31st MAY 2023 - Evening Daily News by Radio NUG



၂၀၂၃ မေလ ၃၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ဖို့ ကြိုးစားရုန်းကန်ကြတဲ့ လူထုတော်လှန်ရေး ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ ပြည်ထောင်စုအစိုးရ နဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် ဖွဲ့စည်းမည်

📌 ၃။ ကရင်နီဘအမျိုးသားများကာကွယ်ရေးတပ် (Karenni Nationalities Defense Force – KNDF) ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့်အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့

📌 ၄။ ပြည်တွင်းမှာ ရရာအထုပ်ဆွဲပြီး၊ စကစ ရဲ့ မီးလောင် တိုက်သွင်း ဖြတ်လေးဖြတ် ကိုခံနေရတဲ့ ပြည်သူတွေကို ရေတမှုတ်၊ ဆန်တဆုပ် ဖြစ်ဖြစ် နိုင်သလောက်ကူပေးကြဖို့ ဒုတိယဝန်ကြီးမော်ထွန်းအောင်တိုက်တွန်း

📌 ၅။ နှစ်ရက်အတွင်း ကျွန်းလှမြို့နယ်ရှိ ကျေးရွာ ရွာအား စစ်ကောင်တပ်နှင့်ပျူစောထီးများမှ မီးရှို့ဖျက်ဆီး

📌 ၆။ သံဖြူဇရပ်မြို့ မှ ရေးမြို့ ဘက်သို့ ဖြတ်သန်းသွားလာတဲ့ စကစတပ်ယာဥ်တန်း ခြုံခိုပစ်ခတ်တိုက်ခိုက်ခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ဖို့ ကြိုးစားရုန်းကန်ကြတဲ့ လူထုတော်လှန်ရေး ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ဖို့ ကြိုးစားရုန်းကန်ကြတဲ့ လူထုတော်လှန်ရေး ဖြစ်တယ်လို့

အမျိုးသားညီညွတ်ရေးအစိုးရ၏ အကြိမ်(၂၀) မြောက် အစိုးရအဖွဲ့အစည်းဝေးမှာယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြော ကြားခဲ့ပါတယ်။


"နွေဦးတော်လှန်ရေး အခင်းအကျင်းတစ်ခုလုံးကို ကြည့်ရင် လွတ်လပ်ခွင့်၊ တရားမျှတမှုနဲ့ တန်းတူ ညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် တော်လှန်ကြတဲ့ လူထုတော်လှန်ရေး ဖြစ်တယ်ဆိုတာ အားလုံးသိနားလည်ထားကြပြီး ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ဖို့ ကြိုးစားရုန်းကန်ကြတဲ့ လူထုတော်လှန်ရေး ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်မှာ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စရပ်တွေ ပါဝင်နေပါတယ်။ ဒီမိုကရေစီစနစ်မှာတော့ လွတ်လပ်ခွင့်နဲ့ တရားမျှတခြင်းဆိုတဲ့ အခြေခံစံတန်ဖိုးတွေ ပါဝင်နေပါ တယ်။ ကျွန်တော်တို့ဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံမူတွေနဲ့ ဖက်ဒရယ်စနစ်ရဲ့ အခြေခံမူတွေကို လိုက်လျောညီထွေစွာ ပေါင်းစပ်တည်ဆောက်ကြရမယ်လို့ ယုံကြည်ထားပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ဖက်ဒရယ်စနစ်ကိစ္စကို စဉ်းစား လုပ်ဆောင်ကြတဲ့နေရာမှာ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ အကြား အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးနဲ့ အခွန်ဘဏ္ဍာခွဲဝေရေးကိစ္စတွေ ပါဝင်လာမှာ ဖြစ်ပြီး တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ပြဋ္ဌာန်းချက်တွေကို ဦးစားပေး စဉ်းစားကြရတယ်လို့ ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။


တစ်ဆက်တည်းမှာပဲ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားရာတွင် "ဒီနှစ်ပိုင်းအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပိုမို အားစိုက် ဆောင်ရွက်ရမှာတွေ ရှိတယ်ဆိုတာနဲ့ တော်လှန်ရေးက တချို့နေရာတွေမှာ အဆင့်တစ်ခုကို ရောက်ရှိနေပြီဖြစ်တာမို့ တစ်ဖက်က တော်လှန်ရေးအတွက် အားစိုက် ဆောင်ရွက် ရမှာ ရှိသလို တစ်ဖက်ကလည်း နိုင်ငံရေးအရ ပြင်ဆင် ဆောင်ရွက်စရာတွေ ရှိလာပါတယ်"လို့ ဆိုပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုအစိုးရ နဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် ဖွဲ့စည်းမည်


မေလ၃၁ရက်


ပြည်ထောင်စု အစိုးရ နဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် ဖွဲ့စည်းမယ်လို့ မေလ၃၁ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ကက်ဘိနက်အစည်းအဝေးမှ သတင်းရရှိပါတယ်။


အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ ဖက်ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန တို့က ပြည်ထောင်စု အစိုးရ နဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် ဖွဲ့စည်းရန် တင်ပြတာ၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ကြားကာလ ဗဟိုဘဏ်ရဲ့ လုပ်ပိုင်ခွင့် ဆုံးဖြတ်ချက်ကို မှတ်တမ်းတင်တာ အစရှိတဲ့ ကိစ္စရပ်တွေကို တင်ပြဆွေးနွေးမှု တွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ကရင်နီဘအမျိုးသားများကာကွယ်ရေးတပ် (Karenni Nationalities Defense Force – KNDF) ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့်အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့


မေလ၃၁


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (Karenni Nationalities Defense Force – KNDF) ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့်အခမ်းအနားသို့ 

 မေလ၃၁ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


သဝဏ်လွှာတွင် ယနေ့ကျရောက်သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (Karenni Nationalities Defense Force – KNDF) ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့်နေ့တွင် ကရင်နီ အမျိုးသားပြည်သူလူထု တရပ်လုံး ယနေ့ကြုံတွေ့နေရသော အခက်အခဲများကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေဟု ဆုမွန်းကောင်းတောင်းအပ်ပါတယ်လို့ဖော်ပြပါတယ်။


လက်ရှိအချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် ကရင်နီ(ကယား) ပြည်နယ်အား လေကြောင်း၊ လက်နက်ကြီး၊ အမြောက်၊ သံချပ်ကာ၊ အတွဲလိုက်ပစ်ဒုံးများကို အလွန်အကျွံ သုံးစွဲပြီး နေ့စဉ်နှင့်အမျှ ပြင်းထန်စွာ ထိုးစစ်ဆင်လျက်ရှိရာ ကရင်နီ(ကယား) ပြည်နယ်ရှိတော်လှန်ရေး အင်အားစုများသည် မိမိတို့ထက် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ကူပေးရာတွင် အဆမတန် သာလွန်ကွာခြားသော အကြမ်းဖက်စစ်တပ်၏ တပ်ဖွဲ့ဝင်များကို ကြံ့ကြံ့ခိုင် ခုခံတွန်းလှန်နေသည့်အပြင် အကြမ်းဖက်စစ်တပ်အား များစွာ အထိနာစေသည်အထိပင် ပြန်လည်တိုက်ခိုက်လျက်ရှိတယ်လို့ဆိုပါတယ်။


စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှမှုကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး တို့အတွက် နွေဦးတော်လှန်ရေးပြည်သူ့ခုခံတွန်းလှန်စစ်ကို ပန်းတိုင်သို့ရောက်ရှိသည်အထိ လက်တွဲမဖြုတ် အတူဆက်လက် ဆင်နွှဲကြပါစို့ဟု အလေးအနက် တိုက်တွန်းလျက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (Karenni Nationalities Defense Force – KNDF) ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့် အထိမ်းအမှတ်နေ့သို့ ဤသဝဏ်လွှာအား ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၄။ ပြည်တွင်းမှာ ရရာအထုပ်ဆွဲပြီး၊ စကစ ရဲ့ မီးလောင် တိုက်သွင်း ဖြတ်လေးဖြတ် ကိုခံနေရတဲ့ ပြည်သူတွေကို ရေတမှုတ်၊ ဆန်တဆုပ် ဖြစ်ဖြစ် နိုင်သလောက်ကူပေးကြဖို့ ဒုတိယဝန်ကြီးမော်ထွန်းအောင်တိုက်တွန်း


မေလ၃၁


မေလနောက်ဆုံးပတ်မှာ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ပြည်သူသို့ အခုလိုပြောကြားခဲ့ပါတယ်။


"ပြည်တွင်း မှာ ရရာအထုပ်ဆွဲပြီး၊ စကစ ရဲ့ မီးလောင် တိုက်သွင်း ဖြတ်လေးဖြတ် ကိုခံနေရတဲ့ သူတွေကို ရေတမှုတ်၊ ဆန်တဆုပ် ဖြစ်ဖြစ် နိုင်သလောက်ကူပေးကြဖို့အရေးကြီးပါတယ်။

နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ အခွင့်အရေး တွေ၊ အဆိုင်လန် အခွင့်အရေး တွေ ဘယ်လောက်ရှိရှိ၊ တကမ္ဘာလုံးမှာပဲ ကြည့်ကြည့် ပြည်တွင်းမှာ ကျန်ခဲ့တဲ့ သူတွေက နည်းလမ်း မရှိဆုံးဖြစ်တဲ့ အပြင်၊ အလိုအပ်ဆုံးသူတွေလဲ ဖြစ်ပြန်တယ်"လို့ ဆိုထားပါတယ်။


၂၀၂၃ ခုနှစ် ဧပြီလ (၂၄) ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ဒသမ သန်းကျော်ရှိလာပြီ ဖြစ်ပါတယ်။ 


အာဏာသိမ်းယူမှုပြီးကတည်းက နိုင်ငံရဲ့ အနောက်မြောက်ဖက်မှာ နေရပ်စွန့်ခွာထွက်ပြေးကြရသူဦးရေဟာ ပထမဆုံးအကြိမ်အနေနဲ့ သန်းကျော်လွန်သွားခဲ့ပြီလည်းဖြစ်ပါတယ်။


========================


📌📌 ၅။ နှစ်ရက်အတွင်း ကျွန်းလှမြို့နယ်ရှိ ကျေးရွာ ရွာအား စစ်ကောင်တပ်နှင့်ပျူစောထီးများမှ မီးရှို့ဖျက်ဆီး


မေလ၃၁


မေလ၃၁ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အခုလိုအသိပေးဆိုပါတယ်။


"မေလ ၂၉ ရက်နှင့် ၃၀ ရက်နေ့နှစ်ရက်အတွင်း စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်အတွင်းရှိ သံပုရာပင်စု၊လွှတ်တိုက်၊ဆွဲလှဲ နှင့် မဒေါင်ကျေးရွာ ရွာအား စစ်ကောင်စီလက်အောက်ခံခြေမြန်တပ်ရင်း-၃၆၁နှင့် ပျူစောထီးစုပေါင်းအင်အား ၁၇၀ ခန့်မှ အကြမ်းဖက်ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။


မေလ၂၉ ရက်နေ့မနက် တွင် လယ်လှမှ ကုက္ကိုကုန်းအုပ်စုဘက်သို့ ဦးတည်ထွက်ခွါလာ

တဲ့စစ်ကြောင်းဟာမနက် နာရီအချိန် သံပုရာပင်စုရွာအား အကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီးပြည်သူပိုင်နေအိမ် ၂လုံး၊ မနက် နာရီ ၅၀ မိနစ်တွင် လွှတ်တိုက်ရွာအား အကြမ်းဖက်မီးရှို့ခဲ့ရာ ပြည်သူပိုင်နေအိမ် လုံးနှင့် ကျေးလက်ဆေးပေးခန်းတစ်ခု မီးလောင်ပျက်ဆီးခဲ့ပြီး ညနေ နာရီဝန်းကျင်တွင်  ဆွဲလှဲရွာအားအကြမ်းဖက်ပစ်ခတ်ဝင်ရောက်ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင်နေအိမ်  လုံးနှင့် စပါးတိုက် ခု မီးလောင်ပျက်ဆီးခဲ့ကြောင်းသိရပါတယ်။


၎င်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းသည် ဆွဲလှည်းရွာတွင်တညအိပ်တပ်စွဲပြီး မေလ ၃၀ ရက်နေ့ မနက် နာရီတွင် မဒေါင်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင်နေအိမ် လုံးနှင့် စပါးတိုက်တလုံးမီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။


========================


📌📌 ၆။ သံဖြူဇရပ်မြို့ မှ ရေးမြို့ ဘက်သို့ ဖြတ်သန်းသွားလာတဲ့ စကစတပ်ယာဥ်တန်း ခြုံခိုပစ်ခတ်တိုက်ခိုက်ခံရ


မေလ၃၁ရက်


မွန်ပြည်နယ်၊သံဖြူဇရပ်မြို့ မှ ရေးမြို့ ဘက်သို့ ဖြတ်သန်းသွားလာတဲ့ စကစတပ်ယာဥ်တန်း ခြုံခိုပစ်ခတ်တိုက်ခိုက်ခံရတယ်လို့သိရပါတယ်။


မေလ၃၀ရက် စစ်ကောင်စီတပ်ဖွဲဝင်များ၏ စစ်ကား () စီးနှင့် ရိက္ခာကား ()စီးကိုပစ်ခတ်ခဲ့တယ်လို့ တောင်ညို ပြည်သူ့ပြောက်ကျားတပ်ကဆိုပါတယ်။


"မေလ၃၀ရက် တွင် စစ်ကောင်စီတပ်ဖွဲဝင်များ၏ စစ်ကား () စီးနှင့် ရိက္ခာကား () စီးသည် သံဖြူဇရပ်မြို့ မှ ရေးမြို့ ဘက်သို့ ဖြတ်သန်းသွားလာစဥ် ပိန္နဲတောရွာ နှင့် ရွာသာအေးရွာကြား နံနက် (:၅၆) နာရီတွင် တစ်ကြိမ်၊ ဘေးလမိုင််းရွာ အနီး နံနက် (:၀၇) နာရီ တွင် တစ်ကြိမ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့ မှ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ထို့နောက် စစ်ကောင်စီ ကားတန်းအား လမ်ကင်းယူပေးသော လမ်းကင်းအဖွဲ့ အား ရွာသာအေးရွာ အနီး နံနက် (:၁၅) နာရီတွင် ထပ်မံ ခြုံခိုပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။


 ၎င်းတိုက်ပွဲ () ကြိမ် အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် () ဦး သေဆုံး၍ () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဘေးလမိုင်းရွာသား အပြစ်မဲ့ ပြည်သူ()ဦး သေဆုံးခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment