11th SEP 2023 - Morning Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေး ကာလအတွင်း ပွတ်တိုက်မှုများ၊ ထိခိုက်မှုများ ထပ်မံမဖြစ်ပွားရန်အတွက် တားဆီးရန်လိုကြောင်း တရားရေးဝန်ကြီးဆို

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာန Websites များကို DDOS နဲ့ တိုက်ခိုက်လာတဲ့ Cyber Attack ကို ချက်ချင်းသိရှိပြီး ကာကွယ်နိုင်ခဲ့သလို ​​နေပြည်တော်ကနေ အသုံးပြုခဲ့တဲ့ ISP ကိုပါ ITဌာနကဖော်ထုတ်နိုင်ခဲ့တယ်လို့ ဝန်ကြီးဦးထင်လင်းအောင်ဆို

📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏(၃၅)နှစ်မြောက်ပါတီ နှစ်ပတ်လည်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

📌 ၄။ ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်အတွင်းလှုပ်ရှားနေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ အလင်းဝင်ခိုလှုံလာတယ်လို့ မြို့လှ K-PDFတပ်ရင်းအသိပေး

📌 ၅။ ပဲခူးရိုးမအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ အခိုင်အမာတပ်ဆွဲထားသည့် ခါချဉ်တောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးနိုင်ခဲ့

📌 ၆။ စစ်ကိုင်းမြို့နယ် ဆား တောင်တိုက်နယ် အနာက်ခြမ်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးကာ ပြန်လာသည့် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

📌 ၇။ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ ထွေအုပ်ရုံးတွင် တပ်စွဲနေထိုင်သော စကစတပ်သားများအား  Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့မှပြောက်ကြား သွားရောက်တိုက်ခိုက်ခဲ့ရာ စကစဘက်ကနှစ်ဦးသေ

📌 ၈။ ပထမဆုံး တင်ပို့မှုအဖြစ် ရုရှားနိုင်ငံထုတ် Su-30 တိုက်လေယာဉ် နှစ်စင်းကို အကြမ်းဖက်စစ်ကောင်စီမှ လက်ခံရရှိထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေး ကာလအတွင်း ပွတ်တိုက်မှုများ၊ ထိခိုက်မှုများ ထပ်မံမဖြစ်ပွားရန်အတွက် တားဆီးရန်လိုကြောင်း တရားရေးဝန်ကြီးဆို


စက်တင်ဘာ၁၀ရက်

တော်လှန်ရေး ကာလအတွင်း  ပွတ်တိုက်မှုများ၊ ထိခိုက်မှုများ ထပ်မံမဖြစ်ပွားရန်အတွက် တားဆီးရန်လိုကြောင်း တရားရေးဝန်ကြီး ဦးသိန်းဦးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ တွေ့ဆုံဆွေးနွေးသည့်အစည်းအဝေး(၁၂/၂၀၂၃)မှာ တရားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။


"တော်လှန်ရေး ကာလအတွင်း တရားဥပဒေစိုးမိုးမှုကို အထိုက်အလျောက် အားနည်းချက်များရှိနေနိုင်ပြီး ထိုအချက်အရ ဖြစ်ပေါ်လာသည့် ပွတ်တိုက်မှုများ၊ ထိခိုက်မှုများရှိကြရာ အဓိကအားဖြင့် ထိုကိစ္စများ ထပ်မံမဖြစ်ပွားရန်အတွက် တားဆီးရန်လိုကြောင်း၊ ထိုသို့မတားဆီးနိုင်ပါက လူထုယုံကြည်မှုသည် နွေဦးတော်လှန်ရေးအပေါ် ထိခိုက်နိုင်ကြောင်း၊ လူထု၏တော်လှန်လိုစိတ်များ လျော့နည်းလာပါက တစ်ဖက်အကြမ်းဖက်စစ်တပ်၏ ဝမ်းသာစရာဖြစ်စေပြီး တော်လှန်ရေးကိုထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့်မိမိတို့ တတ်စွမ်းသမျှ ထိုးဖောက်ရမည်ဖြစ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။


အစည်းအဝေးသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါ်မေအောင်သူ၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းသိန်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာန Websites များကို DDOS နဲ့ တိုက်ခိုက်လာတဲ့ Cyber Attack ကို ချက်ချင်းသိရှိပြီး ကာကွယ်နိုင်ခဲ့သလို ​​နေပြည်တော်ကနေ အသုံးပြုခဲ့တဲ့ ISP ကိုပါ ITဌာနကဖော်ထုတ်နိုင်ခဲ့တယ်လို့ ဝန်ကြီးဦးထင်လင်းအောင်ဆို


စက်တင်ဘာ၁၀ရက်

DDOS နဲ့ တိုက်ခိုက်လာတဲ့ Cyber Attack ကို ချက်ချင်းသိရှိပြီး ကာကွယ်နိုင်ခဲ့သလို ​​နေပြည်တော်ကနေ အသုံးပြုခဲ့တဲ့ ISP  ကိုပါ

ITဌာနက ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က စက်တင်ဘာ၁၀ရက်မှာ ပြောဆိုပါတယ်။


"DDOS နဲ့ တိုက်ခိုက်လာတဲ့ Cyber Attack ကို ချက်ချင်းသိရှိပြီး ကာကွယ်နိုင်ခဲ့သလို ​​နေပြည်တော်ကနေ အသုံးပြုခဲ့တဲ့ ISP  ကိုပါ ဖော်ထုတ်နိုင်ခဲ့တဲ့ IT ဌာနတစ်ခုလုံးအတွက် ချီးကျူးဂုဏ်ယူပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာန Websites များကို နေပြည်တော်မှ DDOs Attack စနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ အမျိုးသားညီညွတ် ရေးအစိုးရ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ITဌာနကသိရှိပြီးကာကွယ်နိူင်ခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏(၃၅)နှစ်မြောက်ပါတီ နှစ်ပတ်လည်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


စက်တင်ဘာ(၁၀)ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏(၃၅)နှစ်မြောက်ပါတီ နှစ်ပတ်လည်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါတယ်။


စက်တင်ဘာ၁၀ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၃၅)နှစ်မြောက်ပါတီ နှစ်ပတ်လည်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း

ညှိနှိုင်းအစည်းအဝေးကိုလုပ်ဆောင်ခဲ့ပါတယ်။


၎င်းအစည်းအဝေးသို့ ဗဟိုအလုပ်ကော်မတီဝင်များနှင့်အတူ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဝင်များလည်းတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ၄။ ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်အတွင်းလှုပ်ရှားနေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ အလင်းဝင်ခိုလှုံလာတယ်လို့ မြို့လှ K-PDFတပ်ရင်းအသိပေး


စက်တင်ဘာ၁၀ရက်

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်အတွင်း လှုပ်ရှားနေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ အလင်းဝင်ခိုလှုံလာတယ်လို့ မြို့လှ K-PDFတပ်ရင်းက စက်တင်ဘာ၁၀ရက်မှာ အသိပေးဆိုပါတယ်။


"ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်အတွင်းလှုပ်ရှားနေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်မ(၈၈)လက်အောက်ခံတပ် ခလရ(၇၈)တပ်ရင်းမှ တပ်သား ရဝေအောင်၊ နိုင်လင်းဦး၊ ခလရ(၄၃၇)မှ ဇော်မင်းထွေး တို့သည် ကချင်လွတ်မြောက်ရေတပ်မတော်KIAတပ်မဟာ() အမှတ်()တပ်ရင်း၊ မြို့လှ K-PDFတပ်ရင်းသို့ ပူးပေါင်းခိုလှုံလာကြောင်း ပြည်သူများသို့ အစီရင်ခံတင်ပြအပ်ပါတယ်"လို့ ဆိုပါတယ်။


CDM ဝင်ရောက်လာသော ပြည်သူ့သူရဲကောင်းများကို လူ့ဂုဏ်သိက္ခာများနှင့်အညီ စောင့်ရှောက်ကူညီပေးထားပြီး လိုအပ်သည်များကို ထောက်ပံ့ကူညီ၍ နေရပ်ပြန်ရေးအထိ အစစအရာရာ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ ပဲခူးရိုးမအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ အခိုင်အမာတပ်ဆွဲထားသည့် ခါချဉ်တောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးနိုင်ခဲ့


စက်တင်ဘာ ၁၀ရက်

ပဲခူးရိုးမအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ အခိုင်အမာတပ်ဆွဲထားသည့် ခါချဉ်တောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ စက်တင်ဘာ၁၀ရက်မှာ စစ်ရေးသတင်းကို ပဲခူးတိုင်းစစ်ဒေသခွဲကအတည်ပြုဆိုပါတယ်။


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်မြို့ချောင်း ပဲခူးရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်ပေါ်၌ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကတုတ်ကျင်းများတူး၍ အခိုင်အမာ တပ်ဆွဲထားသည့် ခါချဉ်တောင်စခန်းအား စက်တင်ဘာလ ()ရက်နေ့ (၂၂:၀၀)နာရီ အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ပြန်လည်ခုခံခဲ့‌သော်လည်း နည်းဗျူဟာပိုင်း အားသာချက်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟာ အကြမ်းဖက်စစ်ကောင်စီ၏ ခါချဉ်တောင်စခန်းကို လက်ရသိမ်းပိုက်နိုင်ခဲ့ပြီး ဘတ်တံဆိပ်တစ်ခုကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။


 ထို့နောက် စစ်ကောင်စီတပ်ဖွဲ့များ ထပ်မံ တပ်ဆွဲခြင်း မပြုနိုင်ရန် စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ပြီး ဆက်လက်အတည်ပြု စုံစမ်းလျက်ရှိပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းမြို့နယ် ဆား တောင်တိုက်နယ် အနာက်ခြမ်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးကာ ပြန်လာသည့် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်


စက်တင်ဘာ၁၀ရက်

စစ်ကိုင်းမြို့နယ် ဆား တောင်တိုက်နယ်အနာက်ခြမ်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးကာပြန်လာသည့် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ စက်တင်ဘာ၁၀ရက်မှာ Fight for Federalကအသိပေးဆိုပါတယ်။


"စက်တင်ဘာ ၃ရက်မှ စက်တင်ဘာ ၈ရက်အထိ စစ်ကိုင်းမြို့နယ် ဆား တောင်တိုက်နယ် အနာက်ခြမ်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးကာ စစ်ကိုင်းမြို့ တပ်မ၃၃သို့ တပ်ပြန်ဆုတ်သည့် စကစ အင်အား၁၀၀ ကျော် လိုက်ပါလာသော စစ်ယာဉ်တန်းအား စက်တင်ဘာ၉ နံနက် ၉နာရီကျော်က စစ်ကိုင်းမြို့နယ် စစ်ကိုင်း-ရွှေဘို-မုံရွာကားလမ်း အုန်းတောရွာနှင့် ရွာသစ်ရွာအကြား နန်းမဟာစားသောက်ဆိုင်အနီး မိုင်းပွိုင့်နှစ်ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကားနှစ်စီးမိုင်းတည့်တည့် ထိမှန်ခဲ့ကာ စကစ အကြမ်းဖက်စစ်သားများ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှု များပြားနိုင်တယ်လို့ဆိုပါတယ်။


စစ်ဆင်ရေးကို Fight for Federal နှင့် Phoenix SGG, Unicorn, စစ်ကိုင်းမြို့နယ်ပကဖ အညာသားလေးSGG တို့ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ပါတယ်။


========================


📌📌 ၇။ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ ထွေအုပ်ရုံးတွင် တပ်စွဲနေထိုင်သော စကစတပ်သားများအား  Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့မှပြောက်ကြား သွားရောက်တိုက်ခိုက်ခဲ့ရာ စကစဘက်ကနှစ်ဦးသေ


စက်တင်ဘာ၁၀ရက်

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ ထွေအုပ်ရုံးတွင် တပ်စွဲနေထိုင်သော စကစတပ်သားများအား  Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့မှ ပြောက်ကြား သွားရောက်တိုက်ခိုက်ခဲ့ရာ စကစဘက်ကနှစ်ဦးသေဆုံးခဲ့ပါတယ်။


စက်တင်ဘာလ၉ရက်၊ ည၇နာရီအချိန်ခန့်တွင် ကျွန်တော်တို့ Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။


မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ ထွေအုပ်ရုံးတွင် တပ်စွဲနေထိုင်သော စကစ တပ်သားများအား ၂၀၂၃၊စက်တင်ဘာလ၉ရက်၊ ည၇နာရီအချိန်ခန့်တွင်  Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့မှ ပြောက်ကြားနည်းဗျူဟာအား အသုံးပြု၍ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


တိုက်ပွဲဖြစ်ပွားချိန် မိနစ် (၃၀)ခန့်ကြာမြင့်ခဲ့ပြီး စကစတပ်သား ()ဦး သေဆုံးကာ ()ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းသိရပါတယ်။


========================


📌📌 ၈။ ပထမဆုံး တင်ပို့မှုအဖြစ် ရုရှားနိုင်ငံထုတ် Su-30 တိုက်လေယာဉ် နှစ်စင်းကို အကြမ်းဖက်စစ်ကောင်စီမှ လက်ခံရရှိထား


စက်တင်ဘာ၁၀ရက်

မြန်မာနိုင်ငံသည် ရုရှားနိုင်ငံထုတ် Su-30 တိုက်လေယာဉ် နှစ်စင်းကို ပထမဆုံး တင်ပို့မှုအဖြစ် လက်ခံရရှိထားကြောင်း မြန်မာနိုင်ငံကုန်သွယ်ရေး ဝန်ကြီး Charlie Thanမှ ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီသို့ တနင်္ဂနွေနေ့က ထုတ်ပြန်သည့် သဘောထားမှတ်ချက်တွင် ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။


 "လေယာဉ်နှစ်စင်းပေးပို့ပြီးပါပြီ"  ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးရန် ရည်ရွယ်ပြီးပေးအပ်ခဲ့တာလို့ တနင်္ဂနွေနေ့မှာပြုလုပ်တဲ့  ရုရှား၏နှစ်ပတ်လည် ဖိုရမ်တွင်Charlie Thanမှပြောကြားခဲ့ပါတယ်။


Su-30SME တိုက်လေယာဉ် ခြောက်စင်း ပေးပို့ရန်အတွက် ရုရှားနှင့် မြန်မာတို့ စက်တင်ဘာ ၂၀၂၂ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရပါတယ်။


Su-30SME ဘက်စုံသုံး တိုက်လေယာဉ်သည် ရန်သူ၏ ဝေဟင်ပစ်မှတ်များ ထိတွေ့ဆက်ဆံမှု၊ ဝေဟင်ထောက်လှမ်းမှု၊ တိုက်ခိုက်ရေး အလုပ်အကိုင်နှင့် လေယာဉ်မှူးလေ့ကျင့်ရေးတို့အတွက် ဒီဇိုင်းထုတ်ထားကြောင်း ရုရှားနိုင်ငံပိုင် လက်နက်တင်ပို့သူ Rosoboronexport မှ ပြောကြားခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment