5th AUG 2023 - Evening Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ တီမောနိုင်ငံ ဝန်ကြီးချုပ်ရဲ့ ရပ်တည်ချက်ကို လေးစားကြိုဆိုတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား

📌 ၂။ စစ်ရေးအမိန့်တစ်ခုမှာ တိုက်ပေးဖို့လိုတယ်လို့ ကာကွယ်ရေးအတွင်းဝန်ပြောကြား

📌 ၃။ ရိုဟင်ဂျာများကို ပစ်မှတ်ထားပြီး မတရားဖမ်းဆီးထောင်ချမှုနေများအတွက် တာဝန်ခံဖို့လိုမယ်လို့ NUG လူ့အခွင့်ရေးဒုတိယဝန်ကြီးပြောကြား

📌 ၄။ မကွေးတိုင်း၊မြိုင်မြို့နယ်၊သရက်ကွ (ပျူစောထီး)ရွာအား ကာကွယ်ရေးတပ်ဖွဲ့များ လက်နက်ကြီးနဲ့ သုံးရက်ဆက်တိုက်ပစ်ခတ်

📌 ၅။ ဇူလိုင်လတစ်လတာအတွင်း ကရင်နီပြည်တစ်ဝှမ်းတွင် KNDF မှ ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲ (၃၃)ကြိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၄)ဦး သေဆုံးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တီမောနိုင်ငံ ဝန်ကြီးချုပ်ရဲ့ ရပ်တည်ချက်ကို လေးစားကြိုဆိုတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား


သြဂုတ်လ၅ရက်


တီမောနိုင်ငံ ဝန်ကြီးချုပ်ရဲ့ ရပ်တည်ချက်ကို လေးစားကြိုဆိုတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက သြဂုတ်လ၅ရက် ၎င်း၏လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။


"တီမောနိုင်ငံ ဝန်ကြီးချုပ်ရဲ့ ရပ်တည်ချက်ကို လေးစားပါတယ်။အာဆီယံဒေသအတွင်း ဒီမိုကရေစီထွန်းကားရေးတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သွားမယ်။ အာဆီယံမှာ စစ်အာဏာရှင်တွေရှိနေသမျှ တီမောနိုင်ငံဟာ အာဆီယံကို ဝင်ရောက်မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ်ကဆိုပါတယ်။မြန်မာနိုင်ငံအရေးအတွက် အာဆီယံက အဖြေရှာလုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်"လို့ဆိုပါတယ်။


တီမောလက်စ်တေးနိူင်ငံဟာ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို သမ္မတကိုယ်တိုင် အမျိုးသားညီညွတ်ရေးအစိုးသို့ဖိတ်ကြားခဲ့တဲ့အတွက် နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် NUGချက်နိူင်ငံကိုယ်စားလှယ် ဦးလင်းသန့်တို့တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ စစ်ရေးအမိန့်တစ်ခုမှာ တိုက်ပေးဖို့လိုတယ်လို့ ကာကွယ်ရေးအတွင်းဝန်ပြောကြား


သြဂုတ်လ၅ရက်


တော်လှန်ရေးအင်အားစုများအနေနဲ့ စစ်ရေးအမိန့်တစ်ခုမှာ တိုက်ပေးဖို့လိုတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် နိူင်ထူးအောင်ကသြဂုတ်လအတွင်းကျင်းပတဲ့ လက်ရှိမြန်မာပြည်စစ်ရေးအခြေအနေ မေးမြန်းခန်းမှာ  ပြောဆိုထားပါတယ်။


"စစ်ရေးအမိန့်တစ်ခုအောက်မှာတိုက်ပေးပါ။ စစ်ရေးအမိန့်တစ်ခုအောက်မှာမရှိရင် လက်နက်တွေ ခဲယမ်းတွေရှိလည်း အလကားပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့အတွေ့အကြုံက ကျနော်တို့ကိုပြန်ပြောတယ်။ကျနော်တို့မှာ ကွန်မန်ဒါမရှိတော့ ဟိုဖြစ်ဒီဖြစ် ဖြစ်ခဲ့တာအများကြီးပဲ။ဒါကCOCရဲ့ အရေးပါမှုကို အတွေ့အကြုံကသင်ကြားပေးတယ်လို့ ပြောလို့ရတယ်။COCအောက်မှာနေရတယ်ဆိုတာလည်း ပုံမှန်အနေအထားမျိုးမှာနေရတာထက် ကိုယ့်စိတ်ဆန္ဒတွေကိုထိန်းချုပ်ရတာရှိတယ်။ ဒါကလည်း အခက်အခဲရှိတာပါပဲ"လို့ဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း၃၀၀ ကျော်၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း ၂၅၀ ကျော်ရှိပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့မြို့ပြပြောက်ကျားတပ်ဖွဲ့များလည်း အသီးသီးရှိနေပါတယ်။


========================


📌📌 ၃။ ရိုဟင်ဂျာများကို ပစ်မှတ်ထားပြီး မတရားဖမ်းဆီးထောင်ချမှုနေများအတွက် တာဝန်ခံဖို့လိုမယ်လို့ NUG လူ့အခွင့်ရေးဒုတိယဝန်ကြီးပြောကြား


သြဂုတ်လ၅ရက်


သြဂုတ်လ၅ရက်မှာ လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးက ရိုဟင်ဂျာများကို ပစ်မှတ်ထားပြီး မတရားဖမ်းဆီးထောင်ချမှုနေများနှင့်ပတ်သက်ပြီး အခုလို အသိပေးဆိုထားပါတယ်။


"ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊  ကိုင်းသောင်ကျေးရွာနှင့် လေးမိုင်ခန့်အကွာ ပင်လယ်ထဲတွင် မနေ့ကနံနက်ပိုင်းမှာ ရိုဟင်ဂျာ ၇၂ ဦး အပါအဝင် အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ဦးကို  စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်  


စစ်ကောင်စီက  ရိုဟင်ဂျာများကို ပစ်မှတ်ထားပြီး မတရားဖမ်းဆီးထောင်ချမှုနေများ ဆက်လက်လုပ်ဆောင်နေတာတွေအတွက် တာဝန်ခံဖို့လိုပါမယ်"လို့ဆိုပါတယ်။


ဘဂ်လားဒေ့ရှ်နိူင်ငံကို တိမ်းရှောင်နေပြီး ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်များကိုလည်း စစ်အုပ်စုဟာ အတင်းဓမ္မနေရပ်ပြန်ခေါ်ဖို့ စီစဥ်လျက်ရှိနေပါသေးတယ်။


========================


📌📌 ၄။ မကွေးတိုင်း၊မြိုင်မြို့နယ်၊သရက်ကွ (ပျူစောထီး)ရွာအား ကာကွယ်ရေးတပ်ဖွဲ့များ လက်နက်ကြီးနဲ့ သုံးရက်ဆက်တိုက်ပစ်ခတ်


သြဂုတ်လ၅ရက်


သြဂုတ်လ၅ရက်မှာ စစ်ရေးသတင်းကို မြိုင်ပကဖကအသိပေးဆိုပါတယ်။


"မကွေးတိုင်း၊မြိုင်မြို့နယ်၊သရက်ကွ (ပျူစောထီး)ခွေးရွာအား သြဂုတ်လ၂ရက်နေ့မှ ၄ရက်

နေ့အထိမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း တပ်ခွဲ- ဝံပုလွေပြောက်ကျားတပ်ဖွဲ့)  မှ ဦးဆောင်၍ အဖွဲ့ပေါင်း ၃၀ ကျော်ဖြင့် သရက်ကွပျူရွာအား လနက ၁၀၀ မမ ၈၀ မမ ၆၀မမ များအချက်ရေ ၅၀၀ နီးပါး ပစ်ခတ် ခဲ့ပြီး မောင်းသူမဲ့လေယာဉ်များဖြင့်လဲ အီနာဂါ Bone သီး ၁၀ လုံးကျဲချခဲ့တယ်"လို့ဆိုပါတယ်။


သရက်ကွပျူများသည် အပြန်အလှန်မပစ်နိူင်ဘဲကတုတ်ကျင်းထဲ ကြောက်လှန့်တကြားဝင်ပြေးသွားခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ ဇူလိုင်လတစ်လတာအတွင်း ကရင်နီပြည်တစ်ဝှမ်းတွင် KNDF မှ ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲ (၃၃)ကြိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၄)ဦး သေဆုံးခဲ့


သြဂုတ်လ၅ရက်


သြဂုတ်လ()ရက်မှာ စစ်ရေးသတင်းကို KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးဆိုပါတယ်။


"ဇူလိုင်လတစ်လတာအတွင်း ကရင်နီပြည်တစ်ဝှမ်းတွင် KNDF မှ ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲမှာ (၃၃)ကြိမ် ရှိခဲ့ပါတယ်။ အထက်ပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၄)ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်များထံမှ လက်နက်ငယ် () လက်နှင့် ခဲယမ်းအမြောက်အများသိမ်းဆည်းရမိခဲ့သည့်အပြင် သုံ့ပမ်း()ဦး ဖမ်းဆီးရမိခဲ့ပါတယ်"လို့ဆိုပါတယ်။


 ထို့အတူ ဇူလိုင်လ တစ်လတာအတွင်း စစ်ကောင်စီတပ်မှ လေကြာင်းတိုက်ခိုက်မှု (၄၂) ကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် (၁၁)အရွယ် ကလေး ()ဦး အပါအဝင် ပြည်သူ ()ဦးသေဆုံးခဲ့ပြီး  ()ဦးဒဏ်ရာရခဲ့ပါတယ်။


ထို့အပြင် လက်နက်ကြီးထိမှန်မှုကြောင့် ပြည်သူ ()ဦး သေဆုံးကာ၊ (၁၄)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့်လည်း အပြစ်မဲ့အရပ်သားပြည်သူ ()ဦး သေဆုံးခဲ့ရပါတယ်။


အခု တင်ပြ‌ပေးခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment