၂၀၂၃ သြဂုတ်လ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တီမောနိူင်ငံကို စစ်မှန်တဲ့မိတ်ဆွေအဖြစ် မြန်မာပြည်သူတွေကမှတ်ယူကြမှာဖြစ်တယ်လို့ NUGလူ့အခွင့်ရေးဝန်ကြီးပြောကြား
📌 ၂။ လူသားစာနာဝန်ကြီးဌာနမှ မဲဆောက်ရှိ နေရပ်စွန့်ခွာ ဒုက္ခသည် ရှစ်ရာ ကျော်အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ
📌 ၃။ NUGအစိုးရဟာစကစရဲ့ စစ်ရေးအကြမ်းဖက်မှုမှ လွတ်မြောက်လာသူများအား တရားမျှတမှု ပေးဆောင်ရန် ကတိပြုတယ်လို့ပြောကြား
📌 ၄။ ဒီမောဆို - ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်လျောက် စကစတပ်များနဲ့ တစ်လနီးပါးထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး လက်နက်ခဲယမ်းများ၊ဆေးဝါးနှင့် ရိက္ခာများ အရေးပေါ် လိုအပ်နေတယ်လို့ KNDFပြောကြား
📌 ၅။ စစ်ကောင်စီတပ်တွင်း အထက်အောက် ပစ်ခတ်သတ်ဖြတ်မှုများမြင့်တက်လာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တီမောနိူင်ငံကို စစ်မှန်တဲ့မိတ်ဆွေအဖြစ် မြန်မာပြည်သူတွေကမှတ်ယူကြမှာဖြစ်တယ်လို့ NUGလူ့အခွင့်ရေးဝန်ကြီးပြောကြား
သြဂုတ်လ၂၇ရက်
တီမောနိူင်ငံကို စစ်မှန်တဲ့မိတ်ဆွေအဖြစ် မြန်မာပြည်သူတွေကမှတ်ယူကြမှာဖြစ်တယ်လို့ NUGလူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းမှသြဂုတ်လ၂၇ရက်တွင် ၎င်း၏Twitterမှတစ်ဆင့် ဆိုထားပါတယ်။
"တီမောသံတမန်အား မြန်မာနိုင်ငံမှ နှင်ထုတ်ကြောင်း ကြေညာခဲ့ပါတယ်။တီမောနိူင်ငံကို ကျေးဇူးတင်ပါတယ်။ တီမောနိုင်ငံအနေနဲ့စည်းလုံးညီညွတ်မှုနှင့်အတူ မြန်မာပြည်သူတွေဟာ တီမောသံတမန်နှင့်တီမောလူမျိုးများကို စစ်မှန်တဲ့ မိတ်ဆွေတွေအဖြစ် မှတ်ယူကြပါတယ်"လို့ဆိုထားပါတယ်။
စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် တီမောသမ္မတကလည်းရှတ်ချခဲ့ပြီး မြန်မာပြည်အတွက် တီမောနိူင်ငံရပ်တည်ချက်ကို ဂုဏ်ယူတယ်လို့ဆိုထားပါတယ်။
အကြမ်းဖက် စစ်အုပ်စုက မြန်မာနိုင်ငံက တီမောသံဝန်ထမ်းတွေကို စက်တင်ဘာ ၁ ရက်နေ့နောက်ဆုံးထားပြီး ထွက်ခွာဖို့ကြေညာထားပါတယ်။
========================
📌📌 ၂။ လူသားစာနာဝန်ကြီးဌာနမှ မဲဆောက်ရှိ နေရပ်စွန့်ခွာ ဒုက္ခသည် ရှစ်ရာ ကျော်အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ
သြဂုတ်လ၂၇ရက်
လူသားစာနာဝန်ကြီးဌာနမှ ထိုင်းနိုင်ငံမဲဆောက်ရှိ နေရပ်စွန့်ခွာ ဒုက္ခသည် ရှစ်ရာကျော်အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီခဲ့တယ်လို့သြဂုတ်လ၂၇ရက်မှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက အတည်ပြုဆိုထားပါတယ်။
"ကျနော်တို့အနေနဲ့ကတော့ ပေါင်းစပ်ညှိနှိုင်းပေးတာပေါ့။တကယ်ပေးတာကတော့ လူသားစာနာဝန်ကြီးဌာနကပေးတာပါ"လို့ဝန်ကြီးကဆိုပါတယ်။
အဆိုပါ စားနပ်ရိက္ခာများကို လူသားစာနာဝန်ကြီးဌာနဟာ ပြည်တွင်း နဲ့ နိုင်ငံတကာက ပါဝင်တဲ့ Bond နဲ့ EOD စတဲ့ထောက်ပံ့ငွေများနဲ့
ကူညီပံ့ပိုးခြင်းဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၃။ NUGအစိုးရဟာစကစရဲ့ စစ်ရေးအကြမ်းဖက်မှုမှ လွတ်မြောက်လာသူများအား တရားမျှတမှု ပေးဆောင်ရန် ကတိပြုတယ်လို့ပြောကြား
သြဂုတ်လ၂၅ရက်တွင်ကျင်းပခဲ့တဲ့"ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ခြောက်နှစ်ပြည့် အထိမ်းအမှတ်နေ့ကို ကနေဒါနိုင်ငံ rohingyacentreမှာ ကျင်းပပြုလုပ်ခဲ့ရာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတက်ရောက်ခဲ့ပါတယ်။
"ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ခြောက်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ rohingyacentre မှာ မိန့်ခွန်းပြောခွင့်ရခဲ့တာ ဂုဏ်ယူမိပါတယ်။ ဒီပြစ်မှုတွေကို အဆုံးသတ်ရမယ်။ မြန်မာပြည်တွင် စစ်အုပ်ချုပ်ရေး ချုပ်ငြိမ်းရမယ်"လို့ ဦးကျော်ဇော်မှ
ဒါ့အပြင် NUGအစိုးရဟာစကစရဲ့ စစ်ရေးအကြမ်းဖက်မှုမှ လွတ်မြောက်လာသူများအား တရားမျှတမှု ပေးဆောင်ရန် ကတိပြုပါတယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ ဒီမောဆို - ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်လျောက် စကစတပ်များနဲ့ တစ်လနီးပါးထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး လက်နက်ခဲယမ်းများ၊ဆေးဝါးနှင့် ရိက္ခာများ အရေးပေါ် လိုအပ်နေတယ်လို့ KNDFပြောကြား
သြဂုတ်လ၂၇
သြဂုတ်လ၂၇ရက်မှာ စစ်ရေးအခြေအနေကို KNDF B04က အခုလိုအသိပေးဆိုထားပါတယ်။
မိမိတို့တပ်ရင်းလှုပ်ရှားနယ်မြေဖြစ်သော ဒီမောဆို - ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်လျောက်တွေ သြဂုတ်လ(၂)ရက်နေ့မှစ၍ စစ်ကောင်စီတပ်နှင့် မိမိတို့ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပါတယ်။ စစ်ကောင်စီတပ်များမှ အင်အားအလုံးအရင်း၊ လက်နက်ကြီးပစ်ကူ ၊လေကြောင်းပစ်ကူများဖြစ် ထိုးစစ်ဆင်လျက်ရှိရာ ( ၁ )လနီးပါ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ရက်ရှည်ခုခံမူများနင့် တန်ပြန်ထိုးစစ်များလုပ်ဆောင်နိင်ရန်အတွက် လက်နက်ခဲယမ်းများ၊ဆေးဝါးနှင့် ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိပါတယ်"လို့ဆိုပါတယ်။
ပြည်တွင်းပြည်ပမှမိဘပြည်သူများအား ပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားပြီးပါဝင်အင်အားဖြည့်လိုပါက တပ်ရင်းpageထံလာရောက်မေးမြန်လှူဒါန်းနိုင်တယ်လို့အသိပေးဆိုထားပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီတပ်တွင်း အထက်အောက် ပစ်ခတ်သတ်ဖြတ်မှုများမြင့်တက်လာ
သြဂုတ်လ၂၇ရက်
သြဂုတ်လ၂၆ရက်မှာ ပြည်သူ့ပန်းတိုင်မှ အခုလို အသိပေးဖော်ပြပါတယ်။
ခမရ (၅၅၃) မှ တပ်ခွဲမှူးအရာရှိ ဗိုလ်ကြီးတင်မင်းထွဋ် (စတသ-၅၅) သည် ရှေ့တန်းနယ်မြေလုံခြုံရေးအတွင်း သစ်မှောင်ခိုလုပ်ငန်းများထံမှ တောင်းခံရရှိတဲ့ တရားမဝင်ငွေကြေးများအား လက်အောက် အရာရှိ/စစ်သည်များကို ခွဲဝေပေးခြင်းမရှိဘဲ တစ်ဦးတည်း အပိုင်စီးရယူခဲ့ပါတယ်။ ဗိုလ်ကြီးတင်မင်းထွဋ် သည် နယ်မြေလုံခြုံရေးကနေ တပ်ရင်းသို့ပြန်ရောက်စဉ် သစ်မှောင်ခိုပိုက်ဆံများ ခိုးယူခံခဲ့ရသဖြင့် တပ်ရင်းရှိစစ်သည်များအား စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ၎င်း၏လက်အောက်မှ တပ်စိတ်မှူးဖြစ်သူ တပ်ကြပ်မင်းမင်းစိုးအား ခိုးယူသည်ဟု သံသယဖြင့် ကန်ကျောက်ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ထိုသို့ အပြင်းအထန် ရိုက်နှက်နှိပ်စက်ခံခဲ့ရသည့် တပ်ကြပ်မင်းမင်းစိုးသည် အထက်ဌာနများသို့ အဆင့်ဆင့်တိုင်ကြားခဲ့ပေမယ့် တရားမဝင်မှောင်ခိုငွေကိစ္စများတွင် ပါဝင်ပတ်သက်နေသည့် တပ်ရင်းမှူးနှင့် အထက်အရာရှိများမှ အရေးယူဆောင်ရွက်ပေးခြင်းမရှိဘဲ ညှိနှိုင်းကျေအေးပေးရန် ဖိအားပေးလုပ်ဆောင်ခဲ့ခြင်းဖြင့်သာ ပြီးဆုံးခဲ့ရသည်ဟု သိရှိရပါတယ်လို့ဖော်ပြပါတယ်။
ထို့အပြင် ဇူလိုင်လ (၁၀)ရက်နေ့က ရှေ့တန်းတပ်စခန်းမှာ လုံခြုံရေးတာဝန်ကျနေတဲ့ တပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်မှုကြောင့် တပ်သား (၁) ဦး ေ သဆုံးခဲ့ပါတယ်။ ခမရ (၅၅၃) ရှေ့တန်းတပ်စခန်းမှ တပ်သားများသည် မူးယစ်သောက်စားပြီးနောက် တပ်သားချမ်းအောင်သည် ၎င်းကိုင်ဆောင်ထားသည့် သေနတ်ဖြင့် တပ်သားဇော်လွင်အား ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။
အလားတူ ဩဂုတ်လ (၁၁) ရက်နေ့ကလည်း ပဲခူးတိုင်း တပ်မ(၆၆) လက်အောက်ခံ ခမရ(၆) တပ်ရင်းတွင် နောက်တန်းလုံခြုံရေး အချိန်ပြည့် အနားမရဘဲလုပ်ဆောင်နေရကြောင့် တပ်သားတစ်ယောက်က သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် တပ်ခွဲမှူး ဗိုလ်ကြီးအောင်မျိုးသူ သေဆုံးခဲ့ပါတယ်။
ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း ပြင်ဦးလွင် အီလက်ထရောနစ်ဆက်သွယ်ရေးကျောင်းမှာ ကင်းသားစစ်သည်က အထက်အောက်ဖိနှိပ်မှုတွေကို သည်းမခံနိုင်တာကြောင့် ဒုကျောင်းအုပ်ကြီးဖြစ်သူ ဒုဗိုလ်မှူးကြီးကျော်သူစိုးအား ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။
တပ်ပျက်နေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ရေးရှုံးနိမ့် အကျအဆုံးများလာတာ၊ တပ်တွင်းဖိနှိပ်အနိုင်ကျင့်တာ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရတာ စတဲ့ တပ်တွင်းအထွေထွေမကျေနပ်မှုများကြောင့် အချင်းချင်းပစ်ခတ်သ၊တ်ဖြတ်မှုတွေ တိုးမြင့်လာနေတယ်လို့ ပြည်သူ့ပန်းတိုင်ကဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment