29th MAY 2023 - Evening Daily News by Radio NUG



၂၀၂၃ မေလ ၂၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးကာလ အဆင့်မြင့်ပညာတက်ရောက်လိုတဲ့ ကျောင်းသားများအရေး အမေရိကန်ခရီးစဥ်မှာ ဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၂။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ အမေရိကန်နိူင်ငံ ဝါရှင်တန်ခရီးစဥ်တွင် အမေရိကန်အစိုးရတာဝန်ရှိသူနဲ့ လွှတ်တော်အမတ်အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်တွေနှင့်ပါတွေ့ဆုံပေးဖို့စီစဥ်ထား

📌 ၃။ တော်လှန်ရေးဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အလုံခြုံဆုံးနေရာတွေကို ချိန်းခြောက်နိူင်တဲ့အနေအထားကိုရောက်ရှိနေပြီး လူထုရဲ့ အားမလိုအားမရ ထောက်ပြမှုတွေကို သတိပြုမိတယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

📌 ၄။ မိုခါမုန်တိုင်းဒဏ်သင့်မြို့နယ်များ ပြန်လည်ထူထောင်နိုင်ရေးအတွက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့ တွေ့ဆုံဆွေးနွေး 

📌 ၅။ ကရင်ပြည်နယ်တွင်စစ်ကောင်စီတပ်စခန်း () ခုကို ဒရုန်းများဖြင့် တစ်ပြိုင်တည်းဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး () ဦးအပါအဝင် () ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

📌 ၆။ နွေဦးလည်းကူ၊ဆုလည်းယူ Raffle Ticket ကမ်ပိန်းဆက်လက်ရောင်းချလျက်ရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးကာလ အဆင့်မြင့်ပညာတက်ရောက်လိုတဲ့ ကျောင်းသားများအရေး အမေရိကန်ခရီးစဥ်မှာ ဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


မေလ၂၉


မေလ၂၈ရက်ကျင်းပတဲ့ အမေရိကန်ခရီးစဥ် အတွေ့အကြုံများ မေးမြန်းခန်းအစီအစဉ်မှာ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။


"အခုအချိန်မှာ တော်လှန်ရေးကာလ မြန်မာနိူင်ငံမှာတိုက်ပွဲတွေ ဖြစ်နေတယ်။CDMလုပ်တဲ့ကျောင်း သားတွေရှိနေတယ်။သူတို့တွေအတွက် ပညာရေးနဲ့ပတ်သက်တဲ့အရာတွေကို အကောင်အထည်ဘယ်လိုဖော်ဆောင်နိူင်မလဲ။ဒီလို ပဋိပက္ခကြားမှာ ဘယ်လိုပညာရေးအကောင်အထည်ဖော်ဖို့ဆိုတာကို ဆွေးနွေးခဲ့တယ်။သူတို့ကလည်း သူတို့ရဲ့အတွေ့အကြုံတွေကိုပြောပြတယ်"လို့ဝန်ကြီးကဆိုပါတယ်။


မေလ၂၃ရက်နေ့အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုရှိ University of San Francisco သို့ ပြည်ထောင်စုဝန်ကြီးများ

အဖွဲ့ရောက်ရှိကာ အဆိုပါတက္ကသိုလ်ရှိ ပညာရေးဌာနမှပါမောက္ခဖြစ်သူနှင့် အခြားပါမောက္ခ ဦးတို့နှင့်အတူ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ အမေရိကန်နိူင်ငံ ဝါရှင်တန်ခရီးစဥ်တွင် အမေရိကန်အစိုးရတာဝန်ရှိသူနဲ့ လွှတ်တော်အမတ်အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်တွေနှင့်ပါတွေ့ဆုံပေးဖို့စီစဥ်ထား


မေလ၂၉


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ အမေရိကန်နိူင်ငံ ဝါရှင်တန်ခရီးစဥ်တွင် အမေရိကန်အစိုးရတာဝန်ရှိသူနဲ့ လွှတ်တော်အမတ်အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ပါတွေ့ဆုံပေးဖို့ စီစဥ်ထားတယ်လို့ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောကြားထားပါတယ်။


"ဝါရှင်တန်ဒီစီ ခရီးစဥ်မှာ တော်လှန်ရေးအခြေအနေနဲ့ပတ်သက်လို့ မြေပြင်မှာနဲ့ဒီကကြားနေတာ တစ်သားတည်းကျရဲ့လားဆိုတာကို ဆွေးနွေးမယ်။NUGဝန်ကြီးတွေပါဝင်မယ်။နောက်ပြီး ဆွေးနွေးပွဲတွေကို အမေရိကန်အစိုးရရော၊ ဆီးနိတ်တာရော ဖိတ်ကြားမယ်။ဆရာကြီးနဲ့တွေ့သင့်တွေ့ထိုက်တဲ့လူတွေ၊အဖွဲ့အစည်းတွေ တိုင်းရင်းသားခေါင်ဆောင်၊ကိုယ်စားလှယ်တွေနဲ့ဆက်လက်တွေ့မယ်။ပွင့်ပွင့်လင်းလင်းဆွေးနွေးမယ်"လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးနဲ့ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ အမေရိကန်နိူင်ငံကို အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိနေခြင်းဖြစ်ပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အလုံခြုံဆုံးနေရာတွေကို ချိန်းခြောက်နိူင်တဲ့အနေအထားကိုရောက်ရှိနေပြီး လူထုရဲ့ အားမလိုအားမရ ထောက်ပြမှုတွေကို သတိပြုမိတယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။


မေလ၂၉ရက်မှာ တော်လှန်ရေးနဲ့ပတ်သက်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က Radio NUGကို ယခုလိုဖြေကြားခဲ့ပါတယ်။


(((( ဦးကျော်ဇော်-သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ))))


လက်ရှိမြန်မာအရေးနှင့်ပတ်သက်ပြီးလည်း နိုင်ငံတကာလေ့လာစောင့်ကြည့်သူများ၏အဆိုရ စစ်ကောင်စီဟာ အင်အားအင်မတန် ချိနဲ့နေပြီဖြစ်လို့ တော်လှန်ရေး ဘက်တော်သားတွေအနေနဲ့ သွေးမကွဲဘဲ စွမ်းစွမ်းတမံ အားစိုက်ဆောင်ရွက်ခြင်းအားဖြင့် တလှန်ရေးအောင်ပွဲကိုရယူနိုင်ကြမှာ မလွဲဧကန်ဖြစ်ပါတယ်လို့  တိုက်တွန်းပြောကြားသွားပါတယ်။


========================


📌📌 ၄။ မိုခါမုန်တိုင်းဒဏ်သင့်မြို့နယ်များ ပြန်လည်ထူထောင်နိုင်ရေးအတွက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့ တွေ့ဆုံဆွေးနွေး 


မေလ၂၈ရက်မှာမိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံစားရမှု ဒုတိယအများဆုံးဖြစ်ခဲ့သည့် ချင်းပြည်နယ်အတွက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီနှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီမှခေါင်းဆောင်များ၊ ဒေသဆိုင်ရာတာဝန်ခံများနှင့် တွေ့ဆုံ၍ ချင်းပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်မြို့နယ်များ ပြန်လည်ထူထောင်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA)ကြောင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လူနေအိမ်များအမိုးလန်ပြိုကျပျက်စီးခြင်း၊ စာသင်ကျောင်းများ ဘာသာရေးအဆောက်အအုံများပျက်စီးခြင်း၊ ကျေးရွာများရှိ ရိက္ခာသိုလှောင်သည့် စပါးကျီများပျက်စီးခြင်း၊ အိမ်မွေးတိရိစ္ဆာန်(ကျွဲ၊ နွား၊ နွားနောက်)များသေဆုံးခြင်းနှင့် ကျေးရွာချင်းဆက်လမ်းများအပြင် မြေပြိုပိတ်ဆို့ခြင်းများ ဖြစ်ပွားခဲ့ရပါကြောင်းပြောကြားခဲ့ပါတယ်။


ထို့နောက်မြို့နယ်အသီးသီးရှိ လူသားချင်းစာနာ တာဝန်ခံများမှလည်း ပျက်စီးဆုံးရှုံးမှု အချက်အလက်များကို  ဆက်လက်စုစည်းလျက်ရှိပါကြောင်း၊ အရေးပေါ်ရန်ပုံငွေ ရရှိသည့်အထဲမှ လက်တလောလိုအပ်လျက်ရှိသည့် အမိုးအကာများနှင့် တာလပတ်များ၊ ဆန်ရိက္ခာများ၊ အခြေခံစားသောက်ကုန်များ၊ အိမ်သုံးဆေးဝါးများ အရေးပေါ် ဖြည့်ဆည်းပေးထားမှုအခြေအနေများနှင့် ထပ်မံလိုအပ်မှုအခြေအနေများကို နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၅။ ကရင်ပြည်နယ်တွင်စစ်ကောင်စီတပ်စခန်း () ခုကို ဒရုန်းများဖြင့် တစ်ပြိုင်တည်းဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး () ဦးအပါအဝင် () ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ


မေလ၂၉ရက်


မေလ၂၉ရက်မှာ စစ်ရေးသတင်းကို Federal Wings Droneတပ်ဖွဲ့က အခုလိုအတည်ပြုထုတ်ပြန်လိုက်ပါတယ်။


"ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ ဝေါ်လေဗျူဟာကုန်း၊ မော်ခီးစခန်းနှင့် ကနဲလေးစခန်းတို့ကို မေလ (၂၃) ရက်နေ့မှစတင်ပြီး KNU/KNLA (၂၀၁) တပ်ရင်း၊ KNDO တပ်ရင်း () နှင့် Federal Wings Drone တပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဒရုန်းများအသုံးပြု၍ စစ်ဆင်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ် ကနဲလေးစခန်းမှ တပ်ရင်းမှူး () ဦး အပါအဝင် () ဦး သေဆုံးကြောင်း စစ်‌မြေပြင်ရှိ KNDO တပ်ရင်း () နှင့် Federal Wings  ပူးပေါင်းအဖွဲ့၏ ဒရုန်းဦးစီးမှူး KNDO တပ်ရင်း () အရာရှိထံမှ သတင်းရရှိပါတယ်။


တိုက်ခိုက်ခံရမှုတွင်ပါဝင်သည့် ဝေါ်လေဗျူဟာကုန်းနှင့် မော်ခီးစခန်း တို့တွင် ထိခိုက်မှုများရှိနိူင်တယ်လို့သိရပါတယ်။


တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ မော်ခီးစခန်းအနီးရှိ ပနွယ်ဖိုးကလိုးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအား ထိမှန်ပျက်စီးခဲ့ပြီး

စစ်ကောင်စီတပ်များသည် တိုက်ပွဲနှင့်မသက်ဆိုင်သည့် အနီးအနားရှိကျေးရွာများအား လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ နွေဦးလည်းကူ၊ဆုလည်းယူ Raffle Ticket ကမ်ပိန်းဆက်လက်ရောင်းချလျက်ရှိ


မေလ၂၉


မေလ၁၃ရက်ကနေ ဇွန်လ၁၁ရက်နေ့အထိ နွေဦးလည်းကူ၊ဆုလည်းယူ Raffle Ticket များကိုရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါ ကမ်ပိန်းမှ ကံစမ်းမဲRaffle Ticket တစ်စောင်ကို အမေရိကန်ဒေါ်လာ၂၀ စင်္ကာပူဒေါ်လာ ၃၀၊ မြန်မာကျပ်(သို့) NUGPay DMMK ၆၀,၀၀၀ကျပ် တို့နဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်များထံမှာဝယ်ယူရရှိနိူင်ပြီ ဖြစ်ပါတယ်။


ကံစမ်းမဲဆုများအနေနဲ့ နွေဦးအင်းလျားကွန်ဒိုအပါအဝင် Spring  Bliss USD 100 တန် Bond  စောင်၊InyaView  share  စောင်၊NUGPay Topup တစ်သိန်းကျပ်၊အမေရိကန်ဒေါ်လာ ,၀၀၀တန် ရွှေထူစိန်လက်စွပ် တကွင်း ၊အမေရိကန်ဒေါ်လာ ,၆၀၀တန် မြ နားဆွဲတို့ဖြစ်ပါတယ်။


ဒါ့အပြင် ဝယ်ယူတဲ့လက်မှတ်အရေအတွက်အတိုင်း နွေဦးထီလက်မှတ်တွေ မေတ္တာလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment