10th JUL 2023 - Evening Daily News by Radio NUG



၂၀၂၃ ဇူလိုင်လ ၁၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ လူထုကိုရန်သူသဖွယ် ဆက်ဆံနေတဲ့ စစ်ကောင်စီရဲ့ခြေလှမ်းအထိုင်တွေပြောင်းသွားဖို့ နိူင်ငံတကာဖိအားတွေ ပြင်းပြင်းထန်ထန်ပေးဖို့ လိုအပ်တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား

📌 ၂။ "အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့" Campaign တွင် ပါဝင်ဖို့တိုက်တွန်း

📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် နယူးယောက်ရှိမြန်မာပြည်သူများ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေး

📌 ၄။ စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်အများစုမှာ တပ်ပြင်မထွက်ရဲတော့ဘဲ တပ်တွင်းမှာသာ ခံစစ်ပြင်ဆင်နေရ

📌 ၅။ တော်လှန်နှုတ်ခမ်းနီကမ်ပိန်း ၅၄ရာခိုင်နှုန်းရရှိထားပြီး ကျန်ရှိ ၄၆ရာခိုင်နှုန်းအတွက်ဝိုင်းဝန်းပါဝင်ပေးကြရန်နှိုးဆော်

📌 ၆။ နွေဦးလက်ဖက်ရည်ဝိုင်းမှ ဇူလိုင်လအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းလေးထောင်ကျော်ရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူထုကိုရန်သူသဖွယ် ဆက်ဆံနေတဲ့ စစ်ကောင်စီရဲ့ခြေလှမ်းအထိုင်တွေပြောင်းသွားဖို့ နိူင်ငံတကာဖိအားတွေ ပြင်းပြင်းထန်ထန်ပေးဖို့ လိုအပ်တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား


ဇူလိုင်၁၀


နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က  လူထုကိုရန်သူသဖွယ် ဆက်ဆံနေတဲ့ စစ်ကောင်စီရဲ့ခြေလှမ်းအထိုင်တွေပြောင်းသွားဖို့က နိူင်ငံတကာဖိအားတွေ ပြင်းပြင်းထန်ထန်ပေးဖို့လိုအပ်တယ်လို့ဇူလိုင်လအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။


"မုန်တိုင်းသင့်ပြည်သူတွေကို ကူညီထောက်ပံ့ပေးဖို့က AHA Centerဘက်ကကြိုးစား ဆောင်ရွက်နေတာရှိတယ်။ဒါပေမယ့်လက်တွေ့ခံစားနေရတဲ့ ပြည်သူလူထုဆီကိုမရောက်သေးဘူး။အာဆီယံက မြေပြင်ဖြစ်နေတဲ့နေရာတွေကို သွားခွင့်မရဘူး။စစ်ကောင်စီကတားဆီးထားတယ်။အာဆီယံတင်မဟုတ်ပါဘူး။UNအေဂျင်စီတွေလည်းသွားလို့မရဘူး။ဒါကြောင့်မို့ နိူင်ငံတကာက မည်မျှပင်ပူးပေါင်း ကူညီလိုစိတ်ရှိစေကာမူ စစ်ကောင်စီကပူးပေါင်းလိုစိတ်မရှိဘူး။တိုင်းပြည်ပေါ်မှာလည်း စေတနာအမှန်မရှိဘူး။လူထုကိုရန်သူသဖွယ် ဆက်ဆံနေတဲ့ စစ်ကောင်စီရဲ့ခြေလှမ်းအထိုင်ကိုပြောင်းသွားဖို့က ဒီလောက်ဖိအားနဲ့မရဘူး။ဒီ့ထက်မကတဲ့ ဖိအားတွေပြင်းပြင်းထန်ထန်ပေးဖို့လိုမယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ လူသားချင်းစာနာမှုအကူအညီပေးရန် လိုအပ်သူ ယခုအခါ (၁၈) သန်းခန့် ရှိလာကြောင်းသိရပြီး လူဦးရေ ဒသမ ၈သန်းကျော်က နေရပ်စွန့်ခွါတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။


========================


📌📌 ၂။ "အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့" Campaign တွင် ပါဝင်ဖို့တိုက်တွန်း


ဇူလိုင်၁၀


"အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့" Campaign တွင်ပါဝင်ဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇူလိုင်၁၀ရက် နေ့မှာ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေး တိုက်တွန်းထားပါတယ်။


"UN က အချက်အလက်တွေအရ အညာဒေသမှာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် စစ်ဘေးရှောင်ဦးရေ ကိုးသိန်းကျော် ရှိပါတယ်။အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်ခြေပေါင်း အနည်းဆုံး ခြောက်သောင်းကျော် ရှိသွားပါပြီ။အညာဒေသမှာ နိုင်ငံတကာ လူသားစာနာမှုအကူအညီမရရှိအောင်လည်း အကြမ်းဖက်စစ်တပ်က တားဆီးထားပါတယ်။

ဒီလိုစစ်တပ်ရဲ့ လူမဆန်မှုတွေကြောင့် လူသားချင်းစာနာမှုအကူအညီတွေ အများကြီးလိုအပ်နေသေးတဲ့ အညာဒေသအတွက် The End of Dictatorship ကနေ "အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့" Campaign ကို ဦးဆောင် ပြုလုပ်နေပါတယ်"လို့ဖော်ပြထားပါတယ်။


အညာကို အားဖြည့်မယ့် Campaign ဟာ ၆ရက်တာအတွင်း ထည့်ဝင်အားဖြည့်မှု ရှယ်ယာ 1,484 (USD 148,400) စာရင်းသွင်း ရရှိထားတယ်လို့ထုတ်ပြန်ထားပါတယ်။


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတော်မတရား ရယူပိုင်ဆိုင်ထားတဲ့ ၆မိုင်ခွဲအင်းလျားအိမ်ကို အစုရှယ်ယာထုတ်ရောင်းခဲ့ရာ ဒေါ်လာ သန်းခန့် ရောင်းချခဲ့ပြီးလက်ကျန်အစုရှယ်ယာ သောင်း၊ တစုလျင် ဒေါ်လာ ၁၀၀ ဖြင့်၊ ဒေါ်လာ သန်းကို ရက်ပေါင်း ၂၀ အတွင်း အပြီးရောင်းချပြီး အညာဒေသရဲ့ မီးရှို့ခံလိုက်ရတဲ့ တော်လှန်မိသားစုတွေဆီ ပို့ပေးမှာဖြစ်ပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် နယူးယောက်ရှိမြန်မာပြည်သူများ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေး


ဇူလိုင်၁၀ရက်


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်နယူးယောက်ရှိမြန်မာပြည်သူများ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဇူလိုင်၁၀ရက်မှာ အမေရိကန်ပြည်ထောင်စုအခြေစိုက် NYCBCက သတင်းထုတ်ပြန်ပါတယ်။


ဇူလိုင်၉ရက်နေ့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်နယူးယောက်ရှိမြန်မာပြည်သူများ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။


ပြည်ထောင်စုဝန်ကြီးဟာ ဇူလိုင်၁၁ရက်နေ့မှာ စက္ကရန်မင်တို ကယ်လိဖိုးနီးယားပြည်နယ် မြို့တော် ဖိုဆွန်အရပ်မှာ မြန်မာမိသားစုများနဲ့တွေ့ဆုံပွဲ တစ်ပွဲ ထပ်မံကျင်းပသွားမှာ ဖြစ်ပါတယ်။


ဇူလိုင်၁၄ရက်နေ့ Los Angeles မြန်မာပြည်ဖွားတို့နဲ့ တွေ့ဆုံဆွေးနွေးပွဲကို ထပ်မံတက်ရောက်မှာဖြစ်ပါတယ်။


တွေ့ဆုံပွဲတွင်ဝန်ကြီးကနွေဦးတော်လှန်ရေးအတွက်မြန်မာပြည်ဖွားတိုင်းရင်းသား မိသားစုတို့၏ ကူညီပံ့ပိုးမှုတို့ကို ကျေးဇူးတင်စကားပြောဆိုခြင်း၊နွေဦးတော်လှန်ရေး နှစ်ခွဲ ကာလအတွင်း လုပ်ငန်းဆောင်တာများနှင့် အမေရိကန်နိုင်ငံရောက် မြန်မာပြည်သူများ သလို၍မေးမြန်းသည်တို့ကို ရှင်းလင်းဖြေကြားပေးမည်ဖြစ်ကြောင်း သိရပါတယ်။


========================


📌📌 ၄။ စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်အများစုမှာ တပ်ပြင်မထွက်ရဲတော့ဘဲ တပ်တွင်းမှာသာ ခံစစ်ပြင်ဆင်နေရ


ဇူလိုင်၁၀ရက်


စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်အများစုတပ်ပြင်မထွက်ရဲတော့ဘဲ တပ်တွင်းမှာသာ ခံစစ်ပြင်ဆင်နေရတယ်လို့ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ဇူလိုင်လအတွင်းတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။


"စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ခုခံစစ်ကနေ ကျနော်တို့ ထိုးစစ်ကိုဆင်လလာနိူင်တယ်။စစ်ရေးအရှိန်မြင့်လာတဲ့အခါမှာ သူတို့ဟာ တော်ရုံ တန်ရုံ တပ်အပြင်ကိုမထွက်ရဲတော့တဲ့ပုံစံရှိတယ်။တပ်ပြင်ကိုမထွက်တော့ဘဲ တပ်တွင်းမှာ ခံစစ်ပြင်နေတဲ့ အချိန် ကျနော်တို့ဒရုန်းတပ်ဖွဲ့တွေက သူတို့ကို ထိရောက်တဲ့ ချိန်းခြောက်မှုတွေ လုပ်နိူင်တယ်"လို့ဆိုပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာန အမှတ်() စစ်ဒေသ စစ်ရေးသတင်းထုတ်ပြန်ချက်အရအမှတ်() စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ မေလအတွင်း တိုက်ပွဲပေါင်း (၅၀၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၄၉) ဦး သေဆုံး၍ (၆၈၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


ရန်သူ့ထံမှ လက်နက်မျိုးစုံ (၂၄)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲများကို အမှတ်() စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ပါတယ်။


========================


📌📌 ၅။ တော်လှန်နှုတ်ခမ်းနီကမ်ပိန်း ၅၄ရာခိုင်နှုန်းရရှိထားပြီး ကျန်ရှိ ၄၆ရာခိုင်နှုန်းအတွက်ဝိုင်းဝန်းပါဝင်ပေးကြရန်နှိုးဆော်


ဇူလိုင်၁၀ရက်


ဇူလိုင်လအတွင်း ကမ်ပိန်းနဲ့ပတ်သက်လို့ တော်လှန်နှုတ်ခမ်းနီက အခုလိုဖော်ပြထားပါတယ်။


"ပရောဂျက်/ကမ်ပိန်း အကြီး/အလတ်/အငယ်ပေါင်း များစွာ တိုက်ဆိုင်နေပေမယ့် ထောက်ပို့ပြည်သူများရဲ့အားဖြင့် တော်လှန်နှုတ်ခမ်းနီ ထောက်ပို့ပေးနိုင်ဖို့ မဲလက်မှတ်ပေါင်း 1352 စောင်ရောင်းချပြီး ပရောဂျက်တားဂတ်ရဲ့ 54% ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဤပါဝါ54 မှသည် မျှော်မှန်းတားဂတ်သို့ ချည်းကပ်နိုင်ဖို့၊ ပရောဂျက်ပြီးဆုံးရန် ရက်သတ္တပါတ် () ပါတ်သာ လိုတော့တာဖြစ်လို့ 16 July 2023 မတိုင်ခင် ဝိုင်းဝန်းထောက်ပို့ တော်လှန်နှုတ်ခမ်းနီဆိုးကြဖို့ နှိုးဆော်ချင်ပါတယ်"လို့ဆိုထားပါတယ်။


နိုင်ငံတဝှမ်းလိုအပ်နေတဲ့အဖွဲ့တွေအတွက် ကျည်တွေ မျှဝေပေးဖို့ ပြုလုပ်တဲ့ ''တော်လှန်နှုတ်ခမ်းနီ'' ကမ်ပိန်းဟာ ပထမဆုံးအကြိမ်အဖြစ်ကူညီပေးရန်ရွေးချယ်ထားတဲ့ တပ်ဖွဲ့ ၃ခုကတော့မုံရွာခရိုင်, တပ်ရင်းအမှတ်(၂၀), Battalion of Budalin (BOB), (ဘုတလင်တပ်ရင်း၊ စစ်ကိုင်းတိုင်း)၊ဂန့်ဂေါခရိုင်, တပ်ရင်းအမှတ် (၁၃), The Youth Force (TYF) (ယော-ဆော-ကျောက်ထုအခြေစိုက်၊ မကွေးတိုင်း, တပ်ရင်းအမှတ် (၁၆) - တပ်ခွဲ , One Star Task Force (OSTF) (ဆားလင်းကြီးအခြေစိုက်၊ စစ်ကိုင်းတိုင်း)တို့ကိုရရှိလာသည့်မဲလက်မှတ်ရောင်းရငွေများအား ဖော်ပြပါတပ်ရင်း ၃ရင်းအား အညီအမျှစီခွဲဝေထောက်ပို့ပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ၆။ နွေဦးလက်ဖက်ရည်ဝိုင်းမှ ဇူလိုင်လအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းလေးထောင်ကျော်ရရှိ


ဇူလိုင်၁၀


နွေဦးလက်ဖက်ရည်ဝိုင်းမှ ဇူလိုင်လအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းလေးထောင်ကျော်ရရှိခဲ့တယ်လို့ ဇူလိုင်၁၀ရက်နေ့မှာ နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုကအသိပေးဆိုပါတယ်။


"နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှယနေ့ရောင်းရငွေအလှူငွေလက်ခံရရှိမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၃၉၅ ရရှိပါတယ်"လို့ဆိုပါတယ်။


ချက်ပြုတ်လှုဒါန်းပေးသောအလှူရှင်များငွေသားအလှုရှင်များ၊အပင်ရောင်းလှူဒါန်းပေးသောအလှူရှင်များ၊ဝယ်သူအားပေးသော မိတ်ဆွေများ၊ဝိုင်းဝန်းကူညီသောမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်လို့နွေဦးလက်ဖက်ဝိုင်းမိသားစုကဆိုထားပါတယ်။


နွေဦးလက်ဖက်ရည်ဝိုင်းဟာ အမေရိကန်ပြည်ထောင်စုတွင် လစဥ် အစားအသောက်များချက်ပြုတ်ရောင်းချ၍ နွေဦးတော်လှန်ရေးအတွက် ထောက်ပို့ပါဝင်နေတဲ့အစီအစဥ်တစ်ခုလည်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment