၂၀၂၃ ဇွန်လ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးဟာလူထုလမ်းစဉ်ကို အခြေပြုပြီး နိုင်ငံရေးအားဖြင့် တော်လှန်နေတဲ့ တော်လှန်ရေးကြီးတစ်ခုလည်း ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော
📌 ၂။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် TPDF ရဲဘော်များအား ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ ''အသားဟင်းတစ်နပ် လှုဒါန်းကျွေးမွေးခဲ့
📌 ၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၈)နှစ်ပြည့် မွေးနေ့ပွဲအထိမ်းအမှတ် CDM စစ်သည်နဲ့ ရဲ မိသားစုဝင်တွေကို မွေးနေ့အမှတ်တရ ထောက်ပံ့ကြေး ပေးအပ်ခဲ့
📌 ၄။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့အမှတ်တရအဖြစ် စိန်တလုံးသရက်ပျိုးပင် (၇၈) ပင်ကို PDFရဲဘော်များ စိုက်ပျိုးခဲ့
📌 ၅။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အမှတ်တရအဖြစ် ၈၀မမ လက်နက်ကြီးအား အဆင့်မြင့်တင် စမ်းသပ်ပစ်ခတ်မှု အောင်မြင်တယ်လို့ နေပြည်တော်ပကဖ အသိပေး
📌 ၆။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မန္တလေးတွင် ပန်းသပိတ်ဆင်နွှဲသူ အမျိုးသမီးများမှာ စကစတပ်များ၏ ရိုက်နှက်ခံရနှင့် ရန်ကုန်တွင်လည်း ဖမ်းဆီးခံရသူများရှိ
📌 ၇။ ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းရဲစခန်အား ဒရုန်းနဲ့ဗုံးသီး၁၀လုံးပစ်ချတိုက်ခိုက်
📌 ၈။ မြိုင် မြို့နယ်ရဲစခန်း နှင့် စကစများ အခိုင်အမာတပ်ဆွဲထားတဲ့ နေရာတို့အား မောင်းသူမဲ့ လေယာဥ်အသေးများများနှင့် တိုက်ခိုက်
📌 ၉။ စကစတပ်မှ လက်နက်ကြီးပစ်ခတ်မှုများ ကြောင့် ကျိုက်ထိုမြို့နယ်အတွင်း ထိခိုက်သေဆုံးသူ အရပ်သားဦးရေမှာ စုစုပေါင်း(၂၀) ဝန်းကျင်ထိရှိလာ
📌 ၁၀။ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်ရဲ့ အသက်၆၀ ကျော်အရွယ် ဖခင်ဖြစ်သူကို အကြမ်းဖက်စစ်တပ်က နေအိမ် အတွင်းဝင်ရောက် ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးဟာလူထုလမ်းစဉ်ကို အခြေပြုပြီး နိုင်ငံရေးအားဖြင့် တော်လှန်နေတဲ့ တော်လှန်ရေးကြီးတစ်ခုလည်း ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော
ဇွန်လ၁၉ရက်
နွေဦးတော်လှန်ရေးဟာ လူထုလမ်းစဉ်ကို အခြေပြုပြီး နိုင်ငံရေးအားဖြင့် တော်လှန်နေတဲ့ တော်လှန်ရေးကြီးတစ်ခု လည်းဖြစ်တယ်လို့ ဇွန် (၁၉) ရက်မှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက်မွေးနေ့ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းဆိုပါတယ်။
"ကျွန်တော်တို့ဟာ ယခုနွေဦးတော်လှန်ရေးကို အားသွန် ခွန်စိုက် ဆင်နွှဲနေကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်လမ်းစဉ် တစ်ခုတည်းကို ဗဟိုပြုနေတဲ့ လူထုတော်လှန်ရေးမဟုတ်ပါဘူး။ လူထုလမ်းစဉ်ကို အခြေပြုပြီး နိုင်ငံရေးအားဖြင့် တော်လှန်နေတဲ့ တော်လှန်ရေးကြီးတစ်ခုလည်းဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် လူထုလွတ်လပ်ခွင့်အတွက် အမြဲတိုက်ပွဲဝင်နေကြရမည်ဖြစ်ပြီး လူထုလွတ်လပ်ခွင့်နဲ့ လူထုတရားမျှတမှု အတွက် တိုက်ပွဲဝင်ခြင်းဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အချုပ်အနှောင်ဘဝကနေ လွတ်မြောက်ခြင်းနဲ့ ထပ်တူပြုနိုင်ကြောင်းယာယီသမ္မတ ကဆိုပါတယ်။
========================
📌📌 ၂။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် TPDF ရဲဘော်များအား ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ ''အသားဟင်းတစ်နပ် လှုဒါန်းကျွေးမွေးခဲ့
ဇွန်လ၁၉ရက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် TPDF ရဲဘော်များအား ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ ''အသားဟင်းတစ်နပ် လှုဒါန်းကျွေးမွေးခဲ့တယ်လို့ ဇွန်လ၁၉ရက်မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ လူမှုကွန်ရက်က အသိပေးဖော်ပြပါတယ်။
ထို့အပြင် NUG ၏ ဝန်ကြီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော အတွင်းဝန်များ စုပေါင်း၍လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် မီဇိုရမ် စစ်ရှောင်များသို့ ဆန်လှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၈)နှစ်ပြည့် မွေးနေ့ပွဲအထိမ်းအမှတ် CDM စစ်သည်နဲ့ ရဲ မိသားစုဝင်တွေကို မွေးနေ့အမှတ်တရ ထောက်ပံ့ကြေး ပေးအပ်ခဲ့
ဇွန်လ၁၉ရက်
ဇွန်လ ၁၉ရက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၈)နှစ်ပြည့်မွေးနေ့ပွဲကို လွတ်မြောက် နယ်မြေ တစ်နေရာမှာကျင်းပခဲ့ပြီး CDM စစ်သည်နဲ့ ရဲ မိသားစုဝင်တွေကို မွေးနေ့အမှတ်တရ ထောက်ပံ့ကြေး ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာရွှေပုံ၊ ကာကွယ်ရေး ဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေ တို့နဲ့အတူ CDM စစ်သည်နဲ့ ရဲမိသားစုဝင်တွေတက်ရောက်ခဲ့ပါတယ်။
၄င်းနောက် တက်ရောက်လာကြတဲ့ CDM စစ်သည်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို မွေးနေ့အမှတ်တရ ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၄။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့အမှတ်တရအဖြစ် စိန်တလုံးသရက်ပျိုးပင် (၇၈) ပင်ကို PDFရဲဘော်များ စိုက်ပျိုးခဲ့
ဇွန်လ (၁၉) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၈)နှစ်ပြည့် မွေးနေ့ အမှတ်တရအဖြစ် ဇွန်လ၁၉ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ တပ်ခွဲအသီးသီးရှိ ရဲဘော်များမှ အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် မြန်မာပြည်သူအားလုံး၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက်၊ ပြည်သူလူထု၏အကျိုးအတွက် အစဥ်တစိုက် ကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့သောကြောင့် ဂုဏ်ပြုဦးညွှတ်သောအားဖြင့် စိန်တလုံးသရက်ပျိုးပင် (၇၈) ပင်စိုက်ပျိုးခဲ့တယ်လို့ဆိုပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဥ်းချခံ အမျိုးသမီးများအားလုံး အမြန်ဆုံး လွတ်လပ်ပြီး နိုင်ငံနှင့်ပြည်သူလူထုအကျိုးအတွက် ဆက်လက်သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အမှတ်တရအဖြစ် ၈၀မမ လက်နက်ကြီးအား အဆင့်မြင့်တင် စမ်းသပ်ပစ်ခတ်မှု အောင်မြင်တယ်လို့ နေပြည်တော်ပကဖ အသိပေး
ဇွန်လ၁၉
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ အမှတ်တရအဖြစ် ၈၀မမ လက်နက်ကြီးအား အဆင့်မြင့်တင်စမ်းသပ်ပစ်ခတ်မှု အောင်မြင်တယ်လို့ နေပြည်တော်ပကဖ စစ်ရေးတာဝန်ခံ ဗိုလ်တေဇက ဇွန်လ၁၉ရက်မှာ အသိပေးဆိုထားပါတယ်။
"အမေစု ရဲ့ ၇၈ နှစ်မြှောက်မွေးနေ့မှာ အမှက်တရအဖြစ် ၈၀ မမ လက်နက်ကြီးအား အဆင့်မြင့်တင် စမ်းသပ်မှု အောင်မြင်ပါတယ်။ အမေ့အတွက် အမှက်တရ လက်ဆောင်တစ်ခုပါပဲ"လို့ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) - နေပြည်တော် ဟာ "ကွန်မန်ဒိုအခြေပြု အပတ်စဥ် (၁) သင်တန်းဆင်းပွဲ" ကိုမကြာသေးမီက ကျင်းပခဲ့ပါတယ်။
========================
📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မန္တလေးတွင် ပန်းသပိတ်ဆင်နွှဲသူ အမျိုးသမီးများမှာ စကစတပ်များ၏ ရိုက်နှက်ခံရနှင့် ရန်ကုန်တွင်လည်း ဖမ်းဆီးခံရသူများရှိ
ဇွန်လ၁၉ရက်
မန္တလေးတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် ပန်းသပိတ်ဆင်နွှဲသူ အမျိုးသမီးများမှာ စကစတပ်များရိုက်နှက်ခံရ၍ ရန်ကုန်တွင်လည်း ဖမ်းဆီးခံရသူများရှိတယ်လို့သတင်းရရှိပါတယ်။
ဇွန်လ ၁၉ရက်နေ့ မန္တလေးမြို့ မြန်မာ့စီးပွားရေးဘဏ်၃အနီး ပန်းပန်ထားသူများကို စကစတပ်များက ကြမ်းတမ်းရိုင်းပြစွာ ဆက်ဆံခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များထံက သိရပါတယ်။
"အမျိုးသမီး (၄)ဦးထက်မနည်း ရက်စက်စွာ ရိုက်နှက်ခံရကြောင်း သိရှိရပါတယ်။ အမျိုးသမီး တစ်ဦးဆိုလျှင် ကလေးငယ်နှင့် ၎င်း၏ အမျိုးသားတို့ ရှေ့မှောက်တွင်ပင် ရိုက်နှက်ခံရပြီး အမျိုးသားဖြစ်သူမှာ မကြည့်ရက်နိုင်၍ ကလေးငယ်ကို မျက်နှာအုပ်ကာ ကျောပေး၍ နေနေရသည်ကို ထိခိုက်ဖွယ် တွေ့မြင်ခဲ့ရပါတယ်"လို့ဆိုပါတယ်။
အဆိုပါ စကစတပ်များဟာ ပန်းများကို ဆွဲ၍ လွှင့်ပစ်ခြင်း၊ ပန်းပန်ထားသူကို မှတ်တမ်းဓာတ်ပုံရိုက်ခြင်းနဲ့ ရိုက်နှက်ခြင်းတို့ လုပ်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ရန်ကုန်မြို့တွင်လည်း အမျိုးသားလူငယ်များအပါအဝင် အမျိုးသမီးငယ်များကို ပန်းသပိတ်ဆင်နွှဲ၍ ဖမ်းဆီးအရေးယူမှု တချို့ရှိခဲ့ပြီး တချို့ကို ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၇။ ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းရဲစခန်အား ဒရုန်းနဲ့ဗုံးသီး၁၀လုံးပစ်ချတိုက်ခိုက်
ဇွန်လ၁၉ရက်
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းရဲစခန်အား ဒရုန်းနဲ့ ဗုံးသီး၁၀လုံး ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ၁၉ရက်နေ့မှာ စစ်ရေးသတင်းကို ကျိုက်ထိုတော်လှန်ရေးအင်အားစု KRFက အသိပေးဆိုပါတယ်။
"ဇွန်လ ၁၉ရက် ညနေ ၃နာရီ၄၅အချိန် ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းရဲစခန်းအား စစ်ရေးပစ်မှတ်အဖြစ် ဒရုန်းနဲ့ ဗုံးသီး ၁၀လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်များထံ ကျရောက်ပေါက်ကွဲခဲ့တယ်"လို့သိရှိရပြီး လတ်တလောမှာ စကစတပ်များ ထိခိုက်ကျဆုံးမှုကို အတည်ပြုနေဆဲ ဖြစ်ပါတယ်။
KRFအနေဖြင့် ပြည်သူလူထုထိခိုက်စေမည့် ဖောက်ခွဲ ပစ်ခတ်မှုများကို လုပ်ဆောင်ခြင်းမရှိဘူးလို့လည်း အသိပေးဆိုထားပါတယ်။
========================
📌📌 ၈။ မြိုင် မြို့နယ်ရဲစခန်း နှင့် စကစများ အခိုင်အမာတပ်ဆွဲထားတဲ့ နေရာတို့အား မောင်းသူမဲ့ လေယာဥ်အသေးများများနှင့် တိုက်ခိုက်
ဇွန်လ၁၉
မြိုင် မြို့နယ်ရဲစခန်း နှင့် စကစများ အခိုင်အမာတပ်ဆွဲထားတဲ့ နေရာတို့အား မောင်းသူမဲ့ လေယာဥ်အသေးများနှင့် တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းကို မြိုင်ပကဖက ဇွန်လ၁၉ရက်မှာ အတည်ပြုဆိုပါတယ်။
"ဇွန်လ ၁၈ရက် မွန်းလွဲ၂နာရီခန့်က မြိုင် ပကဖ ဒုံး တပ်ဖွဲ့ ၊ မြိုင် ပကဖ တပ်ရင်း2 တပ်ခွဲ 3 တပ်ခွဲ4 တို့နှင့် Salingyi Special Task Force(SSTF)၊ Shar htoo waw အဖွဲ့ Royal Eagle တို့နှင့် မြိုင် မြို့မှရဲစခန်းနှင့်ခွေးများ အခိုင်အမာတပ်ဆွဲထားတဲ့ နေရာတို့အား မောင်းသူမဲ့အသေးများ လေယာဉ်များနှင့် 1kgအဖူး4ဖူး450gအဖူး12ဖူးတို့နှင့် တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
ပစ်မှတ်သေချာတိကျစွာ ကျပြီး စကစ ရဲ နှင့်ပျူများ ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖကဆိုပါတယ်။
========================
📌📌 ၉။ စကစတပ်မှ လက်နက်ကြီးပစ်ခတ်မှုများ ကြောင့် ကျိုက်ထိုမြို့နယ်အတွင်း ထိခိုက်သေဆုံးသူ အရပ်သားဦးရေမှာ စုစုပေါင်း(၂၀) ဝန်းကျင်ထိရှိလာ
ဇွန်လ၁၉ရက်
စကစတပ်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျိုက်ထိုမြို့နယ်အတွင်း ထိခိုက်သေဆုံးသူ အရပ်သားဦးရေမှာ စုစုပေါင်း(၂၀) ဝန်းကျင်ထိရှိလာတယ်လို့ KNUက ဇွန်လ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ (၁၆)ရက်နေ့၊ည (၇)နာရီ၊ (၃၅)မိနစ်ခန့်တွင် သိမ်ဇရပ်မြို့ရဲစခန်းမှ (၆၀မမ)(၅)လုံးပစ်ခတ်ခဲ့ပြီး သိမ်ဇရပ်မြို့ရွာလေးကွက်သစ်တွင် ကျရောက်ပေါက်ကွဲကာ အရပ်သားအမျိုးသမီး(၁)ဦး ထိခိုက်သေဆုံး၍ (၄)ဦး လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ၏ သိမ်ဇရပ်မြို့ ရဲစခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သိမ်ဇရပ်မြို့ ရွာလေး ကွက်သစ်(၈)လမ်းနေ ဦးဘိုဘို၏ နေအိမ်ခြံဝန်းအတွင်း လက်နက်ကြီး(၁)လုံးကျရောက်ပေါက် ကွဲပြီး ဦးဘိုဘို (ခ) ဦးဇင်ဘိုလတ်၏ ခါးနှင့်လက်တို့ ပြင်းထန်စွာ ထိမှန်ဒဏ်ရာရခဲ့ကာ သမီးဖြစ်သူအသက်(၅)နှစ်အရွယ် မသဇင်အောင်၏ မျက်နှာနှင့် တင်ပါးထိခိုက်ဒဏ်ရာရခဲ့ကာ ဇနီးဖြစ်သူအသက် (၃၈)နှစ်အရွယ် ဒေါ်အေးအေးနွယ်မှာ မျက်နှာနှင့် ဝမ်းဗိုက်အား ပြင်းထန်စွာထိမှန်ခဲ့ပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
နောက်ထပ်တစ်လုံးမှာ ဦးရှိန်းကျော်၏ နေအိမ်ခြံဝန်းအတွင်း ကျရောက်ပြီး ဦးရှိန်းကျော်အသက်(၃၅)နှစ်၏ လက်နှစ်ဖက်အား လက်နက်ကြီးကျည်စထိမှန်ပြီး ဇနီးဖြစ်သူအသက်(၃၆)နှစ်၏ လက်မောင်း၌ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများမှာ သိမ်ဇရပ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိတယ်လို့သိရပါတယ်။
စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျိုက်ထိုမြို့နယ်အတွင်း ထိခိုက်သေဆုံးသူ အရပ်သားဦးရေမှာ စုစုပေါင်း(၂၀) ဝန်းကျင်ရှိတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၁၀။ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်ရဲ့ အသက်၆၀ ကျော်အရွယ် ဖခင်ဖြစ်သူကို အကြမ်းဖက်စစ်တပ်က နေအိမ် အတွင်းဝင်ရောက် ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွား
ဇွန်လ၁၉ရက်
ဇွန်လ ၁၉ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်၏ အသက်၆၀ ကျော်အရွယ်ဖခင် ဖြစ်သူကို အကြမ်းဖက်စစ်တပ်က နေအိမ်အတွင်းဝင်ရောက် ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက အသိပေးဆိုပါတယ်။
လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာရှိ နေအိမ်ကို ကား ၄ စီးဖြင့် စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့်က အကြမ်းဖက်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်အတွင်းရှိ ပစ္စည်းတချို့ကို ဖျက်ဆီးခဲ့သည့်အပြင် ဖုန်း ၂ လုံးနှင့် ငွေကျပ် ၈ သိန်းကျော်ကိုလည်း မတရားယူဆောင်သွားခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ကိုမင်းလွင်ဦး၏ မိခင်ဖြစ်သူကို စစ်ကောင်စီတပ်သားတွေက နေအိမ်အတွင်း အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးခဲ့ဖူးတယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment