18th AUG 2023 - Evening Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အစိုးရအဖွဲ့အနေနဲ့PDFများ လက်နက်ခဲယမ်းမီးကျောက် လုံလောက်စွာရရှိရေးကို အထူးအာရုံစိုက်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်သြစတြေးလျနိူင်ငံ NUGကိုယ်စားလှယ်အပါအဝင် သြစတြေးလျနိူင်ငံ Perth(WA) မိသားစုများ ရင်းရင်းနှီးနှီး တွေ့ဆုံမည်

📌 ၃။ ကရင်နီပြည် ထီးသော်ကူးကျေးရွာရှိ ဘုရားရှိခိုးကျောင်းအား စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဘုရားကျောင်းအဆောက်အဦနဲ့ ဘုရားကျောင်းဝန်းအတွင်းရှိ အခြားအဆောက်အဦများထိခိုက်ပျက်စီးခဲ့

📌 ၄။ အမှတ်() စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း တိုက်ပွဲပေါင်း (၄၃၉) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၀၀) သေဆုံး

📌 ၅။ ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲချမှတ်ခံခဲ့ရသည့် နိူင်ငံရေးအကျဥ်းသားများကို စစ်အုပ်စုက သေဒဏ်အသီးသီး ထပ်မံချမှတ်ခဲ့

📌 ၆။ ဆက်လက်ပြီး မြန်မာ့ဆန်တင်ပို့မှု နှစ်လဆက်တိုက်ကျဆင်းလာပြီး ကာလတူတင်ပို့မှုထက် တန်ချိန် လေးသိန်းကျော်လျော့နည်းနေတဲ့သတင်းကို မကြေးမုံက ပေးပို့ထားပါတယ်။


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အစိုးရအဖွဲ့အနေနဲ့PDFများ လက်နက်ခဲယမ်းမီးကျောက် လုံလောက်စွာရရှိရေးကို အထူးအာရုံစိုက်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတပြောကြား


သြဂုတ်လ၁၈ရက်


သြဂုတ်လအတွင်းကျင်းပ‌‌တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလမှ အခုလိုပြောကြားခဲ့ပါတယ်။


"ကျွန်တော့အ‌နေနဲ့ ပြောချင်တာကတော့ ခုခံတော်လှန်စစ်ရဲ့  အခင်းအကျင်းမှာ ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေရဲ့ စွမ်းရည်မြင့်မားမှုဟာ အလွန်အရေးကြီးလှပါတယ်။ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဖြစ်တဲ့ PDF အဖွဲ့တွေရဲ့ တစ်ဦးချင်း စစ်ရေးစွမ်းရည်တွေကိုလည်း မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ လက်နက်ခဲယမ်းမီးကျောက် လုံလောက်စွာရရှိရေးကို အထူးအာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ ပိုမိုစွမ်းရည်မြှင့်တက်လာလေလေ ပြည်သူတို့ရဲ့  ဒုက္ခသုက္ခ တွေကို လျော့ပါးအောင် ကာကွယ်ပေးထားနိုင်လေလေ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


PRF - ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစုအစီအစဥ် စတင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ (၁၇) လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ (၁၀.၉၃) သန်း လက်ခံရရှိအသုံးပြုခဲ့ပြီး ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


 ရရှိလာသော ပြည်သူ့ထောက်ပို့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများ ထောက်ပံ့စားရိတ်အဖြစ် အမေရိကန်ဒေါ်လာ (.၀၃) သန်း အသုံးပြုခဲ့ပြီး PRF အစီအစဥ်၏ ထောက်ခံမှုဖြင့် အမေရိကန်ဒေါ်လာ (.) သန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဒေသကာကွယ်ရေး အဖွဲ့(LDF)များနှင့် စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်းများထံသို့ တိုက်ရိုက်ပေးပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်သြစတြေးလျနိူင်ငံ NUGကိုယ်စားလှယ်အပါအဝင် သြစတြေးလျနိူင်ငံ Perth(WA) မိသားစုများ ရင်းရင်းနှီးနှီး တွေ့ဆုံမည်


သြဂုတ်လ၁၈ရက်


"သြစတြေးလျရောက်မြန်မာပြည်သူများ တွေ့ချင်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေး ဝန်ကြီးဌာန နှင့်ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်NUG အစိုးရရဲ့ သြစတေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေအပါအဝင် Perth(WA) မိသားစုများသည် သြဂုတ်လ၂၇ရက် မနက်ပိုင်းမှာ ရင်းရင်းနှီးနှီးတွေ့ဆုံဖို့ Community meeting ကိုလာကြဖို့ ဖိတ်ခေါ်ပါရစေ"လို့ပွဲစီစဥ်သူတို့ကအသိပေးကြေညာထားပါတယ်။


ဒါ့အပြင်တက်ရောက်လာတဲ့ မြန်မာမိသားစုများကို အုန်းနို့ခေါက်ဆွဲနှင့် မြန်မာမုန့်တွေစားဖို့ စီစဥ်ထားတယ်လို့လည်း ဆိုပါတယ်။


========================


📌📌 ၃။ ကရင်နီပြည် ထီးသော်ကူးကျေးရွာရှိ ဘုရားရှိခိုးကျောင်းအား စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဘုရားကျောင်းအဆောက်အဦနဲ့ ဘုရားကျောင်းဝန်းအတွင်းရှိ အခြားအဆောက်အဦများထိခိုက်ပျက်စီးခဲ့


သြဂုတ်လ (၁၈)ရက်


"ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာရှိ ဘုရားရှိခိုးကျောင်းအား သြဂုတ်လ (၁၂) ရက်နေ့ ()နာရီအချိန်ခန့်တွင် စစ်ကောင်စီမှ တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပြီး တိုက်ပွဲပြန်လည်ငြိမ်သက်ချိန်တွင် စစ်ကောင်စီမှ တိုက်လေယာဥ်တစ်စီးဖြင့် တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော ကျေးရွာတွင်းရှိ "သနားခြင်းမယ်တော် " ဘုရားကျောင်းအား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်"လို့ သြဂုတ်လ၁၈ရက်မှာ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ အသိပေးဆိုပါတယ်။


ဗုံးဒဏ်ကြောင့် ဘုရားကျောင်းအဆောက်အဦအပြင် ဘုရားကျာင်းဝန်းအတွင်းရှိ အခြားအဆောက်အဦများ ခြံစည်းရိုးအုတ်တံတိုင်းများ ထိခိုက်ပျက်ဆီးခဲ့ရပါတယ်။


 ထို့အပြင်ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ်ရင်းများနှင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များအကြား သြဂုတ်လ ()ရက်နေ့မှစ၍  (၁၄) ရက်နေ့ထိ ထွေလီဗီလာကျေးရွာ ငွေတောင်ရွာသစ်ကျေးရွာ ကဒါးလားကျေးရွာ ထီးသော်ကူး ကျေးရွာများ တစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၄။ အမှတ်() စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း တိုက်ပွဲပေါင်း (၄၃၉) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၀၀) သေဆုံး


သြဂုတ်လ၁၈ရက်


သြဂုတ်လ၁၈ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနအမှတ်() စစ်ဒေသမှ စစ်ရေးသတင်းကို ထုတ်ပြန်ခဲ့ပါတယ်။


အမှတ်() စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း တိုက်ပွဲပေါင်း (၄၃၉) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၀၀) သေဆုံး၍ (၅၇၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။


ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် (၂၆) ဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး (၅၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရန်သူ့ထံမှ လက်နက်မျိုးစုံ (၂၆)လက်အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ပါတယ်။


တိုက်ပွဲများကို အမှတ်() စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၅။ ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲချမှတ်ခံခဲ့ရသည့် နိူင်ငံရေးအကျဥ်းသားများကို စစ်အုပ်စုက သေဒဏ်အသီးသီး ထပ်မံချမှတ်ခဲ့


သြဂုတ်လ၁၈ရက်


သြဂုတ်လ၁၇ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPPမှ အခုလိုအသိပေးဆိုထားပါတယ်။


"မတရားသဖြင့် သေဒဏ်ချမှတ်ခံထားရသူ (၁၉) ဦးမှာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲချမှတ်ခံခဲ့ရသည်ကို အတည်ပြုနိုင်ခဲ့ပါတယ်။ သို့ရာတွင် ၎င်း (၁၉) ဦးအနက်မှ () ဦးကို ကျန်ရှိသော ပုဒ်မများဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် သေဒဏ်အသီးသီး ထပ်မံချမှတ်ခဲ့ကြောင်း သိရှိရတယ်"လို့ဆိုပါတယ်။


ထို့ကြောင့် ဩဂုတ်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၉၈) ဦး ရှိပြီဖြစ်ကာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင်  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၁) ဦး ရှိပြီဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


📌📌 ၆။ ဆက်လက်ပြီး မြန်မာ့ဆန်တင်ပို့မှု နှစ်လဆက်တိုက်ကျဆင်းလာပြီး ကာလတူတင်ပို့မှုထက် တန်ချိန် လေးသိန်းကျော်လျော့နည်းနေတဲ့သတင်းကို မကြေးမုံက ပေးပို့ထားပါတယ်။


ပြည်ပကိုတင်ပို့ရောင်းချနေတဲ့ မြန်မာ့ဆန်နဲ့ဆန်ကွဲတင်ပို့မှုဟာ တစ်ဖြည်းဖြည်းကျဆင်းလာပြီး ဒီနှစ်တင်ပို့မှုက မနှစ်ကကာလတူတင်ပို့မှုထက် တန်ချိန်လေးသိန်းလောက်လျော့ နည်းလာပါတယ်။ ၂၀၂၂ ရဲ့ ဇန်နဝါရီလမှ ဇူလိုင်လအထိ တင်ပို့မှုက စုစုပေါင်းတန်ချိန် ၁၃၅၀၆၂၀ တန်တင်ပို့နိုင်ခဲ့ပေမယ့် အခုနှစ်မှာတော့ ၉၄၁၁၆၁ တန်ကိုသာတင်ပို့နိုင်ခဲ့ တာဖြစ်ပါတယ်။ 


စစ်တပ်က ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဓာတ်မြေသြဇာဈေး အပါအဝင်စိုက်ပျိုး ရေးသွင်းအားစုများအဆမတန်ဈေးမြင့်လာတာ၊ အကြမ်းဖက်မှု တွေ ကြောင့်စိုက်ပျိုးဧကလျော့ကျလာတာ၊  စစ်တပ်ကကုန်သည်လုပ်ငန်း လုပ်ကိုင်သူ တွေရဲ့ နိုင်ငံခြားပို့ကုန် ရငွေတွေကို တန်ဖိုးအတိုင်းခံစားခွင့်မပေးပဲ ရာခိုင်နှုန်းခွဲပြီး ကန့်သတ် ဈေးနှုန်းနဲ့ လက်ဝါးကြီးအုပ်ခြယ်လှယ်လာတာက လွတ်လပ်စွာကုန်သွယ်ရောင်းဝယ်မှုကို ထိခိုက်စေခဲ့ပါတယ်။ အထူးသဖြင့် မူဆယ်နယ်စပ်ကနေ ဆန်တင်ပို့တဲ့လုပ်ငန်းတွေ ထိခိုက်ခဲ့ရပြီး တစ်လကို တန်ချိန်၈သောင်းလောက်အများဆုံးတင်ပို့ရာကနေ တန်ချိန် ၂၇၀ အထိကျဆင်းသွားခဲ့ပါတယ်။ 


၂၀၂၃ခုနှစ် နှစ်စပိုင်းကစပြီး ဆန်တင်ပို့မှုမှာ တန်ချိန် နှစ်သိန်းခုနှစ်သောင်းနီးပါးရှိခဲ့ပြီး နောက် တစ်ချိန် ၂သိန်းနီးပါး၊ တန်ချိန် တစ်သိန်းခြောက်သောင်းကနေ တန်ချိန် ရှစ် သောင်း၊ တန်ချိန် ခြောက်သောင်းနဲ့ ငါးသောင်းအထိ လအလိုက် တစ်ဖြည်းဖြည်းလျော့ နယ်းလာတာဖြစ်ပါတယ်။ 


လက်ရှိမှာတော့ မြန်မာနိုင်ငံဆန်ပါးအသင်းချုပ်က ပြည်ပဆန် တင်ပို့မှုဆိုးဆိုး ရွားရွားကျဆင်း မလာအောင် လက်ကျန်ဆန်စပါးစာရင်းကောက်ယူတာတွေကို ဥပဒေပြဌာန်း ဆောင်ရွက်နိုင်အောင်တွန်းအားပေးနေတာကိုတွေ့ရပါတယ်။ စစ်ကောင်စီကတော့ တန်ချိန် ၃သန်းလောက်တင်ပို့လာတဲ့ မြန်မာ့ဆန်ပြည်ပတင်ပို့တဲ့လုပ်ငန်းကို ဖွံ့ဖြိုးအောင်ဆောင်ရွက်နိုင်တာမရှိပဲ စိုက်ပျိုးစီးပွားဖွံ့ဖြိုးဖို့ထက် ရေရှည်မှာ လယ်သမား အကျိုးမရှိတဲ့ ပြည်တွင်းဆန်ဖူလုံဖို့ကိုပဲ ဦးတည်ပြောဆိုနေတာတွေကို တွေ့မြင်ရပါ တယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment