၂၀၂၃ ဇွန်လ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးဟာ မြန်မာပြည်သူတွေက ကမ္ဘာကိုသင်ခန်းစာအသစ်ပေးမယ့် တော်လှန်ရေးဖြစ်တယ်လို့ ဒေါက်တာတူးခေါင်ပြောကြား
📌 ၂။ NUGလူ့အခွင့်ရေးရာဝန်ကြီးနဲ့ဒုဝန်ကြီးအဖွဲ့ Victoria လွှတ်တော်ကိုသွားရောက်ကာ တာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေး
📌 ၃။ စစ်ကိုင်းဖိုရမ်ဟာ ဖက်ဒရယ်ယူနစ် ဖြစ်ပေါ်လာရေး ပထမခြေလှမ်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှတ်ချက်ပြု
📌 ၄။ နွေဦးတော်လှန်ရေးတွင် စစ်တပ်ထုတ်ကုန်မသုံးစွဲ ခြင်းဖြင့်လည်းပါဝင်နိူင်တယ်လို့ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ပြောကြား
📌 ၅။ ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းအဖြစ် တပ်ရင်း ၅၁၀၁ကို ယနေ့စတင်ဖွဲ့စည်း
📌 ၆။ မိုးဗြဲအနောက်ခြမ်း ကယန်းပြည်သစ် လုံခြုံရေးဂိတ်တစ်နေရာကို အကြမ်းဖက်စစ်ကောင်စီ မှ လေယာဥ်ဖြင့် ဗုံးကြဲ
📌 ၇။ မြေမြုပ်မိုင်း လက်လုပ်မိုင်း၁လုံးလျှင် ၅သောင်း ကျပ်ဖြင့် မိုင်းငါးရာ ကမ်ပိန်းစတင်
📌 ၈။ ရန်ကုန်အတွက် အလင်းစက် ကမ်ပိန်း ယနေ့စတင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးဟာ မြန်မာပြည်သူတွေက ကမ္ဘာကိုသင်ခန်းစာအသစ်ပေးမယ့် တော်လှန်ရေးဖြစ်တယ်လို့ ဒေါက်တာတူးခေါင်ပြောကြား
ဇွန်လ၁ရက်
နွေဦးတော်လှန်ရေးဟာ မြန်မာပြည်သူတွေက ကမ္ဘာကိုသင်ခန်းစာအသစ်ပေးမယ့် တော်လှန်ရေးဖြစ်တယ်လို့ “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတင်းလွှာ”မှာ
ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ကပြောကြားထားပါတယ်။
"ဒီတော်လှန်ရေးဟာ မြန်မာပြည်သူတွေက ကမ္ဘာကိုသင်ခန်းစာအသစ်ပေးမယ့် တော်လှန်ရေးပါ။ကျနော်တို့ကိုးကားစရာ တခြားမရှိသေးဘူး။ကျနော်တို့ရဲ့ လုပ်နည်းလုပ်ဟန်တွေကိုသာတခြားအာဏာရှင်နိူင်ငံကပြည်သူတွေ အတုယူပါလိမ့်မယ်"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိူင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနှင့်အတူ နွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၂။ NUGလူ့အခွင့်ရေးရာဝန်ကြီးနဲ့ဒုဝန်ကြီးအဖွဲ့ Victoria လွှတ်တော်ကိုသွားရောက်ကာ တာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေး
ဇွန်လ၁
NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ဒုတိယဝန်ကြီးအဖွဲ့သည်Victoria လွှတ်တော်ကိုသွားရောက်ကာ တာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဇွန်လ၁ရက်နေ့မှာ NUGလူ့အခွင့်ရေးရာ ဒုတိယဝန်ကြီး ခွန်ဗဟန်းထန်က ပြောကြားထားပါတယ်။
"မနေ့က မေလ ၃၁ ရက်နေ့ Victoria Parliament ကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အတူ ကျနော်အပါအဝင် CRPH/NUG Support Group Victoria ကိုယ်စားလှယ်များမှ Victoria လွတ်တော်နဲ့သွားရောက်တွေ့ဆုံ/ဆွေးနွေး/တိုက်တွန်းခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ လွှတ်တော် တာဝန်ရှိသူများနဲ့တွေ့ဆုံရာမှာ 1-Humanitarian Assistance for Myanmar၊2-Resettlement Program for political activists and refugees ၊ 3-Students Visa Issues ၊4-Parliamentarian for Myanmar’s Affairs (Victoria State) စတဲ့အချက်တစ်ချို့ကို တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၃။ စစ်ကိုင်းဖိုရမ်ဟာ ဖက်ဒရယ်ယူနစ် ဖြစ်ပေါ်လာရေး ပထမခြေလှမ်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှတ်ချက်ပြု
(ပထမအကြိမ်) စစ်ကိုင်းဖိုရမ်မှ နိူင်ငံရေး၊စစ်ရေး၊ အုပ်ချုပ်ရေး၊ အထွေထွေကဏ္ဍ ၊ ကဏ္ဍလေးရပ်ကိုဆွေးနွေးအဖြေရှာခဲ့ကြပြီးစစ်ကိုင်းတိုင်းဒေသကြီး အတိုင်ပင်ခံကောင်စီဖွဲ့စည်းရန် စစ်ကိုင်းဖိုရမ်ကဆုံးဖြတ်ချက်ချခဲ့ပါတယ်။
စစ်ကိုင်းဖိုရမ်ဟာ ဖက်ဒရယ်ယူနစ် ဖြစ်ပေါ်လာရေး ပထမခြေလှမ်းဖြစ်တယ်လို့ ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ယခုလိုမှတ်ချက်ပြုဆိုပါတယ်။
((((( ဦးထင်လင်းအောင်-ပြည်ထောင်စုဝန်ကြီး)))))
မေလ၃၀ရက်မှ၃၁ရက်နေ့အထိ စစ်ကိုင်းဖိုရမ်ကိုကျင်းပခဲ့ရာ တော်လှန်ရေးအဖွဲ့အစည်း၁၇၃ဖွဲ့ကတက်ရောက်ခဲ့တယ်လို့သိရပါတယ်။
မေလ ၃၀ ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရမှ စစ်ကိုင်းဖိုရမ်သို့ ပေးပို့သော သဝဏ်လွှာ"မှာလည်း စစ်ကိုင်းဖိုရမ်သည် တိုင်းအတွင်း တော်လှန်ရေးအင်အားစုများ စုစည်းမှု၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးကို ဖော်ဆောင်နိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း" ပါ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ အရပ်သား ပြည်သူ့အစိုးရ ပေါ်ထွန်းရေးဟူသည့် တော်လှန်ရေးလုပ်ငန်းစဉ်တို့အတွက် စစ်ကိုင်းတိုင်း၏ အင်အားကို ပိုမိုညီညွတ်အားကောင်းစေနိုင်မည်ဟု ယုံကြည်တယ်လို့ဆိုထားပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေးတွင် စစ်တပ်ထုတ်ကုန်မသုံးစွဲ ခြင်းဖြင့်လည်းပါဝင်နိူင်တယ်လို့ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ပြောကြား
ဇွန်လ၁ရက်
မေလ၃၁ရက် ကျင်းပတဲ့ ယောနကအောင်ပွဲ ရန်ပုံငွေရှာကမ်ပိန်းမှာစစ်တပ်ထုတ်ကုန်မသုံးစွဲ ရေးနှင့်ပတ်သက်ပြီး ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က အခုလိုပြောကြားခဲ့ပါတယ်။
"အခုဆိုရင်နောက်ဆုံးသိရတာက အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံ မချိတ်ရဆိုတာမျိုးတွေအထိ သူတို့ဘက်ကဖြစ်လာတယ်။ အဲဒီတော့ ဒီတော်လှန်ရေးမှာပါဝင်တဲ့လူတွေက စိတ်ဓာတ်ပိုင်းအရ ပါဝင်တာရှိတယ်။ငွေကြေးပိုင်းအရပါဝင်ကူညီတာရှိတယ်။လူကိုယ်တိုင်ပါဝင်နိူင်ကတော့ ဥပမာအားဖြင့် စစ်တပ်ထုတ်ကုန်မသုံးတာ၊သပိတ်မှောက်တာ ဒါတွေကအစ ကူညီပါဝင်ပေးလို့ရတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်း၊မကွေးတိုင်းတွင်း စစ်တပ်ထုတ်ကုန်ဖြစ်သော မြန်မာဘီယာ၊ မိုင်တဲဆင်းကတ်နှင့်ငွေဖြည့်ကတ် စသည့်ထုတ်ကုန်များကို စစ်ဆေးတွေ့ရှိပါက သိမ်းဆည်း၍ ဖျက်ဆီးပစ်လျက်ရှိပါတယ်။
ဇွန်လ၁ရက်နေ့မှာ အင်းတော် ပအဖ၏အသိပေးချက်အရ"မေလ၂၈ ရက်နေ့ အင်းတော်မြို့နယ် နံသဲစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသော စစ်တပ်ထုတ်ကုန် များ ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါဖျက်ဆီးခဲ့သော စစ်တပ်ထုတ်ကုန်မှာ ဘိယာဘူးများဖြစ်ပြီး ကားနဲ့တက်ကြိတ်ကာ ဖျက်ဆီးခဲ့တာလို့သိရပါတယ်။
========================
📌📌 ၅။ ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းအဖြစ် တပ်ရင်း ၅၁၀၁ကို ယနေ့စတင်ဖွဲ့စည်း
ဇွန်လ၁ရက်
ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းအဖြစ် တပ်ရင်း ၅၁၀၁ကို ယနေ့စတင်ဖွဲ့စည်းလိုက်ကြောင်း ဇွန်လ၁ရက်နေ့မှာ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကအသိပေးကြေညာခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စတင်ဖွဲ့စည်း၍ အကြမ်းဖက်စစ်ကောင်စီအား အပြီးတိုင် အမြစ်ဖြတ် ချေမှုန်းရေးအတွက် နိုင်ငံတစ်ဝန်းရှိ စစ်ဒေသခွဲနယ်မြေ အသီးသီးတွင် တပ်ရင်း/ တပ်ဖွဲ့များ ဖွဲ့စည်းကာ စစ်ရေးလှုပ်ရှားမှုများစဉ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နိုင်ရန် လမ်းညွှန်မှုများ ပြုလုပ်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
ရန်ကုန်တိုင်းစစ်ဒေသခွဲအနေဖြင့်နယ်မြေအခြေအနေအရသာမက လုံခြုံရေးအရ ယခင်က မြို့ပြပြောက်ကျား လှုပ်ရှားမှုများဖြင့်သာ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များကို တိုက်ခိုက်ခဲ့ရာမှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းစစ်ဒေသခွဲအတွင်း တပ်ရင်း/ တပ်ဖွဲ့များဖွဲ့စည်းရန် ညွှန်ကြားချက်အရ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်း/ တပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ စနစ်တကျစုဖွဲ့သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
သို့ဖြစ်၍ အကြမ်းဖက်စစ်ကောင်စီကို စစ်နည်းဗျူဟာကျကျ ပိုမိုထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းဖြစ်သည့် တပ်ရင်း ၅၁၀၁ ကို ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လေ့ကျင့်ရည်ပြည့်ဝ၍ တိုက်ရည်ခိုက်ရည် ကောင်းမွန်ပြီး အမိန့်နာခံမှုအားကောင်းသော စစ်သည်တော်ကောင်းများဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဖွဲ့စည်းလိုက်တယ်လို့ဖော်ပြထားပါတယ်။
========================
📌📌 ၆။ မိုးဗြဲအနောက်ခြမ်း ကယန်းပြည်သစ် လုံခြုံရေးဂိတ်တစ်နေရာကို အကြမ်းဖက်စစ်ကောင်စီ မှ လေယာဥ်ဖြင့် ဗုံးကြဲ
ဇွန်လ၁ရက်
ဇွန်လ၁ရက်နေ့ မနက်ပိုင်းမှာPKPFက စကစတပ်ရဲ့ တိုက်ခိုက်မှုကို အခုလိုအသိပေးဆိုပါတယ်။
"ယနေ့ မနက် မိုးဗြဲအနောက်ခြမ်း ကယန်းပြည်သစ် လုံခြုံရေးဂိတ် တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီ မှ လေယာဥ်ဖြင့် ဗုံးကြဲခဲ့ပါတယ်"လို့ဆိုပါတယ်။
လတ်တလောမှာ ကယန်းပြည်သစ် ရဲဘော်ထိခိုက်မှု ရှိမရှိ အတည်မပြုရသေးဘူးလို့သိရပါတယ်။
========================
📌📌 ၇။ မြေမြုပ်မိုင်း လက်လုပ်မိုင်း၁လုံးလျှင် ၅သောင်း ကျပ်ဖြင့် မိုင်းငါးရာ ကမ်ပိန်းစတင်
ဇွန်လ၁ရက်
မြေမြုပ်မိုင်း လက်လုပ်မိုင်း၁လုံးလျှင် ၅ သောင်းကျပ်ဖြင့် မိုင်းငါးရာ ကမ်ပိန်းစတင်လိုက်ပြီ ဖြစ်ကြောင်း ဇွန်လ၁ရက်နေ့မှာ မုံရွာခရိုင်အမှတ် (၁)တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ကအသိပေးဆိုပါတယ်။
"ရန်သူအားပိုမိုဖိအားပေးနိုင်ရန်အတွက် ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုလည်းရှိသော မြေမြုပ်မိုင်းများအသုံးပြုရန် ရည်ရွယ်ပြင်ဆင်လျက်ရှိပါတယ်။(ပြောက်ကြားစစ်နည်းနာအရ ရန်သူထိုးစစ်အားပြန်လည်ဟန့်တားဖိအားပေးတိုက်ခိုက်နိုင်ရန်) တော်လှန်ရေးဘက်တော်သား ပြည်သူများအနေဖြင့် မြေမြုပ်မိုင်း လက်လုပ်မိုင်း၁လုံးလျှင် ၅သောင်းကျပ်ဖြင့် ပါဝင်ကူညီ အားဖြည့်နိုင်ရန် အထောက်အပံ့များ လေးစားစွာတောင်းခံလိုပါတယ်"လို့ဆိုထားပါတယ်။
ကမ်ပိန်းကာလကို ဇွန်လ၁ရက်နေ့မှ ၃၀ရက်အထိသတ်မှတ်ထားပြီးMPDF Salingyi Subcommitteeထံ ဆက်သွယ်ကူညီနိူင်ပါတယ်။
========================
📌📌 ၈။ ရန်ကုန်အတွက် အလင်းစက် ကမ်ပိန်း ယနေ့စတင်
ဇွန်လ၁ရက်။
ဇွန်လ၁ရက်နေ့မှာ ရန်ကုန်အတွက် အလင်းစက်ကမ်ပိန်းကို စတင်လိုက်ကြောင်းအသိပေးဆိုထားပါတယ်။
ရန်ကုန်အတွက် အလင်းစက် ကမ်ပိန်းဒီနေ့မှာ စတင်တော့မှာဖြစ်ပါတယ်။ကမ်ပိန်းစတင်ကြောင်း အဦးဆုံးအနေနဲ့ Page စတင်တဲ့ အချိန်ကမ်ပိန်းမစခင်ကတည်းက အားကြိုးမာန်တက် CB ကနေပို့ဆောင်ပါဝင်ထားတဲ့ ပြည်တွင်း ပြည်ပရှိ ထောက်ပို့ရဲဘော်ကြီးများကို အထူးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တစ်ခဲနက်ထဲပါဝင်ကြမယ့် ထောက်ပို့ရဲဘော်ကြီးများကိုလည်း အထူးကြိုဆိုလျက်ရှိပါတယ်"လို့ဆိုထားပါတယ်။
ရန်ကုန်အတွက် အလင်းစက် ကမ်ပိန်းဟာ ရန်ကုန်စစ်ဆင်ရေးအတွက် ဒေါ်လာငါးသိန်းပြည့်သည့်အထိ ရည်ရွယ်သော ကမ်ပိန်းလည်းဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment