15th AUG 2023 - Morning Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၂။ ၂၀၂၃ ခုနှစ်တွင် မြို့နယ် တရားရုံးပေါင်း (၁၀၀)ဖွဲ့စည်းသွားနိုင်ရန် ဆောင်ရွက်ခြင်းဖြင့် နွေဦးတော်လှန်ရေးအောင်မြင်မှု လမ်းကြောင်းအပေါ် အထောက်အကူပြုနိုင်မယ်လို့တရားရေးဝန်ကြီးဆို

📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၄။ တောင်ညိုဆေးခန်းရဲ့  အမြွှာကလေးမွေးဖွားခြင်း လေးကြိမ်မြောက် အောင်မြင်စွာမွေးဖွားနိုင်

📌 ၅။ နယ်မြေခံများပံ့ပိုးမှုနဲ့ ရှမ်းတောင်၁၀၀၈ SSRY ရဲဘော်များနဲ့ ၁၀၀၅ တပ်ရင်းရဲဘော်များ ပူးပေါင်းပြီး အများပြည်သူလမ်းများကို လမ်းခင်းလုပ်အားပေး

📌 ၆။ သထုံမြို့နယ် အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စကစတပ်များ ကျေးရွာများအတွင်း ဝင်ရောက်ကာ ပြည်သူလူထု (၃၆)ဦး၏ ပစ္စည်းများအားခိုးယူခြင်းများကျူးလွန်ခဲ့

📌 ၇။ "လက်ခက်တောင်ကို ပြန်လည်ရရှိရေးအတွက် စကစ ဘက်မှ (၁၀) ကြိမ်အထိ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီး 

ရန်သူဘက်မှ ဗိုလ်ကြီး()ဦး အပါဝင် စုစုပေါင်း(၁၇) ဦး သေဆုံးကာ (၃၄)ဦး ဒဏ်ရာရရှိ

📌 ၈။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၂၄၆) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၁၃၅) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


 ဩဂုတ် ၁၄  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၂/၂၀၂၃)ကို သြဂုတ်လ၁၄ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏ မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ ၂၀၂၃ ခုနှစ်တွင် မြို့နယ် တရားရုံးပေါင်း (၁၀၀)ဖွဲ့စည်းသွားနိုင်ရန် ဆောင်ရွက်ခြင်းဖြင့် နွေဦးတော်လှန်ရေးအောင်မြင်မှု လမ်းကြောင်းအပေါ် အထောက်အကူပြုနိုင်မယ်လို့တရားရေးဝန်ကြီးဆို


သြဂုတ်လ၁၄ရက်

ဩဂုတ်လ (၁၃)ရက်မှာ ပြုလုပ်တဲ့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြို့နယ်တရားရုံးများမှတရားသူကြီးများ တွေ့ဆုံဆွေးနွေးရာမှာမှာ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အခုလိုဆိုပါတယ်။


"ယခုကာလအတွင်း ရာဇဝတ်ဆိုင်ရာ တရားမျှတမှုများကို ဖော်ဆောင်နိုင်ရေးအတွက် အဓိက လုပ်ဆောင်ရမည်ဖြစ်ပြီး  တော်လှန်ရေးအောင်မြင်သွားသည့်တိုင်အောင် ယခုလုပ်ငန်းများမှာ ရပ်တန့်၍မရဘဲ ဆက်လက်လုပ်ဆောင်ရမည့် အနေအထားဖြစ်ကြောင်း၊ အကျဉ်းထောင်များ အနေဖြင့်လည်း တရားရေးဝန်ကြီးဌာနလက်အောက်တွင် ရှိနေပြီဖြစ်ကြောင်း၊ တရားရုံးများအနေဖြင့် နွေဦးတော်လှန်ရေး ရင့်ကျက်လာသည်နှင့်အမျှ တရားစီရင်ရေးလုပ်ငန်းများတွင်လည်း တော်လှန်ရေးနှင့်အတူ ရင့်ကျက်ရန်လိုကြောင်း၊ တရားရေးဝန်ကြီးဌာနအနေဖြင့် ရည်မှန်းထားသည့်အတိုင်း ၂၀၂၃ ခုနှစ်တွင် မြို့နယ် တရားရုံးပေါင်း (၁၀၀)ဖွဲ့စည်းသွားနိုင်ရန် ဆောင်ရွက်ခြင်းဖြင့် နွေဦးတော်လှန်ရေးအောင်မြင်မှု လမ်းကြောင်းအပေါ် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။


အစည်းအဝေးသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်း အတွင်းဝန် ဒေါ်မေအောင်သူ၊ ဒုတိယအတွင်းဝန် ဦးမင်းနောင်ခိုင်နှင့် ဒေါ်လင်းထက်စံ၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းသိန်း၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်နဲ့ တာဝန်ရှိသူတို့တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ဩဂုတ်   ၁၄  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၁၆/၂၀၂၃)ကို သြဂုတ်လ၁၄ရက်က ကျင်းပခဲ့ပြီး တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ(၁၅/၂၀၂၃) အစည်းအဝေး၌ ဆောင်ရွက်ပြီးစီးမှု ရှေ့လုပ်ငန်းစဉ်နှင့် လုပ်ငန်း‌ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိမြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ တောင်ညိုဆေးခန်းရဲ့  အမြွှာကလေးမွေးဖွားခြင်း လေးကြိမ်မြောက် အောင်မြင်စွာမွေးဖွားနိုင်


သြဂုတ်လ၁၄

တောင်ညိုဆေးခန်းရဲ့  အမြွှာကလေးမွေးဖွားခြင်း လေးကြိမ်မြောက် အောင်မြင်စွာမွေးဖွားနိုင်ခဲ့တယ်လို့ တောင်ညိုဆေးခန်းမှ တရားဝင်အသိပေးဆိုထားပါတယ်။


"တောင်ညိုဆေးခန်းရဲ့ လေးကြိမ်မြောက် အမြွှာကလေးမွေးခြင်း ရိုးရိုးမွေးဖွားနိုင်ခဲ့ပါတယ်။ မိန်းကလေးတစ်ယောက်၊ ယောကျ်ားလေးတစ်ယောက်ဖြစ်တယ်"လို့ဆိုပါတယ်။


တောင်ညိုဆေးခန်းဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းမှာ ပြင်ပလူနာ (OPD) - ၃၅၇ ယောက်ကို ကြည့်ရှုကုသပေးနိုင်ခဲ့ပြီး 

စစ်ကြောင်းလူနာ  ၁၈ ယောက်၊ ရိုးရိုးမွေးလူနာ -၁၁ယောက်၊ ခွဲမွေးလူနာ- ယောက် ရှိခဲ့ပါတယ်။


========================


📌📌 ၅။ နယ်မြေခံများပံ့ပိုးမှုနဲ့ ရှမ်းတောင်၁၀၀၈ SSRY ရဲဘော်များနဲ့ ၁၀၀၅ တပ်ရင်းရဲဘော်များ ပူးပေါင်းပြီး အများပြည်သူလမ်းများကို လမ်းခင်းလုပ်အားပေး


သြဂုတ်လ၁၄ရက်

နယ်မြေခံများပံ့ပိုးမှုနဲ့ ရှမ်းတောင်၁၀၀၈ SSRY ရဲဘော်များနဲ့ ၁၀၀၅ တပ်ရင်းရဲဘော်များ ပူးပေါင်းပြီး အများပြည်သူလမ်းများကို လမ်းခင်းလုပ်အားပေးခြင်းများပြုလုပ်ပေးခဲ့တယ်လို့ ရှမ်းတောင် ၁၀၀၈ တပ်ရင်းက သြဂုတ်လ၁၄ရက်မှာ အသိပေးဆိုပါတယ်။


"နယ်မြေခံတွေရဲ့ ပံ့ပိုးမှုနဲ့ မိမိတို့ ၁၀၀၈ SSRY ရဲဘော်များနဲ့ ၁၀၀၅ တပ်ရင်းရဲဘော်များ ပူးပေါင်းပြီး လမ်းခင်းလုပ်အားလေးပေးခဲ့ပါတယ်။ ဒီလမ်းတွေက ကား/ဆိုင်ကယ်တွေကို တော်တော်လေးပျက်စီးစေတဲ့ ချိုင့်ခွက်တွေဖြစ်နေတဲ့ လမ်းလေးပေါ့ နောက်ပြန်နားတဲ့အချိန် ရဲဘော်တွေအငြိမ်မနေရလည်း မငြီးငြူကြဘူး။ လွတ်လပ်ရေးရမှ နားကြမယ်တဲ့လေ"လို့ဆိုပါတယ်။


အဆိုပါလမ်းကို ခင်းပေးသည့် ရဲဘော်များမှာ  ပြည်သူတွေသွားလာနေတဲ့လမ်းကို ပြင်ဆင်ခွင့်ရသည့်အတွက် ဝမ်းသာကျေနပ်ကြောင်းလည်းဆိုခဲ့ကြပါတယ်။


========================


📌📌 ၆။ သထုံမြို့နယ် အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စကစတပ်များ ကျေးရွာများအတွင်း ဝင်ရောက်ကာ ပြည်သူလူထု (၃၆)ဦး၏ ပစ္စည်းများအားခိုးယူခြင်းများကျူးလွန်ခဲ့


ဩဂုတ်လ (၁၄) ရက်

သထုံမြို့နယ် အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စကစတပ်များ ကျေးရွာများ အတွင်းဝင်ရောက်ကာ ပြည်သူလူထု (၃၆)ဦး၏ ပစ္စည်းများအားခိုးယူခြင်းများကျူးလွန်ခဲ့တယ်လို့ သြဂုတ်လ၁၄ရက်မှာ KNU ဗဟိုက စကစရဲ့အကြမ်းဖက်လုပ်များကို အသိပေးဆိုပါတယ်။


၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့မှ သြဂုတ်လ ()ရက်နေ့အထိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူ (သထုံ)ခရိုင် တပ်မဟာ () သထုံမြို့နယ် အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာများအတွင်းဝင်ရောက်ကာ ပြည်သူလူထု (၃၆)ဦး၏ ပစ္စည်းများအား ခိုးယူစားသောက်ခြင်းများ၊ နေအိမ်များအား မွှေနှောက် ဖျက်စီးခြင်းများ၊ လက်နက်ကြီးများဖြင့် ပြည်သူလူထုများနေထိုင်ရာ နေရာများအတွင်းသို့ ရည်ရွယ်ချက် ရှိရှိပစ်ခတ်ခြင်းများနှင့် ပြည်သူလူထုအားအကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခြင်းများကို ကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါရမ်းသမ်းပစ်ခတ်သောကြောင့် အပြစ်မဲ့ပြည်သူ () ဦးသေဆုံးကာ ပြည်သူလူထုပိုင် နေအိမ်များ ပျက်စီးခဲ့ရပြီး ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာအမြောက်အများလည်း ခိုးယူခြင်းကိုခံခဲ့ရတယ်လို့သိရပါတယ်။


========================


📌📌 ၇။ "လက်ခက်တောင်ကို ပြန်လည်ရရှိရေးအတွက် စကစ ဘက်မှ (၁၀) ကြိမ်အထိ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီး 

ရန်သူဘက်မှ ဗိုလ်ကြီး()ဦး အပါဝင် စုစုပေါင်း(၁၇) ဦး သေဆုံးကာ (၃၄)ဦး ဒဏ်ရာရရှိ


သြဂုတ်လ၁၄ရက်

ကရင်ပြည်နယ် မြဝတီမြို့အနီး "လက်ခက်တောင်ကို ပြန်လည်ရရှိရေးအတွက် စကစ ဘက်မှ (၁၀) ကြိမ်အထိ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီး ရန်သူဘက်မှ ဗိုလ်ကြီး()ဦး အပါဝင် စုစုပေါင်း(၁၇) ဦး သေဆုံးကာ (၃၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သြဂုတ်လ၁၄ရက်မှာ ကော်ပရာစစ်ကြောင်းက အတည်ပြုဆိုပါတယ်။


"ဇူလိုင်လ၂၁ရက်တွင် စကစအတွက် စစ်ရေးဗျူဟာအရ အရေးပါသော လက်ခတ်တောင်စခန်းကုန်းအား မိမိတို့တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထိုသို့သိမ်းပိုက်စိုးမိုးထားပြီးသည့်နောက်ပိုင်းတွင် စကစဘက်မှ လက်ခတ်တောင်အား ပြန်လည်ရယူရန် ကြိုးစားသဖြင့် မိမိတို့ ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် တပ်မဟာ () KNU/KNLA ကော်ဘရာစစ်ကြောင်း() ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ရောင်နီ စသည့် ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ  (၁၃..၂၀၂၃)ထိ တိုက်ပွဲအကြိမ်ရေ (၁၀)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်"လို့ဖော်ပြပါတယ်။


အဆိုပါတိုက်ပွဲများတွင် ရန်သူဘက်မှ ဗိုလ်ကြီး()ဦး အပါဝင် စုစုပေါင်း(၁၇) ဦး သေဆုံးကာ (၃၄)ဦး ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ ဘက်မှ  ရဲဘော် ()ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ()ဦး ဒဏ်ရာရရှိကာ Drone ()စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့သတင်းရရှိပါတယ်။


ရန်သူ့ဘက်မှ ဒုတပ်ကြပ် တစ်ဦးနှင့် တပ်သားတစ်ဦးသည် 60 မမ ကွန်မန်ဒို စိန်ပြောင်းတစ်လက်၊ 60 မမ ဗုံးသီး လုံး MA 2 တစ်လက် ကျည်ဘောက်( )ခု၊ .၅၆ ကျည် (၆၀၀) တောင့်တို့နှင့်အတူ ပူးပေါင်းတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာခဲ့ပါတယ်။


ရန်သူ့ထံမှ သိမ်းဆည်းရမိသော လက်နက်များမှာ ၄၀မမ ()လုံး၊ M16A2 ()လက်၊ M16ကျည်ဘောက်(၁၀)ခု၊ Carbineကျည် (၁၈၈)တောင့်၊ Carbineကျည်ဘောက် ()ခု၊ NATOကျည် (၉၃)တောင့်၊ ခြေနင်းမိုင်း ()လုံး၊ စကစ၅.၅၆ကျည် (၁၃၀)တောင့်၊ 5.56ကျည် (၆၈၈)တောင့်၊ အေကေကျည် ()တောင့် တို့ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၈။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၂၄၆) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၁၃၅) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေ


သြဂုတ်လ၁၄ရက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များကို သြဂုတ်လ၁၄ရက်မှာ အသိပေးဖော်ပြပါတယ်။


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၂၄၆) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၁၃၅) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေတယ်လို့ဆိုပါတယ်။


 ထို (၂၄၆) ဦးအနက် လေကြောင်းတိုက်ခိုက်မှုကြောင့် (၉၃) ဦး သေဆုံးခဲ့ပြီး လက်နက်ကြီးကျည်ကြောင့် သေဆုံးသူ အရေအတွက်မှာ (၇၄) ဦး ဖြစ်ပါတယ်။ 


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment