11th AUG 2023 - Evening Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူ့ဘဏ္ဍများကို ပြန်လည်မျှဝေသုံးစွဲရာမှာ တော်လှန်ရေးကို ဦးတည်သည့်အထောက်အကူဖြစ်စေသည့် ကဏ္ဍများတွင် အကျိုးရှိရှိ ထိထိရောက်ရောက်သုံးစွဲနိုင်ရေး ဝန်ကြီးချုပ်ပြောကြား

📌 ၂။ ရခိုင်ပြည်နယ်ထဲမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေဟာ စစ်ကောင်စီရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုနေ့စဉ်နှင့်အမျှ ပုံစံမျိုးစုံချိုးဖေါက်ခံနေရ

📌 ၃။ စစ်ကိုင်းမှာ ယနေ့မနက် စကစတပ်ကလေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်၍ ၈လသား အရွယ် ကလေးငယ်အပါအဝင် သုံးဦးသေဆုံးကာ၁၅ဦးခန့် ဒဏ်ရာရရှိ

📌 ၄။ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းအား ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်မှ ရဲ ဦး ပွဲချင်းပြီးသေဆုံး၍ ရဲ ဦးဒဏ်ရာရရှိခဲ့

📌 ၅။ ကန့်ဘလူမြို့နယ် ချပ်သင်းအထိုင်စခန်းမှထွက်လာသောစစ်ကောင်စီတပ်များ မိုင်းထိ၍ စစ်ကောင်စီတပ်သား သုံးယောက်ထိခိုက်ဒဏ်ရာရ

📌 ၆။ တမူးမြို့နယ်မှာ ဇူလိုင်လနှောင်းပိုင်းက စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူ ,၀၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး အိုးအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့ဘဏ္ဍများကို ပြန်လည်မျှဝေသုံးစွဲရာမှာ တော်လှန်ရေးကို ဦးတည်သည့်အထောက်အကူဖြစ်စေသည့် ကဏ္ဍများတွင် အကျိုးရှိရှိ ထိထိရောက်ရောက်သုံးစွဲနိုင်ရေး ဝန်ကြီးချုပ်ပြောကြား


သြဂုတ်လ၁၁ရက်


ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၃၂/၂၀၂၃)မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောကြားလိုက်ပါတယ်။


"တော်လှန်ရေးကာလအတွင်း ဘဏ္ဍာရေးအခက်အခဲနှင့်အကန့်အသတ်တွေ များပြားသည့်ကြားမှ ရရှိလာသည့် ပြည်သူ့ဘဏ္ဍများကို ပြန်လည်မျှဝေ သုံးစွဲရာမှာ တော်လှန်ရေးကို ဦးတည်သည့် တော်လှန်ရေးအောင်မြင်စေသည့် တော်လှန်ရေး အထောက်အကူဖြစ်စေသည့် ကဏ္ဍများတွင် အကျိုးရှိရှိ ထိထိရောက်ရောက်သုံးစွဲနိုင်ရေးသည် အရေးကြီးပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


လက်ရှိမှာ ဝန်ကြီးဌာနများအတွက် ဘတ်ဂျက်ခွဲဝေချထားမှုရှိသော်လည်း အသုံးစရိတ်များကို စာရင်းအင်းနှင့်တကွ ပြန်လည်အစီရင်ခံတင်ပြရတယ်လို့သိရပါတယ်။


========================


📌📌 ၂။ ရခိုင်ပြည်နယ်ထဲမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေဟာ စစ်ကောင်စီရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုနေ့စဉ်နှင့်အမျှ ပုံစံမျိုးစုံချိုးဖေါက်ခံနေရ


သြဂုတ်လ၁၁ရက်


ရခိုင်ပြည်နယ်ထဲမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေဟာ စစ်ကောင်စီရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို နေ့စဉ်နှင့်အမျှ ပုံစံမျိုးစုံချိုးဖေါက်ခံနေရတယ်လို့ NUG လူ့အခွင့်ရေးရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက သြဂုတ်လ၁၁ရက်တွင် ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် ရေးသားပြောဆိုထားပါတယ်။


"မလေးရှားသွားရောက်ဖို့ ကြိုးစာခိုက် စစ်တွေမြို့ ဘာဆာကျေးရွာအနီး ရိုဟင်ဂျာ ၅၅ ဦးတင်ဆောင်လာတဲ့ စက်လှေတစ်စီး ဩဂုတ်လ ရက်နေ့ တိမ်းမှောက်ကာ ရိုဟင်ဂျာ ၁၅ ဦးခန့်သေဆုံးပြီအများအပြားပျောက်ဆုံးတာကြားရပြီး များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေဟာ စစ်ကောင်စီရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုနေ့စဉ်နဲ့ အမျှ ပုံစံမျိုးစုံချိုးဖေါက်ခံနေရပြီး အမိုးပွင့်အကျဉ်းထောင်ထဲ က လွတ်မြောက်ဖို့ ကြိုးစားစဉ် အခုလိုကံမကောင်းတဲ့ ဖြစ်စဉ်တွေနဲ့ မကြာခဏကြုံနေရပါတယ်။ကျနော်တို့အနေနဲ့ ရိုဟင်ဂျာတွေ တရားမျှတမှုရရှိဖို့၊ တန်းတူအခွင့်အရေးရရှိဖို့ နှင့်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ဖို့ တစိုက်မတ်မတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ရိုဟင်ဂျာအရေးအတွက် ဥပဒေများ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းမှာ ယနေ့မနက် စကစတပ်ကလေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်၍ ၈လသား အရွယ် ကလေးငယ်အပါအဝင် သုံးဦးသေဆုံးကာ၁၅ဦးခန့် ဒဏ်ရာရရှိ


သြဂုတ်လ၁၀ရက်


သြဂုတ်လ၁၁ရက် မနက်၄နာရီ၁၅မှာ အရပ်သားနေထိုင်ရာ စစ်ကိုင်းမြို့နယ် မြောက်ခြမ်း တလိုင်းရွာကျေးရွာကို စကစတပ်ဟာလေကြောင်းတိုက်ခိုက်ခဲ့တာလို့ wetletinformationalnetwork ကအတည်ပြုဆိုပါတယ်။


စစ်ကိုင်းမြို့နယ် မြောက်ခြမ်း တလိုင်းရွာကျေးရွာတွင်  ပြည်သူများ အိပ်ပျော်နေစဉ်တိုက်ပွဲ ဖြစ်ပွားချင်း မရှိဘဲ    တံတားဦးမှ တက်လာသော J-Fighter 1စီး ဖြင့် မနက် 4:15amခန့်က လေကြောင်းတိုက်မှု ပြုလုပ်ခဲ့ပါိယ်"လို့ဆိုပါတယ်။


လေကြောင်းတိုက်ခိုက်မှုကြောင့် ၈လသား အရွယ် ကလေး ၁ဦး အသက် ၂၃နှစ်ခန့် အမျိုးသမီး ၁ဦး (သားအမိ) အသက် ၆၅နှစ်ခန့် အမျိုးသမီး ၁ဦး စုစုပေါင်း ၃ဦးသေဆုံးခဲ့ပြီ ပြည်သူ ၁၅ဦးခန့် ဒဏ်ရာရရှိ၍ နွားများလည်း သေဆုံးခဲ့ကြောင်းသိရပါတယ်။


========================


📌📌 ၄။ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းအား ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်မှ ရဲ ဦး ပွဲချင်းပြီးသေဆုံး၍ ရဲ ဦးဒဏ်ရာရရှိခဲ့


သြဂုတ်လ၁၁ရက်


" သြဂုတ်လ ၉ရက် နေ့လယ် (:၂၀)နာရီအချိန်တွင် ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းအား ရိုးမ() တပ်ခွဲ() အာဠာဝကစစ်ကြောင်းနှင့် ဖြူးမြို့နယ်ပကဖ ပူးပေါင်းစစ်ကြောင်းမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ သြဂုတ်လ၁၀ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (စစ်ရုံးချုပ်)ကအသိပေးဆိုပါတယ်။


စစ်ကောင်စီဘက်မှ ရဲ ဦး ပွဲချင်းပြီးသေဆုံး၍ ရဲ ဦးဒဏ်ရာရရှိခဲ့ပြီး ကာကွယ်ရေးဘက်မှ ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ပါတယ်။


========================


📌📌 ၅။ ကန့်ဘလူမြို့နယ် ချပ်သင်းအထိုင်စခန်းမှထွက်လာသောစစ်ကောင်စီတပ်များ မိုင်းထိ၍ စစ်ကောင်စီတပ်သား သုံးယောက်ထိခိုက်ဒဏ်ရာရ


သြဂုတ်လ၁၀ရက်


သြဂုတ်လ၁၀ရက် မနက်()နာရီ အချိန်မှာစစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ချပ်သင်းပျူကုန်းမှထွက်လာသော အင်အား ၃၀ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဟာ ဒေသခံကာကွယ်ရေးအဖွဲ့များထောင်ထားတဲ့မိုင်းများမိခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အတည်ပြုဆိုပါတယ်။


 စစ်ကောင်စီတပ်ဟာ ချပ်သင်းရွာမြောက်ဖက်ရှိ ကံကြီးကျေးရွာသို့ ဝင်ရောက်ရန်ကြိုးစားရာ ဒေသခံကာကွယ်ရေးအဖွဲ့များ ထောင်ထားသောမိုင်းများမိ၍ စစ်ကောင်စီတပ်သား သုံးယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။


ကံကြီးရွာသို့ဝင်ရောက်ရန်ကြိုးစားခဲ့သော စစ်ကောင်စီတပ်နှင့်ဒေသခံကာကွယ်ရေးအဖွဲ့များ မိနစ်အနည်းငယ်ထိတွေ့မှုဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်ဟာချပ်သင်းကျေးရွာဖက်ကို ပြန်လည်ဆုတ်ခွါသွားတယ်လို့သိရပါတယ်။


========================


📌📌 ၆။ တမူးမြို့နယ်မှာ ဇူလိုင်လနှောင်းပိုင်းက စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူ ,၀၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး အိုးအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရ


သြဂုတ်လ၁၁ရက်


"ဖြစ်ပွားဆဲလက်နက်ကိုင်ပဋိပက္ခတွေနှင့် ဆိုးဝါးတဲ့ရာသီဥတုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ စဉ်ဆက်မပြတ်ဖြစ်နေသလို လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေလည်း မြန်မာနိုင်ငံတစ်ဝန်း၊ အထူးသဖြင့် နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင်ဘက်၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဆက်လက် မြင့်တက်နေပါတယ်"လို့ သြဂုတ်လ၁၀ရက်မှာ UN OCHA Myanmarက အသိပေးဖော်ပြပါတယ်။


ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ စစ်ချီဝင်ရောက်တာတွေကြောင့် သြဂုတ်လ () ရက်နေ့ကစတင်ပြီး ရွာသား ၅၀၀ ခန့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပါတယ်။ 


စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်မှာ ဇူလိုင်လနှောင်းပိုင်းက စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူ ,၀၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး အိုးအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ လက်နက်ကြီးနဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားလေးဦး ဒဏ်ရာရရှိရပါတယ်။


 ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့အထိ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ဒသမ သန်းကျော်ရှိလာပြီးဒီအထဲကမှ လူဦးရေ ဒသမ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment