2nd JUN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇွန်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူ့ဆန္ဒနဲ့ ပြည်သူ့အသံတွေကို နားထောင်ပြီးလုပ်ငန်းများကို မြန်မြန် ဆန်ဆန် စီမံဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ Australian Council of Trade Unions - ACTU မှ ဖိတ်ကြား၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်ကာ ACTU ရုံးချုပ်ဌာနတွင် အလုပ်သမားအခွင့်အရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့

📌 ၃။ CDMဆင်ဦးစီးဝန်ထမ်းများ၏ စားဝတ်နေရေး အထောက်အပံ့နှင့် ဆင်များအတွက် ဖြည့်စွက်စာ၊ ဆေးဝါးများဝယ်ယူရန် ‌‌ခွဲဝေထောက်ပံ့ပေးခဲ့

📌 ၄။ ချောင်းဦးမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို   ()ရက်ဆက်တိုက် အကြမ်းဖက်စစ်တပ်များမှ  စစ်ကြောင်းထိုးကာ  ရှမ်းထူးကျေးရွာရှိနေအိမ် (၄၇)လုံး မီးရှို့ဖျက်ဆီးသွား

📌 ၅။ အင်းတော်မြို့နယ် အနောက်မြောက်ဘက်ရှိ ရွာသာယာကျေးရွာကို စကစတပ်ကလေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ပြည်သူများဘေးလွတ်ရာသို့ ယနေ့အချိန်အထိ တိမ်းရှောင်နေရဆဲဖြစ်

📌 ၆။ ကံပေါက်ဒေသမှ ကလိန်အောင်ဖက်သို့ ဦးတည်မောင်းနှင်လာသော မောရဝတီရေတပ်မှယာဉ်တစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ရာ စကစဘက်က သုံးဦးထက်မနည်းသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့ဆန္ဒနဲ့ ပြည်သူ့အသံတွေကို နားထောင်ပြီးလုပ်ငန်းများကို မြန်မြန် ဆန်ဆန် စီမံဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား


ဇွန်လ၂


ဇွန်လ၁ရက်ကျင်းပတဲ့ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြည်သူ့ဆန္ဒနဲ့ ပြည်သူ့အသံတွေကို နားထောင်ပြီးလုပ်ငန်းများကို မြန်မြန် ဆန်ဆန် စီမံဆောင်ရွက်ကြရန် ပြောကြားခဲ့ပါတယ်။


"အစိုးရတစ်ရပ်၏ ကောင်းမွန်သည့် လုပ်ဆောင်မှုဆိုတာ ပြည်သူရဲ့အသံကို နားထောင်ခြင်းကနေတဆင့် ဖြစ်ပေါ်လာခြင်းဖြစ်သည့်အတွက် ဘယ်လိုကိစ္စရပ်တွေကိုပဲလုပ်လုပ်၊ ဘယ်လို ဆုံးဖြတ်ချက်တွေပဲချချ ပြည်သူဆန္ဒနဲ့ မညီရင်၊ပြည်သူက လက်မခံရင် အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ဒီနွေဦးတော်လှန်ရေးက သက်သေပဲဖြစ်ကြောင်း၊ ဒါ့ကြောင့် မြို့နယ်တွေမှာ တိုက်ရိုက်တာဝန်ယူ ဆောင်ရွက်နေကြသည့် ပြည်သူတွေရဲ့ဆန္ဒတွေ၊ အသံတွေကို သေချာနားထောင်ပြီး မြန်မြန် ဆန်ဆန် စီမံဆောင်ရွက်ကြရန်လိုအပ်တယ်"လို့ဆိုပါတယ်။


ဒါ့အပြင် မြို့နယ်တစ်ခုချင်းစီ၏ အခြေအနေအမှန်များကို စနစ်တကျစုစည်းထားရန်နှင့် ဝန်ကြီးဌာနအချင်းချင်းကြား တိုင်ပင်ဆွေးနွေး ဖလှယ်ကြရန် ဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။


========================


📌📌 ၂။ Australian Council of Trade Unions - ACTU မှ ဖိတ်ကြား၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်ကာ ACTU ရုံးချုပ်ဌာနတွင် အလုပ်သမားအခွင့်အရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့


ဇွန်လ၂


ဇွန်လ၂ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက အခုလိုသတင်းထုတ်ပြန်ခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေလ ၃၁ ရက်၊  Australian Council of Trade Unions - ACTU မှ ဖိတ်ကြားမှုအား လက်ခံ၍ ACTU ရုံးချုပ်ဌာနအဆောက်အဦး အစည်းအဝေးခန်းမတွင် တွေ့ဆုံမှု ပြုခဲ့တယ်လို့ဆိုပါတယ်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှ မြန်မာနိုင်ငံ အလုပ်သမားထု၏ လှုပ်ရှားဆောင်ရွက်မှုများ၊ အလုပ်သမားထု ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ အခြေအနေများ၊ အလုပ်သမားအခွင့်အရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောဆိုခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ CDMဆင်ဦးစီးဝန်ထမ်းများ၏ စားဝတ်နေရေး အထောက်အပံ့နှင့် ဆင်များအတွက် ဖြည့်စွက်စာ၊ ဆေးဝါးများဝယ်ယူရန် ‌‌ခွဲဝေထောက်ပံ့ပေးခဲ့


ဇွန်လ၂ရက်


ဇွန်လ၂ရက်နေ့မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကCDMဆင်ဦးစီးဝန်ထမ်းများအား ထောက်ပံ့ပေးခဲ့မှုအ‌ပေါ် အခုလိုအသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများ ထောက်ပံ့နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း လက်ခံရရှိခဲ့သည့် ပြင်ပအလှူရှင်၏ လှူဒါန်းမှုငွေများကို ဆင်ဦးစီးဝန်ထမ်းများ၏ စားဝတ်နေရေး အထောက်အပံ့နှင့် ဆင်များအတွက် ဖြည့်စွက်စာ၊ ဆေးဝါးများဝယ်ယူရန် ‌‌ခွဲဝေထောက်ပံ့ပေးခဲ့ပါတယ်လို့ဆိုပါတယ်။


ယင်းလှူဒါန်းငွေဖြင့် ဆင်များအတွက် ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့တယ်လို့လည်းသိရပါတယ်။


========================


📌📌 ၄။ ချောင်းဦးမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို   ()ရက်ဆက်တိုက် အကြမ်းဖက်စစ်တပ်များမှ  စစ်ကြောင်းထိုးကာ  ရှမ်းထူးကျေးရွာရှိနေအိမ် (၄၇)လုံး မီးရှို့ဖျက်ဆီးသွား


ဇွန်လ၂ရက်


ဇွန်လ၂ရက်နေ့မှာ ချောင်းဦးတော်လှန်ရေးအင်အားစုက အခုလိုအသိပေးဆိုထားပါတယ်။


"စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ချအနောက်ဘက်ရှိ ကျေးရွာများကို မေလ၃၀ရက်နေ့မှစ၍ အကြမ်းဖက်တပ်များမှ  စစ်ကြောင်းထိုးခဲ့ပါတယ်။ ၎င်း‌တပ်သည် မယ်သယ်ကြိုးကွင်းသို့ ရောက်ရှိလာချိန်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိတွေ့မှုများ ဖြစ်ခဲ့ပါတယ်။အကြမ်းဖက်တပ်များ မိုင်းအကြိမ်ကြိမ်မိကာ ၎င်းတို့သွားလိုသော ကင်မွန်းတော် ပျူရွာသို့ မရောက်နိုင်ဖြစ်ခဲ့ရပါတယ်။၎င်းစစ်ကြောင်း အနီး ချောင်းဦးမြို့နယ် ရှမ်းထူးကျေးရွာရှိ ချောင်းဦးအမြင့်ကားလမ်းဘေးဝဲယာ ပြည်သူ့နေအိမ် (၄၇)လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့တယ်"လို့ ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ဆက်လက်လုပ်ဆောင်လျှက်ရှိပါတယ်။


========================


📌📌 ၅။ အင်းတော်မြို့နယ် အနောက်မြောက်ဘက်ရှိ ရွာသာယာကျေးရွာကို စကစတပ်ကလေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ပြည်သူများဘေးလွတ်ရာသို့ ယနေ့အချိန်အထိ တိမ်းရှောင်နေရဆဲဖြစ်


ဇွန်လ၂ရက်


ဇွန်လ၂ရက်နေ့မှာ ABSDF Northern က အခုလိုအသိပေးဆိုထားပါတယ်။


"အင်းတော်မြို့ နှင့် ဗန်းမောက်မြို့ရှိကြား မော်တိတ်ရွာနှင့်ရွာသာယာ ကျေးရွာ များတွင် စစ်ကောင်စီတပ်များနှင့် မိမိတို့ ABSDF တပ်ဖွဲ့တို့  တိုက်ပွဲများဖြစ်ပွားချိန်၌ ကျေးရွာများအား စွန့်ခွာ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့်  ကျေးရွာပြည်သူများမွေးမြူထားသည့်  နွား ဝက်များအား အစာရေစာမပြတ်လပ်စေရေးအတွက်  မိမိတို့ ABSDF မှ ပြုစုထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ပါတယ်။အင်းတော်မြို့နယ် အနောက်မြောက်ဘက်ရှိ ရွာသာယာကျေးရွာတွင် စစ်ကောင်စီနှင့် ကျွန်ုပ်တို့ ABSDF တို့ မေလ ၂၂ရက်နေ့မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးဝန်ကျင်ရှိကျေးရွာများသို့ စစ်ကောင်စီမှ လေကြောင်းဖြင့် လှည့်လည်တိုက်ခိုက်သဖြင့် ပြည်သူများဘေးလွတ်ရာသို့ ယခုအချိန်အထိ တိမ်းရှောင်နေရဆဲဖြစ်ပါတယ်"လို့ဆိုပါတယ်။


စစ်ကိုင်းတိုင်းတွင်း ဧပြီ၁၁ရက်နေ့က ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စကစတပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ရာ လူဦးရေ၁၇၄ဦးသေဆုံးခဲ့ရပြီးအများစုဟာ အမျိုးသမီးနဲ့ကလေးငယ်များဖြစ်ကြပါတယ်။


========================


📌📌 ၆။ ကံပေါက်ဒေသမှ ကလိန်အောင်ဖက်သို့ ဦးတည်မောင်းနှင်လာသော မောရဝတီရေတပ်မှယာဉ်တစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ရာ စကစဘက်က သုံးဦးထက်မနည်းသေဆုံး


ဇွန်လ၂


ဇွန်လ၂ရက်နေ့မှာ Kanbauk Defense Forceက စစ်ရေးသတင်းကို အခုလိုအတည်ပြုဆိုပါတယ်။


" ကံပေါက်ဒေသမှ ကလိန်အောင်ဖက်သို့ ဦးတည်မောင်းနှင်လာသော မောရဝတီရေတပ်မှယာဉ်တစ်စီးအား  ပြောင်ပုပ်တောင်အနီးတွင် သတင်းအရ ကြိုတင်စောင့်ဆိုင်းနေသော ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲ၍ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါယာဉ်တွင် စစ်ကောင်စီတပ်သား ၁၀ဦးခန့် လိုက်ပါလာခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ()ဦးထက် မနည်း သေဆုံးပြီး ()ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကာယာဉ်မှာလည်း အခင်းဖြစ်ပွားရာ‌‌

နေရာတွင်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။


အကြမ်းဖက် စစ်ကောင်စီဖက်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် KBDFတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျည်ရှပ်ထိ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဘေးကင်းရာသို့ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့ပြီ ဖြစ်တယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment