၂၀၂၃ သြဂုတ်လ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စကစများ လက်နက်ချ၍ Non CDMများ အလင်းဝင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးသတိပေးပြောကြား
📌 ၂။ NUGက တော်လှန်ရေးကို ရှေ့ကိုဆက်နေပြီး စစ်ပိုင်းဆိုင်ရာတိုက်ပွဲတင်မဟုတ်ဘဲ ဘဏ္ဍာရေးတိုက်ပွဲလည်း လုပ်ဆောင်နေ
📌 ၃။ မြန်မာနိူင်ငံရှိ ကလေးငယ်များဟာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြားတွင် အသက်ကို လောင်းကြေးထပ်ကာ ကျောင်းတက်နေကြခြင်း ဖြစ်တယ်လို့ပြောကြား
📌 ၄။ အကြမ်းဖက် စစ်ကောင်စီတပ်က နံဇကျေးရွာ အိမ်ပေါင်း တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးမှုကြောင့် ယနေ့တိုင် ကျေးရွာပြည်သူများက စစ်ဘေးရှောင်နေကြရ
📌 ၅။ တွဲလက်ခိုင်မြဲ နွေဦးအောင်ပွဲ ကမ်ပိန်း၁၃ ရက်အတွင်း လက်မှတ်အစောင်ရေ ၆၈၁ စောင်ရောင်းချနိုင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စကစများ လက်နက်ချ၍ Non CDMများ အလင်းဝင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးသတိပေးပြောကြား
သြဂုတ်လ၁၄ရက်
စကစများ လက်နက်ချ၍ Non CDMများ အလင်းဝင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ သြဂုတ်လ၁၄ရက်မှာ ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့်သတိပေးဆိုထားပါယ်။
"နွေဦးတော်လှန်ရေး နေပြည်တော်တံခါးခေါက်နေပြီ။ ပြည်သူ့တရားစီရင်ရေးလာတော့မည်။ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲနေပြီ။ စကစများ လက်နက်ချပါ။Non CDMများ အလင်းဝင်ပါ။ပြည်သူနဲ့အတူ ရပ်တည်ပါ။ တော်လှန်ရေးမှာပါဝင်ပါ"လို့ဆိုထားပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ကျော်ကာလအတွင်း စကစတပ်ဖွဲ့ဝင် သုံးသောင်းကျော်သေဆုံးခဲ့ပြီး တစ်သောင်းကျော်ပြည်သူ့ဘက်ကရပ်တည်ခဲ့ပါတယ်။
========================
📌📌 ၂။ NUGက တော်လှန်ရေးကို ရှေ့ကိုဆက်နေပြီး စစ်ပိုင်းဆိုင်ရာတိုက်ပွဲတင်မဟုတ်ဘဲ ဘဏ္ဍာရေးတိုက်ပွဲလည်း လုပ်ဆောင်နေ
သြဂုတ်လ၁၄ရက်
NUGက တော်လှန်ရေးကို ရှေ့ကိုဆက်နေပြီး စစ်ပိုင်းဆိုင်ရာတိုက်ပွဲတင်မဟုတ်ဘဲ ဘဏ္ဍာရေးတိုက်ပွဲလည်းလုပ်ဆောင်နေတယ်လို့ လူသားစာနာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ငိုင်တမ်းမောင်မှ သြဂုတ်လ၁၃ရက်တွင် ကျင်းပတဲ့ ကန်ပက်လက်CDFအတွက် ရန်ပုံငွေရှာပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
"တော်လှန်ရေး နှစ်နှစ်ကျော်ကြာလာတော့ ခက်ခဲမှုကငွေရေးကြေးရေးအပိုင်းကအစရှိတယ်။သို့သော် စိတ်ကတော့မလျှော့ဘူး။အဲဒီအပေါ် ယုံကြည်မှုကတော့မလျော့ဘူး။ NUGဆိုလည်း ၁နှစ်မဟာဗျူဟာ စီမံချက်အတိုင်းကို တော်တော်များများအကောင်အထည်ဖော်နိူင်တယ်။NUGက တော်လှန်ရေးကိုရှေ့ကိုဆက်နေတယ်။အခုဆိုရင်စစ်ပိုင်းဆိုင်ရာတိုက်ပွဲတင်မဟုတ်ဘဲ ဘဏ္ဍာရေးတိုက်ပွဲလည်းလုပ်နေတာရှိပါတယ်"လို့ဆိုပါတယ်။
ဘဏ္ဍာရေးတိုက်ပွဲတွင် စစ်ကောင်စီရဲ့ဝင်ငွေရလမ်းကြောင်းဖြစ်သော စကစထုတ်ကုန်နဲ့အကျိုးတူ ထုတ်ကုန်များကို ပြည်သူလူထုက သပိတ်မှောက်မသုံးစွဲဖို့ဖြစ်ပါတယ်။
========================
📌📌 ၃။ မြန်မာနိူင်ငံရှိ ကလေးငယ်များဟာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြားတွင် အသက်ကို လောင်းကြေးထပ်ကာ ကျောင်းတက်နေကြခြင်း ဖြစ်တယ်လို့ပြောကြား
သြဂုတ်၁၄
သြဂုတ်လ၁၄ရက်တွင် NUG လူ့အခွင့်ရေးရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးမှ ၎င်း၏Twitterမှာ အခုလိုရေးသား ပြောဆိုထားပါတယ်။
"မြန်မာနိုင်ငံရှိ ကလေးများသည် စကစ၏ လေကြောင်းတိုက်ခိုက်မှုများကြားတွင် ၎င်းတို့၏ အသက်ကို လောင်းကြေးထပ်ကာ ကျောင်းတက်နေကြခြင်း ဖြစ်ပါတယ်။ ဒါဟာ သင့်ကလေးလို့ မြင်ယောင်ကြည့်ပါ။ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်ကို အဆုံးသတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက လုပ်ဆောင်ဖို့ လိုပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက် စကစတပ်ဟာ ၂၀၂၃ ခုနှစ် ဧပြီ၁၀ရက်နေ့မှာ ချင်းပြည်နယ် ဝေဘူလမြို့သစ်ကိုလေကြောင်းတိုက်ခိုက်ခဲ့ရာ CDM ကျောင်းအုပ်ကြီးမိသားစုအပါအဝင် ၉ဦးသေဆုံးခဲ့ပြီး ဧပြီ၁၁ရက် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ပဇီကြီးကျေးရွာကို လေကြောင်းကတိုက်ခိုက်ရာ လူဦးရေ၁၆၈ဦးသေဆုံးခဲ့ရပါတယ်။
========================
📌📌 ၄။ အကြမ်းဖက် စစ်ကောင်စီတပ်က နံဇကျေးရွာ အိမ်ပေါင်း တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးမှုကြောင့် ယနေ့တိုင် ကျေးရွာပြည်သူများက စစ်ဘေးရှောင်နေကြရ
သြဂုတ်လ၁၄ရက်
သြဂုတ်လ၁၄ရက်မှာ ကျောက်တံခါးပကဖမှ အခုလို အတည်ပြုဆိုပါတယ်။
"စစ်ဘီလူး အကြမ်းဖက်စစ်ကောင်စီတပ်က နံဇကျေးရွာက အိမ်ပေါင်း ၁၀၃ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ယနေ့အထိ ကျေးရွာပြည်သူများက စစ်ဘေးရှောင်နေကြရပြီး ရွာအတွင်း စစ်ခွေးများရှိနေကာ သက်ကြိီးအဖိုးအိုတစ်ဦးနှင့် စိတ်ကျန်းမာရေးမကောင်းသူ တစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ပါသေးတယ်။"လို့ဆိုပါတယ်။
သို့ပါ၍ မြို့နယ်အတွင်း စစ်ရှောင်ပြည်သူများနှင့် နံဇကျေးရွာပြည်သူများအား ဝိုင်းဝန်းစောင့်ရှောက် ကူညီပေးကြပါရန် ကျောက်တံခါးပကဖကအသိပေးကြေညာထားပါတယ်။
========================
📌📌 ၅။ တွဲလက်ခိုင်မြဲ နွေဦးအောင်ပွဲ ကမ်ပိန်း၁၃ ရက်အတွင်း လက်မှတ်အစောင်ရေ ၆၈၁ စောင်ရောင်းချနိုင်ခဲ့
သြဂုတ်လ၁၄ရက်
သြဂုတ်လ၁၄ရက်မှာ တွဲလက်ခိုင်မြဲ နွေဦးအောင်ပွဲ ကမ်ပိန်းမှ အခုလို အသိပေးဆိုထားပါတယ်။
"ကမ်ပိန်းရဲ့ ၁၃ ရက်တာကာလ ကုန်ဆုံးသွားခဲ့ပါပြီ။ ၁၃ ရက်အတွင်း လက်မှတ်အစောင်ရေ ၆၈၁ စောင်သာ ရောင်းချနိုင်သေးတာမို့ ကမ်ပိန်းရဲ့ မျှော်မှန်းချက်နဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းနေတဲ့ အခြေအနေလေး ဖြစ်ပါတယ်။ကန်ပိန်းကာလလေးအတွင်းမှာ Target လေး ပြည့်မှီဖို့ ပြည်သူတွေကိုပဲ အားကိုးပါရစေခင်ဗျ"လို့ဆိုပါတယ်။
တွဲလက်ခိုင်မြဲ နွေဦးအောင်ပွဲ"ကမ်ပိန်းမှ ရရှိမယ့်အလှူငွေရဲ့ လေးဆယ်ရာခိုင်နှုန်း ဟာဆိုရင် အလုပ်သမားဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန CDM ဝန်ထမ်းများကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး၊ သုံးဆယ်ရာခိုင်နှုန်းကို မြေပြင်အဖွဲ့များအားလည်းကောင်း၊ကျန်သုံးဆယ်ရာခိုင်နှုန်းကို စစ်ဘေးရှောင် ပြည်သူများအားလည်းကောင်း ထောက်ပို့ပေးသွားမှာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment