6th JUL 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလ ပြည်သူ့ပညာရေး အဆင့်မြင့်ပညာတက္ကသိုလ်တစ်ခုမှာ ပညာရေးဒုဝန်ကြီးက ကျောင်းသားတွေကို အချိန်ပိုင်းစာသင်ကြားပေးမယ်

📌 ၂။ မဟာဗျူဟာကျတဲ့ ရိုးမခေါ်သံ ကမ်ပိန်းမှာ ပြည်သူအများ လက်တွဲပါဝင်ဆောင်ရွက်ပေးဖို့ ကျန်းမာရေးဒုဝန်ကြီး တိုက်တွန်းပြောကြား

📌 ၃။ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်တွင်းတရားစီရင်မှုစနစ်နဲ့ နိုင်ငံတကာတရားစီရင်မှုစနစ်အောက်ကနေ ပြေးလွတ်မှာမဟုတ်တော့ဘူးလို့ လူ့အခွင့်အရေး ဒုဝန်ကြီးဆို

📌 ၄။ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဥ်ပျက်ကျသွားတဲ့နေရာကို ကလလတ ၉၄၂၂ တပ်ရင်းက ထုတ်ပြန်

📌 ၅။ အကြမ်းဖက်စစ်အုပ်စုကြောင့် တနင်္သာရီတိုင်းတွင် သေဆုံးသူ (၁၄၇) ဦးရှိခဲ့

📌 ၆။ အင်အား (၅၀)ဦး အထိုင်ချထားသော ညောင်ပင်ဝန်းစခန်းအား ဗုံးသီးများနဲ့တိုက်ခိုက်

📌 ၇။ ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် အမေရိကန် ဆန်ဖရန်စ္စကိုမှာ လူထုသပိတ်တိုက်ပွဲ ဆင်နွှဲမယ်

📌 ၈။ သမိုင်းဝင် ၈၈၈၈ နေ့၏ ၃၅ နှစ်ပြည့် အခမ်းအနားကို သြစတြေးလျမှာ ကျင်းပမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလ ပြည်သူ့ပညာရေး အဆင့်မြင့်ပညာတက္ကသိုလ်တစ်ခုမှာ ပညာရေးဒုဝန်ကြီးက ကျောင်းသားတွေကို အချိန်ပိုင်းစာသင်ကြားပေးမယ်


ကြားကာလ ပြည်သူ့ပညာရေး အဆင့်မြင့်ပညာတက္ကသိုလ်တစ်ခုမှာ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်က ကျောင်းသားတွေကို အချိန်ပိုင်းစာသင်ကြားပေးမယ်လို့ သိရပါတယ်။

"Intro to Social Science, anthropology, political anthropology မိတ်ဆက်တွေကို အချိန်ရရင်ရသလောက် Part time အနေနဲ့ဝင်သင်ပေးမှာပါ"လို့ ဒုဝန်ကြီးက ဆိုထားပါတယ်။

ကြားကာလ ပြည်သူ့ပညာရေး အဆင့်မြင့်ပညာတက္ကသိုလ်တစ်ခုမှာ ပထမနှစ် ကျောင်းသူ/ကျောင်းသားတွေကို ဒုဝန်ကြီးက ကိုယ်တိုင် lecture သင်ကြားပေးမှာ ဖြစ်ပါတယ်။ 

ပညာရေးဝန်ကြီးဌာနဟာ ကြားကာပညာသင်ကြားရေးအစီအစဥ်များကို စဥ်ဆက်မပြတ်ဖော်ထုတ်ဆောင်ရွက်နေပြီး မြေပြင်နဲ့ အွန်လိုင်းသင်ကြားမှုတို့ကို အသိအမှတ်ပြုပေးလျက်ရှိနေပါတယ်။


========================


📌📌 ၂။ မဟာဗျူဟာကျတဲ့ ရိုးမခေါ်သံ ကမ်ပိန်းမှာ ပြည်သူအများ လက်တွဲပါဝင်ဆောင်ရွက်ပေးဖို့ ကျန်းမာရေးဒုဝန်ကြီး တိုက်တွန်းပြောကြား


မဟာဗျူဟာကျတဲ့ ရိုးမခေါ်သံ ကမ်ပိန်းမှာ ပြည်သူအများလက်တွဲပါဝင်ဆောင်ရွက်ပေးဖို့ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ရိုးမခေါ်သံ ကမ်ပိန်းနဲ့ပတ်သက်လို့ ယခုလို ကျန်းမာရေးဒုဝန်ကြီးဒေါက်တာရွှေပုံက ပြောပါတယ်။

"ကျမတို့အားလုံးဟာ ဆယ်လ်မွန်ငါးတွေ ဖြစ်ပါတယ်။ ရေဆန်ကို ဆန်တက်ပြီးအိမ်ပြန်ကြပါပြီ။ အိမ်ပြန်ခရီးလမ်းအမြန်ဆုံးအောင်မြင်ဖို့ အခုလို မဟာဗျူဟာကျတဲ့ ကမ်ပိန်းမှာ လက်တွဲဆောင်ရွက်ပေးပါလို့ တိုက်တွန်းလိုက်ပါရစေ"လို့ ဒုဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာ ရိုးမခေါ်သံကမ်ပိန်း ရဲ့ ၁၁ ရက်မြောက်နေ့ ကမ်ပိန်းကာလတစ်ခုလုံးရဲ့ တဝက်မှာ ဒေါ်လာတစ်သိန်းခွဲ ရရှိခဲ့ပြီဖြစ်ပါတယ်။

ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒေသတွေက တော်လှန်ရေးရဲဘော်တွေ အိမ်ပြန်ကြဖို့ ဆယ်လ်မွန်စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ဘတ်ဂျက်ကို ရရှိနိုင်ရေးအတွက်ရိုးမခေါ်သံ” Campaign ကို 25 June မှ 16 July အထိ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ 

ဆယ်လ်မွန် စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးမှာ စစ်ရေးမဟာဗျူဟာအတွက် အရေးပါလှတဲ့ ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ဝှမ်းဒေသကို နယ်မြေစိုးမိုးမှုရရှိစေရန် ရေးဆွဲထားတဲ့ စစ်ဆင်ရေးတခု ဖြစ်ပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်တွင်းတရားစီရင်မှုစနစ်နဲ့ နိုင်ငံတကာတရားစီရင်မှုစနစ်အောက်ကနေ ပြေးလွတ်မှာမဟုတ်တော့ဘူးလို့ လူ့အခွင့်အရေး ဒုဝန်ကြီးဆို


အကြမ်းဖက်စစ်အုပ်စုဟာ ပြည်တွင်းတရားစီရင်မှုစနစ်နဲ့ နိုင်ငံတကာတရားစီရင်မှုစနစ်အောက်ကနေ ပြေးလွတ်မှာမဟုတ်တော့ဘူးလို့ ဇူလိုင်လအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ NUG လူ့အခွင့်ရေးရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကဆိုလိုက်ပါတယ်။

"သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ပြည်တွင်းတရားစီရင်မှုစနစ်အပါအဝင် နိုင်ငံတကာတရားစီရင်မှုစနစ်အောက်မှာ ကာလကြာရှည် သူတို့က ပြစ်ဒါဏ်ပေးခံရခြင်းကနေ ခွင့်လွတ်နေတဲ့ အနေအထားကနေ သူတို့ပြေးလွတ်မှာမဟုတ်ဘူး။ အဓိက ဒါသူတို့ရဲ့အကြောက်တရားပဲ" လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ နိူင်ငံအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ မှု ကျူးလွန်ခဲ့ပြီး လူပေါင်း ၇၆၆ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

လက်ရှိမှာ လူပေါင်းသုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်းနှစ်သောင်းကျော်ကိုလည်း ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဥ်ပျက်ကျသွားတဲ့နေရာကို ကလလတ ၉၄၂၂ တပ်ရင်းက ထုတ်ပြန်


ဇူလိုင် ရက်နေ့မှာ အကြမ်းဖက်စကစတပ်ရဲ့ တိုက်လေယာဥ်ပျက်ကျသွားတဲ့တည်နေရာကို ကရင်နီ ကလလတ ၉၄၂၂ တပ်ရင်းက ထုတ်ပြန်ဖော်ပြလိုက်ပါတယ်။

"သံလွင်နား ပစ်ထိပြီး ပျက်ကျသွားသည့် ဂျက်ဖိုင်တာနေရာ" လို့ ဖော်ပြထားပါတယ်။

ဇွန် ၃၀ ရက်နေ့မှာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲ၊ တာဆန်းလဲကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စကစတပ်ရဲ့ အပေါ့စားတိုက်လေယာဥ်တစ်စီးကို ကရင်နီ ကလလတက ပစ်ချခဲ့ပါတယ်။

အဆိုပါနေရာကို စကစတပ်များက ရှင်းလင်းလိုက်ပြီဖြစ်လို့ မီးလောင်ပြင်နေရာကိုသာ ဒရုန်းနဲ့ဓာတ်ပုံရိုက်ကူးနိူင်ခဲ့ပြီး အသေးစိတ်သက်သေအထောက်အထားတွေ ရရှိဖို့ကြိုးစားနေတယ်လို့လည်း ကလလတက ရဲဘော်လောရင်းစိုးက ပြောကြားထားပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုကြောင့် တနင်္သာရီတိုင်းတွင် သေဆုံးသူ (၁၄၇) ဦးရှိခဲ့


အကြမ်းဖက်စစ်အုပ်စုကြောင့် တနင်္သာရီတိုင်းတွင် သေဆုံးသူ (၁၄၇) ဦးရှိခဲ့တယ်လို့ ဇူလိုင် ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော သတင်းအချက်အလက်များကိုဖော်ပြမှုအရ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် တနင်္သာရီတိုင်းတွင် (၁၄၇) ဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် ပစ်ခတ်ခံရမှုကြောင့် (၉၆) ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံရသူ အရေအတွက်မှာ (၄၄) ဦး ရှိပြီး ဖြစ်ပါတယ်။

ထို့ပြင် တနင်္သာရီတိုင်း၌ (၁၆၁၂) ဦး ဖမ်းဆီးခံရပြီး၊ ၎င်းတို့အနက် မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ (၅၅၅) ဦး ရှိပြီဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၇၄၇) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၆။ အင်အား (၅၀)ဦး အထိုင်ချထားသော ညောင်ပင်ဝန်းစခန်းအား ဗုံးသီးများနဲ့တိုက်ခိုက်


စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာမှာ အင်အား (၅၀)ဦး အထိုင်ချထားသော ညောင်ပင်ဝန်းစခန်းအား ဗုံးသီးများနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဇူလိုင် ရက်မှာ စစ်ရေးသတင်းကို စစ်ကိုင်းခရိုင် တပ်ရင်း က အသိပေးဆိုပါတယ်။

"ဇူလိုင် ရက်နေ့၊ မနက် နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာတွင် အင်အား (၅၀)ဦး အထိုင်ချထားသော ညောင်ပင်ဝန်းစခန်းအား စစ်ကိုင်းခရိုင် တပ်ရင်း () တပ်ခွဲ () တပ်ခွဲမှူးဦးစီး အင်အား (၁၀) ဦးမှ လက်လုပ် (၆၀) မမ ဗုံးသီး () လုံးနဲ့ လက်လုပ် (၁၂၀) မမ ဗုံးသီး ()လုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်"လို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုအတွင်း ရန်သူဘက်မှ ထိခိုက်ဒဏ်ရာရရှိနိူင်ပြီးအသေးစိတ်ကို စိစစ်ဆဲဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် အမေရိကန် ဆန်ဖရန်စ္စကိုမှာ လူထုသပိတ်တိုက်ပွဲ ဆင်နွှဲမယ်


ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် အမေရိကန် ဆန်ဖရန်စ္စကိုမှာ လူထုသပိတ်တိုက်ပွဲ ဆင်နွှဲမယ်လို့ ဇူလိုင် ရက်မှာ ဆန်ဖရန်စ္စကို တော်လှန်ရေးအင်အားစုများက အသိပေးဆိုထားပါတယ်။

ကျဆုံးလေပြီးသော အာဇာနည်အထောင်အသောင်းတို့ရဲ့သွေးခင်းလမ်းမှာ (..၆၂) စိတ်ဓါတ်ကိုင်စွဲပြီး အဆုံးသတ်တိုက်ပွဲဆင်နွဲကြမယ်လို့ ဆိုထားပါတယ်။

အဆိုပါလူထုသပိတ်ကို ဇူလိုင် ရက်၊ နာရီမှ နာရီအထိ ဆန်ဖရန်စစ္စကို City Hall မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၈။ သမိုင်းဝင် ၈၈၈၈ နေ့၏ ၃၅ နှစ်ပြည့် အခမ်းအနားကို သြစတြေးလျမှာ ကျင်းပမယ်


သမိုင်းဝင် ၈၈၈၈ နေ့၏ ၃၅ နှစ်ပြည့် အခမ်းအနားကို သြစတြေးလျမှာကျင်းပမယ်လို့ ဇူလိုင်လအတွင်း CRPH/NUG Support Group (WA)ကအသိပေးဖော်ပြပါတယ်။

စစ်အာဏာရှင်နှင့် တစ်ပါတီ အာဏာရှင်စနစ်ကို တော်လှန်ပြီး ဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြသည့် သမိုင်းဝင် ၈၈၈၈ နေ့၏ ၃၅ နှစ်ပြည့် အခမ်းအနားကို Perth (Western Australia) မှ WAMDN အဖွဲ့နှင့် CRPH/NUG Support Group (WA) တို့မှ သြဂုတ်လ ရက် ( စနေနေ့ ) တွင် ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၈၈၈၈ မှစ၍ ယနေ့အထိတိုင် မိမိတို့၏အသက်နှင့် ဘဝများကို စွန့်လွှတ်ပြီး စစ်အာဏာရှင်အဆက်ဆက်ကို တိုက်ပွဲဝင်ခဲ့ကြသူများနှင့် တိုက်ပွဲဝင်နေဆဲ ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူ အားလုံးတို့အား အမှတ်ရဂုဏ်ပြုကြမည့် အခမ်းအနားဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်အာဏာရှင်အမြစ်ပြတ်ရေးတိုက်ပွဲနှင့် တော်လှန်ရေးအတွက် လိုအပ်နေသည့်ရံပုံငွေများအတွက်လည်း ပါဝင်လှူဒါန်းနိူင်ရန် ကံစမ်းမဲ၊ အစားအသောက်နှင့် အခြားအစီအစဉ်များလည်းပါရှိမယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment