22nd JUN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇွန်လ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ်အား အမြစ်ပြတ်ချေမှုန်းနိုင်ရန် စုစည်းညီညွတ်စွာဖြင့် တိုက်ပွဲဝင်သွားဖို့ ကရင်နီအမျိုးသားနေ့သို့ ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့

📌 ၂။ NUG ပြည်ထောင်စုဝန်ကြီးများအပါအဝင်မြန်မာ သံအမတ်ကြီးတို့နှင့် အမေရိကန် နယူးယောက်လူထုတွေ့ဆုံပွဲ "နွေဦးတော်လှန်ရေးညီအကိုမောင်နှမများတက်ရောက်ရန်ဖိတ်ခေါ်

📌 ၃။ တယ်လီကျန်းမာအနေနဲ့ မြို့နယ်ပေါင်း၃၁၉မြို့နယ်နဲ့ ပြင်ပနိူင်ငံ၃၁နိူင်တို့ကလူနာပြသမှု အကြိမ်ပေါင်း၁၃၀၀၀၀ ကျော်အထိကုသပေးနိူင်ခဲ့

📌 ၄။ မတော်တဆ မှုတစ်ခုကြောင့် မုံရွာက PDFလက်နက်ထုတ်ရေးစခန်းမီးလောင်ပျက်စီး၍ တန်ဖိုးကျပ်သိန်းရာနဲ့ချီဆုံးရှုံး

📌 ၅။ မြန်မာစစ်တပ်ထံ အိန္ဒိယကဆွီဒင်ထုတ် လက်နက်ပစ္စည်းအစိတ်အပိုင်းတွေရောင်းချမှု ရပ်တန့်ဖို့ ဆွီဒင် ဆောင်ရွက်ရန် Justice For Myanmar တိုက်တွန်း

📌 ၆။ ကနီမြို့နယ် တွင် ဆုတောင်းသပိတ်ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အုပ်စုအားပိုမိုထိရောက်သည့် စီးပွါးရေးပိတ်ဆို့ အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဆွေးနွေးခဲ့


ဇွန်လ၂၂


 အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် European Union - External Action Service မှ Asia & Asia Pacific Director - Ms. Paola Pampaloni  Ambassador Igor Driesmans ( EU ambassador to ASEAN တို့ နှင့် ဇွန်လ ၂၁ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


 ထိုသို့ဆွေးနွေးခဲ့ရာတွင် လက်ရှိမြန်မာ့ နိုင်ငံရေး အခြေအနေ များ စစ်အုပ်စု အား ပိုမိုထိရောကိသည့် စီးပွါးရေးပိတ်ဆို့ အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုအဆုံးသတ်ရေးတို့ကိုဆွေးနွေးပြောကြားခဲ့ပါတယ်။


ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဟာ မြန်မာပြည်သူတို့၏ လွတ်လပ်မှု နှင့်ဒီမိုကရေစီ ဖေါ်ဆောင်ရေး တို့အတွက် ထိရောက်သည့် ပူးပေါင်းရွက်မှု ပြုနိုင်ရေးစသည့် အကြောင်းအရာများနှင့်စပ်လျဥ်း၍ ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ မေရိကန်အစိုးရက အကြမ်းဖက်စစ်အုပ်စုလက်အောက် (MFTB)ဘဏ်နဲ့  (MICB)ဘဏ်တို့ကိုကန့်သတ်ပိတ်ဆို့အရေးယူ


ဇွန်လ၂၂ရက်


အမေရိကန်အစိုးရမှ ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့ အကြမ်းဖက်စစ်အုပ်စု၏လက်အောက်ခံဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့ ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့သည်ဇွန်လ၂၀ရက်နေ့မှစတင်ကာ သက်ရောက်မှုရှိမှာဖြစ်တယ်လို့ အမေရိကန်အစိုးရက တရားဝင်အသိပေးကြေညာခဲ့ပါတယ်။


"အကြမ်းဖက်စစ်တပ်နဲ့ သူရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး အကြမ်းဖက်မှုအတွက် အားပေးအားမြှောက်ဖြစ်စေတဲ့ ဘဏ် ခုကို အမေရိကန်အစိုးရက ကန့်သတ်ပိတ်ဆို့မှုပြုလိုက်ပါတယ်"လို့အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကအသိပေးဆိုထားပါတယ်။


အမေရိကန်အစိုးရ၏ ထုတ်ပြန်လိုက်တဲ့ကြေညာချက်ဟာ အမေရိကန် ဥပဒေအရ အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှု ရလဒ်ကြောင့် အမေရိကန် စီးပွားရေးနှင့် သက်ဆိုင်သည့် အဆိုပါ ဘဏ်နှစ်ခု၏ အရောင်းအဝယ် အားလုံးကို ပိတ်ဆို့ထားသည်ဟုဆိုလိုရင်းဖြစ်ပါတယ်။


========================


📌📌 ၃။ ဖရူဆိုအနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကိုစကစတပ်က လေယာဉ်ဖြင့် () ကြိမ် လာရောက် ဗုံးကြဲသွား


ဇွန်လ၂၂


ဖရူဆိုအနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကိုစကစတပ်က ဗုံးကြဲမှုဖြစ်စဉ်အား ဇွန်လ၂၂ရက်နေ့မှာ ကရင်နီပြည်တော်လှန်ရေး အင်အားစုအချိုက အခုလို အတည်ပြုဆိုပါတယ်။


" ဇွန်လ၊ ၂၁ ရက်နေ့ ညသံခေါင်ယံ ၁၂ နာရီ ကျော်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖရူဆိုအနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာတွင် လေယာဉ်ဖြင့် () ကြိမ် လာရောက် ဗုံးကြဲသွား

ခဲ့ပါတယ်"လို့ဆိုပါတယ်။


ဗုံးဆံထိ၍ပြည်သူပိုင် အိုးအိမ် () လုံးခန့် ပျက်စီးခဲ့ရပြီး လူထိခိုက်သေဆုံးမှု ရှိ၊မရှိကိုအတည်ပြုနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၄။ မြောက်ဥက္ကလာပမြို့နယ် မြတ်မောင်စိန်ရွှေရတနာဆိုင် ဓားပြတိုက်လုယက်မှုတွင်  PDF Twantay (တွံတေးပကဖ)များ ပါဝင်ခြင်းမရှိဟုဆို


ဇွန်လ၂၂ရက်


မြောက်ဥက္ကလာပမြို့နယ်()ရပ်ကွက်၊ ဝေဘာဂီလမ်းရှိ မြတ်မောင်စိန်ရွှေရတနာဆိုင်ဓားပြတိုက်လုယက်မှုတွင် ဖမ်းဆီးရမိသည်ဆိုသောသူများသည်  PDF Twantay (တွံတေးပကဖ)တွင် ပါဝင်ခြင်းမရှိသည့် လူများသာဖြစ်တယ်လို့ ဇွန်လ ၂၂ ရက်မှာ အများပြည်သူသို့ PDF Twantay (တွံတေးပကဖ)က တရားဝင်အသိပေးဆိုပါတယ်။


 ဓားပြတိုက်လုယက်ခံရမှု ဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများမှ PDF Twantay ခေါင်းဆောင်များဖြစ်ကြသည်ဟုဆိုကာ ဗိုလ်ဆံရှည်()ကိုထက်နှင့် ချမ်းမြေ့အောင်တို့မှ တွံတေးမြို့ပြပြောက်ကျား တပ်ဖွဲ့ဖွဲ့စည်းခြင်းနှင့် ဓားပြတိုက်ရန်လက်နက်များ ပေးအပ်ခဲ့ကြောင်းထွက်ဆိုသည်ဟု  စစ်ကောင်စီလော်ဘီသတင်းမီဒီယာများမှ  စွပ်စွဲရေးသားလျှက်ရှိပါတယ်လို့ဖော်ပြပါတယ်။


PDF Twantay (တွံတေးပကဖ)အား စတင်ဖွဲ့စည်းချိန်မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့နှင့် သက်ဆိုင်ရာခရိုင်, တိုင်းအဆင့်ဆင့်သော ပြည်သူ့ကာကွယ်ရေးအဖွဲ့ များ၏ ကွပ်ကဲမှုကိုခံယူ၍ စနစ်တကျဖွဲ့စည်းခဲ့သည့်အပြင် သစ္စာဓိဌာန်()ချက်နှင့် စစ်သည်တော်ကျင့်ဝတ်များကို အစဉ်တစိုက် လေးစားလိုက်နာခဲ့ပြီး PDF Twantay (တွံတေးပကဖ) ဖွဲ့စည်းပုံကိုတပ်စု၊ တပ်စိတ်အလိုက် ဖွဲ့စည်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုယ်ပိုင်နံပါတ်များနှင့်တကွ စနစ်တကျဖွဲ့စည်း ထားရှိသောအဖွဲ့အစည်းလည်းဖြစ်တယ်လို့ဆိုပါတယ်။


ဖော်ပြပါ မြောက်ဥက္ကလာပမြို့နယ်()ရပ်ကွက်၊ ဝေဘာဂီလမ်းရှိ မြတ်မောင်စိန်ရွှေရတနာဆိုင် ဓားပြတိုက်လုယက်မှုတွင် ဖမ်းဆီးရမိသည်ဆိုသောသူများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုနှင့်အညီ စနစ်တကျဖွဲ့စည်းထားသော PDF Twantay (တွံတေးပကဖ)တွင် ပါဝင်ခြင်းမရှိသည့်အပြင် မည်သို့မျှမသက်ဆိုင်ပါကြောင်း နှင့် PDF Twantay (တွံတေးပကဖ) ခေါင်းဆောင်များဖြစ်သော ဗိုလ်ဆံရှည်()ကိုထက်နှင့် ချမ်းမြေ့အောင်တို့မှ လက်နက်ထုတ်ပေး၍ ဓားပြတိုက်ခိုင်းသည်ဟု စစ်ကောင်စီလော်ဘီသတင်းမီဒီယာများမှ စွပ်စွဲရေးသား နေခြင်းသည် တွံတေးမြို့နယ်တော်လှန်ရေးအင်အားစုများ ပြိုလဲပျက်စီးစေရန်နှင့် အများပြည်သူအထင်အမြင်လွဲမှားစေရန် တော်လှန်ရေး ပုံဖျက်နေခြင်းသာဖြစ်တယ်လို့ အတိအလင်းဆိုထားပါတယ်။


========================


📌📌 ၅။ မြောင်မြို့ရဲစခန်း၊ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ယာ နေရာ()နေရာအား စစ်မျက်နှာ()ရပ်ဖွင့်၍ တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ရာ စကစဘက်မှ ၄ဦးသေ၊၁၂ဦးဒဏ်ရာရ


ဇွန်လ၂၂ရက်


ဇွန်လ၂၂ရက်မှာ စစ်ရေးသတင်းကို စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်း-MSPDFက အခုလိုအသိပေးဆိုပါတယ်။


"ဇွန်လ၊၂၁ရက်နံနက်ခင်းအချိန်တွင် မြောင်မြို့တွင် အခြေချနေထိုင်သော အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများအား စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်း-MSPDFနှင့်အတူ ညီနောင်မဟာမိတ်များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။နံနက်ခင်း ၅နာရီ ၄၀မိနစ်မှ ၆နာရီ ၅၀မိနစ်ထိ ၁နာရီ၁၀မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မဟာမိတ်ညီနောင်များမှ Shar Htoo WAW နည်းပညာတိုက်ခိုက်ရေး Fixed Wing Droneများအသုံးပြု၍ '' 𝐀𝐢𝐫 𝐁𝐨𝐦𝐛'' ()လုံး ၄၀မမ ဗုံးသီး (၁၇)လုံး Rocket(MSPDFထုတ်) ()လုံး လက်နက်ငယ်ကျည်မျိုးစုံ (၃၂၈၁)တောင့် အသုံးပြုခဲ့တယ်"လို့ဆိုပါတယ်။


 အကြမ်းဖက်စစ်ကောင်စီဘက်မှ စကစတပ်နဲ့ရဲ၊ပျူ ()ဦးသေဆုံး၊ ()ဦးအပြင်းအထန်ထိခိုက်နှင့် (၁၂)ဦးထိခိုက်ဒဏ်များရရှိခဲ့တယ်လို့ဆိုပါတယ်။


ထိုတိုက်ပွဲတွင် ကျွန်ုပ်တို့စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်း-MSPDF / Myaung Special Drone Foece-MSDFနှင့်အတူ  မိတ္ထီလာခရိုင်အမှတ်()တပ်ရင်း MHLG PDF မြင်းခြံခရိုင်အမှတ်()တပ်ရင်း၊မြင်းခြံခရိုင်အမှတ်()တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်()တပ်ရင်း Burmese Guerrilla Force-BGF T.G.R CHU PDFတို့မှ ပူးပေါင်း၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ မွန်ပြည်နယ်ရေးမြို့နယ် ချောင်းတောင်ကျေးရွာ ချောင်းတောင်တံတားထိပ်စစ်ဆေးရေးဂိတ်ကို ရေးဘီးလူးအဖွဲ့တိုက်ခိုက်၍ စကစတပ်ကလေးဦးသေဆုံး


ဇွန်လ၂၂ရက်


ဇွန်လ၂၂ရက်မနက်ပိုင်းမှာတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကအခုလို အတည်ပြုဆိုထားပါတယ်။


"မွန်ပြည်နယ်ရေးမြို့နယ်ချောင်းတောင်ကျေးရွာ စကစတပ် (၁၉) လက်အောက်ခံချောင်းတောင်တံတားထိပ်စစ်ဆေးရေးဂိတ်ကို ဧရိယာပြင်ပ လုပ်ပေးလိုက်ပါတယ်။ပြောက်ကျားဝင်ပစ်တာဆိုတော့ လက်နက်မရလိုက်ဘူး"လို့ဆိုပါတယ်။


 အဆိုပါတိုက်ခိုက်မှုတွင်စကစ တပ်ကဂိတ်ထဲ ရှစ်ဦးထိုင်နေပြီး လေးဦးနေရာတင်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment