8th JUL 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Wood နှင့်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့တွေ့ဆုံ

📌 ၂။ တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာမိသားစုများနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တွေ့ဆုံမည်

📌 ၃။ "ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်း" NUCCထုတ်ပြန်

📌 ၄။ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း အင်းပတ်ကျေးရွာနှင့် ချမ်းသာကုန်းကျေးရွာ များသို့ဝင်ရောက်ရန် ကြိုးစားခဲ့သော ပျူနဲ့စကစတပ်များ ယနေ့မနက်မိုင်းထိ

📌 ၅။ ပုလဲမြို့နယ်အတွင်း ဂိတ်()ဂိတ်ဖြင့်ဇွန်လအတွင်း ကောက်ခံရရှိသော အခွန်ငွေ သိန်းတစ်ရာ့ငါးဆယ်ကျော်ရရှိ

📌 ၆။ ရိုးမခေါ်သံ ပရော့ဂျက်ကမ်ပိန်းမှ အမေရိကန်ဒေါ်လာ တစ်သိန်းခုနစ်သောင်းငါးထောင်ရရှိထား

📌 ၇။ ဂျာမနီနိူင်ငံမှာ လူသားချင်းစာနာ စျေးရောင်းပွဲတော်ကို ဇူလိုင်၉ရက် ကျင်းပမည်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Wood နှင့်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့တွေ့ဆုံ


ဇူလိုင်၈ရက်


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Wood နှင့်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံခဲ့ကြောင်းကို ဇူလိုင်၇ရက်နေ့မှာ U.S. Mission to the UN Twitterက သတင်းထုတ်ပြန်ခဲ့ပါတယ်။


သံအမတ်ကြီး ဝုဒ်က @NUGMyanmar မှ ဒေါက်တာဇော်ဝေစိုးနှင့် တွေ့ဆုံကာ လုံခြုံရေးကောင်စီတွင် နောက်ထပ်အဆင့်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။


ထို့နောက် လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များနှင့် တွေ့ဆုံခဲ့ရာတွင် NUGနိူင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးပါဝင်ခဲ့ပါတယ်။


========================


📌📌 ၂။ တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာမိသားစုများနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တွေ့ဆုံမည်


ဇူလိုင်၈


အမေရိကန်နိူင်ငံ တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာမိသားစုများနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ဇူလိုင်၁၄ရက်တွေ့ဆုံမယ်လို့သတင်းရရှိပါတယ်။


သို့ဖြစ်ပါ၍ မည်သူမဆို တက်ရောက်နိုင်တဲ့ လူထုတွေ့ဆုံပွဲဖြစ်တယ်လို့လည်း အသိပေးဆိုထားပါတယ်။


"ဆရာ Prof Win Myat Aye  နဲ့ ရင်းရင်းနှီးနှီး၊ နွေးနွေးထွေးထွေး တွေ့ဆုံကြရအောင်ဆရာ့ ရဲ့ ဝန်ကြီးဌာန က တာဝန်ယူထားတဲ့ လူမှု ကယ်ဆယ်၊ စောင့်ရှောက်ရေးတွေ အတွက် ဝိုင်းဝန်းကူညီခွင့်ရမှာ ဖြစ်ပါတယ်"လို့ပွဲစီစဥ်ဖိတ်ကြားသူများကဆိုထားပါတယ်။


အဆိုပါတွေ့ဆုံပွဲမှာ လတ်မှတ်နဲ့ဝင်ကြေးမရှိဘဲ သိရှိလိုသည့်အရာများလည်းမေးမြန်းနိူင်မှာဖြစ်ပါတယ်။


========================


📌📌 ၃။ "ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်း" NUCCထုတ်ပြန်


ဇူလိုင်၈ရက်


ဇူလိုင်လအတွင်းမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က"ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်း" ကို ထုတ်ပြန်လိုက်ပါတယ်။


အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဂျဲန်ဒါ မူဝါဒ ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC-Gender Policy) က ပြုစု၍  NUCC က အတည်ပြုထားသည့် "ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်း" ကို  ဒေါင်းလုဒ်ရယူနိုင်ပါတယ်လို့ဆိုထားပါတယ်။


ဂျဲန်ဒါတန်းတူရေးနှင့် အမျိုးသမီးများလုပ်နိူင်စွမ်းရည်မြင့်တင်ရေး (gender equality and women’s empowerment) ကို အစဥ်တစိုက် အားသွန်ကြိုးပမ်းလျက်ရှိသည့် အစုအဖွဲ့များက အာဏာရှင်ဆန့်ကျင်ရေးနှင့် အတူ ဖိုဝါဒကြီးစိုးမှုအဆုံးသတ်ရေး (Patriarchy) ကိုပါ ရည်ရွယ်ချက်ထားလုပ်ဆောင်လျက်ရှိပါတယ်။


ယခု ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်း (Gender Equality Position Paper) ကို အာဏာရှင်စနစ် တိုက်ဖျက်ရေးတွင်သာမက အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင်လည်း ဂျဲန်ဒါ တန်းတူရေးအတွက် အခွင့်အလမ်းများ ဖြစ်ထွန်းလာစေရန် လမ်းညွှန်မှု တစ်ရပ်အဖြစ်ရည်ရွယ်တယ်လို့ NUCCကဖော်ပြပါတယ်။


========================


📌📌 ၄။ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း အင်းပတ်ကျေးရွာနှင့် ချမ်းသာကုန်းကျေးရွာ များသို့ဝင်ရောက်ရန် ကြိုးစားခဲ့သော ပျူနဲ့စကစတပ်များ ယနေ့မနက်မိုင်းထိ


ဇူလိုင်၈


"ဇူလိုင်လ၈ရက်နေ့ မနက်ပိုင်း(:၁၅)အချိန် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း အင်းပတ်ကျေးရွာနှင့် ချမ်းသာကုန်းကျေးရွာ များသို့ ဝင်ရောက်ရန် ကြိုးစားခဲ့သော ရွာသစ်ကုန်းပျူများနှင့် အင်းပတ်ကွေ့ဈေးတန်းအထိုင်ချ စကစတပ်သားပူးပေါင်း(၂၀)ဝန်းကျင်အား KSOတပ်ဖွဲ့မှ ပဒေသာမိုင်း()တွဲဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်"လို့ Khin U Special force Organization_KSOကအတည်ပြုဆိုပါတယ်။


အဆိုပါစစ်ကြောင်းမှာ အထိနာကာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးမျက်မြင်မိုင်းဆွဲတိုက်ခိုက်မှုကြောင့်()ဦးသေဆုံးပြီးဒဏ်ရာရရှိသူများပြားကြောင်း သိရပါတယ်။


========================


📌📌 ၅။ ပုလဲမြို့နယ်အတွင်း ဂိတ်()ဂိတ်ဖြင့်ဇွန်လအတွင်း ကောက်ခံရရှိသော အခွန်ငွေ သိန်းတစ်ရာ့ငါးဆယ်ကျော်ရရှိ


ဇူလိုင်၈ရက်


စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်း ဂိတ်()ဂိတ်ဖြင့်ဇွန်လအတွင်း ကောက်ခံရရှိသော အခွန်ငွေ သိန်းတစ်ရာ့ငါးဆယ်ကျော်ရရှိခဲ့တယ်လို့ ဇူလိုင်၈ရက်နေ့မှာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတရားဝင်အသိပေးဖော်ပြပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ဘဏ္ဍာခွဲဝေရေးနှင့် လစဉ်အစည်းအဝေး ကိုဇူလိုင်၃ရက်နေ့က ကျင်းပခဲ့ပါတယ်။ပညာရေး၊ကျန်းမာရေး၊လျှပ်စစ်ရေး၊သစ်တောရေး၊လူသားစာနာတာဝန်ခံ၊အခွန်တော်အရာရှိ စသည့် သက်ဆိုင်ရာတာဝန်ခံအသီးသီးတို့မှ ပုလဲမြို့နယ်အတွင်း လုပ်ဆောင်နေမှုများ၊လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့ပါတယ်"လို့ဆိုပါတယ်။


ဘဏ္ဍာရေးတာဝန်ခံမှ ပုလဲမြို့နယ်အတွင်း ဂိတ်()ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေရှင်းတမ်းပြုလုပ်ပြီး NUGရဲ့ဘဏ္ဍာခွဲရေးမူဝါဒနှုန်းထားအတိုင်း ခွဲဝေပေးခဲ့ရာ ၂၀၂၃ ခုနှစ်

ဇွန်လ ရရှိအခွန်ငွေစုစုပေါင်းမှာ ဂိတ်(9)ဂိတ် အသုံးစရိတ်နုတ်ပြီး ကျပ်သိန်းတရာ့ငါးဆယ်သိန်းခုနှစ်သောင်းသုံးထောင် ကျပ် ရရှိခဲ့ပါတယ်။


========================


📌📌 ၆။ ရိုးမခေါ်သံ ပရော့ဂျက်ကမ်ပိန်းမှ အမေရိကန်ဒေါ်လာ တစ်သိန်းခုနစ်သောင်းငါးထောင်ရရှိထား


ဇူလိုင်၈ရက်


ရိုးမခေါ်သံ ပရော့ဂျက်ကမ်ပိန်းမှ အမေရိကန်ဒေါ်လာ တစ်သိန်းခုနစ်သောင်းငါးထောင်ရရှိထားတယ်လို့ ဇူလိုင်၈ရက်နေ့မှာ ရိုးမခေါ်သံ ကမ်ပိန်းကအသိပေးဆိုပါတယ်။


အခုဆိုရင် ရိုးမခေါ်သံ Project က ရရှိငွေဟာ 

အမေရိကန်ဒေါ်လာ တစ်သိန်းခုနစ်သောင်းငါးထောင်အထိ ရောက်ရှိနေပါပြီ။ ရိုးမခေါ်သံရဲ့ Challenge တခု ကို ပထမဆုံးအနေနဲ့ ဒီနေ့မှာ စတင်ပါရစေ။ ဒီစနေနဲ့ တနင်္ဂနွေ ၂ရက်ကို $200,000 ပြည့်ဖို့ Challenge ခေါ်ပါမယ်။ ဘယ်သူက ခေါ်မှာလဲဆိုတော့ ကိုပေါက် နဲ့ ရိုးမခေါ်သံ Team က Challenge ခေါ်မှာပါ။ ဘယ်သူ့ကို ခေါ်မှာလဲဆိုတော့ ပြည်တွင်းက ပြည်သူတွေ၊ နိုင်ငံတကာရောက် မြန်မာတွေနဲ့ နိုင်ငံတကာမှ Fundraiser ကြီးများကို Challenge ခေါ်မှာပါ"လို့ဆိုပါတယ်။


ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒေသတွေက တော်လှန်ရေးရဲဘော်တွေ အိမ်ပြန်ကြဖို့ ဆယ်လ်မွန်စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ဘတ်ဂျက်ကို ရရှိနိုင်ရေးအတွက်ရိုးမခေါ်သံ” Campaign ကို 25 June မှ 16 July အထိ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ 


ဆယ်လ်မွန် စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးမှာ စစ်ရေးမဟာဗျူဟာ အတွက် အရေးပါလှတဲ့ ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ဝှမ်းဒေသကို နယ်မြေစိုးမိုးမှုရရှိစေရန် ရေးဆွဲထားတဲ့ စစ်ဆင်ရေးတခု ဖြစ်ပါတယ်။


========================


📌📌 ၇။ ဂျာမနီနိူင်ငံမှာ လူသားချင်းစာနာ စျေးရောင်းပွဲတော်ကို ဇူလိုင်၉ရက် ကျင်းပမည်


ဇူလိုင်၈ရက်


ဂျာမနီနိူင်ငံမှာ လူသားချင်းစာနာ စျေးရောင်းပွဲတော်ကို ဇူလိုင်၉ရက် ကျင်းပမယ်လို့ သတင်းရရှိပါတယ်။


ဇူလိုင်၉ရက်နေ့မှာဟားငါးကောင်ရဲ့အောင်နိမိတ် အောင်အငြိမ့် ဖျော်ဖြေရေးနှင့် လူသားချင်းစာနာ စျေးရောင်းပွဲတော်ကို Frankfurt မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။


အငြိမ့်ကြည့်ရင်း မြန်မာ့ရိုးရာအစားအစာများစားရင်း တော်လှန်ရေးရန်ပုံငွေအတွက်လည်း အထောက်အပံ့ဖြစ်စေနိူင်မှာဖြစ်ပါတယ်။


အဆိုပါပွဲ အခမ်းအနားကို လူကိုယ်တိုင်လာရောက်အားပေးနိူင်သလို အွန်လိုင်းမှလည်း တက်ရောက်အားပေးနိူင်တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment