၁၄ - ၆ -၂၀၂၃ ( ညပိုင်း ပြည်တွင်းသတင်းများ)

 


၁၄ - ၆ -၂၀၂၃ ( ညပိုင်း ပြည်တွင်းသတင်းများ)

၁။တော်လှန်ရေးဟာ အရှိန်အဟုန်ကြီးမားစွာနဲ့ ဖြတ်သန်းနေပြီး စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်များ ကျရှုံးမှုကိန်းဂဏန်းတွေဟာ အောင်နိုင်ခြင်းကိုပြောပြနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

၂။ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီသည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ကြီးစွာသော အထောက်အပံ့ကောင်းတစ်ခုလို့ NUGအစိုးရ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ”ပေးပို့

၃။လွတ်လပ်တဲ့ သတင်းမီဒီယာတွေအခန်းကဏ္ဍ အရေးကြီးလာတယ်လို့ဆို

‌၄။ကရင်နီပြည်မှာ စကစတပ်စခန်းများအပါအဝင် မယ်စဲ့မြို့မ ရဲစခန်းကိုပါ စခန်းသိမ်းတိုက်ပွဲများဆင်နွှဲခဲ့

၅။"အညာမြေအတွက် RPG တစ်လက် ကမ်ပိန်း" ပါဝင်ဖို့ တိုက်တွန်းနှိုးဆော်

၆။မြန်မာပြည်သူ ၁ ဒသမ ၈သန်းကျော်က နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်


၁။တော်လှန်ရေးဟာ အရှိန်အဟုန်ကြီးမားစွာနဲ့ ဖြတ်သန်းနေပြီး စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်များ ကျရှုံးမှုကိန်းဂဏန်းတွေဟာ အောင်နိုင်ခြင်းကိုပြောပြနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

============


ဇွန်လအတွင်းမှာ  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၎င်း၏Twitterမှတစ်ဆင့် အခုလိုရေးသား‌ ပြောဆိုထားပါတယ်။

"တော်လှန်ရေးဟာ အရှိန်အဟုန်ကြီးမားတယ်။ ခုခံရေးနှင့် စကစတပ်တပ်ဖွဲ့များကြား ပြင်းထန်သော တိုက်ပွဲပေါင်း ၅၀၀ ၊ စကစ တပ်ဖွဲ့ဝင် ၄၄၉ ဦးသေဆုံးခဲ့ကာ၆၈၁ ဦး ဒဏ်ရာရရှိခဲ့ပြီး မေလအတွင်း လက်နက် ၂၄ လက် သိမ်းဆည်းရမိခဲ့တယ်။ ဒီကိန်းဂဏန်းတွေက ဘယ်သူက အောင်နိုင်တယ်ဆိုတာ ပြောပြတယ်။ ကျဆုံးသွားတဲ့ သူရဲကောင်း ၄၁ ဦးနဲ့ ၁၁၃ ဦး ဒဏ်ရာရရှိခဲ့တဲ့ ရဲစွမ်းသတ္တိကို အလေးပြုပါတယ်"လို့ ဆိုပါတယ်။

အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ မေလအတွင်း တိုက်ပွဲပေါင်း (၅၀၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၄၉) ဦး သေဆုံး၍ (၆၈၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် (၄၁) ဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး (၁၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

-------------------

၂။ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီသည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ကြီးစွာသော အထောက်အပံ့ကောင်းတစ်ခုလို့ NUGအစိုးရ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ”ပေးပို့

=========

ဇွန်လ၁၄ရက်


ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီသည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ကြီးစွာသော အထောက်အပံ့ကောင်းတစ်ခုလို့ ဇွန်လ၁၄ရက်နေ့မှာ NUGအစိုးရမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ”ပေးပို့ခဲ့ပါတယ်။


 "၂၀၂၃ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းနိုင်ခဲ့ပြီး  ၂၀၂၃ ခုနှစ် ဇွန်လ (၁၂) ရက်နေ့တွင် ပြည်သူလူထုသို့ တရားဝင် မိတ်ဆက်နိုင်ခဲ့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်လို့ဆိုပါတယ်။


 ကရင်နီပြည်သူများ၏ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ပြင်းပြကြံ့ခိုင်သော စိတ်အားသတ္တိတို့နှင့် ကရင်နီပြည် အရေးတော်ပုံတပ်သားများ၏ ရဲစွမ်းသတ္တိတို့သည် နွေဦးတော်လှန်ရေး၏ ထူးခြားသော ဝိသေသ လက္ခဏာများဖြစ်ခဲ့ကာ အဆိုပါ အရင်းအမြစ်များကို အခြေခံ၍ ယခုကဲ့သို့ မိမိတို့၏ပြည်နယ်ကို မိမိတို့ကိုယ်တိုင် စီမံအုပ်ချုပ်နိုင်သည့် အခြေအနေတစ်ခုအထိ ရောက်ရှိအောင် ရင်းနှီးပေးဆပ်မှု များစွာဖြင့် စွမ်းဆောင်နိုင်ခဲ့ခြင်းအား လေးစားဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်လိုပါတယ်လို့ဖော်ပြပါတယ်။


 ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အနေဖြင့် ပြည်တွင်း၊ ပြည်ပ အင်အားစုများနှင့် ချိတ်ဆက်လုပ်ဆောင်သွားမည့်အပြင် CRPH, NUCC, NUG တို့နှင့်လည်း အတူလက်တွဲဆောင်ရွက်သွားမည်ဟု သိရှိရသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တူညီသော ပြည်ထောင်စုမျှော်ရည်ချက်များအတွက် အစဉ်တစိုက် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ဖော်ပြလိုပါတယ်လို့ဆိုပါတယ်။


ယခုဖွဲ့စည်းလိုက်သော ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီသည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ကြီးစွာသော အထောက်အပံ့ကောင်းတစ်ခု၊ မရှေးမနှောင်းတွင် ဖြစ်ထွန်းပေါ်ပေါက် လာမည့် တိုင်းနှင့် ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့များအတွက် စံနမူနာကောင်းတစ်ခု ဖြစ်စေလိမ့်မည်ဟု ယုံကြည်မျှော်လင့်ရင်း သဝဏ်လွှာပေးပို့အပ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြပါတယ်။

--------------------

၃။လွတ်လပ်တဲ့ သတင်းမီဒီယာတွေအခန်းကဏ္ဍ အရေးကြီးလာတယ်လို့ဆို

===========

ဇွန်လ၁၄


လွတ်လပ်တဲ့ သတင်းမီဒီယာတွေအခန်းကဏ္ဍ အရေးကြီးလာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဇွန်လအတွင်းမှာ သုံးသပ်ပြောကြားခဲ့ပါတယ်။


"တကယ်က အထက်လူကြီးတွေ အောက်ခြေက အခြေနေမှန်သိဖို့ ဆိုတာ အထက်လူကြီးတွေ ဘယ်လို အစီရင်ခံစာမျိုးကို အားထားနေသလဲ ဆိုတာသာ အရေးကြီးတာပါ။ ဒီတော့ ဌာနတွင်းက တက်လာတဲ့ ဗျူရိုကရက် အစီရင်ခံစာတစ်ခုထဲကို အားမကိုးပဲ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အရေးကြီးလာတယ်။ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေဆီက reports တွေ၊ သုတေသနစာတမ်းတွေ အရေးကြီးလာတယ်။ ဒါတွေကိုဖတ်ပြီး အကဲဖြတ်တတ်မဲ့ ပညာတတ်လူကြီးတွေလိုလာတယ် ဆိုတာလောက်ပဲ"လို့ဝန်ကြီးကဆိုပါတယ်။


စစ်ကောင်စီဟာ လွတ်လပ်တဲ့ သတင်းမီဒီယာများကို ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းကာ သတင်းသမားများကိုလည်းဖမ်းဆီးအကျဥ်းချထားပါတယ်။


လက်ရှိမှာစစ်အုပ်စုအောက် နိုင်ငံဟာ ပျက်စီးနေပြီး မလွတ်လပ်ဘဲ လူအများယခုလို ဘဝမျိုးက လွတ်မြောက်ဖို့ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေတာဖြစ်တယ်လို့ ဝန်ကြီးကဆိုပါတယ်။

--------------------

‌၄။ကရင်နီပြည်မှာ စကစတပ်စခန်းများအပါအဝင် မယ်စဲ့မြို့မ ရဲစခန်းကိုပါ စခန်းသိမ်းတိုက်ပွဲများဆင်နွှဲခဲ့

============

ဇွန်လ၁၄


ကရင်နီပြည်မှာ စကစတပ်စခန်းများအပါအဝင် မယ်စဲ့မြို့မ ရဲစခန်းကိုပါ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့တယ်လို့ ဇွန်လ၁၄ရက်မှာ PKPFသတင်းနှင့်ပြန်ကြားရေးဗျူရိုက အသိပေးဖော်ပြပါတယ်။


"ယမန်နေ့က ကရင်နီပြည်BP (14)၊BP (15)၊ BP (16)နှင့် မယ်စဲ့မြို့မ ရဲစခန်းတို့ကို KNDF နှင့် ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၃ ခု တို့ ပူးပေါင်း ထားသည့် (4K) တပ်ပေါင်းစု မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


 BP (16)စကစ စခန်းဖြစ်သော တောင်လှစခန်းကို အလုံးစုံ ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

-------------------

၅။"အညာမြေအတွက် RPG တစ်လက် ကမ်ပိန်း" ပါဝင်ဖို့ တိုက်တွန်းနှိုးဆော်

===============

ဇွန်လ၁၄ရက်


မကွေးခရိုင်အတွင်း ထိန်းချုပ်နယ်မြေရရှိနိုင်ရေးကြိုးပမ်းရာမှာ စကစစစ်ကြောင်းများအား ခုခံကာကွယ်ရန်"အညာမြေအတွက် RPG တစ်လက် ကမ်ပိန်း" ပါဝင်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။


မကွေးခရိုင်အမှတ်၂တပ်ရင်းရဲ့ Fundraising Teamကနေ စီစဥ်ပြုလုပ်တဲ့ RPGတစ်လက်ဝယ်ယူနိုင်ရေး သိန်း၃၀၀ မဲကမ်ပိန်းဟာ ဇွန်လ၁ရက်နေ့ကနေ ဇူလိုင်၃၁ရက်အထိ သတ်မှတ်ထားပါတယ်။


"ကျနော်တို့မကွေးခရိုင်အမှတ်၂တပ်ရင်းအနေနဲ့ မကွေးခရိုင်အတွင်း ထိန်းချုပ်နယ်မြေ ရရှိနိုင်ရေးကြိုးပမ်းရာမှာ စကစစစ်ကြောင်းများအား ခုခံကာကွယ်ရန်နဲ့ စစ်ဆင်ရေးများဆောင်ရွက်ရန်အတွက် RPG တစ်လက်အရေးပေါ် လိုအပ်နေတာကြောင့် အခုလို ကမ်ပိန်းလေးကို စီစဥ်ပြုလုပ်လိုက်တာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


RPGဝယ်ယူရေးကမ်ပိန်းမှာ မဲလက်မှတ်အစောင်ရေ ၁၅၀၀ ကို တစ်စောင်ငွေကျပ်၂၀၀၀၀နှုန်းနဲ့  ကမ်ပိန်းကာလ ၂လအတွင်း ဝယ်ယူအားဖြည့်နိုင်မှာဖြစ်ပါတယ်။


ပါဝင်အားဖြည့်ပေးကြတဲ့ ပြည်သူတွေကို ကျေးဇူးတုံပြန်တဲ့ အနေနဲ့ ရဲဘော်တစ်ဦးရဲ့ သိန်း၄၀ ခန့်တန်ကြေးရှိတဲ့ Super Four (Honda CB400SF) ဆိုင်ကယ်တစ်စီးအား မဲဖောက်ပေးသွားမှာလည်းဖြစ်ပါတယ်။

--------------------

၆။မြန်မာပြည်သူ ၁ ဒသမ ၈သန်းကျော်က နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်

===========

ဇွန်လ၁၄


မြန်မာပြည်သူ ၁ ဒသမ ၈သန်းကျော်က နေရပ်စွန့်ခွာတိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ ဇွန်လ၁၄ရက်မှာ UN OCHA Myanmarက အသိပေးဖော်ပြပါတယ်။


"ဆိုင်ကလုန်းမုန်တိုင်းမိုခါနဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဘေးဒဏ်တွေက မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေကို တိုးပွားစေပါတယ်။ လူဦးရေ ၁ ဒသမ ၈သန်းကျော်က နေရပ်စွန့်ခွာတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက ဝင်ရောက်ကူညီဖို့အခက်အခဲနဲ့ ရန်ပုံငွေလိုအပ်ချက်တွေရှိနေပေမယ့်လည်း မရှိမဖြစ်အရေးကြီးတဲ့ လူမှုကယ်ဆယ်ရေးအကူအညီတွေကို ဆက်လက်ပံ့ပိုးနေပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စစ်တပ်ဟာ နိုင်ငံအဝှမ်း စစ်ကြောင်းထိုး၍ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။


Share:

No comments:

Post a Comment