9th AUG 2023 - Morning Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။  စစ်ရာဇ၀တ်သားများကို အပြစ်ပေးအရေးယူ၊ တရားစီရင်နိုင်စေဖို့ ခိုင်မာစွာ စိတ်ပိုင်းဖြတ်ထားကြပြီး ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၃။ နွေဦးတော်လှန်ရေးဟာ အာဏာရှင်စနစ်ဆိုးကို မဖြစ်မနေ အဆုံးသတ်ခဲ့မယ့် ပြည်သူ့တော်လှန်ရေးအဖြစ် မော်ကွန်းတင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

📌 ၄။ PSSTFမှ ဦးဆောင်ကာရှစ်လေးလုံးအရေးတော်ပုံ ၃၅နှစ်ပြည့်အမှတ်တရ စိတ်ခွန်အားဖြည့် ဆွေးနွေးပွဲ ကျင်းပ

📌 ၅။ ဘဏ္ဍာရေးစစ်မျက်နှာအတွက် ပြည်သူလူထုပါဝင်ပေးရန် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်တိုက်တွန်း

📌 ၆။ NYCBCက ကြီးမှူးကျင်းပမည့် နယူးယောက်မြို့ နွေဦးဂီတညဖျော်ဖြေပွဲမှ ရရှိသော ငွေကြေးများအားလုံးကို မြန်မာနိုင်ငံ၏ အရေးပေါ်လိုအပ်တဲ့နေရာများအားလုံးအတွက် လှူဒါန်းသွားမည်

📌 ၇။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ တစ်လတာကာလအတွင်းစစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် (၆၆) ဦး သေဆုံးခဲ့

📌 ၈။ စစ်ကောင်စီ အထိုင်စခန်း ၂ခုဖြစ်သော အင်ပင်ဂိတ်စခန်း၊ အရှေ့ဘုန်းကန်ပျူရွာစခန်းနှင့်ပခုက္ကူမြို့ တပ်မ(၁၀၁)အား `၈၈၈၈'' (၃၅)နှစ်ပြည့် အထိမ်းအမှတ် တာဝေးပစ်ဒုံးများနဲ့ပစ်ခတ်

📌 ၉။ ဗန်းမော်- မန္တလေး၊ ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းဆိုင်ရာ သတိပေးချက် ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDF ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။  စစ်ရာဇ၀တ်သားများကို အပြစ်ပေးအရေးယူ၊ တရားစီရင်နိုင်စေဖို့ ခိုင်မာစွာ စိတ်ပိုင်းဖြတ်ထားကြပြီး ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး


သြဂုတ်လ၈ရက်

စစ်ရာဇ၀တ်သားများကို အပြစ်ပေးအရေးယူ၊ တရားစီရင်နိုင်စေဖို့ ခိုင်မာစွာ စိတ်ပိုင်းဖြတ်ထားကြပြီး ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သြဂုတ်လ၈ရက်မှာ ပြုလုပ်တဲ့၃၅ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ‌နေ့အခမ်းအနား " တွင် အသိပေးဆိုလိုက်ပါတယ်။


''ကျွန်တော်တို့ဟာ ကမ္ဘာ့အလယ် မျက်နှာငယ်ခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံအတွက်၊ အာဏာရှင်အဆက်ဆက်တို့ရဲ့ ဖိနှိပ်ရက်စက်မှုတွေကို အသက်တွေ၊ ဘဝတွေရင်းပြီး ခံစားခဲ့ကြရတဲ့ နိုင်ငံသားတွေအတွက်၊ တရားမျှတမှုများ ပြန်လည်ရရှိနိုင်ရေးအတွက် စစ်ရာဇ၀တ်သားများကို အပြစ်ပေးအရေးယူ၊ တရားစီရင်နိုင်စေဖို့ ခိုင်မာစွာ စိတ်ပိုင်းဖြတ်ထားကြပြီး ဖြစ်ပါတယ်။''လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


လက်ရှိမှာ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့်ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၉၀၀) ဦး ရှိခဲ့ပြီ ဖြစ်ပြီး လူပေါင်း ၂၀၀၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ


 ဩဂုတ်လ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ် (၃၁/၂၀၂၃)ကို သြဂုတ်၈ရက်က ကျင်းပခဲ့ပါတယ်။


ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသူများမှ ၈၈၈၈ အရေးတော်ပုံ (၃၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အရေးတော်ပုံအတွင်း အသက်ခန္ဓာစွန့်လွှတ်ခဲ့ရသူများအား ဂုဏ်ပြုအောက်မေ့ခြင်းအဖြစ် တစ်မိနစ်ငြိမ်သက် ဂုဏ်ပြုခဲ့ပြီး အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတွဲဖက်အတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက်ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်များမှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများ၊ ဥပဒေဆိုင်ရာသိရှိလိုသည့်အချက်များ၊ မြေပြင်အခြေအနေအခက်အခဲများအား တင်ပြ ဆွေးနွေးခဲ့ရာ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အတွင်းဝန်၊ ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်နှင့် သက်ဆိုင်ရာ ဌာနကြီးမှူးများမှ ဆွေးနွေးတင်ပြချက်များကို ရှင်းလင်းပြောကြားခြင်းနှင့် လိုအပ်ချက်များအား ညှိနှိုင်း ဖြည့်ဆည်း ပေးခြင်းများပြုလုပ်ခဲ့ပါတယ်။


အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အတွင်းဝန်၊ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်နှင့်အရာရှိကြီးများနှင့် စစ်ကိုင်း/ မကွေး ပြည်သူ့ လုံခြုံရေးအဖွဲ့မှခေါင်းဆောင်များတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးဟာ အာဏာရှင်စနစ်ဆိုးကို မဖြစ်မနေ အဆုံးသတ်ခဲ့မယ့် ပြည်သူ့တော်လှန်ရေးအဖြစ် မော်ကွန်းတင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား


သြဂုတ်လ၈ရက်

နွေဦးတော်လှန်ရေးဟာ အာဏာရှင်စနစ်ဆိုးကိုမဖြစ်မနေ အဆုံးသတ်ခဲ့မယ့် ပြည်သူ့တော်လှန်ရေးအဖြစ် မော်ကွန်းတင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သြဂုတ်လ၈ရက်မှာ လူမှုကွန်ရက်မှာ ရေးသားဆိုထားပါတယ်။


"ဒီနွေဦးတော်လှန်ရေးဟာ အာဏာရှင်စနစ်ဆိုးကို မဖြစ်မနေ အဆုံးသတ်ခဲ့မယ့် ပြည်သူ့တော်လှန်ရေးအဖြစ် မော်ကွန်းတင်မယ်လို့ အခိုင်အမာယုံကြည်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိုင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၄။ PSSTFမှ ဦးဆောင်ကာရှစ်လေးလုံးအရေးတော်ပုံ ၃၅နှစ်ပြည့်အမှတ်တရ စိတ်ခွန်အားဖြည့် ဆွေးနွေးပွဲ ကျင်းပ


သြဂုတ်လ၈ရက်

သြဂုတ်လ၈ရက်မှာ PSSTFမှ ဦးဆောင်ကာ ရှစ်လေးလုံးအရေးတော်ပုံ ၃၅နှစ်ပြည့်အမှတ်တရ စိတ်ခွန်အားဖြည့် ဆွေးနွေးပွဲ ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။


ရှစ်လေးလုံးအရေးတော်ပုံ ၃၅နှစ်ပြည့်အမှတ်တရ စိတ်ခွန်အားဖြည့် ဆွေးနွေးပွဲကျင်းပရာ အခမ်းအနားသို့ CDMနဲ့ အခြားကဏ္ဍာပေါင်းစုံမှ လူလေးရာကျော်တက်ရောက်ခဲ့ပါတယ်။


"အကြမ်းဖက် စစ်အုပ်စုဟာ လက်နက်ကိုင်ပြီး ဖြိုခွင်းတဲ့နည်းလမ်းတစ်ခုပဲ တတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ခေါင်းတွေဟာ သွေးချင်းချင်းနီပေမယ့် လက်မလျှော့ပါဘူး။ တစ်ပါတီအာဏာရှင်စနစ်နဲ့ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ခဲ့တာ အားလုံးအသိပါပဲ"လို့ NUG လူ့အခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


အခမ်းအနားတွင် ရှစ်လေးလုံးအရေးတော်ပုံနဲ့ အရေးတော်ပုံများတွင် ကျဆုံးခဲ့သူများအတွက် တစ်မိနစ်ငြိမ်သက်ကာ ကမ္ဘာမကြေဘူးသီချင်းကို ထုတ်လွှင့်ခဲ့ပါတယ်။


"ကျနော်တို့ဟာ ဒီမိုကရေစီမရှိတဲ့ အကြမ်းဖက်စစ်အုပ်စုဆီမှာ တောင်းယူနေတာမဟုတ်သလို၊ တိုက်ယူနေတာမဟုတ်ပါဘူး။ ဒီမိုကရေစီ ကျင့်စဥ်နဲ့အညီ ဆန့်ကျင်အံ့တုနေကြတာပါ"လို့ ချက်သမ္မတနိုင်ငံ NUGကိုယ်စားလှယ် ဦးလင်းသန့်ကလည်းဆိုပါတယ်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ချက်သမ္မတနိုင်ငံ NUGကိုယ်စားလှယ် ဦးလင်းသန့်၊ ရှေ့နေ ဦးကြီးမြင့်၊ ဒေါက်တာ စင်သီယာမောင်တို့ပါဝင်တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ဘဏ္ဍာရေးစစ်မျက်နှာအတွက် ပြည်သူလူထုပါဝင်ပေးရန် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်တိုက်တွန်း


သြဂုတ်လ၈ရက်

ဘဏ္ဍာရေးစစ်မျက်နှာအတွက် ပြည်သူလူထုပါဝင်ပေးရန် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က သြဂုတ်လ၈ရက်မှာ တိုက်တွန်းလိုက်ပါတယ်။


"ဘက်ပေါင်းစုံ ခွက်ခွက်လန်ရှုံးသူတွေက၂သောင်းတန်တွေ၊ ကားဘယ်နှစ်စီးတိုက် စက္ကူဘယ်လောက်ရိုက်ထုတ်မှန်း ပြည်သူတွေမသိတာ  ၈၈  တုန်းက ငွေစက္ကူတွေဖျက်သိမ်း၊ ပြည်သူကို ဓားပြတိုက်တဲ့ ပြစ်မှုမျိုး နောက်တစ်နည်းနဲ့ ကျူးလွန်တာပဲ။ ဘဏ္ဍာရေးစစ်မျက်နှာအတွက် အခု ပြည်တွင်းပြည်ပ ပြည်သူတစ်ရပ်လုံး၊ အသက်အရွယ် ကျားမ မရွေး ပါဝင်ဆင်နွှဲကြရမယ့်ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲရဲ့ ဗွေဆော်ဦးခြေလှမ်း လာပါပြီ။ ဒီပထမအဆင့်မှာ ဦးတည်ပြီး ဖြတ်တောက်၊ ရိုက်ချိုးမယ့် စစ်အုပ်စုရဲ့ ဝင်ငွေရင်းမြစ် ကုန်စည်တွေကတော့စစ်တပ်ပိုင် အရက်ဘီယာအုပ်စုနဲ့ စီးကရက်တွေပဲ ဖြစ်ပါတယ်။ ဒီအရက်၊ ဘီယာ၊ စီးကရက်ကနေ ဖက်ဆစ်တပ် ရနေတဲ့ ဝင်ငွေပမာဏက နည်းနည်းနောနော မဟုတ်ပါဘူး။ ကုန်စည်အမျိုးအစားအလိုက်ပြောရရင် ဒီကနေမှ ဖက်ဆစ်တပ် ပုံမှန်ရနေတဲ့ ဝင်ငွေပမာဏက အများဆုံးထဲမှာ ပါပါတယ်။ ဒီသွေးစွန်းငွေတွေကပဲ ပြည်သူကို သတ်ဖြတ်နေတဲ့ လက်နက်ဖိုး၊ ကျည်ဆန်ဖိုးတွေဖြစ်သွားတာပါ"လို့ဆိုပါတယ်။


ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်သပိတ်မှောက်ရမည့် အကြမ်းဖက်စစ်တပ်ပိုင် မြန်မာ ဘီယာ (Myanmar Beer) အတ်()မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold) ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon) မန္တလေး ဘီယာ၊ ရမ် (Mandalay)

၊ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout) အာမီရမ် (Army Rum)တို့ကိုဖော်ပြအသိပေးထားပါတယ်။


========================


📌📌 ၆။ NYCBCက ကြီးမှူးကျင်းပမည့် နယူးယောက်မြို့ နွေဦးဂီတညဖျော်ဖြေပွဲမှ ရရှိသော ငွေကြေးများအားလုံးကို မြန်မာနိုင်ငံ၏ အရေးပေါ်လိုအပ်တဲ့နေရာများအားလုံးအတွက် လှူဒါန်းသွားမည်


သြဂုတ်လ၈ရက်

NYCBCက ကြီးမှူးကျင်းပမည့် နယူးယောက်မြို့ရဲ့ နွေဦးဂီတည ဖျော်ဖြေပွဲမှ ရရှိသောငွေကြေးများအားလုံး မြန်မာနိူင်ငံအတွက်အရေးပေါ် လိုအပ်တဲ့နေရာများအားလုံးကို လှူဒါန်းသွားမှာဖြစ်တယ်လို့ NYCBCမှ အမှုဆောင် ဦးနေတင်မြင့်က ပြောပါတယ်။


ဦးနေတင်မြင့်-(NYCBCမှ အမှုဆောင်

ကျွန်တော်တို့လာမယ့် ဩဂုတ်လ ၁၉ရက်နေ့ စနေနေ့မှာပေါ့လေ နယူးယောက်စီးတီးရဲ့နွေဦးဂီတည ဆိုပြီးတော့ ကျွန်တော်တို့ တေးဂီတ ဖျော်ဖြေပွဲလေးတစ်ခုကို NYCBC နဲ့ Spring Revo.Band တို့မှ တွဲဖက်ပြီးတော့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ခန်းမကတော့ ကွင်းသီရေတာမှာပေါ့ ညနေ ငါးနာရီကနေ ကိုးနာရီထိ ကျွန်တော်တို့ music night လေးကို ကျင်းပမှာဖြစ်ပါတယ်။ အဆိုတော်တွေကတော့ ကျွန်တော်တို့ ရန်ရန်ချန်းပေါ့  ပြီးတော့ DJ ဝိုင်း နှင်းဆီမေ၊ နောက်အဆိုတော် ကိုကျော်သီဟ၊ special guests တွေကတော့ မီမီဝင်းဖေ၊ မော်ဒယ်မြတ်နိုးအေးနဲ့ မော်ဒယ် သရုပ်ဆောင် ကိုသီဟတို့က အားဖြည့်ကူညီထားပါတယ်။ ကျွန်တော်တို့လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ၂နှစ်ကျော်ကာလ အတောအတွင်းမှာ ကျွန်တော်တို့ နယူးယောက်မှာရှိတဲ့ တော်လှန်ရေးညီအကိုမောင်နှမတွေ အရမ်းပင်ပန်းနေတယ်။ နွမ်းနယ်နေတယ်။ အဲ့လိုပင်ပန်းနွမ်းနယ်မှုကို အနာဂတ်အတွက် ကျွန်တော်တို့အားဖြည့်ပေးဖို့အတွက် ခေတ္တခဏလေး စိတ်အပန်းဖြေအောင်ဆိုပြီး ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ နွေဦးဂစ်တာညလေးကို ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ အဲ့သည်မှာ ကျွန်တော်တို့ ရရှိတဲ့အမြတ်ငွေအားလုံးကို ကျွန်တော်တို့ အမိမြန်မာနိုင်ငံမှာပေါ့ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့သူအားလုံးအတွက် လိုအပ်တဲ့အဖွဲ့အစည်းတွေကို ကျွန်တော်တို့ အဓိကကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်"


လက်ရှိမှာ စစ်အာဏာရှင်စနစ်ပျက်သုဥ်းရေး နိုင်ငံတကာရောက် ပြည်ထောင်စုဖွား တော်လှန်ရေးအင်အားစုများကလည်း အင်တိုက်အားတိုက်ပါဝင်ကူညီလျက်ရှိပါတယ်။


========================


📌📌 ၇။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ တစ်လတာကာလအတွင်းစစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် (၆၆) ဦး သေဆုံးခဲ့


သြဂုတ်လ၈ရက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ တစ်လတာကာလအတွင်း စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် (၆၆) ဦး သေဆုံးခဲ့ပါတယ်လို့ သြဂုတ်လ၈ရက်မှာ အသိပေးဖော်ပြပါတယ်။


၂၀၂၃ ခုနှစ်၊ ဇူလိုင်လ တစ်လတာကာလအတွင်း စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် (၆၆) ဦး သေဆုံးခဲ့ပါတယ်။ ထို့ပြင် တစ်လတာအတွင်း စစ်ကိုင်းတိုင်း၌ စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ  (၃၅) ဦး ရှိကာ၊ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ (၁၂၈) ဦး ရှိတယ်လို့သိရပါတယ်။


ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်း နာရီခွဲခန့်အချိန်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၌ အကြမ်းဖက် စစ်အုပ်စုတပ်မှ စစ်ဆေးမှုများပြုလုပ်နေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် ကိုညီမင်းထွန်း () သားငယ်ကို PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့ပါသေးတယ်။


========================


📌📌 ၈။ စစ်ကောင်စီ အထိုင်စခန်း ၂ခုဖြစ်သော အင်ပင်ဂိတ်စခန်း၊ အရှေ့ဘုန်းကန်ပျူရွာစခန်းနှင့်ပခုက္ကူမြို့ တပ်မ(၁၀၁)အား `၈၈၈၈'' (၃၅)နှစ်ပြည့် အထိမ်းအမှတ် တာဝေးပစ်ဒုံးများနဲ့ပစ်ခတ်


သြဂုတ်လ၈ရက်

စစ်ကောင်စီ အထိုင်စခန်း ၂ခုဖြစ်သော အင်ပင်ဂိတ်စခန်း၊ အရှေ့ဘုန်းကန်ပျူရွာစခန်းနှင့်ပခုက္ကူမြို့ တပ်မ(၁၀၁)အား

``၈၈၈၈'' (၃၅)နှစ်ပြည့် အထိမ်းအမှတ် တာဝေးပစ်ဒုံးများနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့  Pakokku Special Guerrilla Force-PSGF ( ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ)က သြဂုတ်လ၈ရက်မှာ အသိပေးဆိုပါတယ်။


"၈ရက်နေ့မွန်းလွဲ ()နာရီအချိန်ခန့်တွင် စစ်ကောင်စီ အထိုင်စခန်း ၂ခုဖြစ်သော အင်ပင်ဂိတ်စခန်း၊ အရှေ့ဘုန်းကန်ပျူရွာစခန်းနှင့်ပခုက္ကူမြို့ တပ်မ(၁၀၁)အား ``၈၈၈၈'' (၃၅)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် Pakokku Special Guerrilla Force-PSGF ( ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ) Dragon force ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့၊ BRR - PDF ၊သူရိန်တပ်ဖွဲ့တို့မှပေါင်း၍ တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ယင်းဖြစ်စဥ်တွင် တပ်မ၁၀၁ထဲသို့ တာဝေးပစ်ဒုံး ၅လုံးကျရောက် ပေါက်ကွဲခဲ့၍ စစ်ကောင်စီ တပ်သား()ဦး သေဆုံးခဲ့သည့်အပြင်

အရှေ့ဘုန်းကန် ပျူအထိုင်ချရာ ကျောင်းထဲသို့ ()လုံးကျရောက်ပေါက်ကွဲခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်ကြီး ၁၀လက်ခန့်ဖြင့် ကင်းရွာအထိပါ တက်၍ တန်ပြန်တိုက် ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်သားများ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၉။ ဗန်းမော်- မန္တလေး၊ ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းဆိုင်ရာ သတိပေးချက် ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDF ထုတ်ပြန်


သြဂုတ်လ၈ရက်

ဗန်းမော်- မန္တလေး၊ ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းဆိုင်ရာ သတိပေးချက် ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDF က သြဂုတ်လ၈ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။


"ယခုကာလသည် စစ်ရေးတင်းမာနေသော ကာလဖြစ်သည့်အလျှောက် လုံခြုံရေးအတွက် စစ်ဆေးရသည်များလည်းရှိပါတယ်။ ဗန်းမော် မှ မန္တလေး ဗန်းမော်မှ မြစ်ကြီးနား ဗန်းမော်မှ လွယ်ကျယ် ကားလမ်းများအားအသုံးပြု၍ ကုန်တင်ကြသော ၁၂ ဘီး ၁၀ဘီး ဘီးကားကြီးများ မဖြစ်မနေ ဤလမ်းများကို အသုံးပြုမည်ဆိုပါလျှင် မိုးကာတစ်ခြမ်းသာအုပ်ရန်၊ ကားမှန်ချထားရန်၊ စစ်ဆေးချိန်ပူးပေါင်းပေးရန်

ဧရာ၀တီမြစ်ကြောင်းအတွင်း စုန် ဆန်နေကြသော မော်တော်များ စက်လှေများ သံခွံများ စုန် ဆန်ခြင်းမပြုရန်၊ သင်္ဘောကမ်းကပ်ထားချိန် သင်္ဘောအနီးကပ်ထားခြင်းနှင့် ဘေးမှ စုန် ၊ဆန်ခြင်းမပြုရန်ထပ်မံအသိပေးလိုပါတယ်"လို့ဖော်ပြပါတယ်။


သတိပေးစာထုတ်ပြန်သည့်နေ့မှစ၍ လိုက်နာဆောင်ရွက်ခြင်းပေးရန်လည်းပန်ကြားထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment