27th MAY 2023 - Evening Daily News by Radio NUG


၂၀၂၃ မေလ ၂၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဘုံရန်သူတိုက်ရမယ့်အားအင်တွေကို ဘုံရန်သူအတွက်ပဲ အသုံးပြုစေချင်တယ်လို့ တော်လှန်ရေးရဲဘော်များကို ကာကွယ်ရေးဝန်ကြီးပြောကြား

📌 ၂။ မိုခါမုန်တိုင်းဒဏ်ကြောင့် အကူအညီလိုသူတွေထံ အကူအညီရောက်ဖို့ အတွက် NGO တွေဟာ NUG နဲ့ကော လက်တွဲလုပ်နိုင်မလားလို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား

📌 ၃။ ဒူးပလာယာခရိုင် တပ်မဟာ () ကော့ကရိတ်မြို့နယ်အတွင်းရှိ ကမိုင်ကုန်းကျေးရွာအတွင်းသို့အကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ (၉၇) အမြောက်တပ် မှ ၁၂၀ မမ လက်နက်ကြီးဖြင့် အကြိမ်ရေ (၄၀) ခန့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့

📌 ၄။ Lion Battalion Commando Special Forces - ဗျူဟာစစ်ကြောင်း အတွက်တောရှင်းမြို့လှုပ် စစ်အာဏာ အမြစ်ဖြုတ်ကမ်ပိန်းစတင်

📌 ၅။ မိုခါကြောင့် မြောက်ယမားဆည်မှ ရေပေးဝေရေး ပင်မမြောင်းနဲ့လက်တံမြောင်း တချို့ ပျက်စီးခဲ့၍ ဆည်ရေသောက် လယ်ဧက ၇၀၀၀ ဧက ကျော် မိုးစပါး စိုက်ပျိုးရေးအတွက် ခက်ခဲနေ

📌 ၆။ ကလေးဝမြို့နယ် မှ ချင်းတွင်းမြစ်အထက်ပိုင်းမြို့နယ်များသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် သက္ကယ်ကျင်း - ဖောင်းပြင် - ဟုမ္ပလင်း - ခန္တီး ဗျူဟာကားလမ်းမကြီးအား ရက်အကန့်အသတ်မရှိပိတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဘုံရန်သူတိုက်ရမယ့်အားအင်တွေကို ဘုံရန်သူအတွက်ပဲ အသုံးပြုစေချင်တယ်လို့ တော်လှန်ရေးရဲဘော်များကို ကာကွယ်ရေးဝန်ကြီးပြောကြား


မေလ၂၇ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) - နေပြည်တော်၏ "ကွန်မန်ဒိုအခြေပြု အပတ်စဥ် () သင်တန်းဆင်းပွဲသို့ ပေးပို့တဲ့သဝဏ်လွှာမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဘုံရန်သူတိုက်ရမယ့်အားအင်တွေကို ဘုံရန်သူအတွက်ပဲ အသုံးပြုစေချင်တယ်လို့ တော်လှန်ရေးရဲဘော်များကို ထည့်သွင်းပြောကြားခဲ့ပါတယ်။


"တော်လှန်ရေးရဲ့ နောက်ထပ်အရေးကြီးတဲ့တစ်ချက်ဟာ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ခြင်းပဲ ဖြစ်တယ်။ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်နိူင်ခြင်းဟာ စစ်ဆင်ရေးအတွက်သာမက စစ်အေးချိန်ပါအရေးကြီးတယ်။ငါတို့ စိုးမိုးထားတဲ့နယ်မြေတချို့မှာ စစ်တိုက်နေချိန်ဆို PDF၊ပကဖ LDF တွေဟာ အလုပ်အတူတူလုပ်ကြပြီး စစ်တိုက်စရာမရှိချိန်ဆို ပြဿနာ တစ်ခုတက်ကြတာပဲလို့ပြန်ကြားရတယ်။ဘုံရန်သူတိုက်ရမယ့်အားအင်တွေကို ဘုံရန်သူအတွက်ပဲ အသုံးပြုစေချင်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၃ရင်း၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း ၂၅၀ ကျော်ဖွဲ့စည်းပြီး ဖြစ်ကာ မွမ်းမံသင်တန်းများပေးခြင်းနဲ့လက်နက်တပ်ဆင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ မိုခါမုန်တိုင်းဒဏ်ကြောင့် အကူအညီလိုသူတွေထံ အကူအညီရောက်ဖို့ အတွက် NGO တွေဟာ NUG နဲ့ကော လက်တွဲလုပ်နိုင်မလားလို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား


မေလ၂၇ရက်နေ့မှာ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က အခုလိုသုံးသပ်ပြောကြားထားပါတယ်။


"လူသားတွေ မှန်သမျှကယ်ဆယ်ရ မှာမို့ စကစ နဲ့ MOU လေးပြေးထိုးထားရပါတယ် ဆိုတဲ့ ဆင်ခြေပေးဖူးတဲ့ သူတွေဟာအကူအညီရောက်ဖို့ အတွက် NUG နဲ့ကော လက်တွဲလုပ်နိုင်လေမလား စဉ်းစားမိပါတယ်။E-wallet ခေတ်မှာ recipts and vouchers ဆိုတာ အကြောင်းပြစရာ မဟုတ်တော့လို့ အသစ်အသစ်သော အကြောင်းပြချက်များကို စောင့်မျှော်လျှက်ပါ"လို့ဆိုပါတယ်။


မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် မုန်တိုင်းဒဏ်သင့်ဒေသခံ ဒသမ သန်းကိုကူညီရန်အတွက် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများက အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေတောင်းခံထားတယ်လို့ UN OCHA Myanmarက ဖော်ပြပါတယ်။


========================


📌📌 ၃။ ဒူးပလာယာခရိုင် တပ်မဟာ () ကော့ကရိတ်မြို့နယ်အတွင်းရှိ ကမိုင်ကုန်းကျေးရွာအတွင်းသို့အကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ (၉၇) အမြောက်တပ် မှ ၁၂၀ မမ လက်နက်ကြီးဖြင့် အကြိမ်ရေ (၄၀) ခန့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့


မေလ၂၇


မေလ၂၇ရက်မှာ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးဗဟိုက အခုလိုသတင်းထုတ်ပြန်ခဲ့ပါတယ်။


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ () ကော့ကရိတ်မြို့နယ်အတွင်းရှိ ကမိုင်ကုန်းကျေးရွာအတွင်းသို့ ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့ ညနေ နာရီ မှ ညနေ နာရီ အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ (၉၇) အမြောက်တပ် မှ ၁၂၀ မမ လက်နက်ကြီးဖြင့် အကြိမ်ရေ (၄၀) ခန့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ရာ ညနေ (၂း၃၀) မိနစ် အချိန်ခန့်တွင် ကမိုင်ကုန်းကျေးရွာနေ ဦးအသောင်း (၆၂)နှစ် နှင့် ကျော်မင်းထွန်း (၃၁)နှစ် တို့ နှစ်ဦးအား လက်နက်ကြီးစ ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ဆိုပါတယ်။


ထို့အပြင်ကော့ကရိတ်မြို့နယ် ရွာတန်းရှည် ကျေးရွာနေ ဦးကျော်ဘောင် နွား တစ်ကောင် နှင့် ဒေါ်မူးသောက် နွား တစ်ကောင် ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၄။ Lion Battalion Commando Special Forces - ဗျူဟာစစ်ကြောင်း အတွက်တောရှင်းမြို့လှုပ် စစ်အာဏာ အမြစ်ဖြုတ်ကမ်ပိန်းစတင်


မေလ၂၇ရက်


" ကရင်ဒေသမှ တိုက်ပွဲဝင်နေတဲ့ Lion Battalion Commando Special Forces - ဗျူဟာစစ်ကြောင်း အတွက်ပြုလုပ်တဲ့တောရှင်းမြို့လှုပ် စစ်အာဏာ အမြစ်ဖြုတ်ကမ်ပိန်းဖြစ်ပါတယ်။စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို အပြတ်သားဆုံး ရွေးချယ်ထားတဲ့ စစ်ကြောင်းတစ်ကြောင်းဖြစ်တဲ့ Lion Battalion Commando Special Forces - ဗျူဟာစစ်ကြောင်းကတော့ ရှေ့တန်းစစ်မြေပြင်မှာ ဗျူဟာမှူးဗိုလ်အယ်စေးဝါး ကိုယ်တိုင်ဦးဆောင်ပြီးတိုက်ပွဲဝင်နေသလို စစ်ကြောင်းမှူး၊ တပ်မှူးများကိုယ်တိုင်လည်း ပြည်သူနဲ့ တသားတည်းကျရာတာဝန်အသီးသီးကို ထမ်းဆောင်နေကြပါတယ်"လို့ မေလ၂၇ရက်မှာ OFP Fundraisers က အသိပေးဖော်ပြပါတယ်။


OFP fundraiser အဖွဲ့ဖြစ်တဲ့ We Will Win မှ စီစဥ်ပြီး နိုင်ငံတကာမှ OFP fundraiser များမှ၀ိုင်းဝန်းကူညီနေကာ ကမ်ပိန်းကာလကတော့ မေလ ၂၅ ရက်မှ ဇွန်လ ၂၅ ရက်နေ့အထိ ဖြစ်ပြီး ကမ်ပိန်းမှ ရရှိသမျှ တော်လှန်ငွေတွေကို Lion Battalion Commando Special Forces - ဗျူဟာစစ်ကြောင်း အတွက် တိုက်ရိုက်ပို့ဆောင်ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ၅။ မိုခါကြောင့် မြောက်ယမားဆည်မှ ရေပေးဝေရေး ပင်မမြောင်းနဲ့လက်တံမြောင်း တချို့ ပျက်စီးခဲ့၍ ဆည်ရေသောက် လယ်ဧက ၇၀၀၀ ဧက ကျော် မိုးစပါး စိုက်ပျိုးရေးအတွက် ခက်ခဲနေ


မေလ၂၇


မေလ၂၇ရက်မှာ ABSDFစစ်ကြောင်း()ကအခုလိုအသိပေးဆိုထားပါတယ်။


"မိုခါမုန်တိုင်း တိုက်ခက်ခဲ့မှုကြောင့်စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ ကျေးရွာပေါင်း ၃၄ ရွာ ရေနစ်မြုတ်ခဲ့ပါတယ်


ပုလဲမြို့နယ်ရှိ ကျေးရွာများမှ နွေရာသီ စိုက်ပျိုးလယ်/ယာ ဧက ၂၇၀၀ ကျော် ပျက်ဆီးခဲ့ပြီး ပြန်လည်စိုက်ပျိုးရန် ခက်ခဲနေပါတယ် ။အဓိက အခက်အခဲက မြောက်ယမားဆည်မှ လယ်/ယာတွေအတွက် စိုက်ပျိုးရေ ပေးဝေနေတဲ့   ရေပေးဝေရေး ပင်မမြောင်းနဲ့လက်တံမြောင်း တချို့ ပျက်စီးခဲ့လို့ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဆည်မှပင်မ မြောင်း ကနေ လယ်/ယာတွေကို ရေပေးရန် အဓိက အမှီပြုနေတဲ့ လက်တံမြောင်း ၁၀ ခု ရှိကာ ပင်မမြောင်းပျက်စီးခဲ့၍ လက်တံမြောင်း ၁၀ မြောင်း မှာ အမှီပြုနေတဲ့ ဆည်ရေသောက် လယ်ဧက ၁၀၀၈၂ ဧက မိုးစပါး စိုက်ပျိုးဖို့ ခက်ခဲနေတယ်လို့ဆိုပါတယ်။


အလားတူ လက်ယာမြောင်း ပျက်ဆီးခဲ့ပြီး ယင်းမြောင်းအပေါ်အမှီပြုနေတဲ့ ဆည်ရေသောက် လယ်ဧက ၇၀၀၀ ဧက ကျော် မိုးစပါး စိုက်ပျိုးရေးအတွက် ခက်ခဲနေတယ်လို့လည်းဆိုထားပါတယ်။


========================


📌📌 ၆။ ကလေးဝမြို့နယ် မှ ချင်းတွင်းမြစ်အထက်ပိုင်းမြို့နယ်များသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် သက္ကယ်ကျင်း - ဖောင်းပြင် - ဟုမ္ပလင်း - ခန္တီး ဗျူဟာကားလမ်းမကြီးအား ရက်အကန့်အသတ်မရှိပိတ်


မေလ၂၇ရက်


"ကလေးဝမြို့နယ် မှ ချင်းတွင်းမြစ်အထက်ပိုင်းမြို့နယ်များသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် သက္ကယ်ကျင်း - ဖောင်းပြင် - ဟုမ္ပလင်း - ခန္တီး ဗျူဟာကားလမ်းမကြီးအား စစ်ရေးအခြေအနေအရ  ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားမှာဖြစ်ပါတယ်"လို့မေလ၂၇ရက်မှာ ကလေးခရိုင် အမှတ် - တပ်ရင်း(ကလေးဝ)စစ်ဒေသ ()ကအသိပေးဆိုထားပါတယ်။


ထိုကာလအတွင်း၌ နောက်ထပ်သတိပေးထုတ်ပြန်ချက် တစ်စုံတစ်ရာမပြုမချင်း လိုက်နာကြပါရန် သတိပေးထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment