၂၀၂၃ မေလ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ခုခံတော်လှန်စစ်မှာ အရပ်သားလူထု အထိခိုက် နည်းနိူင်သမျှနည်းအောင် ကြိုးစားကြဖို့ ယာယီသမ္မတတိုက်တွန်းပြောကြား
📌 ၂။ ရန်သူစစ်ကောင်စီကို ဗျူဟာမြောက်ထိုးစစ်ဆင် အနိူင်ယူဖို့ရာတွေမှာ chain of commandဟာ အင်မတန်အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၃။ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ဩစတြေးလျား ခရီးစဉ် စတင် ယနေ့နံနက် ဆစ်ဒနီမြို့သို့ရောက်ရှိ
📌 ၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းများကို စစ်အုပ်စုနှင့် လက်အောက်ခံအဖွဲ့အစည်းဝင်များက ဆက်တိုက်ဖျက်ဆီးမှုများလုပ်ဆောင်လျှက်ရှိ
📌 ၅။ ပွင့်ဖြူ-ပကဖကို အမျိုးသား ညီညွတ်ရေးအစိုးရ MODမှ မင်းဘူးခရိုင် တပ်ရင်း(၄)PDFတပ်ရင်းအဖြစ် တရားဝင်အသိအမှတ်ပြု
📌 ၆။ ခင်ဦးမြို့နယ် ကဘွက်ရွာနှင့် ကုတ်တက်ရွာတို့ကို အကြမ်းဖက်စကစမှ မီးရှို့ဖျက်ဆီး၍ ဒေသခံသုံးထောင်နီးပါးစစ်ဘေးရှောင်နေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ခုခံတော်လှန်စစ်မှာ အရပ်သားလူထု အထိခိုက် နည်းနိူင်သမျှနည်းအောင် ကြိုးစားကြဖို့ ယာယီသမ္မတတိုက်တွန်းပြောကြား
မေလ၈ရက်
ခုခံတော်လှန်စစ်မှာ အရပ်သားလူထု အထိခိုက်နည်းနိူင်သမျှနည်းအောင် ကြိုးစားကြဖို့ယာယီသမ္မတ ဒူဝါလရှီးလက မေလ၈ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေး အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
"ခုခံတော်လှန်စစ်မှာ အရပ်သားလူထု အထိခိုက်နည်းနိူင်သမျှနည်းအောင် မိမိတို့ရဲ့နိူင်ငံရေးသတိကို အမြဲမွေးမြူထားကြရပါလိမ့်မယ်။ခုခံတော်လှန်စစ်ကိုဆင်နွှဲနေရင်း ရန်သူရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ အချိန်နဲ့အမျှရှိနိူင်တယ်ဆိုတာကိုလည်း သတိချပ်ကြဖို့ လူထု ကိုယ်စားလှယ်များအနေနဲ့ အမြဲမပြတ် တပ်လှန့်နှိုးဆော်ပြီး သတိပေးသင့်ပါတယ်။ခုခံတော်လှန်စစ်မှာ ကျနော်တို့ရဲ့ နိူင်ငံရေးအမျှော်အမြင်နဲ့ အရပ်သားလူထု အထိနာမှုနည်းနိူင်သမျှနည်းအောင် တတ်နိူင်သရွေ့ကြိုးစားနေကြရမယ်လို့ ယူဆပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်နေ့မှာ ပြည်သူ့ခုခံတော်လှန်စစ်များ စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာကြေညာခဲ့ပါတယ်။
========================
📌📌 ၂။ ရန်သူစစ်ကောင်စီကို ဗျူဟာမြောက်ထိုးစစ်ဆင် အနိူင်ယူဖို့ရာတွေမှာ chain of commandဟာ အင်မတန်အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
မေလ၈
ရန်သူစစ်ကောင်စီကို ဗျူဟာမြောက်ထိုးစစ်ဆင် အနိူင်ယူဖို့ရာတွေမှာ chain of commandဟာ အင်မတန်အရေးကြီးတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက မေလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် နှစ်နှစ်ပြည့်သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
"တစ်နိူင်ငံလုံးအတိုင်းအတာဖြင့် ခြုံငုံစီမံကွပ်ကဲရတဲ့နေရာမှာ ရန်သူစစ်ကောင်စီကို ဗျူဟာမြောက်ထိုးစစ်ဆင် အနိူင်ယူဖို့ရာတွေမှာ chain of commandဟာ အင်မတန်အရေးကြီးပါတယ်။ ၂၀၂၃ ခုနှစ်ဟာ အပြောင်းအလဲအဖြေကိုပေးမယ့် နှစ်တစ်နှစ်ဖြစ်တာနဲ့အညီ စစ်ရေးရည်မှန်းချက်များပြည့်မီဖို့ စစ်ဒေသကြီးများအလိုက် ကွပ်ကဲမှုများကိုလည်း လေးစားလိုက်နာကြဖို့လိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း၃၀၃ရင်း၊မြို့နယ်ပကဖအဖွဲ့ပေါင်း ၂၅၀ ကျော် ဖွဲ့စည်းပြီးဖြစ်ပါတယ်။
========================
📌📌 ၃။ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ဩစတြေးလျား ခရီးစဉ် စတင် ယနေ့နံနက် ဆစ်ဒနီမြို့သို့ရောက်ရှိ
မေလ၈ရက်
NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း ဩစတြေးလျားခရီးစဉ်အနေနဲ့ မေလ၈ရက်နေ့နံနက်ပိုင်းမှာ ဩစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့သို့ရောက်ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
ခရီးစဉ်အတွင်း လူ့အခွင့်ရေးဝန်ကြီးသည် သြစတြေးလျ အစိုးရ အကြီးတန်းအရာရှိများ၊ နိုင်ငံရေးသမားများနှင့် ပညာရှင်များနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ခြင်းနှင့် စစ်တပ်က ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ဆွေးနွေးရန် ရှိသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရက အစီအမံနှင့် အကောင်အထည်ဖေါ်နေသည့် မဟာဗျူဟာများကိုလည်း ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံသို့ ၂၀၂၃ ခုနှစ် မေလ ၈ ရက်မှ ဇွန်လ ၄ ရက်နေ့အထိ လူ့အခွင့်ရေးဝန်ကြီးခရီးစဥ်ရှိနေမည်ဖြစ်ပြီး ထိုမှတဆင့် ဆွစ်ဇလန်နိူင်ငံသို့လည်းသွားရောက်မှာဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းများကို စစ်အုပ်စုနှင့် လက်အောက်ခံအဖွဲ့အစည်းဝင်များက ဆက်တိုက်ဖျက်ဆီးမှုများလုပ်ဆောင်လျှက်ရှိ
မေလ၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းများကို စစ်အုပ်စုနဲ့လက်အောက်ခံအဖွဲ့အစည်းဝင်များက ဆက်တိုက်ဖျက်ဆီးမှုများလုပ်ဆောင်လျှက်ရှိရာ မေလ၆ရက်နေ့ ည ၉နာရီကျော်အချိန်တွင် မန္တလေးမြို့၊ ၆၂လမ်း ၃၃_ ၃၄လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်အား စကစနဲ့ လက်အောက်ခံအဖွဲ့များက လာရောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များဆီကသိရပါတယ်။
ထို့သို့ဖျက်ဆီးရာမှာ ရပ်/ကျေး ဥက္ကဌအပါအဝင်လူအင်အားဆယ်ဦးကျော်တို့က ဘက်ဖိုးကားတစီး၊ လမ်းကြိတ်စက်တစီးဖြင့် လာရောက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
အလားတူမေလ၄ရက်ည(၈)နာရီအချိန်ခန့်မှာ မုံရွာမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တိုင်းပါတီရုံးကို စကစတပ်များ ကားရှစ်စီးဖြင့်လာရောက်ပြီး ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။
ဧပြီ၂၅ရက် ညပိုင်းကလည်း ပဲခူးတိုင်း သာယာဝတီမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးခန်းကို စစ်အုပ်စုများက ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီကထုတ်ပြန်ချက်အရလွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်း ခံထားရသည့်အပြင် ၄၇ ဦးတို့၏ နေအိမ်များကိုလည်း ဝရမ်းကပ်ခံထားရပြီး ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးပေါင်း အကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်း ခံခဲ့ရတယ်လို့သိရပါတယ်။
========================
📌📌 ၅။ ပွင့်ဖြူ-ပကဖကို အမျိုးသား ညီညွတ်ရေးအစိုးရ MODမှ မင်းဘူးခရိုင် တပ်ရင်း(၄)PDFတပ်ရင်းအဖြစ် တရားဝင်အသိအမှတ်ပြု
မေလ၈ရက်
မေလ၈ရက်နေ့မှာ မင်းဘူးခရိုင် တပ်ရင်း(၄) PDFတပ်ရင်းက အခုလိုအသိပေးဆိုထားပါတယ်။
"ကျွန်ုပ်တို့ ပွင့်ဖြူ-ပကဖကိုအမျိုးသား ညီညွတ်ရေးအစိုးရNUGမှ မင်းဘူးခရိုင် တပ်ရင်း(၄)PDFတပ်ရင်းအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်သည့်အတွက်များစွာဂုဏ်ယူဝမ်းမြောက်ရပါတယ်။မိမိတို့အဖွဲ့အားNUGအသိအမှတ်ပြုPDF တပ်ရင်းဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးခဲ့သောမကွေးတိုင်း PDF တိုင်းတာဝန်ခံမကွေးတိုင်း ပကဖ တိုင်းတာဝန်ခံမင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းမင်းဘူးခရိုင် အမှတ်(၃)တပ်ရင်းနှင့်အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသောမဟာမိတ် တပ်ရင်း တပ်ဖွဲ့များကိုလေးစားစွာ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်"လို့ဖော်ပြပါတယ်။
မင်းဘူးခရိုင်တပ်ရင်း(၄)အနေဖြင့်NUG/MOD၏လမ်းညွှန်မှုဖြင့်စစ်အာဏာရှင်စနှစ်ဆိုးအမြစ်ပြတ်ခြေမှုန်းရေးအတွက်-တော်လှန်ရေးလုပ်ငန်းစဥ်များ၊ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုပြည်သူအပေါ် ၊NUGအစိုးရအပေါ်သစ္စာရှိစွာဖြင့် အရှိန်တိုးမြှင့်သွားမယ်လို့ဆိုထားပါတယ်။
========================
📌📌 ၆။ ခင်ဦးမြို့နယ် ကဘွက်ရွာနှင့် ကုတ်တက်ရွာတို့ကို အကြမ်းဖက်စကစမှ မီးရှို့ဖျက်ဆီး၍ ဒေသခံသုံးထောင်နီးပါးစစ်ဘေးရှောင်နေရ
မေလ၈ရက်
ခင်ဦးမြို့နယ် ကဘွက်ရွာနှင့် ကုတ်တက်ရွာတို့ကို အကြမ်းဖက်စကစမှ မီးရှို့ဖျက်ဆီး၍ ဒေသခံသုံးထောင်နီးပါးစစ်ဘေးရှောင်နေရတယ်လို့မေလ(၇ ) ရက်နေ့တွင် စကစစစ်ကြောင်းထိုးမှုအပေါ် KDK ခင်ဦးအဖွဲ့က အတည်ပြုဆိုပါတယ်။
"စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် အရှေ့ခြမ်း ကဘွက်ရွာနှင့် ကုတ်တက်ရွာတို့ကို ဧရာဝတီမြစ်အရှေ့ဘက် သပိတ်ကျင်းနယ်မှ မြစ်အနောက်ဘက် ခင်ဦးနယ်ဘက် မြစ်ကူး၍ ခြေလျင်စစ်ကြောင်းထိုးလာသော အင်အား(၂၀၀)ခန့်ပါ အကြမ်းဖက်စကစတပ်သားများမှ ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။
မေလ၇ရက်နေ့မနက်အစောပိုင်း ဧရာဝတီမြစ်အရှေ့ဘက်မှ အနောက်ဘက်သို့မြစ်ကူး၍ ခင်ဦးနယ်ဘက် အင်အား(၂၀၀)ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာခဲ့ပြီးနေ့လယ်ပိုင်း(၁၀နာရီခန့်တွင် ကဘွက်ရွာရှိပြည်သူပိုင်နေအိမ်များကို မီးရှို့ခဲ့ကာ ညနေပိုင်းတွင် ကုတ်တက်ရွာသို့ လက်နက်ကြီးငယ်ပစ်ခတ်ဝင်ရောက်၍ နေအိမ်များအား မီးရှို့ခဲ့ပြီး အဆိုပါအကြမ်းဖက်စကစ စစ်ကြောင်း နှင့် ဒေသခံကာကွယ်ရေးတို့ ထိတွေ့တိုက်ပွဲဖြစ်ကာ ရဲဘော်(၁)ဦး ကျဆုံး၍ ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment