14th SEP 2023 - Morning Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ၊ သပိတ်အင်အားစုများ နှင့် (UN Credential Campaign) ပြည်သူလူထု၏ တောင်းဆိုတိုက်ပွဲဝင်ကြမည့် တိုက်ပွဲလှုပ်ရှားမှုနှင့်စပ်လျဉ်း၍ ဆွေးနွေး

📌 ၂။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် အကြမ်းဖက်စစ်ကောင်စီကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ နေအိမ်မီးရှို့ခံလိုက်ရသည့် စစ်ဘေးရှောင်ပြည်သူများအတွက်  ယာယီတဲ (၁၀၈) လုံးကို  ဆောက်လုပ်ပံ့ပိုးပေးခဲ့

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏနဲ့ ဒုဝန်ကြီး ခူးထဲဘူးတို့တက်ရောက်

📌 ၄။ NUGPay မှာ ငွေမလွှဲခင် ပြန်စစ်လို့ရပြီ

📌 ၅။ စစ်ကောင်စီက မြန်မာနိုင်ငံမှသုံးစွဲငွေ၏ ၉၈ ရာခိုင်နှုန်းကို လေယာဉ်တင်သွင်းမှုပေါ်တွင် သုံးစွဲခဲ့ပြီး လေကြောင်းအတွက် အသုံးစားရိတ်  ၃၈၉ မီလီယံဒေါ်လာရှိခဲ့

📌 ၆။ မုံရွာအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံ တိုက်ပွဲဝင်မှု အနိုင်ရရှိခဲ့

📌 ၇။ Alpha One Droneအဖွဲ့မှ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှ ဩဂုတ်လ ()ရက်နေ့ အထိ ရန်သူ ပစ်မှတ် (၁၃) နေရာကို ဗုံး အလုံး(၉၀) ကျဲချတိုက်ခိုက်ခဲ့

📌 ၈။ စကခ(၁၉) လက်အောက်ခံတပ်များအားမွန်ပြည်နယ်အခြေစိုက် ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုများက  လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ၊ သပိတ်အင်အားစုများ နှင့် (UN Credential Campaign) ပြည်သူလူထု၏ တောင်းဆိုတိုက်ပွဲဝင်ကြမည့် တိုက်ပွဲလှုပ်ရှားမှုနှင့်စပ်လျဉ်း၍ ဆွေးနွေး


စက်တင်ဘာလ  ၁၃  ရက်

အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ၊ သပိတ်အင်အားစုများ နှင့် (UN Credential Campaign) ပြည်သူလူထု၏ တောင်းဆိုတိုက်ပွဲဝင်ကြမည့် တိုက်ပွဲလှုပ်ရှားမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲကို စက်တင်ဘာ၁၃ရက်က ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။


အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်မှ  "သံအမတ်ကြီးမှ ပြည်သူလူထု၏ ထောက်ခံမှုဖြင့် ကိုယ်စားလှယ် ဆက်လက်ဖြစ်တည်ရန်  အင်မတန်မှ အရေးကြီးပါကြောင်း၊ ကမ္ဘာ့နိုင်ငံရေးအကြား၌ ပြည်သူလူထု၏ အသံသည်အရေးကြီးကြောင်း၊ ပြည်သူလူထုသည် လွတ်လပ်သည့် အချုပ်အချာအာဏာ၏ မူလပိုင်ရှင်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအသံကို လွတ်လပ်စွာ ထုတ်ဖော်ပြသမှုကို တားဆီး၍မရပါကြောင်း၊ လူထု၏ ထောက်ခံမှုသည် အရေးကြီး၍ ဟန်ချက်ညီစွာဖြင့် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ အကောင်းဆုံး ခံစစ်သည် အကောင်းဆုံးထိုးစစ်ဖြစ်ပါကြောင်း"ဝန်ကြီးကပြောကြားခဲ့ပါတယ်။


အစည်းအဝေးသို့ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုး၊ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်အပါအဝင်တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။


ထို့နောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ  "တော်လှန်ရေး၏ အဓိကဖြစ်သည့် ပြည်သူတွေရဲ့ ကြိုးစားမှု၊ဆောင်ရွက်မှု၊ ဆန္ဒကို နိုင်ငံတကာမှ ကြားသိအောင် လုပ်ဆောင်ရသည်မှာ အရေးကြီးသည့် ကဏ္ဍဖြစ်ကာ ထိုအချက် ချက်ကို အလေးထားပြီး အဓိကထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြေပြင်ရှိ ပြည်သူများမှ ဆန္ဒထုတ်ဖော်မှုများကို ပြသနေပါသဖြင့် ကျေးဇူးတင်ပါကြောင်း၊ ပြည်သူတွေရဲ့ အသံ၊ ထောက်ခံမှုသည် အင်မတန်မှ အရေးကြီးပါကြောင်း၊ မြေပြင်မှာ ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုများသည် အသက်အန္တရာယ်ကြားမှ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ်တစ်ခုအား အကြောင်းပြုပြီး လုပ်ဆောင်နိုင်လေလေ တော်လှန်ရေး၏ လုပ်ဆောင်ချက်သည် ပိုပြီး စုစည်းချက်ကောင်းမွန်မှုရှိမည်ဖြစ်ကြောင်း"သံအမတ်ကြီးကပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် အကြမ်းဖက်စစ်ကောင်စီကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ နေအိမ်မီးရှို့ခံလိုက်ရသည့် စစ်ဘေးရှောင်ပြည်သူများအတွက်  ယာယီတဲ (၁၀၈) လုံးကို  ဆောက်လုပ်ပံ့ပိုးပေးခဲ့


စက်တင်ဘာ၁၃ရက်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် အကြမ်းဖက်စစ်ကောင်စီကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ နေအိမ်မီးရှို့ခံလိုက်ရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီတဲ (၁၀၈) လုံးကို  ဆောက်လုပ်ပံ့ပိုးပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက စက်တင်ဘာ၁၃ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် ပြည်သူမှ ပြည်သူသို့ လှူဒါန်းငွေများဖြင့် တော်လှန်ရေးကာလအတွင်း ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ စစ်ဘေးသင့်ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများဖြစ်သည့် အရေးပေါ်စားနပ်ရိက္ခာနှင့် အမိုးအကာများအပြင် နယ်မြေလုံခြုံရေးအရ ယာယီတဲများ ပြန်လည် တည်ဆောက်ခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်လို့ဆိုပါတယ်။


၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် စစ်ကိုင်းတိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီကြောင့် နေအိမ်မီးရှို့ခံလိုက်ရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် လုံခြုံမှုရှိသည့်နေရာများ၌ ယာယီတဲ (၁၀၈) လုံးကို ကိုရီးယားမှရဲဘော်များ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် ဆောက်လုပ်ပံ့ပိုးပေးခဲ့တယ်လို့ဆိုပါတယ်။


အကောင်အထည်ဖော်ပေးကြသည့် ဝန်ကြီးဌာနတာဝန်ခံများကို ကျေးဇူးတင်ရှိကြောင်းနှင့် လှူဒါန်းငွေများကို ထိထိရောက်ရောက် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းထုတ်ပြန်ပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏနဲ့ ဒုဝန်ကြီး ခူးထဲဘူးတို့တက်ရောက်


စက်တင်ဘာ၁၃  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၃၁/၂၀၂၃)ကို စက်တင်ဘာ၁၃ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏနှင့် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက်ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည့်လုပ်ငန်းများအား မှာကြားဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ NUGPay မှာ ငွေမလွှဲခင် ပြန်စစ်လို့ရပြီ


ငွေမလွှဲခင် ပြန်စစ်လို့ရပြီဖြစ်ကြောင်း စက်တင်ဘာ၁၃ရက်မှာ NUG Payက အသိပေးဖော်ပြပါတယ်။


 NUGPay ရဲ့ UI အသစ်မှာ ငွေလွှဲ PIN မထည့်ခင် ငွေလွှဲမယ့်သူနဲ့ ငွေပမာဏကို ဖော်ပြထားပြီလို့သိရပါတယ်။


၂၀၂၂ ခုနှစ် ဇူလိုင်လ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့သော NUGPay သည်  တစ်နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ပြီး တစ်နှစ်တာအတွင်းတွင်- သုံးစွဲသူစုစုပေါင်း နှစ်သောင်းရှစ်ထောင်ကျော်၊ စျေးကွက်အတွင်းလည်ပတ်နေသော DMMK ပမာဏ ၁၅. ဘီလျံနှင့် DMMK အား အသုံးပြု၍ ငွေပေးငွေယူ (Transaction) ပြုလုပ်ခဲ့သော စုစုပေါင်းတန်ဖိုးမှာ ၃၁၂ ဘီလျံထိ ရှိခဲ့ပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီက မြန်မာနိုင်ငံမှသုံးစွဲငွေ၏ ၉၈ ရာခိုင်နှုန်းကို လေယာဉ်တင်သွင်းမှုပေါ်တွင် သုံးစွဲခဲ့ပြီး လေကြောင်းအတွက် အသုံးစားရိတ်  ၃၈၉ မီလီယံဒေါ်လာရှိခဲ့


စက်တင်ဘာ၁၃ရက်

Myanmar Witness သည် မြန်မာစစ်တပ်မှ ဘတ်ဂျက်ငွေကို မည်သည့်နေရာတွင် သုံးစွဲခဲ့သည်ကို open-source tools များကို အသုံးပြုကာ စုံစမ်းစစ်ဆေးခဲ့မှုအား အစီရင်ခံဖော်ပြခဲ့ပါတယ်။


စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ SIPRI ၏အချက်အလက်များအရ မြန်မာနိုင်ငံသို့ နိုင်ငံအများစု၏ လက်နက်တင်ပို့မှုတန်ဖိုးသည် သုညအထိ ကျဆင်းသွားခဲ့သော်လည်း တရုတ်နှင့် ရုရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုသည် ၂၀၂၂ ခုနှစ်တွင် သိသိသာသာ တိုးတက်လာခဲ့တယ်လို့ဖော်ပြပါတယ်။


၂၀၂၂ ခုနှစ်တွင် မှတ်တမ်းတင်ထားသော လက်နက်တင်သွင်းမှုတွင် မြန်မာနိုင်ငံမှသုံးစွဲငွေ၏ ၉၈ ရာခိုင်နှုန်းကို လေယာဉ်တင်သွင်းမှုပေါ်တွင် သုံးစွဲခဲ့ပြီး ထိုငွေများ၏ ၉၇ ရာခိုင်နှုန်းသည် တရုတ်နဲ့ ရုရှားကို ရောက်ရှိတယ်လို့ဆိုပါတယ်။


စစ်ကောင်စီက ၂၀၂၂ ခုနှစ်၏ စစ်လက်နက်တင်သွင်းမှုအသုံးစားရိတ်အဖြစ် ဒေါ်လာ ၃၉၄ မီလီယံအသုံးပြုခဲ့ပြီး ၎င်းအနက် လေကြောင်းအတွက် အသုံးစားရိတ်မှာ ၃၈၉ မီလီယံရှိခဲ့ပါတယ်။


၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ၈၂၀ ကြိမ်ရှိခဲ့ပြီး အရပ်သားသေဆုံးသူ ၂၇၀ ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ရဲ့ ပထမလေးလတာအတွင်းမှာတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအရေအတွက်ဟာ ပိုမိုတိုးမြှင့်လာခဲ့ပြီး သေဆုံးသူအရပ်သားဦးရေ ၂၉၀ ကျော်ထိရှိလာတယ်လို့ သိရပါတယ်။


========================


📌📌 ၆။ မုံရွာအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံ တိုက်ပွဲဝင်မှု အနိုင်ရရှိခဲ့


စက်တင်ဘာ၁၃ရက်

မုံရွာအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံ တိုက်ပွဲဝင်မှု အနိုင်ရရှိခဲ့တယ်လို့ ထောင်တွင်းအခြေအနေကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက စက်တင်ဘာ၁၃ရက်မှာ အသိပေးဆိုထားပါတယ်။


"မုံရွာအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံ တိုက်ပွဲဝင်မှုဟာ နောက်ဆုံးအခြေအနေမှာ အနိုင်ရရှိခဲ့ပါတယ်။နိုင်ငံရေးအကျဉ်းသားတွေရဲ့ တောင်းဆိုချက် () ချက်ကို ထောင်အာဏာပိုင်တွေဖက်က လိုက်လျောသဘောတူခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို ပြန်လည်ရရှိလာတာ ထောင်တွင်းနိုင်ငံရေးအကျဉ်းသားတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့  ဖိနှိပ်ညှင်းပန်းမှုကို ခုခံတွန်းလှန်နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်"လို့ဆိုပါတယ်။


မုံရွာအကျဉ်းထောင်တွင်း ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား (၅၅) ယောက်ဟာ အစာငတ်ခံသပိတ်တိုက်ပွဲ ဆင်နွှဲခဲ့ပြီး အကျဉ်းသားတွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ သိမ်းဆည်းခံပစ္စည်းတွေ ပြန်ရဖို့၊ ထောင်ဝင်စာ ပြန်လည်ရရှိဖို့၊ ကျန်းမာရေးစောင့်ရှောက်မှု‌ရရှိဖို့ တောင်းဆိုချက်တွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။


"အနိုင်မခံအရှုံးမပေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တော်လှန်သော စိတ်ဓာတ်ကို ကျွနု်ပ်တို့ မုံရွာလူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီက လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုပါတယ်"လို့ဆိုပါတယ်။


========================


📌📌 ၇။ Alpha One Droneအဖွဲ့မှ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှ ဩဂုတ်လ ()ရက်နေ့ အထိ ရန်သူ ပစ်မှတ် (၁၃) နေရာကို ဗုံး အလုံး(၉၀) ကျဲချတိုက်ခိုက်ခဲ့


စက်တင်ဘာ၁၃ရက်

စစ်ရေးသတင်းကို Alpha One Drone teamက အတည်ပြုဖော်ပြထားပါတယ်။


(Alpha One Drone )အဖွဲ့သည် ပြည်ခရိုင်၊ တပ်ရင်း -၃၆၀၂၊ တပ်ခွဲ() Drone အဖွဲ့ဖြစ်ပြီး၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှ ဩဂုတ်လ ()ရက်နေ့ အထိ ရန်သူ ပစ်မှတ် (၁၃) နေရာကို ဗုံး အလုံး(၉၀) ကျဲချတိုက်ခိုက်ခဲ့ပါတယ်လို့ဆိုပါတယ်။


တိုက်ခိုက်မှုတွင် ရန်သူ့ဘက်က ဗျူဟာမှူး()ယောက်အပါအဝင် ထိခိုက်ကျဆုံးမှု များပြားခဲ့ပြီး ကာကွယ်ရေးဘက်က တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။


လက်ရှိတွင် ဒရုန်းတပ်မှာ KNU/KNLA တပ်မဟာ() တပ်ရင်း()အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ နေပြည်တော် PDF တို့နှင့် ပူးပေါင်း၍ စစ်ဆင်ရေးဆောင်ရွက်လျက်ရှိပါတယ်။


ပြည်သူများအနေဖြင့်လည်း လက်တွေ့ကျကျ ပါဝင်တိုက်ပွဲဝင်ဖို့ ပြည်ခရိုင် တပ်ရင်း-၃၆၀၂ / တပ်ခွဲ() ရဲ့ Alpha One Drone team ရဲ့ လက်ရှိစစ်ရေးလှုပ်ရှားရန် လိုအပ်နေသော / 2.5 kg ဗုံး အလုံးတစ်ရာ ကမ်ပိန်းတွင် ပါဝင်ကူညီကြပါရန် တိုက်တွန်းထားပါတယ်။


========================


📌📌 ၈။ စကခ(၁၉) လက်အောက်ခံတပ်များအားမွန်ပြည်နယ်အခြေစိုက် ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုများက  လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်တိုက်ခိုက်


စက်တင်ဘာ၁၂ရက်

စကခ(၁၉) လက်အောက်ခံတပ်များအား မွန်ပြည်နယ်အခြေစိုက်ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုများက လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းကို ဒေါနစစ်ကြောင်းက စက်တင်ဘာ၁၃ရက်မှာ အသိပေးဆိုပါတယ်။


"စက်တင်ဘာလ ၁၂ ရက်နေ့တွင် စကခ(၁၉) လက်အောက်ခံတပ်ရင်းများဖြစ်သည့်  ခမရ (၅၈၃) နှင့် ခမရ (၅၉၁) အား ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့(YGF) မွန်တော်လှန်ရေးတပ် (MSRF) ရေးကာ‌ကွယ်ရေးတပ် (YDF) မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း( MSRO) ABSDF တပ်ရင်း()  YAF နှင့် KNLAတပ်ရင်း ၂၇  ရေးအခြေစိုက် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ဆင်ရေးဖော်ဆောင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


စစ်ကြောင်းဘက်မှ ခမရ (၅၈၃) နှင့် ခမရ (၅၉၁) တပ်ရင်းများအတွင်းသို့ ဒေါနမမလက်နက်ကြီးတပ်စုက ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန်မှာ နေ့လည် : ၃၀ မှ : ၄၅ မိနစ် အထိ ၁၅ မိနစ်သာကြာမြင့်ခဲ့ပြီး ခမရ (၅၈၃) နှင့် ခမရ (၅၉၁) အား လက်နက်ကြီးဖြင့် တစ်ပြိုင်တည်းပစ်ခတ်ခဲ့ပြီး တပ်ရင်းအတွင်းသို့ တိုက်ရိုက်ထိမှန်ကြောင်း သတင်းရရှိထားပါတယ်။


ခမရ (၅၉၁) ထိခိုက်မှု ကနဦးသတင်းများအရ လက်ရှိတွင် ဒု-ဗိုလ် () ဦး၊ ဒု-တပ်ကြပ် ()ဦး၊ ရဲဘော် ()ဦး၊ ရဲဘော်မိန်းမ ()ဦး စုစုပေါင်း ()ဦး သေဆုံး၍  ()ဦး အပြင်းအထန် ဒဏ်ရာရရှိထားကြောင်း သိရှိရပြီး ခမရ (၅၈၃) ထိခိုက်သေဆုံး သတင်းများအားလည်းစုံစမ်းဆဲဖြစ်တယ်လို့သိရပါတယ်။


စစ်ကြောင်းဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးချိန်တွင် ခမရ (၅၈၃) နှင့် ခမရ (၅၉၁)မှ ၈၁ () လုံး၊ ၆၀ ()လုံး  နှင့် 79 MM များ အား ကျေးရွာများအတွင်းသို့ "တပ်ကိုထိရင် ရွာကိုပစ်မယ်"ဟု ခြိမ်းခြောက်ထားသည့်အတိုင်း ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြည်သူများအားမေးမြန်းကြည့်ရာတွင် စကစဘက်မှ ပစ်ခတ်မှုကြောင့် ပြည်သူ() ဦးခန့် ထိခိုက်ဒဏ်ရာများရရှိပြီး ပျက်စီးဆုံးရှုံးမှုများလည်းရှိကြောင်းသတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment