28th JUN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇွန်လ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပါ ရေးဆွဲထားချက်တွေဟာ လက်ရှိပကတိအခြေအနေမှာ ကိုင်စွဲအသုံးပြုနိုင်ဖို့ အထူးလိုအပ်

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးကို မျက်နှာမူနေတဲ့ မဟာမိတ်အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့ အမြဲအသင့်ရှိနေ

📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၄။ ဇွန်လ ရက်နေ့မှ ၂၇ ရက်နေ့အထိ စကစတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ  စုစုပေါင်း (၈၁) ဦး ရှိပြီး စစ်ကိုင်းတိုင်းမှ (၇၀) ဦးဖြင့် အများဆုံးဖြစ်

📌 ၅။ အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီး မြဝတီမြို့အနီး ကျောက်မိုင်းဒေသသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး  ရွာသား ()ဦး ထိခိုက်ဒဏ်ရာ ရရှိ

📌 ၆။ ပုလဲမြို့နယ်ညောင်ကုန်းကျေးရွာနှင့်​​​ ချင်ပြစ်ကျေးရွာအနီးတစ်ဝိုက်သို့ စကစတပ်များမှ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်၍ အမျိုးသား၇ဦး၊ အမျိုးသမီးတစ်ဦးနှင့် ဘုန်းကြီးတစ်ပါး စုစုပေါင်း ၉ဦးသေဆုံး

📌 ၇။ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာကို စကစတပ်ကမီးရှို့ဖျက်ဆီး

📌 ၈။ မုံရွာမြို့ ကညနရုံးတွင် တပ်စွဲထားသော စကစ များကို တိုက်ခိုက်ခံရ၍ ၁၅ဦးသေဆုံး

📌 ၉။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပါ ရေးဆွဲထားချက်တွေဟာ လက်ရှိပကတိအခြေအနေမှာ ကိုင်စွဲအသုံးပြုနိုင်ဖို့ အထူးလိုအပ်


ဇွန်လ၂၇

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပါ ရေးဆွဲထားချက်တွေဟာ လက်ရှိပကတိအခြေအနေမှာ ကိုင်စွဲအသုံးပြုနိုင်ဖို့ အထူးလိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၂၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။


 "အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပါ ရေးဆွဲထားချက်တွေကလည်း အခြေခံမူနဲ့ မလွတ်ကင်းသလို၊ လက်ရှိ ပကတိအခြေအနေမှာ ကိုင်စွဲအသုံးပြုနိုင်ဖို့ အထူးလိုအပ်ပါတယ်။ မူကတခြား လူကတခြားဖြစ်လို့ မရသလို၊ မူနဲ့ အုပ်ချုပ်မှု ပုံစံကလည်း ကင်းကွာနေလို့ မရပါဘူး။ ဒါကို အထူးသတိပြု ပြင်ဆင်ကြဖို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးကို နိုင်ငံရေးအရ / စစ်ရေးအရ ဦးဆောင်နေတဲ့ ကျွန်တော်တို့ဟာ အရှိပကတိနဲ့ မကင်းလွတ်စေဘဲနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်ထားဖို့ လိုပါတယ်။ မူကြမ်းကို ပြင်ဆင်တဲ့အခါမှာ လူမျိုးစုတွေရဲ့ လိုလားချက်တွေနဲ့ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်ကို အာမခံချက်ပေးနိုင်တဲ့ ခိုင်မာသော နိုင်ငံရေးပဋိညာဉ်ဖြစ်စေဖို့ ပြင်ဆင်ကြရပါလိမ့်မယ်"လို့ဆိုပါတယ်။


အစည်းအဝေးမှာ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းက TCPC မှ ပြင်ဆင်ထားတဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မူကြမ်းကို မှတ်တမ်းတင်နိုင်ရန် တင်ပြတဲ့ကိစ္စကို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးကို မျက်နှာမူနေတဲ့ မဟာမိတ်အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့ အမြဲအသင့်ရှိနေ


ဇွန်လ၂၇

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးကို မျက်နှာမူနေတဲ့ မဟာမိတ်အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့ အမြဲအသင့်ရှိနေတယ်လို့ ဇွန်လ၂၇ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေး ၂၁/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။


"ကျွန်တော်တို့ အစိုးရအနေနဲ့ တော်လှန်ရေးကို မျက်နှာမူနေတဲ့ မဟာမိတ်အဖွဲ့အစည်းတွေကိုဖြစ်စေ၊ လူတစ်ဦးတစ်ယောက်ချင်းစီကို ဖြစ်စေ စစ်မှန်တဲ့ တော်လှန်ရေးစိတ်ဓာတ်တွေနဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့ အမြဲအသင့်ရှိနေကြောင်း ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိသလို မြေပြင်သပိတ်အင်အားစုများနဲ့လည်း တွေ့ဆုံမပြတ်ရှိနေပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ဇွန်   ၂၇  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၁၂/၂၀၂၃)ကို ဇွန်လ၂၇ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း‌ပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍  သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့  အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ၄။ ဇွန်လ ရက်နေ့မှ ၂၇ ရက်နေ့အထိ စကစတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ  စုစုပေါင်း (၈၁) ဦး ရှိပြီး စစ်ကိုင်းတိုင်းမှ (၇၀) ဦးဖြင့် အများဆုံးဖြစ်


ဇွန်လ၂၇

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ဇွန်လ ရက်နေ့မှ ၂၇ ရက်နေ့အထိ စကစတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ  စုစုပေါင်း (၈၁) ဦး ရှိပြီး စစ်ကိုင်းတိုင်းမှ (၇၀) ဦးဖြင့် အများဆုံးဖြစ်တယ်လို့ သိရှိရပါတယ်။


 ၂၀၂၃ ခုနှစ်၊ ဇွန်လ ရက်နေ့မှ ၂၇ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး (၁၅) ဦးနှင့် အမျိုးသား (၆၆) ဦး စုစုပေါင်း (၈၁) ဦးရှိပြီး စစ်ကိုင်းတိုင်းမှ (၇၀) ဦးဖြင့် အများဆုံးဖြစ်ပါတယ်လို့ဖော်ပြပါတယ်။


ထို (၈၁) ဦးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ စသည့် မတရားသော ပုဒ်မအမျိုးမျိုးဖြင့် နှစ်ရှည် ထောင်ဒဏ် ထပ်မံချမှတ်ခံထားရသူ () ဦး ပါဝင်ပါတယ်။ ထို့ပြင် နိုင်ငံတဝန်း ဖမ်းဆီးခံရမှုအနေဖြင့် အမျိုးသမီး (၂၃) ဦးနှင့် အမျိုးသား (၁၁၇) ဦး စုစုပေါင်း (၁၄၀) ဦးရှိပြီး စစ်ကိုင်းတိုင်း၌ ဖမ်းဆီးခံရသူမှာ စုစုပေါင်း (၄၆) ဦး ရှိပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီး မြဝတီမြို့အနီး ကျောက်မိုင်းဒေသသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး  ရွာသား ()ဦး ထိခိုက်ဒဏ်ရာ ရရှိ


ဇွန်လ၂၇

အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီး မြဝတီမြို့အနီး ကျောက်မိုင်းဒေသသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး  ရွာသား ()ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဇွန်လ၂၇ရက်မှာ ကျားသစ်နက်စစ်ကြောင်းက ဆိုပါတယ်။


ဇွန်လ ၂၄ ရက်နေ့ 7:00 PM ချိန်ခန့်တွင်  အကြမ်းဖက်စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၇၅ မှ ရမ်းသမ်းပစ်ခတ်သော 120မမ လက်နက်ကြီး ကျည် () လုံး  မြဝတီမြို့အနီး ကျောက်မိုင်းဒေသသို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါလက်နက်ကြီးကြောင့် ရွာသား ()ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူတို့၏ နေအိမ်အချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၆။ ပုလဲမြို့နယ်ညောင်ကုန်းကျေးရွာနှင့်​​​ ချင်ပြစ်ကျေးရွာအနီးတစ်ဝိုက်သို့ စကစတပ်များမှ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်၍ အမျိုးသား၇ဦး၊ အမျိုးသမီးတစ်ဦးနှင့် ဘုန်းကြီးတစ်ပါး စုစုပေါင်း ၉ဦးသေဆုံး


ဇွန်လ၂၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာနှင့် ​​​ချင်ပြစ်ကျေးရွာအနီးတစ်ဝိုက်သို့ စကစတပ်များမှ ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်၍ အမျိုးသား၇ဦး၊ အမျိုးသမီးတစ်ဦးနှင့် ဘုန်းကြီးတစ်ပါး စုစုပေါင်း ၉ဦးသေဆုံးခဲ့ပါတယ်။


ဇွန်လ၂၇ရက် ညနေ၃နာရီ၂၅မိနစ်ခန့်အချိန်မှာ စကစတပ်ကလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာလို့ Pale Jokers PDF ယင်းမာပင်ခရိုင်တပ်ရင်း ၁၉ကအသိပေးဆိုပါတယ်။


"စကစတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်းကုန်းရွာမှ အမျိုးသား၇ဦး၊ အမျိုးသမီးတစ်ဦးနှင့် ဘုန်းကြီးတစ်ပါး စုစုပေါင်း ၉ဦးသေဆုံး၍ ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ နေအိမ်၁၃လုံးနှင့် ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။


လေကြောင်းပစ်ခတ်မှုကြာချိန် ၁၅မိနစ်ခန့် ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၇။ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာကို စကစတပ်ကမီးရှို့ဖျက်ဆီး


ဇွန်လ၂၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာကို စကစတပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဇွန်လ၂၇ရက်မှာ စကစတပ်များ မီးရှို့ဖျက်ဆီးမှုကို GZ STFဝက်လက်ကအသိပေးဆိုပါတယ်။


"သရက်ပင်ဆိပ်ကျေးရွာကို မီးရှို့သော စကစ (၅၀)ခန့်သည် ငါးပတ်ချောင်းကျေးရွာသို့ ရောက်နေပြီး မီးတင်နေသောကြောင့် သစ်ဆိမ့်၊ဘုရားလေးကုန်း၊ ကူကြီးလှေပို့ဆိပ်၊ ရွာသစ်၊ ရေဂမိုး၊ ရှားကွဲတွင်နေသော မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြရန် အသိပေးအပ်ပါတယ်"လို့ဆိုပါတယ်။


ဝက်လက်မြို့နယ် အရှေ့ဘက်ခြမ်းရှိကျေးရွာများကို ဇွန်လပထမပတ်ကျော်မှ စတင်၍ စကစတပ်များ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဒေသခံ ပြည်သူ သုံးထောင်ကျော်ဟာ စစ်ဘေးရှောင်တိမ်းနေရပါတယ်။


========================


📌📌 ၈။ မုံရွာမြို့ ကညနရုံးတွင် တပ်စွဲထားသော စကစ များကို တိုက်ခိုက်ခံရ၍ ၁၅ဦးသေဆုံး


ဇွန်လ၂၇ရက်

မုံရွာမြို့ ကညနရုံးတွင် တပ်စွဲထားသော စကစ များကို တိုက်ခိုက်ခံရကာ စကစ၁၅ဦးသေဆုံးတယ်လို့ ဇွန်လ၂၇ရက်မှာ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)က အသိပေးဆိုပါတယ်။


"မုံရွာမြို့ရှိအကြမ်းဖက်စစ်ကောင်စီတပ်သားများကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း () အထူးကွန်မန်ဒိုတပ်ဖွဲ (Monywa The Boys) နှင့် မုံရွာခရိုင် တပ်ရင်း () မုံရွာခရိုင် တပ်ရင်း () မုံရွာခရိုင် တပ်ရင်း (၁၂) မုံရွာခရိုင် တပ်ရင်း (၂၂) မုံရွာခရိုင် တပ်ရင်း (၂၅) မုံရွာခရိုင် တပ်ရင်း (၂၈) ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) နှင့် မြန်မာ့တော်ဝင်နဂါးတပ်မတော်(MRDA)တို့ စုပေါင်းပြီး ဇွန်လ၂၄  ရက်နေ့ ညနေ ( 6 ) နာရီခန့်တွင် မုံရွာမြို့ ကညနရုံးတွင် တပ်စွဲထားသော စကစ များကိုတိုက်ခိုက်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့် စကစတပ်သား၁၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၉။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား


ဇွန်လ ၂၇ ရက်

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ဇွန်လ ၂၇ ရက်နေ့ နေ့လည်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားခဲ့ကြပါတယ်။


ထိုလှုပ်ရှားမှုကိုစစ်အာဏာရှင်စနစ် အဆုံးသတ်က လူထုသာလျှင် အဓိကစာသားပါ ဘန်နာကိုင်ဆွဲ၍ အမျိုးသမီးများ၊ လူငယ်များနှင့် ပြည်သူအများအပြား ပူးပေါင်းပါဝင်မှုနှင့်အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲကြွေးကြော်သံများ ကြွေးကြော်ချီတက်ခဲ့ကြတယ်လို့သိရပါတယ်။


အောင်မြင်တဲ့‌ တော်လှန်ရေးတွင် လူထုဆန့်ကျင်အုံကြွမှုနှင့် လူထုအင်အားသည်သာ အဓိကကျသလို လူတန်းစားပေါင်းစုံပါဝင်နိုင်သည့် တိုက်ပွဲနည်းနာသည်လည်းအာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဓိကကျသည့် တိုက်ပွဲနည်းနာတစ်ခုဖြစ်ပါတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)ကဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment