20th JUL 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်ကောင်စီကဖြတ် ဖြတ်နည်းကို အသုံးပြုပြီး မြန်မာပြည်သူလူထုတရပ်လုံးအပေါ် ငတ်မွတ်ခေါင်းပါးခြင်းနှင့် ရောဂါများကို လက်နက်သဖွယ်အသုံးပြု အကြမ်းဖက်

📌 ၂။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာ လူထုတွေ့ဆုံပွဲလုပ်နှင့် အာဇာနည်နေ့အခမ်းအနားကျင်းပ

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၄။ ကျောက်တံခါးမြို့ အရှေ့ဘက် နံဇကျေးရွာ ပြည်သူလူနေအိမ် ၂၀ ထပ်မနည်းကိုအကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး

📌 ၅။ ထီးလင်းမြို့နယ်မှာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီကဖြတ် ဖြတ်နည်းကို အသုံးပြုပြီး မြန်မာပြည်သူလူထုတရပ်လုံးအပေါ် ငတ်မွတ်ခေါင်းပါးခြင်းနှင့် ရောဂါများကို လက်နက်သဖွယ်အသုံးပြု အကြမ်းဖက်


ဇူလိုင်၂၀


(၇၆) ကြိမ်မြောက် အာဇာနည်နေ့အတွက်မိန့်ခွန်းပြောကြားရာမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဆာဆာမှ အခုလိုထည့်သွင်း‌ပြောကြားခဲ့ပါတယ်။


"လွန်ခဲ့သော (၂၇) လအတွင်းတွင် မြန်မာပြည်သူ (၁၈) သန်းနီးပါး အသက်ကယ်ဆယ်ရေးအကူအညီများလိုအပ်ခြင်း၊ ပြည်သူ () သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်သွားရခြင်းနှင့် ပြည်သူ (၄၈) သန်းတို့ အလွန်အမင်း ဆင်းရဲသည့် ဒဏ်ကိုခံစားနေကြရပါတယ်။ လွန်ခဲ့သော (၂၇) လသည် နာကျင်ခြင်းဝေဒနာ၊ ဆင်းရဲဒုက္ခအမျိုးမျိုး၊ သေဆုံးခြင်းနှင့် ပျက်စီးခြင်းများဖြင့် ပြည့်နှက်သောအချိန်ကာလဖြစ်ခဲ့ပါတယ်။ တချိန်ထဲမှာပင် အကြမ်းဖက်စစ်ကောင်စီကဖြတ် ဖြတ်နည်းကို အသုံးပြုပြီး မြန်မာပြည်သူလူထုတရပ်လုံးအပေါ် ငတ်မွတ်ခေါင်းပါးခြင်းနှင့် ရောဂါများကို လက်နက်သဖွယ်အသုံးပြု အကြမ်းဖက်လျက်ရှိပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်  နွေဦးတော်လှန်ရေးသည် အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသည်သာမက ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်သစ်ပန်းတိုင်ကို အပြည့်အဝ မရောက်မချင်း ကြိုးစားအားထုတ်ရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီလမ်းပြမြေပုံဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) ကို ရေးဆွဲပြီးနောက် အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ (Transitional Constitution) ကို ဆက်လက်ရေးသားလျက်ရှိတယ်လို့ ဝန်ကြီးဒေါက်တာဆာဆာကအသိပေးဆိုပါတယ်။


========================


📌📌 ၂။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာ လူထုတွေ့ဆုံပွဲလုပ်နှင့် အာဇာနည်နေ့အခမ်းအနားကျင်းပ


ဇူလိုင်၂၀


ဇူလိုင်၁၉ရက်နေ့က အမေရိကန် ဝါရှင်တန်ရှိ NUGရုံးမှာ လူထုတွေ့ဆုံပွဲလုပ်နှင့် အာဇာနည်နေ့အခမ်းအနားကို ကျင်းပခဲ့ရာ NUGဝန်ကြီးများနှင့် တော်လှန်ရေးအင်အားစုများတက်ရောက်ခဲ့ကြပါတယ်။


အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ ဒေါက်တာဝင်းမြတ်အေး၊ ဒေါက်တာဇော်ဝေစိုး၊  ဦးထင်လင်းအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြတဲ့ ဦးမိုးဇော်ဦး၊ ဦးအောင်ကျော်မိုးတို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။


ထို့အပြင် ဒေါက်တာစိန်ဝင်းနဲ့ဒေါက်တာမီမီဝင်းဘတ်တို့မှလည်း အောက်မေ့စကားနဲ့ အမှတ်တရစကားပြောကြားခဲ့ပြီး paster saw ler htoo က နောက်ဆုံးပိတ် ဆုတောင်းမေတ္တာပို့ပေးခဲ့ပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


ဇူလိုင်၂၀


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၃/၂၀၂၃)ကို ဇူလိုင်၁၉ရက်က ကျင်းပခဲ့ပါတယ်။


 အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး   မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက် ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားပြီးနောက်၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ကျောက်တံခါးမြို့ အရှေ့ဘက် နံဇကျေးရွာ ပြည်သူလူနေအိမ် ၂၀ ထပ်မနည်းကိုအကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး


ဇူလိုင်၂၀


ကျောက်တံခါးမြို့ အရှေ့ဘက် နံဇကျေးရွာ ပြည်သူလူနေအိမ် ၂၀ ထပ်မနည်းကိုအကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇူလိုင်လ ၂၀ရက်နေ့ မနက် နာရီ ၂၃ မိနစ်မှာ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ ပဲနွယ်ကုန်း ရွှေဝါတပ်ရင်း ခမရ ၃၀၇  ဖြူး အခြေစိုက် ခမရ ၃၀၈ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ အင်အား ၁၅၀ ခန့်ဖြင့် စီးနင်း၀င်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


ကေအန်ယူ - တပ်မဟာ ညောင်လေးပင်ခရိုင် ကော်သူလေအုပ်ချူပ်နယ်မြေ ပဲခူးတိုင်း ကျောက်တံခါးမြို့ အရှေ့ဘက် နံဇ ကျေးရွာကို ဇူလိုင်လ ၂၀ရက်နေ့ မနက် နာရီ ၂၃ မိနစ်မှာ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ ပဲနွယ်ကုန်း ရွှေဝါတပ်ရင်း ခမရ ၃၀၇  ဖြူးအခြေစိုက် ခမရ ၃၀၈ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ အင်အား ၁၅၀ ခန့်ဖြင့် စီးနင်း၀င်ရောက်လာပြီး နံဇကျေးရွာ အပြစ်မဲ့ အရပ်သားပြည်သူများဆီက ငွေကျပ် ၃၈ သိန်းနဲ့  ဖုန်း ၁၁လုံးကို လုယူခဲ့တယ်လို့သိရပါတယ်။


ထို့နောက်PDF များ ခိုအောင်းသည်ဟု ဆိုကာ ပြည်သူလူထုနေအိမ် အလုံး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့သတင်းရရှိပါတယ်။


ကျောက်တံခါးမြို့နယ်အတွင်းစကစတပ်များကို  ကြောက်လှန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသော အပြစ်မဲ့ပြည်သူ ၄၅၇၂ ဦး ကျေးရွာပေါင်း ၃၇ ရွာအထိရှိလာပြီဖြစ်ပါတယ်။


========================


📌📌 ၅။ ထီးလင်းမြို့နယ်မှာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရ


ဇူလိုင်၂၀ရက်


မကွေးတိုင်း ထီးလင်းမြို့နယ်အခက်အခဲနှင့်ပတ်သက်လို့ ထီးလင်းPDFက အခုလိုအသိပေးဆိုပါတယ်။


"ထီးလင်းမြို့နယ် နေရာအတော်များများမှာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာ C_o_u_p ဖြစ်ပြီး သိပ်မကြာကတည်းက ခုချိန်ထိပါပဲ။ ဖုန်းလိုင်းလည်း ရွာအချို့ပဲ ရပါတယ်။ ဝေဟင်တိုက် ခိုက်မှု သုံးကြိမ်ရှိခဲ့ပါတယ်။အကြည်ဘန်းရွာဟာ ပြီးခဲ့တဲ့ မေလမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။ ဝါးရင်းချိုင်၊ ကျားခဲ၊ ထန်းပင်ကုန်းစတဲ့ မီးရှို့ခံရတဲ့ အခြားရွာတွေလည်းရှိပါသေးတယ်။စစ်ကြောင်းအခြေအနေပေါ်မူတည်ပြီး တိမ်းရှောင်ရတဲ့အတွက် အချိန်အခါအလိုက် စစ်ဘေးရှောင်တွေ ရှိပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်ဆက်သွယ်ရေးလမ်းပိုင်းတွေမှာ ကားတွေပေါ်တာဆွဲခံရတာနဲ့ စစ်ကြောင်းခံတာတွေ ရှိတဲ့အတွက် ကုန်စည်စီးဆင်းမှု ခက်ခဲကြောင်း၊ ထီးလင်းတပ်ရင်းက ပြည်သူ့ရဲဘော်တွေဟာ အခြားမဟာမိတ်အဖွဲ့တွေနဲ့အတူ ထီးလင်းမြို့ထဲအထိ ဝင်ရောက်တိုက်ခိုက်နိူင်ခဲ့ပြီးစကစဘက်ကဆယ့်ငါးဦးအထိသေဆုံးကာဆေးတပ်သားတစ်ဦးအပါအဝင် ပြည်သူ့ရဲဘော် ခုနှစ်ဦး လည်းမြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment