရှုံးသွားခဲ့ရပြီး လတ်တလော အရေးပေါ် သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း သိရှိရပါတယ်။


လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် မြို့နယ်များအတွက် လူသားချင်းစာနာမှုအကူအညီများအား Arankan Heritage Foundation (AHF) နှင့် မြေပြင်မှတက်ကြွစွာဆောင်ရွက်နေကြသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်လို့ဖော်ပြပါတယ်။ 


ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA) ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများ၏ အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာလိုအပ်ချက်များကို သက်ဆိုင်ရာ အတိုင်ပင်ခံကောင်စီများ၊ မြို့နယ်တာဝန်ခံများနှင့် လက်တွဲ၍ ဆက်လက်ထောက်ပံ့ပေးလျက်ရှိကြောင်း  သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ NUGနံပါတ်ပြားနဲ့ ကိုယ်ပိုင်ကားမှာ ၄င်းပိုင်ကားမဟုတ်ဘဲ လာကြိုပေးသူ၏ ကားသာဖြစ်တယ်လို့ သြစတြေးလျရောက်ရှိနေတဲ့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းရှင်းလင်း


မေလ၂၅ရက်

NUGနံပါတ်ပြားနဲ့ ကိုယ်ပိုင်ကားမှာ ၄င်းပိုင်ကားမဟုတ်ဘူးလို့သြစတြေးလျရောက်ရှိနေတဲ့ လူ့အခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ရှင်းလင်းဆိုလိုက်ပါတယ်။


မေလ၂၅ရက် လူမှုကွန်ရက်မှာ NUGနံပါတ်ပြားနဲ့ ကိုယ်ပိုင်ကားတစ်စီးကို ဖော်ပြရာမှ စွပ်စွဲချက်များအပေါ် ဝန်ကြီးက ဆိုထားပါတယ်။


"ကိုယ့်ကားလည်းမဟုတ်ဘူး။ လာကြိုပေးတဲ့လူတစ်ယောက်က သူ့ကားနံပါတ်ကိုပြလို့ သဘောကျပြီးရိုက်ထားတာပဲ"လို့ဆိုပါတယ်။


အဆိုပါနိုင်ငံတွင် ကားနံပါတ်ပြားအား စိတ်ကြိုက်တပ်ဆင်နိုင်တယ်လို့ဝန်ကြီးကဆိုပါတယ်။


သြစတြေးလျနိုင်ငံကို လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းမှာ အလုပ်သဘောခရီးစဥ်အဖြစ် ရောက်ရှိနေခြင်းဖြစ်ပါတယ်။


========================


📌📌 ၇။ စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ


မေလ၂၅ရက်


စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့တယ်လို့ မေလ၂၅ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီကဆိုပါတယ်။


စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ၍  စစ်ကိုင်းတိုင်း၏ အနာဂတ်ဖက်ဒရယ်ရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဥ်များ ချမှတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့လများတွင်လည်း မြို့နယ်ပညာရေးဘုတ်အဖွဲ့များနဲ့တွေ့ဆုံခဲ့ပါသေးတယ်။


========================


📌📌 ၈။ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)  တပ်ရင်း()မှ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


မေလ၂၅ရက်

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)  တပ်ရင်း()မှ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့တယ်လို့ မေလ၂၅ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)  တပ်ရင်း()က အသိပေးဆိုထားပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တပ်ရင်း()မှ ရဲဘော်များအားလုံးအတွက် စိတ်ဓာတ်မြင့်တင်ရေးနှင့် မွမ်းမံသင်တန်းကို ပြန်လည်မွမ်းမံလေ့ကျင့်ပေးခဲ့ပြီး သင်တန်းကို အောင်မြင်စွာ တက်ရာက်ပြီးဆုံးနိုင်ခဲ့ပါတယ်လို့ဆိုထားပါတယ်။


မွမ်းမံသင်တန်းဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီလှူဒါန်းပေးပါသောအလှူရှင်များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ ဗန်းမောက်မြို့ ကြောင်လည်ရွာတိုက်ပွဲ စကစတပ်က ဗိုလ်တစ်ဦးအပါအဝင် အယောက်၂၀သေဆုံး၍ ကြောင်လည်ရွာအား ကာကွယ်ရေးတပ်များပြန်လည်သိမ်းပိုက်ရရှိ


မေလ၂၅ရက်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ ကြောင်လည်ရွာတိုက်ပွဲ စကစတပ်က ဗိုလ်တစ်ဦးအပါအဝင် အယောက်၂၀သေဆုံး၍ ကြောင်လည်ရွာအား ကာကွယ်ရေးတပ်များ ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


မေလ၂၅ရက်မှာ ဗန်းမောက်တော်လှန်ရေးအင်အားစုက စစ်ရေးသတင်းကို အတည်ပြုဆိုထားပါတယ်။


"၆ရက်ကျော်ဖြစ်ပွားခဲ့သော ကြောင်လည်ရွာအနီး တိုက်ပွဲများတွင် မေလ၂၄ရက် တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲသည် အပြင်းထန်ဆုံးဖြစ်ပြီး စစ်ကောင်စီတပ်များ အကျအဆုံးများစွာဖြင့် ကြောင်လည်ရွာတွင်တပ်စွဲထားရာမှ ဆုတ်ခွာသွားရတယ်လို့ သတင်းရရှိပါတယ်။လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်နေသည့်ကြားမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ကြံ့ကြံ့ခံပြီး ထိုးစစ်ဆင်ခဲ့ရာ ယနေ့တွင် ကြောင်လည်ရွာအား ပြန်လည်သိမ်းပိုက်ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိုသို့သိမ်းပိုက်နိုင်ရာတွင် အင်းတော်မှ စစ်ကူများ ဗန်းမောက်ဘက်မလာနိုင်အောင် ဟန့်တားတိုက်ခိုက်နိုင်သည့် မော်တိတ်-ရွာသာရွာ တိုက်ပွဲသည်လဲ အခရာကျသည့်အထဲတွင်ပါရှိတယ်လို့ဆိုပါတယ်။


တိုက်ပွဲတွင်ပါဝင်ခဲ့သည့် PDF ရဲဘော်၏ပြောကြားချက်အရ စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံးပြီး ထိုဗိုလ်ကို ဆွဲထုတ်ကြသော စစ်ကောင်စီတပ်သားများ အယောက် နှစ်ဆယ်နီးပါး ပစ်ကွင်းထဲ၌ သေဆုံးသွားသည်ဟု သိရှိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment