17th AUG 2023 - Evening Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၁၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှသဝဏ်လွှာပေးပို့

📌 ၂။ တပ်မှူးအယောက်သုံးရာကျော်မွေးထုတ်နိူင်ခဲ့ပြီး ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား

📌 ၃။ အကြမ်းဖက်စစ်တပ်သည် ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘေးအန္တရာယ်များနှင့် ဘာသာရေး၊ “ hate speech” တို့ကို လက်နက်သဖွယ် အသုံးပြုနေ

📌 ၄။ တော်လှန်ရေးအင်အားကောင်းမွန်လာပြီး အောင်မြင်ခြင်းသို့ရောက်ရှိရန် ယုံကြည်ကြောင်းကရင်နီပြည် တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်ပြောကြား

📌 ၅။ ကနီမြို့နယ်တွင် စကစတပ်စစ်ကြောင်းရောက်ရှိနေ၍ ချင်းတွင်းမြစ်ကမ်းဘေး အနီးဝန်းကျင်ကျေးရွာ ()ရွာမှ ဒေသခံပြည်သူ (၁၅၀၀၀) ကျော်ခန့် စစ်ဘေး တိမ်းရှောင်နေရ

📌 ၆။ တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီရုံးရှေ့ သြဂုတ်လ၂၀ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှသဝဏ်လွှာပေးပို့


ဩဂုတ်လ ၁၇ ရက်


(၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


သြဂုတ်လ၁၇ရက်မှာကျရောက်တဲ့ (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ပေးပို့တဲ့သဝဏ်လွှာမှာဖော်ပြချက်အရ-


ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့တွင် ကရင်နီတပ်မတော်မှ စစ်သည်၊ ရဲဘော်များနှင့်တကွ ကရင်နီတိုင်းရင်းသားများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်းနှင့် တိုက်ပွဲများကင်းစင်သည့် အေးချမ်းသာယာသော နယ်မြေအဖြစ်သို့ အမြန်ဆုံး အကောင်အထည်ဖော်တည်ဆောက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်လို့ဆိုပါတယ်။


ကရင်နီတိုင်းရင်းသားတို့သည် တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် ရရှိရေးတို့အတွက် နှစ်ပေါင်း (၇၀) ကျော်ကြာ အာဏာရှင်စနစ်ဆိုးအား တွန်းလှန်တိုက်ထုတ်နေသည့်နည်းတူ ယနေ့ နွေဦးတော်လှန်ရေးတွင်လည်း ခိုင်မာသော စုဖွဲ့မှု၊ ကြံ့ခိုင်သော စုစည်းညီညွတ်မှုတို့ဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးတွင် အဓိက ပါဝင်လျက်ရှိပါတယ်။


ယခုကဲ့သို့ ကရင်နီတိုင်းရင်းသားတို့၏  ကြိုးပမ်းအားထုတ်မှုများသည် တိုင်းပြည်နှင့်လူမျိုးအတွက် စစ်မှန်သော လွတ်လပ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့အတွက် အား‌အင်တစ်ရပ်အဖြစ် မိမိတို့ ယုံကြည်တန်ဖိုးထား‌ပါကြောင်းနှင့် ကိုယ်ကျိုးစွန့်အနစ်နာခံကာ အသက်စွန့်ခဲ့ကြသည့် ကရင်နီတိုင်းရင်းသား အာဇာနည်သူရဲကောင်းတစ်ဦးချင်းစီအား မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်  တန်ဖိုးထားကာ ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ် အလေးပြုအပ်ပါတယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများအချင်းချင်း၊ ပြည်သူလူထုအချင်းချင်း၊ တိုင်းရင်းသားလက်နက်ကိုင်များအချင်းချင်းအကြား အထင်အမြင်လွဲအောင် သပ်လျှိုသွေးခွဲမှုများဖြင့် အင်အားကြီးမားပြီး အရှိန်အဟုန်ကောင်းနေသည့် နွေဦးတော်လှန်ရေး ရပ်တန့်သွားအောင် လုပ်ဆောင်နေမှုများကို နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ၊ စစ်ရေးအသိ၊ စစ်ရေးသတိများဖြင့် ဆင်ခြင်သုံးသပ်ကာ စုပေါင်းအင်အားဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ဆက်လက်တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းလိုပါတယ်လို့ဆိုပါတယ်။


လက်ရှိ ကြုံတွေ့နေသည့် စိန်ခေါ်မှုများနှင့် နောင်တွင် ကြုံတွေ့ရမည့် အခက်အခဲ ဒုက္ခများကို ယခုကဲ့သို့ လက်တွဲညီစွာ ရင်ဆိုင်ကျော်ဖြတ်သွားမည်ဆိုလျှင် ကရင်နီတိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသားပြည်သူအားလုံးတို့၏ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ အလျင်အမြန် ရောက်ရှိနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်လျက် မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ညီနောင်တိုင်းရင်းသားများနှင့်အတူ  ဆက်လက်ပူး‌ပေါင်းကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း  ထပ်လောင်းကတိသစ္စာပြုလျက် ဤသဝဏ်လွှာအား ဂုဏ်ယူစွာ ပေးပို့အပ်ပါတယ်လို့ ဆိုပါတယ်။


========================


📌📌 ၂။ တပ်မှူးအယောက်သုံးရာကျော်မွေးထုတ်နိူင်ခဲ့ပြီး ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား


သြဂုတ်လ၁၇ရက်


သြဂုတ်လအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှ အခုလိုပြောကြားခဲ့ပါတယ်။


"ဒီအချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ဆိုရင် အရေးကြီးတဲ့အစီအစဥ်တစ်ခုအနေနဲ့ ကျနော်တို့ တပ်မှူးမွေးထုတ်တဲ့သင်တန်း၊ ဒီသင်တန်းကို တပ်ခွဲမှူးသင်တန်းလို့ခေါ်ပါတယ်။ဒီ သင်တန်းဖြစ်မြောက်ရေးအတွက် မဟာမိတ်အဖွဲ့အစည်းကလည်းအကူအညီပေးပြီးတော့ အခုအချိန်မှာ ဒီသင်တန်းကနေပြီးတပ်မှူးအယောက်သုံးရာကျော် မွေးထုတ်နိူင်ခဲ့ပြီး ဖြစ်တယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း သုံးရာကျော်၊ မြို့နယ်ပကဖ အဖွဲ့ပေါင်းနှစ်ရာ့ငါးဆယ်ကျော်နဲ့ တစ်နိူင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အင်အား သိန်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်တပ်သည် ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘေးအန္တရာယ်များနှင့် ဘာသာရေး၊ “ hate speech” တို့ကို လက်နက်သဖွယ် အသုံးပြုနေ


သြဂုတ်လ၁၇ရက်


အကြမ်းဖက်စစ်တပ်သည် ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘေးအန္တရာယ်များနှင့် ဘာသာရေး၊ “ hate speech” တို့ကို လက်နက်သဖွယ် အသုံးပြုနေတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာမှ အမေရိကန်ပြည်ထောင်စု၊ ချီကာဂို၌ပြုလုပ်သော ကမ္ဘာ့ဘာသာရေးညီလာခံ ပါလီမန်တွင် ပြောကြားခဲ့ပါတယ်။


"စစ်အာဏာရှင်က လူပေါင်း()သန်းနီးပါးကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပြီး အသက်ကယ်ဆယ်ရေး အကူအညီလိုအပ်နေသူ(၁၈)သန်းကျော်နှင့် ကြောက်မက်ဖွယ်ရာ အခြေအနေကို ရောက်စေခဲ့ပါတယ်။ လောလောဆယ်တွင် မြန်မာနိုင်ငံသား(၄၈)သန်းကျော်ဟာလည်း ဆင်းရဲနွမ်းပါးမှုနဲ့ နေထိုင်နေကြရပါတယ်။ အကြမ်းဖက်စစ်တပ်သည် ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘေးအန္တရာယ်များနှင့် ဘာသာရေး၊ “ hate speech” တို့ကို လက်နက်သဖွယ် အသုံးပြုနေသည်ကို မြန်မာနိုင်ငံရှိ ရိုဟင်ဂျာလူမျိုးများအပေါ် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းလုပ်ရပ်တွင် နမူနာတွေ့မြင်ရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် လပေါင်း(၃၀)အတွင်း အကြမ်းဖက် စစ်အာဏာရှင်က အပြစ်မဲ့ အရပ်သား ,၄၀၀ ကျော်ကို သတ်ဖြတ်ပြီး ရွေးကောက်ခံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အပြစ်မဲ့အရပ်သား ၂၄,၀၀၀ ကျော်ကို မတရား ဖမ်းဆီးခဲ့ပါတယ်။


========================


📌📌 ၄။ တော်လှန်ရေးအင်အားကောင်းမွန်လာပြီး အောင်မြင်ခြင်းသို့ရောက်ရှိရန် ယုံကြည်ကြောင်းကရင်နီပြည် တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်ပြောကြား


သြဂုတ်လ၁၇ရက်


၂၀၂၃ခုနှစ်၊ သြဂုတ်လ ( ၁၇) ရက်နေ့၌ကျရောက်သည့် ( ၇၅) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့တွင် ပြောကြားသည့် ကရင်နီပြည်တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်၏ အမှာစကားမှာ အခုလိုထည့်သွင်းဆိုထားပါတယ်။


"ကရင်နီလူမျိုးများသည် သဘာဝဒဏ်ပိုခံနိူင်သော်လည်း နိူင်ငံရေးဒဏ်ကိုမခံနိူင်ကြပေ။ထိုကြောင့်တော်လှန်ရေးဟူသည် လူထုကိုမှန်မှန်ကန်ကန်ဦးဆောင်ရမည်။လူ့အခွင့်အရေးများကိုလေးစားကြပါရန်အထူးမှာကြားလိုတယ်။မြန်မာပြည်မှာ ဗမာလူမျိုးအများစုတော်လှန်ရေးတွင်ပါဝင် တော်လှန်လာကြပြီ ဖြစ်သောကြောင့်တော်လှန်ရေးအင်အားကောင်းမွန်လာပြီး အောင်မြင်ခြင်းသို့ရောက်ရှိမယ်လို့လုံးဝယုံကြည်တယ်"လို့ ဆိုပါတယ်။


( ၇၅) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ကို အခမ်းအနားများကျင်းပခဲ့ပြီး တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ ကနီမြို့နယ်တွင် စကစတပ်စစ်ကြောင်းရောက်ရှိနေ၍ ချင်းတွင်းမြစ်ကမ်းဘေး အနီးဝန်းကျင်ကျေးရွာ ()ရွာမှ ဒေသခံပြည်သူ (၁၅၀၀၀) ကျော်ခန့် စစ်ဘေး တိမ်းရှောင်နေရ


သြဂုတ်လ၁၇ရက်


"ယင်းမာပင်နယ်နှင့် ကနီမြို့နယ်အစပ်တွင် စကစတပ်. စစ်ကြောင်းရောက်ရှိနေသဖြင့် ယင်းမာပင်မြို့နယ် ချင်းတွင်းမြစ်ကမ်းဘေး ၊အနီးဝန်းကျင်ကျေးရွာ (၁၀) ရွာ ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေး အနီးဝန်းကျင်ကျေးရွာ ()ရွာ မှ ဒေသခံပြည်သူ (၁၅၀၀၀) ကျော်ခန့် စစ်ဘေး တိမ်းရှောင်နေရပါတယ်"လို့သြဂုတ်လ၁၇ရက်မှာ ကနီဒေသခံ သတင်းအရင်းအမြစ်များထံကသိရပါတယ်။


ကနီမြို့နယ်အတွင်း စစ်ကြောင်း လာရောက်နိုင်သည့် အလားလာရှိသဖြင့် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံ ရန် စစ်ရေးသတိ အမြဲရှိဖို့အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၆။ တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီရုံးရှေ့ သြဂုတ်လ၂၀ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မယ်


သြဂုတ်လ၁၇ရက်


"ပြည်တွင်းက မတရားအကျဉ်းချခံထားရတဲ့ရဲဘော်တွေ၊စစ်ရှောင်ပြည်သူတွေအတွက် အသံလည်း မတိတ်ဖူး အလံလည်း မလိပ်ဖူးဆိုတာ အမြဲ ထုတ်ဖော်ပြသဖို့ လိုအပ်လျက်ရှိတာကြောင့် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC-ပြည်ပထောက်ပို့တပ်ဖွဲ့)နှင့် တော်လှန်ပြည်သူများ၊မြန်မာ့အရေးကိုအားပေးသော ကိုရီးယားအဖွဲ့များ ဦးဆောင်စုပေါင်းပြီး လာမယ့် ၂၀ရက်နေ့(တနင်္ဂနွေနေ့)မှာ ဆန္ဒထုတ်ဖော်သွားမှာဖြစ်ပါတယ်"လို့ သြဂုတ်လအတွင်း မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC)ကအသိပေးဆိုပါတယ်။


ဆန္ဒထုတ်ဖော်သွားမယ့်နေရာတွေကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီရုံးရှေ့၊ အင်ချွန်းမြို့ ဘူဖြောင်းအဝိုင်း၊ ဖြောင်းထက်ဘူတာရှေ့များမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment