28th JUN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇွန်လ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ခရီးပေါက်အောင် လျှောက်နေရတဲ့ အခြေအနေဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ ကလေး () သန်းအပါအဝင် ပြည်သူပေါင်း (၁၈) သန်းနီးပါး အသက်ကယ်ဆယ်ရေးအထောက်အပံ့ အလွန်လိုအပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား

📌 ၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အ‌မေရိကန်ရှိနွေဦးတော်လှန်ရေးမိသားစုများတွေ့ဆုံမည်

📌 ၄။ ကန့်ဘလူခရိုင်ပင့်သာကျေးရွာအား စစ်ကောင်စီအကြမ်းဖက်စစ်တပ်မှ ကြိမ်မြောက်မီးရှို့ဖျက်ဆီး

📌 ၅။ ကလော့ကြီးကျေးရွာတွင် ကင်းလှည့်‌နေတဲ့ စကစတပ်ဖွဲ့ဝင်များကို ရေးဘီလူးအဖွဲ့တိုက်ခိုက်၍ ငါးဦးသေဆုံး

📌 ၆။ ကျားဖြူစစ်ကြောင်း တပ်ခွဲ()/Justice Soldier PDF မှအပါတ်စဉ် ()အတွက် သင်တန်းသားများအား စီစစ်ခေါ်ယူလျက်ရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ခရီးပေါက်အောင် လျှောက်နေရတဲ့ အခြေအနေဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


ဇွန်လ၂၈


 အမျိုးသားညီညွတ်ရေးအစိုးရ၏၂၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး အခုလိုပြောကြားလိုက်ပါတယ်။


"ယခုလက်ရှိ အခြေအနေမှာ ကျွန်တော်တို့ဟာ လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ခရီးပေါက်အောင် လျှောက်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ ယနေ့အထိ လျှောက်လှမ်းလာတဲ့ ခုခံတော်လှန်စစ်ရဲ့ ရလဒ်အနေနဲ့ မိမိတို့မဟာမိတ်တွေရဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေး အလုပ်တွေကို စတင်လုပ်ဆောင် လာနိုင်တာ တွေ့ရပါတယ်။ ဥပမာအားဖြင့် သိပ်မကြာခင်က ဖွဲ့စည်းနိုင်လိုက်တဲ့ ကရင်နီပြည်နယ်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီကဲ့သို့သော အုပ်ချုပ်ရေးဖြစ်စဉ်တွေ ပေါ်ထွက်လာတာကို ရည်ညွှန်း ချင်ပါတယ်။ ဒါဟာ တော်လှန်ရေးနဲ့အုပ်ချုပ်ရေးကို တစ်ပါတည်း ပူးတွဲလုပ်ဆောင်နေတဲ့ အခြေအနေကို ရောက်လာပြီလို့ပြောနိုင်တဲ့ အခြေအနေဖြစ်ကြောင်း သတိချပ်စေလိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် တော်လှန်ရေးကာလမှာလည်း လူမျိုးစုမဟာမိတ်ဆက်ဆံရေးကို ယုံကြည်မှု မြင့်မားအောင် တည်ဆောက်နိုင်ရမှာဖြစ်တယ်လို့ ယာယီသမ္မတကပြောပါတယ်။


========================


📌📌 ၂။ ကလေး () သန်းအပါအဝင် ပြည်သူပေါင်း (၁၈) သန်းနီးပါး အသက်ကယ်ဆယ်ရေးအထောက်အပံ့ အလွန်လိုအပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား


ဇွန်လ၂၈


လူသားချင်းစာနာထောက်ထားမှုအခြေအနေနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက အခုလိုပြောကြားထားပါတယ်။


"မိုခါဆိုင်ကလုန်းမုန်တိုင်းမတိုင်မီကပင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုအခြေအနေမှာ ဆိုးရွားလာခဲ့ပြီး ကလေး () သန်းအပါအဝင် ပြည်သူပေါင်း (၁၈) သန်းနီးပါးသည် အသက်ကယ်ဆယ်ရေးအထောက်အပံ့ အလွန်လိုအပ်နေသည်။ ဒါ့အပြင် ပြည်သူပေါင်း () သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး၊ (၁၈) သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး (၄၈) သန်းမှာ ဆင်းရဲမွဲတေမှုဒဏ်ခံစားနေကြရသည်။ ဒီအကျပ်အတည်းကို အပြည်ပြည်ဆိုင်ရာမှ ကြားဝင်ဆောင်ရွက်မှုဟာ အလွန်အရေးကြီးပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီသည် လူသားချင်း စာနာထောက်ထားမှုအကူအညီများကို ပိတ်ဆို့ခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်း၊ နာကျင်မှု၊ ဆင်းရဲဒုက္ခများကိုဖြတ်လေးဖြတ်ပေါ်လစီတွင် လက်နက်သဖွယ် အသုံးပြုခြင်းကြောင့် အခြေအနေကို ပိုမိုဆိုးရွားစေတယ်လို့ ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အ‌မေရိကန်ရှိနွေဦးတော်လှန်ရေးမိသားစုများတွေ့ဆုံမည်


ဇွန်လ၂၈


ဇူလိုင်၁ရက်နေ့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေးမိသားစုများ  အမေရိကန်ပြည်ထောင်စုတွင် တွေ့ဆုံမယ်လို့ အခမ်းအနားနှင့်ပတ်သက်ပြီး  CYCBCကဖိတ်ခေါ်ထားပါတယ်။


"သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့တွေ့ဆုံပွဲကိုလာရောက်ကြဖို့ ယူတီကာမှလည်းဖိတ်ခေါ်ပါတယ်"လို့ဆိုထားပါတယ်။


လက်ရှိ အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့မှလည်း လူထုတွေ့ဆုံပွဲများ ဆက်တိုက် တွေ့ဆုံလျက်ရှိပြီး တော်လှန်ရေးနဲ့ပတ်သက်၍ မေးမြန်းသမျှအား ဖြေကြားခဲ့ပါတယ်။


========================


📌📌 ၄။ ကန့်ဘလူခရိုင်ပင့်သာကျေးရွာအား စစ်ကောင်စီအကြမ်းဖက်စစ်တပ်မှ ကြိမ်မြောက်မီးရှို့ဖျက်ဆီး


ဇွန်လ၂၈


ဇွန်လ၂၈ရက် မနက် ၈နာရီ ၁၅ မိနစ်တွင် ကန့်ဘလူခရိုင် ပင့်သာကျေးရွာကိုအကြမ်းဖက်စစ်တပ်မှ ကြိမ်မြောက်မီးရှို့ဖျက်ဆီးနေတယ်လို့ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အတည်ပြုဆိုပါတယ်။


"ဇွန်လ ၂၇ရက်နေ့၊မနက် ၅နာရီအချိန်ကျွန်းလှမြို့ပေါ်မှထွက်လာသော စကစအကြမ်းဖက်စစ်တပ်နှင့် ပျူအင်အား ၁၅၀ ဝန်းကျင်ပူးပေါင်းအဖွဲ့သည် ပင့်သာကျေးရွာတွင်တညအိပ်ယာယီစ ခန်းချခဲ့ပြီး၊ယနေ့မနက် ဇွန်လ၂၈ရက်နေ့မနက် ၈နာရီ ၁၅မိနစ်တွင် ပင့်သာကျေးရွာကိုအကြမ်းဖက်မီးရှို့ဖျက်ဆီးနေပါတယ်"လို့ ဆိုပါတယ်။


ပင့်သာကျေးရွာသည်အိမ်ခြေ ၆၃၅ အိမ်ရှိသည့်ရွာကြီးတရွာဖြစ်၍ ယခုအကြိမ်နှင့်ပါဆိုလျှင် ၅ကြိမ်မြောက်မီးရှို့ခံရခြင်းဖြစ်ကာယခင်စစ်ကောင်စီတပ် မီးရှို့ခံရခြင်းကြောင့် လေးကြိမ်အတွင်းအပြစ်မဲ့ပြည်သူပိုင်နေအိမ်စုစုပေါင်း ၁၅၀ ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။


========================


📌📌 ၅။ ကလော့ကြီးကျေးရွာတွင် ကင်းလှည့်‌နေတဲ့ စကစတပ်ဖွဲ့ဝင်များကို ရေးဘီလူးအဖွဲ့တိုက်ခိုက်၍ ငါးဦးသေဆုံး


ဇွန်လ၂၈


ကလော့ကြီးကျေးရွာတွင်တိုက်ခိုက်မှုဖြစ်စဉ်အား ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အခုလိုဆိုထားပါတယ်။


"မွန်ပြည်နယ်ရေးမြို့နယ်ကလော့ကြီးကျေးရွာတွင်ဇွန်လ၂၈ရက် မနက် ၈နာရီ၃၀အချိန်၌ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ကင်းလှည့်လာတဲ့စစ်ကားကို ရေးဘီလူးအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ကားပေါ်မှာ ၁၅ ဦးလောက်ပါလာရာ  ဦးလောက်ကိုတော့ ပိုင်ပိုင်နိုင်နိုင် ဝင်ပစ်နိုင်ခဲ့လို့ စကစငါးဦးသေဆုံးခဲ့တယ်"လို့ဆိုပါတယ်။


 မွန်ပြည်နယ်မှာ ဇွန်လအတွင်း ရေးဘီလူးအဖွဲ့မှ စကစ ဘက်တော်သားသေနတ်တစ်လက်ကိုအရယူနိူင်ခဲ့ကာ စကစ တပ်သား လေး ဦး စစ်မှုးထမ်းဟောင်း နှစ်ဦး လဝက လုပ်ငန်းဆောင်ရွတ်သူ တစ် ဦး စုစုပေါင်း ခုနစ်ဦးကိုရှင်းလင်းနိူင်ခဲ့ပါတယ်။


========================


📌📌 ၆။ ကျားဖြူစစ်ကြောင်း တပ်ခွဲ()/Justice Soldier PDF မှအပါတ်စဉ် ()အတွက် သင်တန်းသားများအား စီစစ်ခေါ်ယူလျက်ရှိ


ဇွန်လ၂၈


ဇွန်လနောက်ဆုံးပတ်မှာ Justice Soldier PDFမှ အပါတ်စဉ် ()အတွက် သင်တန်းသားများအား စီစစ်ခေါ်ယူခြင်းနှင့်ပတ်သက်ပြီး အခုလိုအသိပေးဖော်ပြပါတယ်။


"နွေဦးတော်လှန်ရေးမှာ ပြည်သူတစ်ရပ်လုံး ပါဝင်ဖို့နဲ့ မြို့တွင်း စစ်ဆင်ရေးများ တိုးမြှင့် ဖော်ဆောင်ဖို့ရန်အတွက် ကျွန်တော်တို့ ကျားဖြူစစ်ကြောင်း တပ်ခွဲ()/Justice Soldier PDF မှအပါတ်စဉ်() သင်တန်းဆင်းခဲ့ပြီး အပါတ်စဉ် ()အတွက် သင်တန်းသားများအား စီစစ်ခေါ်ယူလျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။


သို့ဖြစ်ပါ၍ သင်တန်းလျှောက်ထားလိုပါက အသက်18နှစ်မှ 30အတွင်းကျန်းမာရေး ကောင်းမွန်သူ၊တော်လှန်ရေးကို စိတ်ပါဝင်စားသူဖြစ်ရမယ်လို့ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment