24th AUG 2023 - Evening Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ် ထံလက်နက်၊ လေယာဉ်ဆီနှင့် ငွေကြေးစီးဆင်းမှုများအား အဓိကဖြတ်တောက်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆို

📌 ၂။ Justice For Myanmar အပါအဝင် ပြည်တွင်းနှင့်နိုင်ငံတကာရှိ အရပ်ဘက်အဖွဲ့အစည်း၂၀၀မှ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှနန်ထံ အိတ်ဖွင့်ပေးစာပေးပို့

📌 ၃။ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာတစ်ရွာအား စစ်ကောင်စီမှ Drop Bomb ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ကလေးငယ် ()ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့

📌 ၄။ စစ်ကောင်စီအတွက် လေယာဉ်ဆီ ဝယ်ယူမှုနဲ့ ဖြန့်ချိမှုတွေမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေကို အမေရိကန် အစိုးရမှ ပိတ်ဆို့အရေးယူ

📌 ၅။ ဆားလင်းကြီးမြို့နယ် တရုတ်ဝမ်ပေါင်တွင်းမှရဲတပ်သားတစ်ဦးသေနတ်နှစ်လက်နဲ့အတူ အလင်းဝင်ရောက်လာ

📌 ၆။ နှမ်းသိမ်းဖို့ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်း ရဲဘော်များကူညီရိတ်သိမ်းပေး

📌 ၇။ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ စားကုန်အပါအဝင်ကုန်စျေးနှုန်းများကြီးမြင့်နေကာ ကြက်ဥတစ်လုံးလျှင်ကျပ်တစ်ထောင်မှ ထောင့်ငါးရာအထိ ရောင်းချနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ် ထံလက်နက်၊ လေယာဉ်ဆီနှင့် ငွေကြေးစီးဆင်းမှုများအား အဓိကဖြတ်တောက်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆို


သြဂုတ်လ၂၄ရက်


ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအရေးကိစ္စနှင့်စပ်လျဉ်း၍ တံခါးပိတ်အစည်းအဝေး (Closed Meeting) ကျင်းပမှုအပြီးတွင် သတင်းမီဒီယာများသို့ သံအမတ်ကြီးဦးကျော်မိုးထွန်းမှ အခုလိုရှင်းလင်းပြောကြားခဲ့ပါတယ်။


"စစ်တပ်အနေဖြင့် ဂျက်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို အသုံးပြုကာ ပြည်သူများနေထိုင်ရာ နေရာဒေသများသို့ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို မဆင်မခြင်နှင့် အလွန်အမင်း ပြုလုပ်လျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ စစ်တပ်၏ လက်ဝယ်သို့ လက်နက်၊ လေယာဉ်ဆီနှင့် ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ရန် လိုအပ်သည်မှာ ထင်ရှားကြောင်း၊ မိမိအနေဖြင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအား မေးမြန်းလိုသည်မှာ မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် မည်ကဲ့သို့သော အခြေအနေ သို့မဟုတ် အကြောင်းအရာကို စောင့်ဆိုင်းနေသနည်း ဟု မေးမြန်းလိုကြောင်း"သံအမတ်ကြီးကပြောကြားခဲ့ပါတယ်။


အကြမ်းဖက်စစ်တပ်အနေဖြင့် မတရားစစ်အာဏာသိမ်းပြီးချိန်မှစတင်၍ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (၁၄၄) ကြိမ်ခန့် ကျူးလွန်ခဲ့ပြီး လူအယောက် (,၅၉၅) ဦးကို သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၂။ Justice For Myanmar အပါအဝင် ပြည်တွင်းနှင့်နိုင်ငံတကာရှိ အရပ်ဘက်အဖွဲ့အစည်း၂၀၀မှ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှနန်ထံ အိတ်ဖွင့်ပေးစာပေးပို့


သြဂုတ်လ၂၄ရက်


မြန်မာစစ်အုပ်စုက ပြည်သူလူထုအပေါ်   ဆက်လက်ကျူးလွန်နေဆဲ အကြမ်းဖက်လှုပ်ရှားမှုတွေမှာ အသုံးပြုနေတဲ့ လက်နက်တွေ၊ စစ်ဘက် -အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ ငွေကြေး ရန်ပုံငွေတွေကို အကြမ်းဖက်မြန်မာစစ်အုပ်စုက ရယူအသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ရေးအတွက် အဓိပ္ပာယ်ရှိပြီး ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အထူးသဖြင့် အချက် ချက်ပါ အိတ်ဖွင့်ပေးစာပေးပို့ပြီး တိုက်တွန်းတောင်းဆိုထားပါတယ်လို့ သြဂုတ်လ၂၃ရက်မှာ Blood Money - သွေးစွန်းငွေရဲ့ စုစည်းလှုပ်ရှားမှုကအသိပေးဆိုထားပါတယ်။


စင်ကာပူနိုင်ငံမှတဆင့် မြန်မာနိူင်ငံရှိစစ်တပ်ထံသို့ လက်နက်များ၊ စစ်ဘက် -အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းများနှင့် နည်းပညာများကို လွှဲပြောင်း ရောင်းချခြင်း၊ ဖြတ်သန်းသယ်ယူခြင်း၊ တင်ပို့ခြင်း သို့မဟုတ် ကြားခံအဖြစ် ဆောင်ရွက်ပေးခြင်းတို့တွင် ပါဝင်ပတ်သက်သော သို့မဟုတ် ထိုသို့ ဆောင်ရွက်နိုင်အောင် ပံ့ပိုးပေးနေသည့် စင်ကာပူအခြေစိုက် ကုမ္ပဏီများအား လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုများကို ပို၍မြန်ဆန်အလုပ်တွင်စေရန်နှင့် ပိုမိုဆောင်ရွက်ရန်အပါအဝင် မြန်မာစစ်တပ်သို့ လက်နက်များ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းများနှင့် နည်းပညာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းခြင်းကို တားဆီးရန် ပိတ်ဆို့အရေးယူမှုများ စတင်လုပ်ဆောင်ရန်တို့ကိုတောင်းဆိုထားပါတယ်။


========================


📌📌 ၃။ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာတစ်ရွာအား စစ်ကောင်စီမှ Drop Bomb ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ကလေးငယ် ()ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့


ဩဂုတ်လ (၂၄)ရက်


"ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်း ရှိ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာတစ်ရွာအား စစ်ကောင်စီ၏ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းဖက်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ သြဂုတ်လ (၂၃)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်"လို့ သြဂုတ်လ၂၄ရက်မှာ KNDFမှ ဖြစ်စဥ်ကိုအသိပေးဆိုပါတယ်။


စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာထဲရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးခဲ့ပြီး အသက် (၁၀)နှစ်အရွယ်၊()နှစ်အရွယ်နှင့် ()နှစ်အရွယ် ကလေးငယ် ()ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ကလေးငယ်တစ်ဦးမှာ အနည်းငယ် စိုးရိမ်ရသည့် အခြေအနေရှိခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီအတွက် လေယာဉ်ဆီ ဝယ်ယူမှုနဲ့ ဖြန့်ချိမှုတွေမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေကို အမေရိကန် အစိုးရမှ ပိတ်ဆို့အရေးယူ


သြဂုတ်လ၂၄


သြဂုတ်လ၂၃ရက်မှာ အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်မံချမှတ်ကြောင်းကြေညာခဲ့ပါတယ်။


စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းပေးနေတဲ့  (Shoon Energy) ကုမ္ပဏီနဲ့ ယင်းကုမ္ပဏီရဲ့ ပိုင်ရှင် ဒေါ်ခင်ဖြူဝင်းတို့အပြင် အမေရိကန်အစိုးရမှ အရင်ကတည်းက ပိတ်ဆို့အရေးယူမှု ချမှတ်ထားပြီးသား ဖြစ်တဲ့  (Asia Sun) ကုမ္ပဏီ အုပ်စုထဲက ကုမ္ပဏီ ယပေါင်း ၁၁ ခုရဲ့ပိုင်ရှင်ဖြစ်တဲ့ ဦဇော်မင်းထွန်းတို့ကို ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ ထပ်မံ ထည့်သွင်းလိုက်ကြောင်းဖော်ပြထားပါတယ်။


ဒါ့အပြင် ဒေါ်ခင်ဖြူဝင်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဆက်စပ်ပြီး ပိုင်ဆိုင်တဲ့ P.E.I Energy နဲ့ PEIA ကုမ္ပဏီတွေကိုလည်း ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။


"ယခုလို ပိတ်ဆို့အရေးယူမှုတွေ ထပ်တိုးလုပ်ဆောင်လိုက်ခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီအပေါ်  ဖိအား‌ပေးမှုကို ပိုမိုချဲ့ထွင်လိုက်တာဖြစ်ပြီး ဖိနှိပ်‌ခံနေရတဲ့ မြန်မာပြည်သူလူထုကိုကူညီပေးရာရောက်တယ်"လို့

အမေရိကန်နိင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သရူးမေလာက‌ဆိုထားပါတယ်။


သမ္မတ ဂျိုးဘိုင်ဒင်အုပ်ချုပ်ရေးသည် ၂၀၂၂ ခုနှစ် တစ်နှစ်လုံးတွင် လူ ၁၆ ဦးနှင့် အဖွဲ့အစည်း ခုနှင့် နှိုင်းယှဉ်ပါက ယခုနှစ်အထိ လူ ၁၀ ဦးနှင့် လုပ်ငန်း ၁၅ ခုဖြင့် ပိတ်ဆို့အရေးယူမှုများ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။


အိမ်ဖြူတော်သည် လူ ၈၅ ဦးနှင့် စစ်ကောင်စီနှင့် ဆက်နွှယ်နေသည့် စီးပွားရေးလုပ်ငန်း ၅၅ ခုကို ပိတ်ဆို့အရေးယူမှုဖြင့် တုံ့ပြန်ခဲ့ပါတယ်။


========================


📌📌 ၅။ ဆားလင်းကြီးမြို့နယ် တရုတ်ဝမ်ပေါင်တွင်းမှရဲတပ်သားတစ်ဦးသေနတ်နှစ်လက်နဲ့အတူ အလင်းဝင်ရောက်လာ


သြဂုတ်လ၂၄ရက်


"ယနေ့နံနက်အချိန်တွင် ဆားလင်းကြီးမြို့နယ်ဝမ်ပေါင်တွင်းမှ ရဲတပ်သားတစ်ဦး ဆားလင်းကြီးမြို့နယ်သမန်ကျားတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့ပါတယ်။ယထမအကြိမ်ထွက်ပြေးရကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပြီး ဒုတိယအကြိမ်မှ အောင်မြင်စွာCDMပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်ဟု အဆိုပါရဲတပ်သားက ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးကိုပြောပါတယ်"


ရဲတပ်သားသည် အူစီတစ်လက်၊G3တစ်လက်၊ကျဥ်ဘောက်တစ်ခု၊7.62 ကျဥ်10တောင့်၊9mmကျဥ်9တောင့်နှင့်အတူစကားပြောစက်တစ်လုံး ယူဆောင်လာကာ ဆားလင်းကြီးမြို့နယ် သမန်ကျားတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာခဲ့ပါတယ်။


========================


📌📌 ၆။ နှမ်းသိမ်းဖို့ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်း ရဲဘော်များကူညီရိတ်သိမ်းပေး


သြဂုတ်လ၂၄ရက်


"ပြည်သူနဲ့ ကျွန်တော်တို့ PDF တွေဟာ ရေနဲ့ငါးလိုပဲဆိုတော့ ရှေ့တန်းသွားသူကလဲသွား၊ နောက်တန်းကျန်သူကလဲ ပြည်သူနဲ့အတူပေါ့ဗျာ။နှမ်းသိမ်းဖို့ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ကျွန်တော်တို့ ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်း ရဲဘော်တွေက စွမ်းနိုင်သလောက် ကူညီဆောင်ရွက်ပေးနေကြတဲ့ မှတ်တမ်းပုံအချို့ကို မျှဝေလိုက်ပါတယ်"လို့သြဂုတ်လ၂၄ရက်မှာ ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်းကအသိပေးဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ ဒေသခံများအား စစ်ဘေးရှောင်နေရာများဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများအား ကူညီရိတ်သိမ်းပေးခြင်းတို့ဆောင်ရွက် ပေးလျက်ရှိတယ်။


========================


📌📌 ၇။ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ စားကုန်အပါအဝင်ကုန်စျေးနှုန်းများကြီးမြင့်နေကာ ကြက်ဥတစ်လုံးလျှင်ကျပ်တစ်ထောင်မှ ထောင့်ငါးရာအထိ ရောင်းချနေ


သြဂုတ်လ၂၄


ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ စားကုန်အပါအဝင်ကုန်စျေးနှုန်းများကြီးမြင့်နေကာ ကြက်ဥတစ်လုံးကျပ်တစ်ထောင်မှ ထောင့်ငါးရာအထိ ရောင်းချနေတယ်လို့ သြဂုတ်လအတွင်း ဒေသခံ သတင်းအရင်းအမြစ်များက ဖော်ပြထားပါတယ်။


ကုန်စျေးနှုန်းကြီးမြင့်ရခြင်းမှာ နှစ်ဖက်တိုက်ပွဲများအပါအဝင် ရာသီဥတုဆိုးရွားခဲ့မှုကြောင့် ကုန်စည်စီးဆင်းမှုနဲ့ကုန်ကားများ လာရောက်နိူင်ခြင်းမရှိသောကြောင့် ဖြစ်ကြောင်းလည်း ဆိုကြပါတယ်။


ကုန်စျေးနှုန်းတက်ရာမှာ ဆန်၊ဆီ၊ဆား၊ ငရုတ်၊ကြက်သွန်တို့မှာလည်း စျေးနှုန်းအလိုက်မြို့ပေါ်စျေးများနှင့်အဆမတန်ကွာခြားကာ ဒေသခံပြည်သူများမှာ စျေးကြီးပေးဝယ်နေရကြောင်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment