1st SEP 2023 - Morning Daily News by Radio NUG


၂၀၂၃ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပိုမိုများပြားနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ နွေဦးတော်လှန်ရေးမှာ အဓိကကျတဲ့အင်အားကတော့ စုပေါင်းခေါင်းဆောင်မှုပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြော

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စု ဝန်ကြီးဦးစိုးသူရထွန်းတက်ရောက်

📌 ၄။ စစ်တပ်က အင်အားပြုန်းတီးမှုအနေနဲ့ ပြုန်း ပြုန်းနဲ့ ရင်ဆိုင်နေရ

📌 ၅။နွေဦးဖွံဖြိုးရေးဘဏ် ဘဏ်အကောင့် ဖွင့်ရန် စာရင်းပေးထားသူ စုစုပေါင်း (၃၀,၀၀၀) အထိရှိလာ

📌 ၆။ ဒီမော့ဆိုမြို့နယ်ဒေသခံများနေထိုင်ရာကျေးရွာတစ်ရွာနှင့် အရပ်သားစစ်ရှောင်များနေထိုင်ရာနေရာ စစ်ရှောင်စခန်းတစ်ခုတို့အား  စကစကတိုက်လေယာဥ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ရာ အရပ်သားတစ်ဦး သေဆုံး၍ ()ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိ

📌 ၇။ ဖရူဆို ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံတပ်များနှင့် သြဂုတ်လ တစ်လတာ ထိတွေ့တိုက်ပွဲများမှာ အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်ရင်းမှူး၊ ဒုရင်းမှူးများ အပါဝင် (၇၀)ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

📌 ၈။ ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတို့မှာ လူပေါင်း ၅၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပိုမိုများပြားနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


သြဂုတ်လ၃၁ရက်

သြဂုတ်လ၃၁ရက်မှာ ပြုလုပ်တဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၅/၂၀၂၃)ကျင်းပရာမှာ ဝန်ကြီးချုပ်က အခုလိုဆိုပါတယ်။


"တော်လှန်ရေးအစိုးရဖြစ်၍ စနစ်တစ်ခုကို ဖြိုဖျက်ဖို့ ကြိုးစားကြရာ တစ်ချိန်တည်းမှာပင် နောက်လာမည့် နိုင်ငံတော်သစ်အတွက် ပြည်သူများ လိုလားသည့် စနစ်တစ်ခုကို လူသားအရင်းအမြစ်နည်းနည်းနှင့် ဘဏ္ဍာငွေအရင်းအမြစ်နည်းနည်းဖြင့် တက်ညီလက်လက်ညီ အကောင်အထည်ဖော်နေကြသည့်အချိန်ဖြစ်ကြောင်း၊ ကြားကာလအုပ်ချုပ်ရေးဖော်ဆောင်နေကြသည့် မြို့နယ်များတွင် ဒေသတွင်းမှ ကောက်ခံ၍ ရရှိသည့် အခွန်ငွေပေါ်မူတည်ပြီး လက်ရှိအချိန်ထိ စစ်ရေးနှင့် ဝန်ဆောင်မှုပေးသည့် ကဏ္ဍများအတွက် အဓိကသုံးစွဲနေကြသည်ဖြစ်ကြောင်း၊ နယ်မြေတာဝန်ရှိသူများနှင့် ဝန်ကြီးဌာနတာဝန်ရှိသူများ ပေါင်းစုပြီး နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပိုမိုများပြားနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်"ဝန်ကြီးချုပ်က ဆိုပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးမှာ အဓိကကျတဲ့အင်အားကတော့ စုပေါင်းခေါင်းဆောင်မှုပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြော


သြဂုတ်လ၃၁ရက်

နွေဦးတော်လှန်ရေးမှာ အဓိကကျတဲ့ အင်အားကတော့ စုပေါင်းခေါင်းဆောင်မှုပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကပြောပါတယ်။


သြဂုတ်လ၃၁ရက်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတင်းလွှာအတွဲ () အမှတ် () ပြည်ထောင်စုဝန်ကြီး စကားသံမှာ ဆိုထားပါတယ်။


"ဒီတော်လှန်ရေးမှာ အဓိကကျတဲ့ အင်အားကတော့ စုပေါင်းခေါင်းဆောင်မှုပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရဆိုတာ ခေါင်းဆောင်ကြီးမျက်နှာမရှိဘူး။ မူဝါဒ၊ ပေါ်လစီ၊ ဥပဒေ၊လုပ်ထုံးလုပ်နည်းတွေအပေါ်မှာ ဘက်ပေါင်းစုံ၊ ပညာရှင်ပေါင်းစုံက စုပေါင်းဆွေးနွေး ဆုံးဖြတ်ချက်ချတဲ့အပေါ်မှာသာ အဓိကအလုပ်လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် စုပေါင်းခေါင်းဆောင်မှု အားကောင်းတဲ့အစိုးရတိုင်းမှာ လူတစ်ဦးတစ်ယောက်တည်းရဲ့ မျက်နှာကြည့်နေရတာမျိုးမဟုတ်ဘဲ ခိုင်မာတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ လုပ်ထုံးလုပ်နည်းအတိုင်း အလုပ်လုပ်ရတာဖြစ်ပါတယ်။ အားလုံးပါဝင်မှုလမ်းကြောင်းဟာ စိတ်ရှည်ရတာကလွဲပြီး အမှားနည်းတတ်တာကြောင့် အောင်မြင်မှုမလွဲမသေရရှိမှာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကိုချန်လှပ်မထားဘဲ နိုင်ငံရေး၊ စစ်ရေးများကိုအတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိပြီးတော့ ဖက်ဒရယ်ချာတာအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စု ဝန်ကြီးဦးစိုးသူရထွန်းတက်ရောက်


ဩဂုတ်လ ၃၁   ရက်

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(/၂၀၂၃)ကို သြဂုတ်လ၃၁ရက် ကျင်းပခဲ့ပြီး ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းတက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည့်လုပ်ငန်းများအား မှာကြားဆောင်ရွက်ခဲ့ပြီး၊ တက်ရောက်လာသော ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီးနောက်  ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊အထွေထွေအတွင်းရေးမှူး-၁၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူးမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ စစ်တပ်က အင်အားပြုန်းတီးမှုအနေနဲ့ ပြုန်း ပြုန်းနဲ့ ရင်ဆိုင်နေရ


သြဂုတ်လ၃၁ရက်

စစ်တပ်က အင်အားပြုန်းတီးမှုအနေနဲ့ ပြုန်း ပြုန်းနဲ့ရင်ဆိုင်နေရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက တွေ့မေးမြန်းခန်းတစ်ခုမှာ ပြောပါတယ်။


"စစ်တပ်က အင်အားပြုန်းတီးမှု အနေနဲ့ ဘာရှိလဲဆိုတော့ ပြုန်း ပြုန်းထဲက အရှေ့တန်းမှာ ကျတာရှိတယ်၊ ဒဏ်ရာရတာရှိမယ်၊ ထွက်ပြေးတာတွေရှိတယ်၊ အင်အားပြုန်းတီးမှုတွေက အင်မတန်များနေတဲ့အတွက် အခု နှစ်ခွဲကျော် ကာလမှာဆိုရင် စစ်တပ် အင်အား ပြုန်းတီးမှုက သောင်းခွဲ ကျော်ကျော်ကို ရှိနေတယ်လို့ ကျွန်တော်တို့ စာရင်းဇယားအရ သိရပါတယ်၊ စစ်တပ်က အင်အား ပြုန်းတီးမှု များလာတယ်၊ အသစ်စုဆောင်းလို့လည်း အင်မတန် အခက်အခဲရှိတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စကစတပ်များ ပြည်သူ့ဘက်သို့ ကူးပြောင်းမှုတစ်သောင်းကျော်ရှိပြီး နှစ်နှစ်တာကာလအတွင်း တိုက်ပွဲတွင် သေဆုံးသူ သုံးသောင်းကျော်ရှိနေပါတယ်။


========================


📌📌 ၅။နွေဦးဖွံဖြိုးရေးဘဏ် ဘဏ်အကောင့် ဖွင့်ရန် စာရင်းပေးထားသူ စုစုပေါင်း (၃၀,၀၀၀) အထိရှိလာ


သြဂုတ်လ၃၁ရက်

"နွေဦးဖွံဖြိုးရေးဘဏ် ဘဏ်အကောင့် ဖွင့်ရန် စာရင်းပေးထားသူ စုစုပေါင်း (၃၀,၀၀၀) အထိရှိလာတယ်လို့ သြဂုတ်လ၃၁ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်က အသိပေးကြေညာပါတယ်။


"နွေဦးဘဏ်သည် လုံခြုံလွတ်လပ်ခြင်းကို ယုံကြည်သော မိဘပြည်သူများ၏ ကောင်းကျိုးစီးပွားကို အစဉ်တန်ဖိုးထား အလေးပေးလျက် ရှိပါတယ်။ မိဘပြည်သူများ၏ သဘောထားနှင့် အသံများကို အစဉ်မပြတ် နားစွင့်ကာ အကောင်းဆုံးဖြစ်မည့် အရာများကိုသာ ဦးစားပေး ဆောင်ရွက်လျက် ရှိပါတယ်။ Private Beta စမ်းသပ်ကာလ စတင် ထုတ်လွှင့်သည့်ရက်မှ ယနေ့အထိ ဘဏ်အကောင့်ဖွင့်ရန် စာရင်းပေးထားသူ စုစုပေါင်း (၃၀,၀၀၀) အထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။ စာရင်းပေးခဲ့သော ရက်စွဲအလိုက် အမှတ်စဥ်များအတိုင်း အချက်အလက် ပြည့်စုံမှုများကို မူတည်ပြီး Account Activation Email များကို နေ့စဥ် အရေအတွက် ၅၀၀ နှုန်း နှင့် တိုးချဲ့ပေးလျက်ရှိပါတယ်"လို့ဆိုပါတယ်။


နွေဦးဘဏ်တွင် စာရင်းသေအပ်ငွေ ဝန်ဆောင်မှုအတွက် () လ၊ () လ၊ () လ၊ () နှစ်  ကာလအမျိုးအစား () မျိုးရှိကာ

မြန်မာကျပ် အမေရိကန် ဒေါ်လာ၊ စင်္ကာပူဒေါ်လာနှင့် ထိုင်းဘတ်ငွေများ ရွေးချယ်ပြီး နှစ်စဉ် အမြင့်ဆုံး ၁၁% အထိရှိသော အတိုးနှုန်း အစီအစဉ်များနဲ့ ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်အပ်နှံ နိုင်ပါတယ်။ 


========================


📌📌 ၆။ ဒီမော့ဆိုမြို့နယ်ဒေသခံများနေထိုင်ရာကျေးရွာတစ်ရွာနှင့် အရပ်သားစစ်ရှောင်များနေထိုင်ရာနေရာ စစ်ရှောင်စခန်းတစ်ခုတို့အား  စကစကတိုက်လေယာဥ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ရာ အရပ်သားတစ်ဦး သေဆုံး၍ ()ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိ


သြဂုတ်လ၃၁ရက်

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေသခံများနေထိုင်ရာကျေးရွာတစ်ရွာနှင့် အရပ်သားစစ်ရှောင်များနေထိုင်ရာနေရာ စစ်ရှောင်စခန်းတစ်ခုတို့အား စစ်ကောင်စီမှ သြဂုတ်လ (၃၁)ရက်နေ့ နံနက်ပိုင်းအချိန်တွင် တိုက်လေယာဥ်များဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့တယ်လို့ KNDFက ဆိုပါတယ်။


ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ဒေသခံအရပ်သားများနေထိုင်ရာ ကျေးရွာတစ်ခု အနီးသို့  နံနက် ()နာရီကျော်အချိန်မှစ၍ စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် ()ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိဘဲ နေအိမ် အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီးခဲ့ပါတယ်။


ထို့အတူ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ အရပ်သားစစ်ရှောင်များနေထိုင်ရာ စစ်ရှောင်စခန်းတစ်ခုရှိ နေအိမ်တဲအချို့နှင့် စာသင်ကျောင်းအား နံနက် ()နာရီခွဲကျော် အချိန်တွင် စစ်ကောင်စီမှ တိုက်လေယာဥ် ()စီးဖြင့်  ဗုံး () လုံးခန့်ကြဲချခဲ့၍ စာသင်ကျောင်းအနီး ရှိနေသည့် အရပ်သားတစ်ဦး သေဆုံး၍ ()ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ စာသင်ကျောင်းနှင့် နေအိမ်တဲ အချို့ ထိခိုက်ပျက်ဆီး ခဲ့တယ်လို့သတင်းရရှိပါတယ်။ 


========================


📌📌 ၇။ ဖရူဆို ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံတပ်များနှင့် သြဂုတ်လ တစ်လတာ ထိတွေ့တိုက်ပွဲများမှာ အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်ရင်းမှူး၊ ဒုရင်းမှူးများ အပါဝင် (၇၀)ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ


သြဂုတ်လ၃၁ရက်

သြဂုတ်လ၃၀ရက်မှာ ပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ နေပြည်တော် - ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က စစ်ရေးသတင်းကို အသိပေးပါတယ်။


"ဒီမော့ဆိုမြို့နယ်၊ ဖရူဆို ပြည်ထောင်စုလမ်းမကြီး အတိုင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံတပ်များနှင့် သြဂုတ်လ() ရက်နေ့ မှ ယနေ့ သြဂုတ်လ (၃၀)ရက်နေ့ အထိ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ တစ်လတာ တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်ရင်းမှူး၊ ဒုရင်းမှူးများ အပါဝင် (၇၀)ကျော် ကျဆုံးခဲ့ပြီး၊ လက်နက် ခဲယမ်း မီးကျောက်နှင့် အသုံးအဆောင်ပစ္စည်းအား သိမ်းဆည်းရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


စစ်ဆင်ရေးကို နေပြည်တော် - ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုင်းခရိုင်မြို့နယ်များမှ DMO Local PDF တပ်ရင်း() ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးအဖွဲ့တို့နှင့် မဟာမိတ်ပြု ပူးပေါင်း၍ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ဉီးဆောင်မှုဖြင့် အကြမ်းဖက်စစ်တပ်အား အပြင်းအထန် တိုက်ခိုက်ခဲ့ကြပါတယ်။


အလားတူကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာကျေးရွာသို့ ဩဂုတ်လ ရက်နေ့မှစတင်၍ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်အား Battle Wings ၁၁၀၆ တပ်ရင်းနှင့် T2S2 နည်းပညာထုတ်လုပ်ရေးအဖွဲ့နှင့် မြေပြင်ပူပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်ခဲ့ပါတယ်။


အဆိုပါတိုက်ခိုက်မှုတွင် သြဂုတ်လ ရက်နေ့မှ ၂၅ရက်နေ့အတွင်း ဒရုန်းစစ်ဆင်ရေး (၂၀) ကြိမ်(ဗုံးသီး ၅၄ လုံး)ပြုလုပ်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ အရာရှိ ဦးအပါအဝင် ၃၀ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိရခဲ့ပါတယ်။


========================


📌📌 ၈။ ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတို့မှာ လူပေါင်း ၅၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရ


သြဂုတ်လ၃၁ရက်

ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတို့မှာ လူပေါင်း ၅၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ UN OCHA Myanmarက သြဂုတ်လ၃၁ရက်မှာ အသိပေးဖော်ပြပါတယ်။


"နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး အများအပြားမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ ထပ်မံဖြစ်ပေါ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း ဆက်လက်မြင့်တက်နေပါတယ်။ အစီရင်ခံစဥ်ကာလအတွင်းမှာ ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတို့မှာ လူပေါင်း ၅၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်"လို့ဖော်ပြထားပါတယ်။ 


တစ်ချိန်တည်းမှာပဲ ဇူလိုင်လနှောင်းပိုင်းက စတင်ခဲ့တဲ့ မုတ်သုံမိုးကြီးမှုနဲ့ ရေကြီးရေလျှံတာတွေကြောင့် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ လူပေါင်း ၈၀,၀၀၀ ခန့် ဘေးလွတ်ရာနေရာတွေဆီ ရွှေ့ပြောင်းခဲ့ရတယ်လို့ဆိုပါတယ်။


ဒါ့အပြင် ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ လယ်ဧက ၅၀,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့တာကြောင့် ခက်ခဲနေတဲ့ စားနပ်ရိက္ခာဖူလုံရေး အခြေအနေကို ပိုထိခိုက်စေတယ်လို့ အစီရင်ခံစာကဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment