28th MAY 2023 - Evening Daily News by Radio NUG



၂၀၂၃ မေလ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမေရိကန်ကယ်လီဖိုးနီးယား အထက်လွှတ်တော်တွင် NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအား ကြိုဆိုကြောင်း လွှတ်တော်က တရားဝင်မှတ်တမ်းတင်ဂုဏ်ပြု

📌 ၂။ ပေးဆပ်သွားသူတွေရဲ့အားနဲ့ နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန်မပျက် ဆက်လက်သွားဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်း ဆစ်ဒနီမြို့ရှိလူထုတွေ့ဆုံပွဲကို တက်ရောက်ပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ ဆစ်ဒနီမြို့ရှိ မြန်မာတိုင်းရင်းသားများအား ရှင်းလင်း

📌 ၄။ မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းနဲ့လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့၍ အသက် () နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူရှစ်ဦးထိခိုက်ဒဏ်ရာရ

📌 ၅။ မင်းတပ်မြို့ ခလရ၂၇၄၊မင်းတပ်ရဲစခန်း အပါအဝင် ကန်ပက်လက် လမ်းခွဲ စစ်ဆေးရေးဂိတ်တို့ကို ရှော့တိုက်ဒုံးနဲ့ရော့ကတ် အလုံး၃၀ပစ်ခတ်တိုက်ခိုက်

📌 ၆။ iphone ကိုင်တဲ့လူများ အိမ်ပြန်လမ်းကိုများများ ကလစ်ပေးရန် Click2donateတိုက်တွန်း

📌 ၇။ LAရောက် ပြည်ထောင်စုဖွားများ တော်လှန်ရေးအတွက် လစဉ်ဒေါ်လာ()သောင်းကျော် ထောက်ပို့ခဲ့ရာ လက်ရှိအချိန်အထိဒေါ်လာသိန်း(၂၀)ကျော်လှူဒါန်းခဲ့ပြီးဖြစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမေရိကန်ကယ်လီဖိုးနီးယား အထက်လွှတ်တော်တွင် NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအား ကြိုဆိုကြောင်း လွှတ်တော်က တရားဝင်မှတ်တမ်းတင်ဂုဏ်ပြု


မေလ၂၈


အမေရိကန်ကယ်လီဖိုးနီးယား အထက်လွှတ်တော်တွင် NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအား ကြိုဆိုကြောင်း လွှတ်တော်က တရားဝင်မှတ်တမ်းတင်ဂုဏ်ပြုခဲ့ပါတယ်။ မတ်လ၂၅ရက်နေ့က ကယ်လီဖိုးနီးယား အထက်လွှတ်တော်သို့ NUG ကိုယ်စားပြုကာ ပြည်ထောင်စုဝန်ကြီးများ သွားရောက် တွေ့ဆုံခဲ့ပါတယ်။


"ဒေါက်တာဇော်ဝေစိုးအား ကယ်လီဖိုးနီးယား အထက်လွှတ်တော်တွင်  မြန်မာနိုင်ငံက ဒေါက်တာဇော်ဝေစိုးကို ကြိုဆိုလိုက်ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အမျိုးသားညီညွတ်ရေး အစိုးရ၏ ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်"လို့ဆိုခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီးများသည် မွန်းလွဲပိုင်းတွင် Senator Benjamin J Allen နှင့် သီးခြားတွေ့ဆုံ၍ မြန်မာပြည်ရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၂။ ပေးဆပ်သွားသူတွေရဲ့အားနဲ့ နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန်မပျက် ဆက်လက်သွားဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို


မေလ၂၈ရက်


ပေးဆပ်သွားသူတွေရဲ့အားနဲ့ နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန်မပျက်ဆက်လက်သွားဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက

မေလအတွင်းကျင်းပတဲ့ လက်နက်ထုတ်လုပ်ရေး ကမ်ပိန်းဖွင့်ပွဲအခမ်းအနားမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ပါတယ်။


"ကျနော်တို့က မျှော်လင့်ချက်အမှားတွေပေးနေ

ပြောနေတာမဟုတ်ဘူး။အရင်ကနဲ့အခုတိုးတက်လာတာကို နှိုင်းယှဥ်ပြောနေတာ၊ အခုတိုးတက်နေတာကိုပြောနေခြင်းဖြစ်တယ်။အရင်တူမီးကနေ အခုမောင်းပြန်တွေ ထုတ်လုပ်တတ်တယ်။ပစ်တာ ခတ်တာတွေ သေနတ်ရဲ့ပုံစံတွေကို လုပ်လာနိူင်တယ်။အားလုံးကို ချီးလည်းချီးကျူးတယ်။ဂုဏ်လည်းဂုဏ်ယူတယ်။ပေးဆပ်သွားသူတွေရဲ့အားနဲ့ ကျနော်တို့တော်လှန်ရေးဟာ အရှိန်အဟုန်မပျက်ဆက်လက်သွားဖို့လိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း၃၀၀ ကျော်၊ မြို့နယ်ပကဖအဖွဲ့ပေါင်း ၂၅၀ ကျော်နဲ့ တစ်နိူင်ငံတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အင်အားသိန်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်း ဆစ်ဒနီမြို့ရှိလူထုတွေ့ဆုံပွဲကို တက်ရောက်ပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ ဆစ်ဒနီမြို့ရှိ မြန်မာတိုင်းရင်းသားများအား ရှင်းလင်း


မေလ၂၈


အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်း ဆစ်ဒနီမြို့ရှိလူထုတွေ့ဆုံပွဲကို တက်ရောက်ပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ ဆစ်ဒနီမြို့ရှိ မြန်မာတိုင်းရင်းသားများအား ရှင်းလင်းပြောကြားခဲ့တယ်လို့ မေလ (၂၈) ရက်မှာအမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက အသိပေးထုတ်ပြန်ပါတယ်။


မေလ၂၇ ရက်နေ့တွင် ဆစ်ဒနီမြို့ရှိ Villawood Senior Citizen Hall တွင် ကျင်းပပြုလုပ်နေသည့် ရံပုံငွေရှာ ဈေးရောင်းပွဲကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည်တက်ရောက် အားပေးခဲ့ပြီး မွန်းလွဲပိုင်းတွင် Burmese Rohingya Community Australia (BRCA) အဖွဲ့နှင့် နေ့လည်စာ အတူစားသုံးရင်း ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


 ညနေပိုင်းတွင် Auburn Town Hall တွင် CRPH/NUG Support Group (New South Wales) အဖွဲ့က ကျင်းပပြုလုပ်ပေးသည့် လူထုတွေ့ဆုံပွဲကို တက်ရောက်ပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ ဆစ်ဒနီမြို့ရှိ မြန်မာတိုင်းရင်းသားများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းနဲ့လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့၍ အသက် () နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူရှစ်ဦးထိခိုက်ဒဏ်ရာရ


မေလ၂၈


မေလ၂၈ရက်မှာ ပြည်သူသေဆုံးမှုနှင့်ပတ်သက်ပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)ကအခုလိုအသိပေးဖော်ပြပါတယ်။


" မေလ ၂၇ရက်နေ့တွင် မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကျွန်တော်တို့ မဟာမိတ်အဖွဲ့တို့နှင့် ထိတွေ့မှုအနည်းငယ် ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် () ကြိမ် ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ပါတယ်။ စကစမှ တာဝေးပစ်လက်နက်ကြီးဖြင့်လည်း အဆမတန်အသုံးပြုခဲ့ရာ အသက် () နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ပြည်သူ () ဦးထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း အပါအဝင် ပြည်သူနေအိမ်အမြောက်အများ ထပ်မံပျက်စီးဆုံးရှုံးခဲ့ပါတယ်"လို့ဆိုပါတယ်။


အလားတူမေလ၂၈ရက်နေ့ နံနက် (၄း၃၀) နာရီအချိန်တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ မိုးဗြဲအနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်များနေသည့် စစ်ရှောင်စခန်းတစ်နေရာကို လေယာဥ်ဖြင့်() ကြိမ်တိုင်တိုင်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ () ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် () လုံး ပျက်စီးခဲ့ရပါတယ်။


========================


📌📌 ၅။ မင်းတပ်မြို့ ခလရ၂၇၄၊မင်းတပ်ရဲစခန်း အပါအဝင် ကန်ပက်လက် လမ်းခွဲ စစ်ဆေးရေးဂိတ်တို့ကို ရှော့တိုက်ဒုံးနဲ့ရော့ကတ် အလုံး၃၀ပစ်ခတ်တိုက်ခိုက်


မေလ၂၇


ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ၂၇၄၊မင်းတပ်ရဲစခန်းအပါအဝင် ကန်ပက်လက် လမ်းခွဲ စစ်ဆေးရေးဂိတ်တို့ကို ရှော့တိုက်ဒုံးနဲ့ရော့ကတ် အလုံး၃၀ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းကိုမေလ၂၈ရက်မှာ  မင်းတပ်CDFကအတည်ပြုဆိုထားပါတယ်။


မေလ၂၅ရက် နေ့ CDFမင်းတပ်နဲ့ပူးပေါင်းတပ်ဖွဲ့များဟာ မင်းတပ်မြို့ ခလရ၂၇၄၊မင်းတပ်ရဲစခန်းအပါအဝင် ကန်ပက်လက် လမ်းခွဲ စစ်ဆေးရေးဂိတ်တို့ကို ရှော့တိုက်ဒုံးနဲ့ရော့ကတ် အလုံး၃၀ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်များအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ မင်းတပ်ရဲစခန်းနဲ့ စစ်ဆေးဂိတ်တို့မှာ ထိခိုက်ပျက်စီးမှုများရှိနိူင်ပြီး အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။


အလားတူ မေလ ၂၆ရက်နေ့ကလည်း ကျောက်ထုမြို့မှ တက်လာတဲ့ စကစအင်အား၁၈၀ကို ကျောက်ထု မင်းတပ် လမ်းပိုင်းတနေရာမှာ ပဒေသာမိုင်း ခွဲတိုက်ခိုက်ရာ စကစများသေဆုံးထိခိုက်ရှိခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၆။ iphone ကိုင်တဲ့လူများ အိမ်ပြန်လမ်းကိုများများ ကလစ်ပေးရန် Click2donateတိုက်တွန်း


မေလ၂၈


iphone ကိုင်တဲ့လူများ အိမ်ပြန်လမ်း ကိုများများကလစ်ပေးရန် မေလနောက်ဆုံးပတ်မှာ Click2donateကအသိပေးဆိုထားပါတယ်။


"မနေ့က အိမ်ပြန်လမ်း ios ရဲ့ ရငွေပါခင်ဗျာ။ နှစ်သိန်းကျော်ပဲရပါတယ်ခင်ဗျာ။  အရင်လထက်တော့ ဒီလ ၂ဆလောက်ပိုရနေပါတယ်ခင်ဗျာ။ မနေ့က အိမ်ပြန်လမ်း ကလစ်တဲ့လူ  TOTAL 400 ကျော်ရှိပြီး  ဒီနေ့တော့ နည်းနေပါသေးတယ်ခင်ဗျာ။ ကွန်မန့်မှာ screenshot လေးချထားပေးပါ့မယ်။ ကျွန်တော်တို့ 4000ကျော် ဆိုရင်ကိုမနေ့က ဆယ်ဆမှန်းရင် သိန်းနှစ်ဆယ်ကျော်ရမှာပါခင်ဗျာ  တစ်သောင်းဆိုရင်ကို  ဒီတစ်ခုထဲနဲ့ သိန်း ငါးဆယ်လောက်ပြန်ရမယ်။ ကျွန်တော်တို့ဆီမှာ iphone ကိုင်ပြီး တော်လှန်ရေးအတွက် ကလစ်ပေးချင်တဲ့သူ  ၄၀၀ ကျော်ပဲရှိတာတော့ အင်မတန် အံ့ဩရပါတယ်"လို့ဆိုပါတယ်။


Click2donateဟာ ပြည်သူများကလစ်နှိပ်၍ ရရှိလာသော ငွေကြေးများကို တော်လှန်ရေးအင်အားစုများထံ ပြန်လည်စီးဆင်းထောက်ပို့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၇။ LAရောက် ပြည်ထောင်စုဖွားများ တော်လှန်ရေးအတွက် လစဉ်ဒေါ်လာ()သောင်းကျော် ထောက်ပို့ခဲ့ရာ လက်ရှိအချိန်အထိဒေါ်လာသိန်း(၂၀)ကျော်လှူဒါန်းခဲ့ပြီးဖြစ်


မေလ၂၈


အမေရိကန်နိူင်ငံ LAရောက် ပြည်ထောင်စုဖွားများ တော်လှန်ရေးအတွက် လစဉ်ဒေါ်လာ()သောင်းကျော်ထောက်ပို့ခဲ့ရာ လက်ရှိအချိန်အထိဒေါ်လာသိန်း(၂၀)ကျော်လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့

မေလနောက်ဆုံးပတ်မှာ LAရောက် တော်လှန်ရေးအင်အားစုထံကသိရပါတယ်။


"LAမှာထောက်ပို့ရေးလုပ်နေတာ တစ်ရက်မှမပျက်ဘူးတဲ့။ လစဉ်ပီဒီအက်ဖ်အဖွဲ့(၃၀)ကနေ(၅၀)အထိထောက်ပို့နေတယ်တဲ့။ CDMကိုလဲထောက်ပို့တယ် စစ်ဘေးသင့်ပြည်သူလဲထောက်ပို့တယ်တဲ့။ ဂုဏ်ပြုလွှာတွေလဲနှစ်အလိုက်စုထားတယ် Excel ဖိုင်နဲ့မှတ်တမ်းတင်ထားတာတွေလဲအများကြီးဖြစ်နေပြီတဲ့။ လစဉ်ဒေါ်လာ()သောင်းကျော်လှူနေတာတဲ့ အခုဒေါ်လာသိန်း(၂၀)ကျော်လှူပြီးပြီတဲ့။ အဲဒါLA။တကယ်တော့တော်လှန်ရေးစတင်ဖို့ ထောက်ပို့ဒေါ်လာ(.)သန်းအရင်ဆုံးရှာဖွေပေးခဲ့တာ ပြည်သူ့ဂုဏ်ရည်အသင်းကြီးဖြစ်ပြီးတော့ အဓိကအားစိုက်လုပ်ခဲ့ကြတာက LAဌာနခွဲကလူတွေကအများစုပါ"လို့ဆိုထားပါတယ်။


လက်ရှိမှာ စစ်ဘေးသင့်ပြည်သူတွေကိုထောက်ပို့တဲ့အစီအစဉ်(Project IDPs)လုပ်ဆောင်နေပြီး ပြည်သူ့ဂုဏ်ရည်အသင်းလည်းပါဝင်တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment