11th JUL 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးကြီးအပေါ်  ကြံ့ကြံ့ခိုင်ပြီး သစ္စာမပျက်ဘဲ တစိုက်မတ်မတ် ရရာကဏ္ဍကနေ ပါဝင်ပေးနေကြသူအားလုံးကို အထူးလေးစားဂုဏ်ယူကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသိမ်းယူထားတဲ့ ၆မိုင်ခွဲ နေအိမ်ကို ရောင်းချမှုEODရှယ်ယာ အမေရိကန်ဒေါ်လာ သန်းဖိုး ကျန်ရှိနေ

📌 ၃။ ဖက်ဒရယ်ပြည်ထောင်စုသို့ ဦးတည်စေမည့် အရွေ့များအား မကြာခင်တွေ့မြင်ရမယ်လို့ တရားရေးဝန်ကြီးပြောကြား

📌 ၄။ Federal Wingsဒရုန်းတပ်ဖွဲ့ကို NUGကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံအားဖြည့်ပေးထားတယ်လို့ ဝန်ကြီး ဦးထင်လင်းအောင်သတင်းစကားပါး

📌 ၅။ ထောင်ပြောင်းသည်ဟုဆိုကာ နိူင်ငံရေးအကျဥ်းသားများကို စစ်အုပ်စုကသတ်ဖြတ်နေပြီး (ကျိုက်ဇကော) ထောင်မှ နိုင်ငံရေးအကျဉ်းသား (၃၇) ဦး ပျောက်ဆုံးနေ

📌 ၆။ ရိုးမခေါ်သံကမ်ပိန်းတွင် UKနိူင်ငံကအများဆုံးပါဝင်ပြီး အမေရိကန်ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော်ရရှိထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးကြီးအပေါ်  ကြံ့ကြံ့ခိုင်ပြီး သစ္စာမပျက်ဘဲ တစိုက်မတ်မတ် ရရာကဏ္ဍကနေ ပါဝင်ပေးနေကြသူအားလုံးကို အထူးလေးစားဂုဏ်ယူကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇူလိုင်၁၁ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၂၃/၂၀၂၃ တွင် နွေဦးတော်လှန်ရေးကြီးအပေါ် ကြံ့ကြံ့ခိုင်ပြီး သစ္စာမပျက်ဘဲ တစိုက်မတ်မတ် ရရာကဏ္ဍကနေ ပါဝင်ပေးနေကြသူအားလုံးကို အထူးလေးစားဂုဏ်ယူကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားခဲ့ပါတယ်။


 "တော်လှန်ရေးဟာ အခုဆိုရင် နှစ်ခွဲဆိုတဲ့ ကာလတစ်ခုကို ရောက်လာပါပြီ။ အချိန်ကြာမြင့် လာတာနဲ့အမျှ ကျွန်တော်တို့ အစိုးရအဖွဲ့တွင်း ပါဝင်ကူညီ ပံ့ပိုးဆောင်ရွက်နေကြတဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူအဆင့်ဆင့် အပါအဝင် ပြည်သူတစ်ရပ်လုံးဟာ မိမိတို့ဘဝရပ်တည်နိုင်ရေး အရေးကိစ္စ တွေကိုလည်း မဖြစ်မနေ စဉ်းစားလာကြရတဲ့ကြားက အခုအချိန်ထိ နွေဦးတော်လှန်ရေးကြီးအပေါ် ကြံ့ကြံ့ခိုင်ပြီး သစ္စာမပျက်ဘဲ တစိုက်မတ်မတ် ရရာကဏ္ဍကနေ ပါဝင်ပေးနေကြသူအားလုံးကိုလည်း အထူးလေးစားဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ ပြည်သူတွေရဲ့ ပါဝင်မှုအားက အခရာအကျဆုံးဖြစ်သလို တော်လှန်ရေးကို မောင်းနှင်နိုင်ဖို့ ဘဏ္ဍာရေးကဏ္ဍကလည်း မဖြစ်မနေ အားကောင်းဖို့ လိုအပ်နေတယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသိမ်းယူထားတဲ့ ၆မိုင်ခွဲ နေအိမ်ကို ရောင်းချမှုEODရှယ်ယာ အမေရိကန်ဒေါ်လာ သန်းဖိုး ကျန်ရှိနေ


ဇူလိုင်၁၁ရက်


ဇူလိုင်၁၀ရက်စီမံကိန်း၊ဘဏ္ဍာရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်က အကြမ်းဖက်စစ်ခေါင်းဆောင်..မင်းအောင်လှိုင်မတရားသိမ်းယူထားတဲ့ ၆မိုင်ခွဲ နေအိမ်ကို ရောင်းချမှု EODရှယ်ယာ အမေရိကန်ဒေါ်လာ သန်းဖိုး ကျန်ရှိနေသေးတယ်လို့ ပြောကြားလိုက်ပါတယ်။


"အကြမ်းဖက်စစ်ခေါင်းဆောင်..မင်းအောင်လှိုင်  မတရားသဖြင့်၊မတန်တရာ ပိုင်ဆိုင်ရယူထားတဲ့ အိမ်ခြံမြေတွေ မြန်မာပြည် တနံတလျားမှာ မရေမတွက်နိုင်အောင် ရှိနေပါတယ်။အဲ့ဒီထဲက ထင်ထင်ရှားရှားရှိတဲ့ ၁၄/အင်းလျားက မြေရယ်၊၆မိုင်ခွဲက အိမ်နဲ့မြေရယ်ကို အာဏာရှင်အဆုံးသတ်နိဂုံး (The End of Dictatorship- EOD) ပရိုဂရမ် အနေနဲ့ တော်လှန်ရေးတာဝန်တရပ်ကို အကောင်အထည် ဖော်ခဲ့ကြတယ်။၁၄/အင်းလျား ကတော့ သတ်မှတ်ပမာဏ ဒေါ်လာ ၁၀ သန်းကို အာဏာရှင် အကြမ်း ဖက်သမားကို အမြစ်ဖြတ်ချေမှုန်းလိုစိတ်နဲ့အကုန်အစင် အပြည့်အဝ အပိုင်သိမ်းနိုင်ခဲ့တယ်။၆မိုင်ခွဲ ပရောဂျက်ကတော့ သတ်မှတ်ပမာဏရဲ့ ၅၀% ကျော် အပိုင်သိမ်းနိုင်သော်ငြား အစုရှယ်ယာ သုံးသောင်းခန့် (၃၀,၀၀၀) အမေရိကန်ဒေါ်လာ သန်းဖိုး ကျန်ရှိနေပါသေးတယ်"လို့ဆိုပါတယ်။


မင်းအောင်လှိုင် မတရား ရယူပိုင်ဆိုင်ထားတဲ့ ၆မိုင်ခွဲအင်းလျားအိမ်ကို အစုရှယ်ယာထုတ်ရောင်းခဲ့ရာ ဒေါ်လာ သန်းခန့် ရောင်းချခဲ့ပြီး လက်ကျန်အစုရှယ်ယာ သောင်း၊ တစုလျင် ဒေါ်လာ ၁၀၀ ဖြင့်၊ ဒေါ်လာ သန်းကို ရက်ပေါင်း ၂၀ အတွင်း အပြီးရောင်းချပြီး အညာဒေသရဲ့ မီးရှို့ခံလိုက်ရတဲ့ တော်လှန်မိသားစုတွေဆီ ပို့ပေးမယ်လို့EODကဆိုထားပါတယ်။


"ဒီတော်လှန်ရေး အောင်မြင်မှုအတွက် အခြေခံအကျဆုံး အတွေးအခေါ်က အာဏာရှင်သင်ရိုးကို ရိုက်ချိုးသင်းသတ်ပစ်ဖို့ပဲ။အထူးသဖြင့် အာဏာရှင်တွေ အာဏာရူးရခြင်းရဲ့အရင်းအမြစ်ကို အက်ဆစ်လောင်း နိဂုံးချုပ်ပစ်ဖို့ပါပဲ"လို့ ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ ဖက်ဒရယ်ပြည်ထောင်စုသို့ ဦးတည်စေမည့် အရွေ့များအား မကြာခင်တွေ့မြင်ရမယ်လို့ တရားရေးဝန်ကြီးပြောကြား


ဇူလိုင်၁၁ရက်


ဇူလိုင်လအတွင်းကျင်းပတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (..) များ၊ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးမှာ တရားရေးဝန်ကြီး ဦးသိန်းဦးက အခုလိုပြောကြားခဲ့ပါတယ်။


"အင်အားကောင်းသော စီစဉ်မှုများနှင့် ဖက်ဒရယ်ပြည်ထောင်စုသို့ ဦးတည်စေမည့် အရွေ့များအား မကြာခင်တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှအသိအမှတ်ပြုလောက်သည့် အရွေ့များအား မြင်တွေ့နေရပြီဖြစ်ကြောင်း၊ တရားရေးဝန်ကြီးဌာန၏ အဓိကလုပ်ဆောင်မှုသည် Federal Justice ဟု ခေါ်သော ရာဇဝတ်တရားမျှတမှုအား အဓိကထားလုပ်ဆောင်နေသည့်အပြင် Civil Justice ဟု ခေါ်သော ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသကိုယ့်မြို့နယ်များရှိ  ရာဇဝတ်မှုများ၊မတရားမှုများနှင့် ပတ်သက်၍လည်း တရားမျှတမှုရရှိ‌စေရန် အဓိကထားစစ်ဆေးဆောင်ရွက်လျက်ရှိ‌ကြောင်း"ဝန်ကြီးကဆိုပါတယ်။


အစည်းအဝေးတွင် သက်ဆိုင်ရာ မြို့နယ်များရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်များနှင့် ဥပဒေတာဝန်ခံများမှ တစ်ဦးချင်း မိတ်ဆက်စကားပြောကြား၍ သက်ဆိုင်ရာ မြို့နယ်များရှိ မှုခင်းဖြစ်ပွားမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ ဥပဒေအကြံပေးခြင်းတို့ဆောင်ရွက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ Federal Wingsဒရုန်းတပ်ဖွဲ့ကို NUGကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံအားဖြည့်ပေးထားတယ်လို့ ဝန်ကြီး ဦးထင်လင်းအောင်သတင်းစကားပါး


ဇူလိုင်၁၁ရက်


Federal Wingsဒရုန်းတပ်ဖွဲ့ကို NUGကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံအားဖြည့်ပေးထားတယ်လို့ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က သတင်းစကားပါးဆိုလိုက်ပါတယ်။


ဇူလိုင်၁၀ရက်ယောဒေသ ဒရုန်း လက်ရုံးတပ်ဖွဲ့ အတွက် တိုက်ခိုက်ရေးဒရုန်းရရှိရေး USD 40000 ရန်ပုံငွေရှာဖွေရေး ကမ်ပိန်းဖွင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောပါတယ်။


"Federal Wingsကို ကျနော်တို့က ထပ်ပြီးတော့အားဖြည့်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့အားဖြည့်ထားတာလည်း ရှိတယ်။Federal Wings ကလည်း ထပ်ခါထပ်ခါအားဖြည့်ပြီးတော့ပုံစံမျိုးစုံနဲ့ကြိုးစားနေတာရှိတယ်။ဒရုန်းဖျက် ဂျန်ပါတွေကိုပါ ဘယ်လိုကျော်မလဲဆိုတာ ကြိုးစားထားလို့ အခုအချိန်အထိတော့ Federal Wingsရဲ့ဒရုန်းတွေဟာ ဂျန်ပါတွေကိုပါကျော်လွန်ပြီးတော့ စကစရဲ့စခန်းတွေ သူတို့နေရာဒေသတွေမျိုးစုံမှာ ဒရုန်းနဲ့ဗုံးတွေကြဲချနိူင်တာကို တွေ့ရတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


လက်ရှိတွင် Federal Wings မြေပြင်တိုက်ခိုက်ရေး Drone အဖွဲ့ဝင်များမှ အင်အားအချို့အား ထုတ်နုတ် စုစည်း၍  ကာကွယ်ရေးဝန်ကြီးဌာန၏  အမှတ် (၁၈၀၁) ဒရုန်းတပ်ဖွဲ့ အဖြစ် ဖွဲ့စည်းထားပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် Federal Wings တိုက်ခိုက်ရေး Drone များ ထုတ်လုပ် တပ်ဆင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘဏ္ဍာငွေအား လုပ်ငန်းစီမံကိန်းများအလိုက် ဖြည့်တင်းနိုင်ရန်အတွက် အားဖြည့်ကူညီသွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ထောင်ပြောင်းသည်ဟုဆိုကာ နိူင်ငံရေးအကျဥ်းသားများကို စစ်အုပ်စုကသတ်ဖြတ်နေပြီး (ကျိုက်ဇကော) ထောင်မှ နိုင်ငံရေးအကျဉ်းသား (၃၇) ဦး ပျောက်ဆုံးနေ


ဇူလိုင်၁၁ရက်


ဇူလိုင် ၁၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအား ဥပဒေမဲ့သတ်ဖြတ်ခြင်းအပေါ် AAPPက အခုလိုထုတ်ပြန် အသိပေးခဲ့ပါတယ်။


ဒိုက်ဦး (ကျိုက်ဇကော) ထောင်မှ ဇွန်လ (၂၇) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ စစ်တပ်မှ ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့ပါတယ်။ အဆိုပါနိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများ ဒိုက်ဦးထောင်သို့ သွားရောက်စုံစမ်းရာ ဒိုက်ဦးထောင်တာဝန်ရှိသူများမှ အကြိမ်အကြိမ် ငြင်းဆိုမှုများ ပြုလုပ်ခဲ့တယ်လို့ AAPPကဖော်ပြပါတယ်။


၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (   ) ရက်နေ့တွင် ခန့်လင်းနိုင်() ကိုခန့် () လက်ဝဲ () ဦးသန်းစိုးနိုင်၏ မိသားစုထံသို့လည်းကောင်း၊ ဇူလိုင်လ () ရက်နေ့တွင် ပြည့်ဖြိုးဟိန်း () ကိုပြည့် () ဦးကျော်ဦး၏ မိသားစုထံသို့လည်းကောင်း ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ရာတွင် လမ်းခရီး၌ မော်တော်ယာဉ် တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာ ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း ဒိုက်ဦးအကျဉ်းထောင်၊ ဦးစီးအရာရှိ ကျော်ဇေယျမှ လက်မှတ်ထိုးပြီး အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။


ဇူလိုင်လ () ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ဦးစိန်ဝင်း၏ မိသားစုထံသို့ ဇူလိုင်လ ရက်နေ့တွင် မြင်းခြံထောင်အတွင်း အစာအိမ်သွေးကြောပေါက်၍ သေဆုံးသွားသည်ဟု အကြောင်းကြားခဲ့ပြီး  အကျဉ်းထောင်အသိုင်းအဝိုင်းမှဆိုရာတွင်  ဦးစိန်ဝင်းအား ထောင်ပြင်သို့ခေါ်ထုတ်ပြီး စစ်ကြောရေးလုပ်ရာတွင် ပါဝင်ခဲ့ကြောင်း ထောင်တွင်းရှိအကျဉ်းသားများထံမှ သိရှိရပြီး သေဆုံးချိန်တွင် အညိုအမည်းဒဏ်ရာများ တွေ့ရှိရကြောင်း မိသားစုအသိုင်းအဝိုင်းမှ သိရှိရပါတယ်။


ဇွန်လ () ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကောင်းဇာနည်ဟိန်း() လပြည့်၏ မိခင်နှင့် အမဖြစ်သူတို့ကို ပျူစောထီးများမှ နေအိမ်သို့ လာရောက်သတ်ဖြတ်ခဲ့ပြီး ဇူလိုင်လ () ရက်နေ့တွင် ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့နှစ်ဦးအား စစ်တပ်မှ သတ်ဖြတ်ခဲ့ကြောင်း စစ်တပ် အသိုင်းအဝိုင်းမှ ဖေါ်ထုတ်ရေးသားမှုများ ရှိခဲ့ပါတယ်။


========================


📌📌 ၆။ ရိုးမခေါ်သံကမ်ပိန်းတွင် UKနိူင်ငံကအများဆုံးပါဝင်ပြီး အမေရိကန်ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော်ရရှိထား


ဇူလိုင်၁၁ရက်


ဇူလိူင်၁၁ရက်မှာ ရိုးမခေါ်သံကမ်ပိန်းက အခုလိုအသိပေးဖော်ပြထားပါတယ်။


"မနေ့ကညအထိ ရရှိငွေ $206,578 ဖြစ်ပါတယ်။ ဒီမနက်ခင်းမှာတော့ $217,470 ရောက်ရှိနေပြီ ဖြစ်ပါတယ်။ UK ကတော့ ထိပ်ဆုံးကပြေးနေပါတယ်။ Japan, Korea, Thailand တို့က ပုံမှန်နှုန်းထက် နှေးနေပါတယ်နော်။ ပြည်တွင်းအားကို အမှီလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်"လို့ဆိုထားပါတယ်။


ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒေသတွေက တော်လှန်ရေးရဲဘော်တွေ အိမ်ပြန်ကြဖို့ ဆယ်လ်မွန်စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ဘတ်ဂျက် ကို ရရှိနိုင်ရေးအတွက်ရိုးမခေါ်သံ” Campaign ကို 25 June မှ 16 July အထိ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ 


ဆယ်လ်မွန် စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးမှာ စစ်ရေးမဟာဗျူဟာ အတွက် အရေးပါလှတဲ့ ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ဝှမ်းဒေသကို နယ်မြေစိုးမိုးမှုရရှိစေရန် ရေးဆွဲထားတဲ့ စစ်ဆင်ရေးတခု ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment