၂၀၂၃ ဇွန်လ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရေးရာကော်မတီအဖွဲ့ဝင်များ တက်ရောက်၍ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြ
📌 ၂။ အာရီဇိုးနားပြည်နယ်တက္ကသိုလ် ASU ၏ ဖိတ်ခေါ်မှုနဲ့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမြန်မာတိုင်းရင်းသားတို့နဲ့ တွေ့ဆုံ၍ တော်လှန်ရေး အခြေအနေများကို ပွင့်လင်းစွာ ရှင်းပြခဲ့
📌 ၃။ နွေဦးတော်လှန်ရေးဟာ အနာဂါတ် မျိုးဆက်သစ်တွေအတွက် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၄။ ဘုံရန်သူဖြစ်တဲ့ စကစ ကိုချေမှုန်းရေးကို အဓိကဦးတည်ထားဖို့ ပညာရေးဒုတိယဝန်ကြီးတိုက်တွန်း
📌 ၅။ စဥ့်ကူး၊ သဲအင်း၊ကြက်တူရွေးနယ်မြေတိုက်ပွဲမှာ စကစဗိုလ်မှူးအပါအဝင်အရာရှိ(၄)ဦးနှင့်ရဲဘော်(၇၀)ကျော်သေဆုံး
📌 ၆။ ပုလဲမြို့နယ်အတွင်းရှိ အလုပ်လိုအပ်သူများထံမှ ငွေကျပ်သိန်း(၃၀၀၀)ကျော်အား လိမ်လည်ယူ၍ထွက်ပြေးတိမ်းရှောင်သွားသူ နှစ်ဦးကို ပုလဲပအဖက ဖမ်းဝရမ်းထုတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရေးရာကော်မတီအဖွဲ့ဝင်များ တက်ရောက်၍ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြ
ဇွန်လ၄ရက်
ဇွန်လ ၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က ရေးရာကော်မတီများ၏ ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ဆောင်ရွက်ဆဲကိစ္စရပ်များကို ညှိနှိုင်းချိတ်ဆက်နိုင်ရန် ယခုကဲ့သို့တွေ့ဆုံမှုသည် အရေးပါလှပြီး အကျိုးရလဒ်များ ဖော်ဆောင်နိုင်မည်ယုံကြည်ပါကြောင်း အဖွင့်အမှာစကားပြောကြားကာ ရေးရာကော်မတီအဖွဲ့ဝင်များက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ မျှဝေရာတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့်အခြေအနေများ၊ ပြည်သူ့ဝန်ထမ်း CDMer များအား ထောက်ပံ့ပေးနေသည့်အခြေအနေများ၊ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ မြေပြင်အခြေအနေများ၊ ဖက်ဒရယ်ဆိုင်ရာသင်တန်းများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်ထားရှိသည့် အခြေအနေများကိုရှင်းလင်းခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ အာရီဇိုးနားပြည်နယ်တက္ကသိုလ် ASU ၏ ဖိတ်ခေါ်မှုနဲ့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမြန်မာတိုင်းရင်းသားတို့နဲ့ တွေ့ဆုံ၍ တော်လှန်ရေး အခြေအနေများကို ပွင့်လင်းစွာ ရှင်းပြခဲ့
ဇွန်လ၄ရက်
ဇွန်လ၂ရက်နေ့တွင် အာရီဇိုးနားပြည်နယ်တက္ကသိုလ် ASU ၏ ဖိတ်ခေါ်မှုနဲ့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဟာတက္ကသိုလ်မှာ အလုပ်သဘောဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပါတယ်။
၎င်းနောက် အာရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တော်နဲ့ ပတ်ဝန်းကျင်က မြန်မာတိုင်းရင်းသား ဦးဆောင်လှုပ်ရှားသူများနဲ့ တွေ့ဆုံခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တက်ရောက်လာကြတဲ့ မြန်မာတိုင်းရင်းသားမိသားစုများကို လက်ရှိတော်လှန်ရေး အခြေအနေများ အစီအစဉ်များကို ပွင့်လင်းစွာ ရှင်းပြခဲ့ပါတယ်။
ဒေသခံတိုင်းရင်းသားအစုအဖွဲ့တွေကလည်း ၎င်းတို့ဆောင်ရွက်နေကြတဲ့ ထောက်ပို့ကူညီရေး၊ ရန်ပုံငွေ ရှာဖွေရေး အလုပ်တွေအကြောင်း ပြောဆိုတင်ပြ သဘောထားများ ဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲမှာ ပြည်သူတို့၏ ကောက်ခံရရှိတဲ့ အလှူငွေများကို ဒေါက်တာဇော်ဝေစိုးထံ ပေးအပ်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးဟာ အနာဂါတ် မျိုးဆက်သစ်တွေအတွက် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
ဇွန်လ၄
နွေဦးတော်လှန်ရေးဟာ အနာဂါတ် မျိုးဆက်သစ်တွေအတွက် ဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဇွန်လ၃ရက်နေ့မှာ ကျင်းပတဲ့" အားယူထပျံ အောက်ချင်းအားမာန် " ကမ်ပိန်း စကားဝိုင်း"မှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
"အားလုံးခြုံငုံပြီးကြည့်မယ်ဆိုရင် နယ်မြေစိုးမိုးမှုရော၊ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရောကြည့်မယ်ဆိုရင်သိသာပါတယ်။တော်လှန်ရေးကတိုးတက်ပြောင်းလဲနေတယ်။ဒီအချိန်မှာ ကျနော်တို့က အားတော့စိုက်ရမယ်။ တော်လှန်ရေးကတစ်နှစ်ကျော်ပြီဆိုပြီးမလုပ်လို့မရဘူး။လုပ်ကိုလုပ်ရမှာ။ဒီတော်လှန်ရေးဟာ ကျနော်တို့အတွက်တိုက်နေတာမဟုတ်ဘူး။အနာဂါတ်အတွက်။မျိုးဆက်သစ်တွေအတွက် လုပ်နေတာဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ကြေညာခဲ့ပါတယ်။
လက်ရှိမှာ တွန်းလှန်စစ်မှ ထိုးစစ်သို့အသွင်ပြောင်းရန် ကြိုးပမ်းဆောင်ရွက်နေပြီး တပ်ရင်းတပ်ဖွဲ့များကိုလက်နက်တပ်ဆင်ပေးခြင်းနဲ့ တပ်ရင်းအဖြစ် မှတ်ပုံတင်ခြင်းတို့ဆောင်ရွက်ပေးလျက်ရှိပါတယ်။
========================
📌📌 ၄။ ဘုံရန်သူဖြစ်တဲ့ စကစ ကိုချေမှုန်းရေးကို အဓိကဦးတည်ထားဖို့ ပညာရေးဒုတိယဝန်ကြီးတိုက်တွန်း
ဇွန်လ၄ရက်
ဇွန်လ၃ရက်နေ့မှာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်က အခုလိုအသိပေး ဆိုလာပါတယ်။
"ပညာရေးဆိုတာ ကျယ်ပြောလှပြီး စာသင်ခန်းမှာပဲသင်ယူရတာမဟုတ်ပါ။ အတန်းသတ်မှတ်တာ၊ ဘွဲ့ဒီဂရီတွေဆိုတာ တွေကလိုအပ်ချက်ဖြစ်သော်လည်း ကိုယ့်ရဲ့ လေ့လာတတ်မြောက်မှုတွေ၊ အတွေ့အကြုံကနေသင်ယူရရှိမှုက ရည်ရှည်လက်တွေ့ဘဝမှာပိုအရေးပါလာမှာဖြစ်ပါတယ်။ ကျမတို့တော်လှန်ရေးဘက်တော်သားတွေအားလုံး အချင်းချင်း အပြန်အလှန်နားလည်လေးစားမှုတွေနဲ့ အလုပ်ဆက်လုပ်သွားဖို့လိုပါတယ်။ အားလုံးလဲ တော်လှန်ရေးအတွက်ပေးဆပ်ထားသူတွေဖြစ်တဲ့အလျောက် ဘုံရန်သူဖြစ်တဲ့ စကစ ကိုချေမှုန်းရေးကို အဓိကဦးတည်ထားပြီး စည်းလုံးညီညွတ်စွာနဲ့ဆက်လက်တိုက်ပွဲဝင်သွားဖို့အရေးကြီးပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ ကျောင်းများဖွင့်လှစ်မှုအပေါ် CDM ကျောင်းသားမိဘများက ဆက်လက်သပိတ်မှောက်ပါဝင်လျက်ရှိပြီး အချို့သောမိဘများမှာလည်း မိမိတို့ရဲ့ကလေးသာတတ်မြောက်မှုကိုစိုးရိမ်၍ ကျောင်းအပ်နှံမှုအချို့ရှိခဲ့ပါတယ်။
========================
📌📌 ၅။ စဥ့်ကူး၊ သဲအင်း၊ကြက်တူရွေးနယ်မြေတိုက်ပွဲမှာ စကစဗိုလ်မှူးအပါအဝင်အရာရှိ(၄)ဦးနှင့်ရဲဘော်(၇၀)ကျော်သေဆုံး
ဇွန်လ၄
ဇွန်လ၃ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့စဥ့်ကူးက အခုလို အသိပေးဆိုထားပါတယ်။
မေလ၂၄၊၂၅ရက်၊စဉ့်ကူး၊သဲအင်း၊ကြက်တူရွေးနယ်မြေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။စဉ့်ကူးမြို့နယ်ပကဖ၊ပူးပေါင်းတပ်များနှင့် စကစတို့အထိအတွေ့ဖြစ်ရာ၊စကစဗိုလ်မှူးအပါအဝင်အရာရှိ(၄)ဦးနှင့်ရဲဘော်(၇၀)ကျော်သေဆုံးပါတယ်"လို့ဆိုပါတယ်။
ပြီးခဲ့သည့်လများကလည်းလက်ပန်လှဘက်မှမောင်းနှင်လာသောစကစကားကြီးနှစ်စီးအား စဉ့်ကူးမြို့နယ်ပကဖနှင့်ပြင်ဦးလွင်ခရိုင်ကောင်းကင်တပ်ဖွဲ့တို့ပူးပေါင်း၍ပတ်လည်အင်းတောင်ပိုင်း၌မိုင်းဆွဲတိုက်ခိုက်ရာ စကစများထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၆။ ပုလဲမြို့နယ်အတွင်းရှိ အလုပ်လိုအပ်သူများထံမှ ငွေကျပ်သိန်း(၃၀၀၀)ကျော်အား လိမ်လည်ယူ၍ထွက်ပြေးတိမ်းရှောင်သွားသူ နှစ်ဦးကို ပုလဲပအဖက ဖမ်းဝရမ်းထုတ်
ဇွန်လ၄
ဇွန်လ၄ရက်နေ့တွင် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောင်ဇော်ထွန်း နဲ့ရဲမွန်ဆိုသူအား ဖမ်းဆီးစေရန် ဖမ်းဝရမ်းထုတ်ကြေညာခဲ့ပါတယ်။
ပုလဲမြို့နယ်၊ မဲဇရပ်ကျေးရွာနေ အောင်ဇော်ထွန်း၊ အဖ ဦးသန်းဝင်း သည် လူတဦးလျှင် (၃၈)သိန်း နှုန်းဖြင့် မလေးရှာနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေ၍ ပို့ဆောင်ပေးမည်ဟု ယုံကြည်အောင် လိမ်လည်ပြောဆို၍ ပုလဲမြို့နယ်အတွင်းရှိ အလုပ်လိုအပ်သူများထံမှ ငွေကျပ်သိန်း(၃၀၀၀)ကျော်အား လက်ခံရယူခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်လို့ဆိုပါတယ်။
ဖြစ်စဥ်အားမြို့နယ် ပအဖ၊ ပကဖ ၏ စုံစမ်းချက်အရ အောင်ဇော်ထွန်း အား စေခိုင်းသူမှာ ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာနေ ရဲမွန် ဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးမှာ လက်တလောတွင် ရန်ကုန်မြို့ ဆူးလေမြို့နယ် နှင့် ဗဟန်းမြို့နယ်တို့တွင် လှုပ်ရှားသွားလာနေထိုင်၍ နိုင်ငံခြားသို့ ထွတ်ပြေးတိမ်းရှောင်ရန် ဆောင်ရွက်နေကြာင်း စုံစမ်းသိရှိရတယ်လို့ဆိုပါတယ်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အောင်ဇော်ထွန်း နှင့် ရဲမွန် တို့အား တွေ့ရှိပါက ပုလဲမြို့နယ် ပအဖ ၊ပကဖ ထံ ဆက်သွယ် အကြောင်းကြားပေးရန်နှင့် တော်လှန်ရေး အဖွဲ့အစည်းများအနေနှင့် မြို့နယ်အတွင်း ရဲမွန် နှင့် အောင်ဇော်ထွန်း အား တွေ့ရှိပါက ဖမ်းဆီးထိန်းသိမ်းပေးပါရန် ဆိုထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment