31st AUG 2023 - Morning Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ () နှစ်ကျော်ကာလအတွင်း တိုးတက်မှုအနည်းငယ်သာရှိသော်လည်း အာဆီယံ ဘုံသဘောတူညီချက် () ရပ်အား အာဆီယံ၏ တည်ဆဲအကိုးအကားအဖြစ် အသိအမှတ်ပြုကြောင်း CRPHထုတ်ပြန်

📌 ၂။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌလာအိုနိုင်ငံတာဝန်ယူသည့်တိုင်အောင် မြန်မာ့အရေးအခင်းအကျင်း၊ တိုးတက်မှုတွေကို အသစ်ကပြန်မစစေချင်ဘူးလို့ဆို

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်

📌 ၄။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ပဉ္စမအကြိမ် တွေဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

📌 ၅။ စစ်အုပ်စုက လူအများအပြားကို ဖမ်းဆီးထားပြီး စစ်ကြောရေးစခန်းများတွင် စစ်ဆေးမေးမြန်းလျက်ရှိသည်ဆိုသည့် ပေးပို့ချက်များကို IIMMယန္တရားမှ လက်ခံရရှိထားတယ်လို့အသိပေး

📌 ၆။ နွေဦးဘဏ် ၀က်ဘ် အပလီကေးရှင်းမှ တဆင့် ကိုယ်ပိုင်ဘဏ်အကောင့် (Personal Account) ဖွင့်ဖို့ စာရင်းပေးထားနိုင်

📌 ၇။တူယှဉ်ကာတိုက်ဖို့ ကျည်ကာဆင်ပြီး ကာကွယ်စို့ကမ်ပိန်းတွင် NUG Payနှင့်အတူ ပြည်သူများပါဝင်ထောက်ပို့လှူဒါန်းနိူင်

📌 ၈။ ထန်တလန်မြို့စစ်ဆင်ရေး စကစတပ်က ၃၀ ကျော် သေပြီး ၅၀ ကျော် ဒဏ်ရာရကာ စကစတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတစ်ချို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များ သိမ်းဆည်းရမိ

📌 ၉။ ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းမှ ပြည်သူပိုင်သစ်များကို မတရားခိုးထုတ်နေသော စစ်ကောင်စီတပ်မှ ရှေ့ပြေးကင်းထောက် အဖွဲ့နှင့် ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကာ အကြမ်းဖက်စကစတပ်ဘက်မှ ၇ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ () နှစ်ကျော်ကာလအတွင်း တိုးတက်မှုအနည်းငယ်သာရှိသော်လည်း အာဆီယံ ဘုံသဘောတူညီချက် () ရပ်အား အာဆီယံ၏ တည်ဆဲအကိုးအကားအဖြစ် အသိအမှတ်ပြုကြောင်း CRPHထုတ်ပြန်


သြဂုတ်လ၃၀ရက်

သြဂုတ်လ၃၀ရက်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပခဲ့သည့် (၄၄) ကြိမ်မြောက် အာဆီယံလွှတ်တော်များ ညီလာခံနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဖော်ပြပါတယ်။


 () နှစ်ကျော်ကာလအတွင်း တိုးတက်မှုအနည်းငယ်သာရှိသော်လည်း အာဆီယံ ဘုံသဘောတူညီချက် () ရပ်အား အာဆီယံ၏ တည်ဆဲအကိုးအကားအဖြစ် ကျွန်ုပ်တို့အသိအမှတ်ပြုသကဲ့သို့ အာဏာသိမ်းစစ်တပ်က ပူးပေါင်းဆောင်ရွက်မှုမရှိသော်လည်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌများ၏ ကြိုးပမ်းအားထုတ်မှုအားလုံးကို အသိအမှတ်ပြုပါတယ်လို့ဖော်ပြပါတယ်။


အာဆီယံဘုံသဘောတူညီချက် ()ရပ်အား အချိန်မီ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန်၊ သက်ဆိုင်ရာအစိုးရများသို့ တိုက်တွန်းပေးရန် AIPA အဖွဲ့ဝင်လွှတ်တော်များအားလုံးကို တောင်းဆိုပါတယ်လို့ ဆိုပါတယ်။


အာဆီယံအနေဖြင့်များစွာသော စိန်ခေါ်မှုများကို ကြုံတွေ့နေရချိန်တွင် အာဆီယံရှိ လွှတ်တော်ကိုယ်စားလှယ်များသည် အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိမှုကို ကျွန်ုပ်တို့ အသိအမှတ်ပြုပြီး အာဆီယံရှိ ပြည်သူအားလုံးအတွက် AIPA ကို ဖွဲ့စည်းတည်ထောင်ထားသည့်နည်းတူ ကျွန်ုပ်တို့ဒေသတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးရန် AIPA သည် ကျွန်ုပ်တို့၏ စုပေါင်းရပ်ဝန်းဖြစ်သည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါတယ်လို့ဆိုပါတယ်။  


သို့သော် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ ခိုင်မာစေရန် အကောင်အထည်ဖော်ဆောင်ရွက်မှုများ ပိုမိုလိုအပ်လျက်ရှိပြီး အဖွဲ့ဝင်လွှတ်တော်များအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် ကူညီဖြေရှင်းသွားရမှာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၂။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌလာအိုနိုင်ငံတာဝန်ယူသည့်တိုင်အောင် မြန်မာ့အရေးအခင်းအကျင်း၊ တိုးတက်မှုတွေကို အသစ်ကပြန်မစစေချင်ဘူးလို့ဆို


သြဂုတ်လ၃၀ရက်

သြဂုတ်လ၂၉ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရှေ့လုပ်ငန်းစဉ်များနဲ့ ပက်သက်သော  သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလို ပြောကြားပါတယ်။


" လာအို Chairmanshipအာဆီယံ (အလှည့်ကျဥက္ကဋ္ဌသစ်)​ ပြောင်းသွားသည့်တိုင်အောင် ကျွန်မတို့ဘက်က တိုက်တွန်းချင်တာကရော၊ တောင်းဆိုချင်တာကရော တစ်နိုင်ငံပြောင်းလို့ နောက်တစ်နိုင်ငံကနေ အသစ်ပြန်စရတာမျိုးဟာ ရှိပြီးသား အခင်းအကျင်း၊ တိုးတက်မှုတွေကို အစကနေ ပြန်စရမယ်ဆိုတာ မဖြစ်သင့်ပါဘူး။ နဂိုကတည်းကမှ အာဆီယံ ဘုံသဘောတူညီချက် ချက်ရော၊ စစ်ကောင်စီရဲ့ အာဆီယံနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြောချင်တာပါ၊ စစ်ကောင်စီက အာဆီယံ ပြောစကားလည်း နားမထောင်ဘူး၊ ဘယ်သူ့မှလည်း နားမထောင်နေတဲ့အချိန်မှာ ဒီလိုမျိုး ရှိပြီးသားဟာကို Reverse နောက်ပြန်လှည့်လို့ မရဘူးလို့ ကျွန်မတို့က မြင်တယ်"လို့ဆိုပါတယ်။


လက်ရှိမှာ မြန်မာ့အရေးကို အာဆီယံကိုယ်စားပြု၍ အင်ဒိုနီးရှားက အားကြိုးမာန်တက်ဆောင်ရွက်ပေးခဲ့သော်လည်း မြန်မာစစ်ကောင်စီဟာ ဘုံသဘောတူညီချက်ငါးရပ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဖြစ်ပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်


ဩဂုတ်   ၃၀  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၉/၂၀၂၃)ကို သြဂုတ်လ၃၀ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက်ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည့်လုပ်ငန်းများအား မှာကြားဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ပဉ္စမအကြိမ် တွေဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ


ဩဂုတ်လ  ၃၀ ရက်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ပဉ္စမအကြိမ် တွေဆုံဆွေးနွေးပွဲ အခမ်းအနားကို သြဂုတ်လ၃၀ရက် မနက်ပိုင်းမှာ ကျင်းပခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီထံက သိရပါတယ်။


ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ပဉ္စမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက် (၀၉ :၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး  အခမ်းအနားအား အစီအစဉ်()ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ လွှတ်တော်ရေးရာနှင့် ဥပဒေဆိုင်ရာကော်မတီမှ  လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ အထွေထွေဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။


ထို့နောက်နံနက်( ၁၀:၃၀ )နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၅။ စစ်အုပ်စုက လူအများအပြားကို ဖမ်းဆီးထားပြီး စစ်ကြောရေးစခန်းများတွင် စစ်ဆေးမေးမြန်းလျက်ရှိသည်ဆိုသည့် ပေးပို့ချက်များကို IIMMယန္တရားမှ လက်ခံရရှိထားတယ်လို့အသိပေး


သြဂုတ်လ၃၀ရက်

စစ်အုပ်စုက လူအများအပြားကို ဖမ်းဆီးထားပြီး စစ်ကြောရေးစခန်းများတွင် စစ်ဆေးမေးမြန်းလျက်ရှိသည်ဆိုသည့် ပေးပို့ချက်များကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က လက်ခံရရှိထားတယ်လို့ သြဂုတ်လ၃၀ရက်မှာ အသိပေးဖော်ပြပါတယ်။


စစ်အုပ်စုဟာ လူအများအပြားကို ဖမ်းဆီးထားပြီး စစ်ကြောရေးစခန်းများတွင် စစ်ဆေးမေးမြန်းလျက်ရှိသည်ဆိုသည့် ပေးပို့ချက်များ ယန္တရားမှ လက်ခံရရှိထားပါတယ်။ မိသားစုဝင်များက ကာယကံရှင်များ၏ တည်နေရာကို စုံစမ်းမေးမြန်းသည့်အခါ ဘယ်ဆီဘယ်ဝယ်တွင် ဖမ်းဆီးထားကြောင်း ပြောပြရန် ငြင်းဆိုလေ့ရှိသည်ဟု အဆိုပါ ပေးပို့ချက်များက ညွှန်ပြတယ်လို့ဖော်ပြပါတယ်။


စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း IIMM အဖွဲ့ကို ဆက်သွယ်မှုပေါင်း သိန်းကျော် ရှိခဲ့ပြီး သက်သေအထောက်အထား သန်းခွဲကျော် လက်ခံရရှိထားတယ်လို့ ယခင်ကထုတ်ပြန်ထားပါတယ်။


အတင်းအဓ္ဓမ သတင်းအစအနဖျောက်ခြင်းဆိုသည်မှာ လူတစ်ဦးအား ဖမ်းဆီးပြီး၊ ဥပဒေအကာအကွယ်မှ ဖယ်ရှားရန် ရည်ရွယ်ချက်ဖြင့် ၎င်း၏ တည်နေရာ၊ အခြေအနေစသည့် အချက်အလက်များ မျှဝေရန် ငြင်းဆန်မှုဖြစ်တယ်လို့ IIMMကထုတ်ပြန်ပါတယ်။


========================


📌📌 ၆။ နွေဦးဘဏ် ၀က်ဘ် အပလီကေးရှင်းမှ တဆင့် ကိုယ်ပိုင်ဘဏ်အကောင့် (Personal Account) ဖွင့်ဖို့ စာရင်းပေးထားနိုင်


သြဂုတ်လ၃၀ရက်

နွေဦးဘဏ် ၀က်ဘ် အပလီကေးရှင်းမှ တဆင့် ကိုယ်ပိုင် ဘဏ်အကောင့် (Personal Account) ဖွင့်ဖို့ စာရင်းပေးထားနိုင်ပြီလို့ နွေဦးဖွံဖြိုးရေးဘဏ်က အသိပေးဆိုပါတယ်။


"ဘဏ်တိုးနှုန်း ကွာခြားချက်‌‌တွေ၊ ငွေအသွင်းအထုတ် ကန့်သတ်ချက်တွေ၊ လုံခြုံရေးကိစ္စ စိုးရိမ်စရာများစွာကြားမှာ ရွေးချယ်စရာ ဗျာများပြီး ခေါင်းရှုပ်မခံပါနဲ့။ နွေဦးဘဏ် ရှိပါတယ်။  မိမိရဲ့ Email တစ်ခုနဲ့ အချိန် မိနစ်‌ ပေးပြီး နွေဦးဘဏ် ၀က်ဘ် အပလီကေးရှင်းမှတဆင့် ကိုယ်ပိုင် ဘဏ်အကောင့် (Personal Account) ဖွင့်ဖို့ စာရင်းပေးထားလို့ရပါတယ်"လို့ဆိုပါတယ်။


သြဂုတ်လ ၁၇ ရက်နေ့မှ စပြီး waiting list တွင် စောင့်ဆိုင်းနေသူများအနက်မှ beta activation ပမာဏ ၁၀၀၀ စီ အား တစ်ရက်ခြား၍ () ရက်လျှင် () ကြိမ် စီ ထပ်မံတိုးမြှင့်ပေးလျက်ရှိပါတယ်။


နွေဦးဘဏ်တွင် စာရင်းသေအပ်ငွေ ဝန်ဆောင်မှု အတွက် () လ၊ () လ၊ () လ၊ () နှစ် ဆိုပြီး ကာလအမျိုးအစား () မျိုးရှိကာ

မြန်မာကျပ် အမေရိကန် ဒေါ်လာ၊ စင်္ကာပူဒေါ်လာ နှင့် ထိုင်းဘတ် ငွေများ ရွေးချယ်ပြီး နှစ်စဉ် အမြင့်ဆုံး ၁၁% အထိရှိသော အတိုးနှုန်း အစီအစဉ်များနဲ့ ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်အပ်နှံ နိုင်ပါတယ်။ 


========================


📌📌 ၇။တူယှဉ်ကာတိုက်ဖို့ ကျည်ကာဆင်ပြီး ကာကွယ်စို့ကမ်ပိန်းတွင် NUG Payနှင့်အတူ ပြည်သူများပါဝင်ထောက်ပို့လှူဒါန်းနိူင်


သြဂုတ်လ၃၀ရက်

တူယှဉ်ကာတိုက်ဖို့ ကျည်ကာဆင်ပြီး ကာကွယ်စို့ကမ်ပိန်းတွင် NUG Payနှင့်အတူ ပြည်သူများပါဝင်ထောက်ပို့လှူဒါန်းနိုင်တယ်လို့ သြဂုတ်လ၃၀ရက်မှာ NUG Payက အသိပေးဖော်ပြထားပါတယ်။


"ပြည်သူများ၏ ၁၃ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် တောင်ပိုင်းစစ်ဒေသခွဲ () - အထူးစစ်ဆင်ရေးတပ်ရင်းနှင့် ချင်းကာကွယ်ရေးတပ် - အရှိုတို့အတွက် ပြည်သူနဲ့အတူ NUGPay က ပါဝင်ကူညီသွားပါမယ်"လို့ဆိုပါတယ်။


လှူဒါန်းမှုများကို သြဂုတ်လ၃၀ရက်မှစ၍ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ထိ လက်ခံသွားမှာဖြစ်ပြီး မြေပြင်အရောက် ပေးပို့သွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၈။ ထန်တလန်မြို့စစ်ဆင်ရေး စကစတပ်က ၃၀ ကျော် သေပြီး ၅၀ ကျော် ဒဏ်ရာရကာ စကစတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတစ်ချို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များ သိမ်းဆည်းရမိ


သြဂုတ်လ၃၀ရက်

ချင်းပြည်နယ် ထန်တလန်မြို့စစ်ဆင်ရေး စကစတပ်က ၃၀ ကျော် သေပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သြဂုတ်လ၃၀ရက်မှာ စစ်ရေးသတင်းကို CDF-Thangtlang က ထုတ်ပြန်ခဲ့ပါတယ်။


သြဂုတ်လ၂၇ရက်နှင့်၂၈ရက် ထန်တလန်မြို့တွင်းရှိ တပ်ကုန်းနှင့်အနီးပတ်ဝန်းကျင်ရှိ စကစတပ်သားများ နေရာယူထားသော စခန်းငါးခုအပြင် အခြားသော မြို့တွင်းရှိ စကစတပ်စခန်းနှစ်ခုနှင့် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားရှိ Auto Towerတောင်ကြားတို့တွင် ထိုးစစ်ဆင်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါတိုက်ပွဲတွင်း စကစ  ၃၀ ကျော် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ကာ လက်နက်၅လက်နဲ့ ကျည်ဆန်များသိမ်းဆည်းရမိခဲ့ပါတယ်။


ထန်တလန်တိုက်ပွဲတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်၁၅ဦးကျဆုံးခဲ့ရပါတယ်။


========================


📌📌 ၉။ ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းမှ ပြည်သူပိုင်သစ်များကို မတရားခိုးထုတ်နေသော စစ်ကောင်စီတပ်မှ ရှေ့ပြေးကင်းထောက် အဖွဲ့နှင့် ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကာ အကြမ်းဖက်စကစတပ်ဘက်မှ ၇ဦးသေဆုံး


သြဂုတ်လ၃၀ရက်

သြဂုတ်လ၃၀ရက်မှာ စစ်ရေးသတင်းကို ULF(မဟာမိတ်တပ်ပေါင်းစု)ကအတည်ပြုပါတယ်။


"သြဂုတ်လ၂၉ရက် မနက်(၁၀:၁၅)နာရီ အချိန်ခန့်က ပြည်သူပိုင်သစ်များကို မတရားခိုးထုတ်နေသော စစ်ကောင်စီတပ်မှ ရှေ့ပြေးကင်းထောက်အဖွဲ့ (ခန့်မှန်းအင်အား ၃၅) ယောက်ပါ အဖွဲ့သည် သစ်ကွင်းအနီးအနားရှိ ပြည်သူပိုင်နေအိမ်များအတွင်းမှ ပစ္စည်းများကို ခိုးယူနေသည်ကို ကြားသိရ၍ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲကြာချိန် (၁၅)မိနစ်သာရှိခဲ့ပြီး စစ်ကောင်စီဘက်မှ စကစ ()ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၇ဦးထက်မနည်းရှိနိုင်တယ်လို့သိရပါတယ်။


ULF(တပ်ပေါင်းစု)မှ ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး၊ MA (11) တစ်လက်နှင့် ကျည်ဘောက် ဘောက်၊ ကျည်ကာ ခု

လက်ကိုင်ဖုန်း လုံး၊ ဘေးလွယ်အိတ် လုံး၊ ပိုက်ဆံလက်ကိုင်အိတ် အိတ် မြန်မာကျပ်ငွေ တစ်သိန်းသုံးသောင်းငါးရာကျပ်၊ ထိုင်းဘတ်ငွေ 50 နှင့် ခိုးရာပါ ရွှေထည်ပစ္စည်း အနည်းငယ်သိမ်းဆည်းရမိခဲ့ပါတယ်။


စစ်ဆင်ရေးကို ULF(တပ်ပေါင်းစု) မှ စစ်ကြောင်းမှူး ကိုနိုင်မင်း ဦးဆောင်ပြီး Comrade စစ်ကြောင်း၊ KLG စစ်ကြောင်း Alpha စစ်ကြောင်းနှင့်အတူ ဒေသမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် B 21 PDF(တပ်ရင်း ၁၇) PDA (တပ်ရင်း ၃၅)၊ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့၊ ချင်းတွင်း GZ နှင့် သေမင်းတမန် LPDF တို့မှ ပူးတွဲမစ်ရှင်ဆောင်ရွက်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment