11th SEP 2023 - Evening Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ရေးမှာ တိုင်းရင်းသားညီအကိုအားလုံးပါဝင်တိုက်ခိုက်နေပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးအသိပေး

📌 ၂။ Congressional Briefing တစ်ရပ်ကို အမေရိကန်လွှတ်တော်မှာကျင်းပဖို့ရှိပြီး NUGသမ္မတရုံးပြောရေးဆိုခွင့်ရှိသူနှင့်လူ့အခွင့်ရေးရာဒုတိယဝန်ကြီးတို့တက်ရောက်မည်

📌 ၃။ NUG pay ဟာ အစုအဖွဲ့အလိုက် လုပ်ဆောင်ဖို့ ကြိုးစားတဲ့ တော်လှန်ရေးရဲ့ အသီးအပွင့်တခုဖြစ်တယ်လို့ဦးမော်ထွန်းအောင်ပြောကြား

📌 ၄။ မကွေးတိုင်း၊ နတ်မောက်မြို့၊ စိုင်ကောင်းရဲစခန်း (စစ်ဆေးရေးဂိတ် - ဘန်ကာများတည်ထားရာနေရာ) အား လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

📌 ၅။ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ "သံဖြတ်လွှ"ဓာတ်ပုံကမ်ပိန်းလုပ်ဆောင်ခဲ့

📌 ၆။ စက်တင်ဘာ (၁၆) ရက်နေ့တွင် sacramento မှာ  NUG ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကျင်းပမည်ဖြစ်ပြီးတော်လှန်ရေးရန်ပုံငွေပါ ကောက်ခံသွားမည်

📌 ၇။ နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ အစားအ သောက်ရောင်းရငွေနှင့်အလှူငွေ အမေရိကန်ဒေါ်လာ တစ်သောင်းငါးထောင်ကျော်ရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ရေးမှာ တိုင်းရင်းသားညီအကိုအားလုံးပါဝင်တိုက်ခိုက်နေပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးအသိပေး


စက်တင်ဘာ၁၁ရက်


စက်တင်ဘာလအတွင်း သြစတြေးလျရောက် မြန်မာပြည်သူများနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အခုလို ဆိုလိုက်ပါတယ်။


"စစ်ရေးမှာ ကျနော်တို့နဲ့တိုင်းရင်းသားညီအကိုတွေပါလား။မပါဘူးလားတွက်ကြည့်ရင်ပါတယ်။ချင်းမှာလည်းတိုက်နေတယ်။နိူင်နေတယ်။ကချင်မှာလည်းအလားတူပဲ။သူတို့စကစဘက်ကလိုင်ဇာကိုသိမ်းမယ်ဆိုတာ အခုထက်ထိလည်းမသိမ်းနိူင်ပါဘူး။သူတို့ဘက်ကသာလျင် အများကြီးကျဆုံးတယ်။ပြီးခဲ့တဲ့နှစ်ပတ်ကဆိုကချင်မှာလည်း ကျနော်တို့သူတို့စခန်းနှစ်ခုရလိုက်တယ်။ကရင်နီမှာလည်း ဒါအားလုံးသိတဲ့အတိုင်းပဲတိုက်နေတယ်။အားလုံးပေါင်းရင်သူတို့ကိုထိုးစစ်အနေနဲ့စပြီးသိမ်းနေပြီ။မြိုင်မြို့၊မုန်းမြို့ကိုဝင်နေပြီ။မယ်စဲ့ဆိုသိမ်းထားပြီးပြီ"လို့ဝန်ကြီးကဆိုပါတယ်။


ခုခံတွန်း လှန်စစ် နှစ်တာကာလအတွင်းတိုက်ပွဲ ကြိမ်ရေ၉၉၀၀ခန့်ဖြစ်ပွားခဲ့ပြီးရန်သူ့တပ်သား၃၀၀၀၀ခန့်ချေမှုန်းနိူင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ Congressional Briefing တစ်ရပ်ကို အမေရိကန်လွှတ်တော်မှာကျင်းပဖို့ရှိပြီး NUGသမ္မတရုံးပြောရေးဆိုခွင့်ရှိသူနှင့်လူ့အခွင့်ရေးရာဒုတိယဝန်ကြီးတို့တက်ရောက်မည်


စက်တင်ဘာ၁၁ရက်


စက်တင်ဘာ၁၁ရက်တွင် NUGလူ့အခွင့်ရေးရာဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးမှ အခုလိုအသိ‌ ပေးဆိုထားပါတယ်။


"အကြမ်းဖက်စစ်ကောင်စီက လူနည်းစုတွေ အပေါ်ဘာသာရေး လွတ်လပ် ခွင့်တွေဆိုးဆိုးရွားရွား ချိုးဖောက်လာခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ လူနည်းဘာသာများရဲ့ဘာသာရေးအဆောက်အအုံမီးရှို့ခံရတာ၊ လက်နက်ကြီးပစ်ခတ်တာ၊  လေကြောင်းနဲ့ ဗုံးကြဲခံရတာတွေ များစွာရှိနေပါတယ်။၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကတည်းက စစ်တပ်က ခရစ်ယာန်ဘုရားကျောင်းများကို မီးရှို့ကာ သင်းအုပ်ဆရာများနှင့် အခြားဘာသာရေးခေါင်းဆောင်များကို မတရားဖမ်းဆီးခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံအနှံ့ ခရစ်ယာန်ဘာသာဝင်များအပေါ် ဖိနှိပ်မှုများ အရှိန်မြှင့်လာခဲ့ပါတယ်။

Chin Association of Maryland ကမကထပြုပြီး Congressional Briefing တစ်ရပ်ကို အမေရိကန်လွှတ်တော်မှာ ပြုလုပ်ဖို့ရှိပါတယ်။ နိုင်ငံတကာ ဘာသာရေးလွတ်လပ် ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်နာနှင့် အတူ ကျနော် တက်ရောက်မိန့်ခွန်းပြောမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


အမေရိကန်နိူင်ငံဟာ မြန်မာနိူင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး ကူညီဆောင်ရွက်ပေးနေတဲ့မိတ်ဘက်နိူင်ငံတစ်ခုလည်းဖြစ်ပါတယ်။


========================


📌📌 ၃။ NUG pay ဟာ အစုအဖွဲ့အလိုက် လုပ်ဆောင်ဖို့ ကြိုးစားတဲ့ တော်လှန်ရေးရဲ့ အသီးအပွင့်တခုဖြစ်တယ်လို့ဦးမော်ထွန်းအောင်ပြောကြား


စက်တင်ဘာ၁၁ရက်


NUG payနှင့်ပတ်သက်ပြီး စက်တင်ဘာလအတွင်းမှာ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်မှ အခုလိုသုံးသပ်ပြောကြားထားပါတယ်။


"တော်လှန်ရေးမှာ အစုအဖွဲ့နဲ့ စုစည်းလုပ်ဆောင်မှု လို့ ထပ်ခါထပ်ခါ ပြောလွန်းလို့ တချို့တွေလည်းနားခါးလှ ပေလိမ့်မယ်။ အစုအဖွဲ့ institutions လို့ ဆိုရာမယ်၊ အဖွဲ့အစည်း အပြင်ခွံ ဖွဲ့စည်းမှုတွေချည်းကိုပဲ ရည်ညွှန်းနေတာမဟုတ်ပဲ၊ အဖွဲ့အစည်းတွေရဲ့  အတွင်းပိုင်းဆိုင်ရာ လည်ပတ်မှု၊ တာဝန်ယူတာဝန်ခံမှု ဆိုင်ရာများ ကိုလည်း ဆိုလိုတာဖြစ်တယ်။ ဒီထဲမှာ ဘဏ္ဍာရေးကိစ္စရပ်များ တာဝန်ယူတာဝန်ခံမှုများ သာမက ရရှိထားတဲ့ ရင်းမြစ်များ ကို ဘာနည်းလမ်းနဲ့ တကယ်လိုအပ်နေတဲ့ ဒေသ၊ တပ်ဖွဲ့ တွေကို စိတ်ချလုံခြုံစွာ ရောက်ရှိစေမှု ဘယ်လို မဟာဗျူဟာ အရ စံသတ်မှတ်ထား တဲ့ နည်းလမ်းတွေနဲ့ ခွဲဝေမှု ဆုံးဖြတ်ချက် ကိုလုပ်ဆောင်ကျသလဲ ဆိုတာတွေပါ ပါတယ်။ NUG pay ဟာ အစုအဖွဲ့ အလိုက် လုပ်ဆောင်ဖို့ ကြိုးစား တဲ့ တော်လှန်ရေးရဲ့ အသီးအပွင့်တခု ပါပဲ"လို့ဆိုပါတယ်။


NUG pay   အနေနဲ့ လည်း လည်ပတ်ငွေပမာဏ ဟာ ကျပ် ဘီလျံ ၅၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။


========================


📌📌 ၄။ မကွေးတိုင်း၊ နတ်မောက်မြို့၊ စိုင်ကောင်းရဲစခန်း (စစ်ဆေးရေးဂိတ် - ဘန်ကာများတည်ထားရာနေရာ) အား လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်


စက်တင်ဘာ၁၁ရက်


၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်၊ ညနေ () နာရီအချိန်တွင် မကွေးတိုင်း၊ နတ်မောက်မြို့၊ စိုင်ကောင်းရဲစခန်း (စစ်ဆေးရေးဂိတ် - ဘန်ကာများတည်ထားရာနေရာ) အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့တယ်လို့ အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။


စစ်ဆင်ရေးကိုOPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ  ဝင်ရောက်ပစ်ခတ်ဖောက်ခွဲခဲ့ပါတယ်။


အဆိုပါ ပစ်ခတ်ဖောက်ခွဲမှုတွင် အထိအခိုက် အတိအကျကိုစုံစမ်းနေပြီးOPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု မှ ဝင်ရောက်ပစ်ခတ်ဖောက်ခွဲခဲ့သည့် ရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ "သံဖြတ်လွှ"ဓာတ်ပုံကမ်ပိန်းလုပ်ဆောင်ခဲ့


စက်တင်ဘာ(၁၁)ရက်


စက်တင်ဘာ၁၁ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ "သံဖြတ်လွှ"ဓာတ်ပုံကမ်ပိန်းလုပ်ဆောင်ခဲ့မှုအပေါ် အခုလိုအသိပေးဆိုထားပါတယ်။


ယနေ့ပြုလုပ်‌သောဓာတ်ပုံကမ်ပိန်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ သပိတ်အင်အားစုမှရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်များ၊ ပြည်သူလူထုများစုပေါင်းကာ မုံရွာအကျဉ်းထောင်တွင်း အစာငတ်ခံဆန္ဒပြ၍‌တောင်းဆို‌နေကြသော နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ရပ်တည်ကြောင်း နှင့် အကျဉ်းထောင်တွင်း ဥပဒေမဲ့ ဖိနှိပ်မှုများ၊ သတ်ဖြတ်မှုများအား အမြန်ဆုံးရပ်တံ့‌ရန် အတွက်"သံဖြတ်လွှ" ဓာတ်ပုံကမ်ပိန်း ကို ပြုလုပ်ခဲ့ကြခြင်းဖြစ်တယ်လို့ဆိုပါတယ်။


လက်ရှိမုံရွာအကျဉ်းထောင်တွင်းမှ ရဲဘော်များ အစာငတ်ခံဆန္ဒပြ၍အထူးရှာဖွေရေးမှ သိမ်းဆည်းသွားသော အကျဉ်းသားများပိုင်ပစ္စည်းများကို ပြန်လည်ပေးအပ်ရန်၊ပြင်ပမှပေးပို့သော ထောင်ဝင်စာပါဆယ်များအားကန့်သတ်ချုပ်ချယ်မူမရှိပဲလွတ်လပ်စွာပေးပို့ခွင့်ပြုရန်၊အစာငတ်ခံဆန္ဒပြလျက်ရှိသော ရဲဘော်များ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား အပြည့်အဝတာဝန်ယူဖြေရှင်းပေးရန်တို့ကိုတောင်းဆိုလျက်ရှိပါတယ်။


========================


📌📌 ၆။ စက်တင်ဘာ (၁၆) ရက်နေ့တွင် sacramento မှာ  NUG ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကျင်းပမည်ဖြစ်ပြီးတော်လှန်ရေးရန်ပုံငွေပါ ကောက်ခံသွားမည်


စက်တင်ဘာ၁၁ရက်


"စက်တင်ဘာ (၁၆) ရက်နေ့ sacramento မှာ စတင် ကျင်းပ မဲ့ NUG ဝန်ကြီးချုပ် ဖလား ဘောလုံးပြိုင်ပွဲ ကိုလာရောက်ဖို့တိုက်တွန်းနိုးဆော်လိုက်ပါတယ်။ဘောလုံးပွဲစဉ်များ မကျင်းပမှီနှင့် ကျင်းပစဉ်များ မှာ အလှူငွေများကောက်ခံသွားမှာ ဖြစ်ပြီး၊ ရရှိသောအလှူငွေများကို အမျိုးသားညီညွတ်ရေး အစိုးရသို့ ပေးပို့လှူဒါန်းသွားမှာ ဖြစ်ပါတယ်"လို့ စက်တင်ဘာ၁၁ရက်မှာ အမေရိကန်ပြည်ထောင်စုရှိတော်လှန်ရေးအင်အားစုများကအသိပေးဆိုထားပါတယ်။


အလှူငွေများကို ကိုကျော်ခိုင်/ ကိုဇော်သိန်းဦး/ မမြတ်မိုး /ကိုဝင်းကျော်ဦး / ကိုစောထူး / ကိုအောင်သူစတဲ့ပုဂ္ဂိုလ်များထံ ဆက်သွယ်ပြီး လှူဒါန်းနိုင်တယ်လို့လည်းအသိပေးဆိုထားပါတယ်။


========================


📌📌 ၇။ နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ အစားအ သောက်ရောင်းရငွေနှင့်အလှူငွေ အမေရိကန်ဒေါ်လာ တစ်သောင်းငါးထောင်ကျော်ရရှိ


စက်တင်ဘာ၁၁ရက်


အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကိုဘေးဧရိယာမှာကျင်းပတဲ့နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ အစားအသောက်ရောင်းရငွေနဲ့အလှူငွေ အမေရိကန်ဒေါ်လာ တစ်သောင်းငါးထောင်ကျော်ရရှိခဲ့တယ်လို့စက်တင်ဘာ၁၁ရက်မှာ နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ အသိပေးဆိုပါတယ်။


"နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှယနေ့ရောင်းရငွေအလှူငွေလက်ခံရရှိမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅,၁၅၆ဒေါ်လာရရှိပါတယ်။ချက်ပြုတ်လှုဒါန်းပေးသောအလှူရှင်များ၊ ငွေသားအလှုရှင်များ၊အပင်များပြုစုပျိုးထောင်ရောင်းချလှုဒါန်းပေးသူများ၊ဝယ်သူအားပေးသော မိတ်ဆွေများ၊ဝိုင်းဝန်းကူညီသောမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်"လို့ဆိုပါတယ်။


နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုဟာ နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် လစဥ်မြန်မာအစားအစာနှင့်အစားအသောက်များကို ချက်ပြုတ်ရောင်းချလျက် ရန်ပုံငွေရှာဖွေပေးလျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment