၂၀၂၃ ဇွန်လ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မကြာခင်မှာ စစ်ရေးနည်းနဲ့ လူထုတိုက်ပွဲနည်းတွေ ဟန်ချက်ညီပေါင်းစပ်ပြီး အဆုံးသတ် တိုက်ပွဲကြီးတွေဆီ စဦးတည်ကြမယ်လို့ ပြည်ထဲရေးဝန်ကြီး ပြောကြားလိုက်
📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၃။ ဇူလိုင် ၁ရက် အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်တွေ့ဆုံပွဲ တော်လှန်ရေးအင်အားစု မည်သူမဆိုတက်ရောက်နိုင်
📌 ၄။ ဇွန်လ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၁၂) ဦး သေဆုံးခဲ့
📌 ၅။ ပခုက္ကူမြို့ဘက်မှ ကမ္မမြို့ဘက်သို့လာသော စကစကား၄စီးအား ကန်တော်နှင့် ကမ္မကြားတွင် မိုင်းလေးလုံးဆွဲတိုက်ခိုက်ခဲ့
📌 ၆။ စကစတပ်များ တပ်စွဲထားတဲ့ ဆားလင်းကြီးမြို့နယ်က စက်မှု၁ချည်မျှင်စက်ရုံကို လက်နက်ကြီးများနဲ့ ကာကွယ်ရေးတပ်များ စုပေါင်း ပစ်ခတ်ခဲ့
📌 ၇။ ရေးမြို့နယ်တံတားရှိ စကစ ဂိတ်ကို ၄၀ မမ ၃ လုံးနဲ့ ရေးဘီးလူးအဖွဲ့ ပစ်ခတ်တိုက်ခိုက်၍ စကစနှစ်ဦးထိခိုက်သေဆုံးနိူင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မကြာခင်မှာ စစ်ရေးနည်းနဲ့ လူထုတိုက်ပွဲနည်းတွေ ဟန်ချက်ညီပေါင်းစပ်ပြီး အဆုံးသတ် တိုက်ပွဲကြီးတွေဆီ စဦးတည်ကြမယ်လို့ ပြည်ထဲရေးဝန်ကြီး ပြောကြားလိုက်
ဇွန်လ၂၈ရက်
မကြာခင်မှာ စစ်ရေးနည်းနဲ့ လူထုတိုက်ပွဲနည်းတွေ ဟန်ချက်ညီပေါင်းစပ်ပြီး အဆုံးသတ် တိုက်ပွဲကြီးတွေဆီ စဦးတည်ကြမယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ဇွန်လ၂၈ရက်မှာ လူမှုကွန်ရက်မှာပြောကြားထားပါတယ်။
"ရဲဘော်တွေက တိုက်ရင်းသင် သင်ရင်းတိုက် တိုက်ရင်းစည်းရုံး စည်းရုံးရင်းတိုက် ရန်သူ့လက်နက် ကိုယ့်လက်နက် ဖြစ်အောင် တိုက်နေကြပါပြီ။ အန်ယူဂျီ ၊ မဟာမိတ်စစ်ရေးဦးဆောင်အဖွဲ့တွေနှင့် ကာကွယ်ရေး ပြည်ထဲရေးဝန်ကြီးဌာနတွေကလည်း တန်ပြန်ထိုးစစ်အကြိုကာလ စစ်ရေးစီမံချက်တွေကို တာလွှတ်လိုက်ပါပြီ။ မကြာခင်မှာ စစ်ရေးနည်းနဲ့ လူထုတိုက်ပွဲနည်းတွေ ဟန်ချက်ညီပေါင်းစပ်ပြီး အဆုံးသတ် တိုက်ပွဲကြီးတွေဆီ စဦးတည်ကြပါမယ်"လို့ ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့ပေါင်း သုံးရာကျော် ၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း နှစ်ရာ့ငါးဆယ်ကျော် ဖွဲ့စည်းပြီးဖြစ်တယ်လို့သိရပါတယ်။
"တော်လှန်ရေးရဲ့ ပြည်သူ့စစ်မဟာဗျူဟာ အရလည်း တန်ပြန်ထိုးစစ်အကြိုကာလကိုရောက်လာပါပြီ။ တောတောင်တွေထဲက ရဲဘော်တွေဟာ အခုဆို မြေပြန့်ကို တပ်ဖြန့်ရောက်ရှိနေပြီး စစ်တောင်းလွင်ပြင်မှာ တိုက်ပွဲဖော်နေကြပါပြီ။ အိမ်အပြန်လမ်းကို မြင်နေရလို့ တက်ကြွနေကြတဲ့ ရဲဘော်တွေရဲ့ မျှော်လင့်ချက်တွေက ပြည်ထောင်စုရဲ့ တပ်ဦးရောင်ခြည်ဖြစ်ပါတယ်။ ကျတော်တို့တော်လှန်ရေးဟာ ဒုတိယနဲ့ တတိယအဆင့် ကြားကိုရောက်နေပါပြီ။ နောက်ဆုံးအဆင့်ကို အရှိန်အဟုန်နဲ့ အဆုံးသတ်တိုက်ပွဲတွေ ဆင်နွဲနိုင်ဖို့ မီးကုန်ယမ်းကုန် ရေကုန်ရေခမ်း ပြည်သူအားလုံး တိုက်ပွဲဝင်ရတော့မှာဖြစ်ပါတယ်"လို့ ပြည်ထဲရေးဝန်ကြီးက ထပ်မံဆိုပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ဇွန် လ ၂၈ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၀/၂၀၂၃)ကို ဇွန်လ၂၈ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီးနောက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ တရားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ဇူလိုင် ၁ရက် အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်တွေ့ဆုံပွဲ တော်လှန်ရေးအင်အားစု မည်သူမဆိုတက်ရောက်နိုင်
ဇွန်လ၂၈
ဇူလိုင်၁ရက်နေ့ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် တွေ့ဆုံပွဲ တော်လှန်ရေးအင်အားစု မည်သူမဆိုတက်ရောက်နိုင်တယ်လို့ဆိုပါတယ်။
ဇူလိုင်၂၈ရက်မှာ ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူ ကိုအောင်ကျော်မြင့် ( ယူတီကာ- နယူးယောက် )က ယခုလိုပြောပါတယ်။
“ဒီအမေရိကန်ပြည်ထောင်စု နယူးရောက်ပြည်နယ်အထက်ပိုင်းမှာ ဇူလိုင် ၁ ရက်နေ့ စနေနေ့ပေါ့ မြန်မာနိုင်ငံရဲ့နွေဦးတော်လှန်ရေး သူရဲကောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ နွေဦးတော်လှန်ရေးမိသားစုတွေ အင်အားစုတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ အဓိကကတော့ သံအမတ်ကြီး ကျွန်တော်တို့ဆီကို ရောက်လာတယ်။ နွေဦးတော်လှန်ရေးမိသားစုတွေနဲ့ တွေ့ဆုံတယ်။ ဒီနွေဦးတော်လှန်ရေးဆိုင်ရာဖြစ်ပေါ်တိုးတက်မှုတွေကို ဖလှယ်မယ်။ ကျွန်တော်တို့ဆီကလည်း မေးချင်တဲ့မေးခွန်းတွေ မေးမြန်းမယ်။ သံအမတ်ကြီးလည်း ဖြေနိုင်တာကိုဖြေမယ်ပေါ့နော်။ အဓိကတော့ နွေဦးတော်လှန်ရေးအင်အားစုတွေကြားထဲမှာ ညီညွတ်မှု နောက်တခြားထောက်ပံ့အင်အားစုတွေ အားအင်ပိုပြီးတော့ကောင်းလာဖို့ ဒါတွေပါတယ်။ နားလည်မှုပိုမြင့်လာပြီးတော့ ဒီနွေဦးတော်လှန်ရေးအပေါ်မှာ ပိုပြီးတော့ စိုက်ထုတ်လာနိုင်ဖို့ ဒီရည်ရွယ်ချက်တွေ ပါပါတယ်။ နောက်တစ်ခုက ဒီပွဲကနေ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ နိုင်ငံအသီးသီးကလူတွေကို ကျွန်တော်တို့ပြောချင်တာက သံအမတ်ကြီးသည် ကျွန်တော်တို့ရဲ့ voiceဖြစ်တယ်။ ဒီမြန်မာပြည်သူတစ်ရပ်လုံးရဲ့ အသံကို သံအမတ်ကြီးက အစစ်အမှန် ကိုယ်စားပြုတယ်။ သူသည် ဒုက္ခပေါင်းစုံခံစားပြီး ရင်ဆိုင်ခံစားနေတဲ့ မြန်မာပြည်သူလူထုရဲ့ အထိုက်တန်ဆုံး ကိုယ်စားပြုတဲ့ကိုယ်စားလှယ်ဖြစ်တယ်။ အဲ့တာကို ကျွန်တော်တို့က ဝိုင်ဝန်းထောက်ခံကြောင်း ပြသချင်တယ်။ နောက်တစ်ခုက တစ်ကမ္ဘာလုံးမှာရှိတဲ့ခေါင်းဆောင်တွေကိုပဲ သံအမတ်ကြီးက အခုကိုယ်စားပြုမှုဟာ ဆက်လက်တည်ရှိနေဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ ဆိုတော့ ဒီအချက် ဒီရည်ရွယ်ချက် ဒီအတွက်ကို ကျွန်တော်တို့က ကွန်မြူနစ်တီနဲ့ တွေ့ဆုံပွဲကို စီစဉ်တာဖြစ်ပါတယ်။ ဒီပွဲကိုစီစဉ်တဲ့အဖွဲ့ကတော့ ယူနိုက်တက်ဟန်းစ်ဖောမြန်မာ နယူးရောက်ပြည်နယ်အထက်ပိုင်းမှာရှိတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ ကျွန်တော်လည်း one of the founderပါ။ ဆိုတော့ ကြားတဲ့အင်အားစုတွေ လာကြပါ။ ကျွန်တော်တို့ဆီမှာဆိုရင် နယူးရောက်ပြည်နယ်အထက်ပိုင်း ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ကမြို့တွေပေါ့ ရဲဘော်အင်အားစုတွေ ဖိတ်ကြားထားတာရှိပါတယ်။ ဒီထဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ABSDFနဲ့ တိုင်းရင်းသားလက်နက်ကိုင်က ရဲဘော်ဟောင်းတွေ နောက် နွေဦးတော်လှန်ရေးမှာ အထောက်အပံ့မှာ စွမ်းစွမ်းတမံလုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေ နောက် အခြားတိုင်းရင်းသားဆိုင်ရာ အင်အားစုတွေ ဗမာ မွတ်ဆလင်လို မိသားစုအသိုင်းအဝိုင်းတွေ အပါအဝင်ပေါ့နော် အကုန်လုံးစုပေါင်းညီညာ တွေ့ဆုံဆွေးနွေးကြဖို့ရှိပါတယ်။“
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ နွေဦးတော်လှန်ရေးမှာ CDM လုပ်ဆောင်သည့် စံနမူနာပြ သံအမတ်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။
========================
📌📌 ၄။ ဇွန်လ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၁၂) ဦး သေဆုံးခဲ့
ဇွန်လ၂၈
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသောအချက်အလက်အရ ဇွန်လ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၁၂) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
"၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၁၂) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၁၀) ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဇွန်လ ၂၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တံတာဦးလေတပ်မှ တိုက်လေယာဥ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သံဃာတော်တစ်ပါးနှင့် ဒေသခံ ရှစ်ဦး သေဆုံးခဲ့ပါတယ်။
ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူများအနက် တစ်ဦး ထပ်မံသေဆုံးခဲ့သောကြောင့် စုစုပေါင်း ဆယ်ဦး သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁၃ လုံး ပျက်စီးခဲ့ပါတယ်။
========================
📌📌 ၅။ ပခုက္ကူမြို့ဘက်မှ ကမ္မမြို့ဘက်သို့လာသော စကစကား၄စီးအား ကန်တော်နှင့် ကမ္မကြားတွင် မိုင်းလေးလုံးဆွဲတိုက်ခိုက်ခဲ့
ဇွန်လ၂၈
ပခုက္ကူမြို့ဘက်မှ ကမ္မမြို့ဘက်သို့လာသော စကစကား ၄စီးအား ကန်တော်နှင့် ကမ္မကြားတွင် မိုင်းလေးလုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ဇွန်လ၂၈ရက်မှာ စစ်ရေးသတင်းကို မြိုင်ပကဖ ကအသိပေးဆိုပါတယ်။
"ဇွန်လ၂၇ရက် နေ့လည် ၂နာရီကျော်ခန့်က ပခုက္ကူမြို့ဘက်မှ ကမ္မမြို့ ဘက်သို့လာသော စခကား၄စီးအား ကန်တော်နှင့်ကမ္မကြားတွင် မိုင်းလေးလုံးဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ်ပေါ်ပါ စကစများ ၆ဦး ဒဏ်ရာရရှိ၍ စကစ တစ်ဦး ဖျာ မိုးကာများဖြင့် သေဆုံး၍ ပတ်သွားပြီး လမ်းကင်းယူထားသော စကစပျူ များ အီနာဂါချရာ ကြောက်လှန့်ထွက်ပြေးကြပါတယ်"လို့ဆိုပါတယ်။
ယခုတိုက်ခိုက်မှုတွင် pku thurain နှင့် black cobra မြိုင်ပကဖ ရင်း၁ ခွဲ ၄ စိတ် ၁. ၄ တို့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
အလားတူ နံနက်ပိုင်း ၁၁နာရီဝန်းကျင်ခန့်တွင် ပခုက္ကူမှထွက်လာသော စကစကားတစီးကို တွင်းမ ပျူစခန်းနှင့်သရက်ကန်ပျူစခန်းကြားတွင် ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းပွိုင့်၄ပွိုင့်(မိုင်းကြီး၈လုံး)ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားမှာပျက်စီးရပ်တန့်သွားပြီး မြိုင် ကမ္မလမ်းမှာလည်း လုံးဝပျက်စီးသွားခဲ့ပါတယ်။
အရပ်သတင်းအရ တွင်းမပျူစခန်းတွင်းမှ ငိုသံများကြားနေရပြီး စကစဘက်က ၇ဦးထက်မနည်းဆုံးသေဆုံးနိုင်ကာ အများအပြားထိခိုက်နိုင်ကြောင်းသိရပါတယ်။
၂၈ရက် မနက်ပိုင်း ၄နာရီခွဲခန့်တွင်လည်း မြိုင်မှထွက်လာသော စကစစစ်ကြောင်းသည် မနေ့က ပေပင်တိုက်တွင် နားပြီး သရက်ကန်ပျူ စခန်းသို့ဆက်လက်သွားရင်း မိမိတို့တပ်ဖွဲ့များက ကြားဖြတ်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၂ဦးသေဆုံးသွားခဲ့ပါတယ်။
========================
📌📌 ၆။ စကစတပ်များ တပ်စွဲထားတဲ့ ဆားလင်းကြီးမြို့နယ်က စက်မှု၁ချည်မျှင်စက်ရုံကို လက်နက်ကြီးများနဲ့ ကာကွယ်ရေးတပ်များ စုပေါင်း ပစ်ခတ်ခဲ့
ဇွန်လ၂၈ရက်
စကစတပ်များ တပ်စွဲထားတဲ့ ဆားလင်းကြီးမြို့နယ်က စက်မှု၁ချည်မျှင်စက်ရုံကို လက်နက်ကြီးများနဲ့ ကာကွယ်ရေးတပ်များစုပေါင်းပစ်ခတ်ခဲ့တယ်လို့ ဇွန်လ၂၈ရက်မှာ စစ်ရေးသတင်းကို အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်က ဆိုပါတယ်။
"ဇွန်လ၂၄ရက် မနက် ၃နာရီ အင်အားတစ်ရာခန့်ပါသော ကာကွယ်ရေးတပ်များမှ အင်အား၁၅၀ခန့် တပ်စွဲထားသော ဆားလင်းကြီးမြို့နယ်က စက်မှု ၁ချည်မျှင်စက်ရုံကို လက်နက်ကြီးများနဲ့ အလုံးတစ်ရာခန့် ပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စကစတပ်ရဲ့ အဆောက်အဦများ ထိမှန်ပျက်စီးခဲ့သော်လည်း ထိခိုက်ပျက်စီးမှုအတိအကျကို မသိရသေးဘူးလို့ဆိုပါတယ်။
ကာကွယ်ရေးတပ်များဟာ မနက်၄နာရီမှာ ပြန်လည်ဆုတ်ခွာခဲ့ပြီး အထိအခိုက်မရှိဘူးလို့ဆိုပါတယ်။
========================
📌📌 ၇။ ရေးမြို့နယ်တံတားရှိ စကစ ဂိတ်ကို ၄၀ မမ ၃ လုံးနဲ့ ရေးဘီးလူးအဖွဲ့ ပစ်ခတ်တိုက်ခိုက်၍ စကစနှစ်ဦးထိခိုက်သေဆုံးနိူင်
ဇွန်လ၂၈
ရေးမြို့နယ်တံတားရှိ စကစ ဂိတ်ကို ၄၀ မမ ၃ လုံးနဲ့ ရေးဘီးလူးအဖွဲ့ ပစ်ခတ်တိုက်ခိုက်၍ စကစနှစ်ဦး ထိခိုက်သေဆုံးနိုင်တယ်လို့ ဇွန်လ၂၈ရက်မှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အသိပေးဆိုပါတယ်။
"မနက်က ၅ ပွဲနဲ့ အားမရသေးလို့ 2.20 PM ရေးမြို့နယ်တံတားကြီး စကစဂိတ်ကို ၄၀ မမ ၃ လုံးထုထည့်ပေးလိုက်ပါသေးတယ်။ ၂ ဦးလောက်တော့ သေချာပေါက်ဧရိယာပြင်ပပဲ"လို့ဆိုပါတယ်။
ဇွန်လ၂၈ရက်မနက်ပိုင်းကလည်း မွန်ပြည်နယ် ရေးမြို့နယ် ကလော့ကြီး ကျေးရွာကို ကင်းလှည့်တဲ့ စကစတပ်ဖွဲ့ဝင်များကို ရေးဘီလူးအဖွဲ့တိုက်ခိုက်၍ ငါးဦးသေဆုံးခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment