၂၀၂၃ စက်တင်ဘာလ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ (Medical diaspora)မှ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး တက်ရောက်
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ နွေဦးလုပ်သား ထောက်ပို့အဖွဲ့ဝင်ကတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာ
📌 ၃။ NLD ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ
📌 ၄။ စစ်ရေးဘက်မည်းနေတုန်း ဖက်ဆစ်စစ်တပ်ဟာဘဏ္ဍာရေးခံတပ်ပြိုသွားပြီလို့ ဦးမင်းကိုနိူင်ပြောကြား
📌 ၅။ ဒေါနစစ်ကြောင်းမှ ဦးစီးကျင်းပသော ဆေးတပ်သားသင်တန်းအပတ်စဥ်(၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
📌 ၆။ KNUခလယ်လယ်လွီထူခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူဦးရေစုစုပေါင်း (၅၆၆၂) ဦး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရ
📌 ၇။ ထန်းတပင်မြို့နယ် မြို့ဆိုးကျေးရွာရှိ စစ်တောင်းမြစ်ကူးတံတား ကင်းဂိတ်စခန်းနှင့်ကင်းပုန်းနေရာအား အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း(၂) နှင့် ပူးပေါင်းမဟာမိတ် အဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ စကစဘက်ကရှစ်ဦး သေဆုံး
📌 ၈။ အောင်လံလွှင့်ချီ နွေဦးထီအပတ်စဥ်၂၂တွင် ကျပ်သိန်းတစ်ရာဆုကို CDMတစ်ဦး ကံထူးပြီး အခြားသိန်းဂဏန်းဆုမဲများကိုလည်း CDMများပင်ကံထူး
📌 ၉။ အမေရိကန်နိူင်ငံ ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ (Medical diaspora)မှ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး တက်ရောက်
စက်တင်ဘာ (၁) ရက်
Western Australia ပြည်နယ်မှ မြန်မာဆရာဝန်များ၊ မြန်မာကျန်းမာရေးမိသားစုဝင်များ (Medical diaspora)မှ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးသည် ဩဂုတ်လ (၂၆) ရက်နေ့၊ ညနေပိုင်းတွင် ဩစတေးလျနိုင်ငံ၊ Perth မြို့၌ ကျင်းပပြုလုပ်သော Western Australia ပြည်နယ်မှ မြန်မာဆရာဝန်များ၊ မြန်မာကျန်းမာရေးမိသားစုဝင်များ (Medical diaspora) ၏ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဩစတေးလျနိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ မြန်မာဆရာဝန်များ၊ မြန်မာကျန်းမာရေးမိသားစုဝင်များ (Medical diaspora) ၏ နွေဦးတော်လှန်ရေး၌ လူအား၊ ပညာအား၊ ငွေအားတို့ဖြင့် ပါဝင်အားဖြည့်လှူဒါန်းမှုများကို ကျေးဇူးတင်အသိအမှတ်ပြုကြောင်း အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများက မြန်မာ့နွေဦးတော်လှန်ရေး၏ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Western Australia မှ Medical diaspora များနှင့် အတူတကွ ရင်းနှီးစွာ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ကြပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ နွေဦးလုပ်သား ထောက်ပို့အဖွဲ့ဝင်ကတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာ
စက်တင်ဘာ၁ရက်
ဩဂုတ်လ ၃၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ အခုလိုအသိပေးဖော်ပြထားပါတယ်။
"မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်လျက်ရှိသော ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားနေသည့် ထောက်ပို့အင်အားစုများမှ အဖွဲ့ဝင်များအား နွေဦးလုပ်သား ထောက်ပို့အဖွဲ့ဝင်ကတ်များကို ထုတ်ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
သို့ဖြစ်၍ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းများအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ email: oe@mol.nugmyanmar.org ဆက်သွယ်နိုင်ကြောင်း အသိပေးကြေညာထားပါတယ်။
========================
📌📌 ၃။ NLD ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ
စက်တင်ဘာ၁ရက်
NLD ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ အစည်းအဝေးယနေ့ကျင်းပခဲ့တယ်လို့ စက်တင်ဘာလ(၁)ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းမှ အသိပေးဖော်ပြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ၏(၉/၂၃)အစည်းအဝေးကို စက်တင်ဘာ၁ရက်နေ့တွင် Zoom ဖြင့်ကျင်းပခဲ့ကြတယ်လို့ဆိုပါတယ်။
အဆိုပါအစည်းအဝေးသို့ ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဌ နှင့် အတွင်းရေးမှူး အပါအဝင် ကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
========================
📌📌 ၄။ စစ်ရေးဘက်မည်းနေတုန်း ဖက်ဆစ်စစ်တပ်ဟာဘဏ္ဍာရေးခံတပ်ပြိုသွားပြီလို့ ဦးမင်းကိုနိူင်ပြောကြား
စက်တင်ဘာ၁ရက်
"ပြည်သူ့ဆန့်ကျင်မှု ၊တိုင်းရင်းသားပေါင်းစုံတော်လှန်ရေးဘက်သားများစံနစ်ကျအားထုတ်မှုတွေ နဲ့စစ်ကျွန်မခံတိုက်ပွဲပေါင်းစုံကြောင့် ဘဏ္ဍာရေး ဆိုင်ရာနိုင်ငံတကာအရေးယူမှုတွေက ဝိုင်းကြီးချုပ် လာနေတာပါ။စစ်ရေးဘက်မည်းနေတုန်း ဘဏ္ဍာရေးခံတပ်ပြိုသွားတဲ့ဖက်ဆစ်ဟာ အရင်လိုသီချင်းလုပ်ဆိုပြီး မျက်နှာပြောင်လို့မရတော့တာ ကိုယ်တိုင်အသိဆုံးပါ။သူ့ကိုချက်ကောင်းထပ်ထိတိုင်း နီးရာဓားတရမ်းရမ်း မည်းဦးမှာမို့ လောင်စာဆီ၊လူသုံးကုန်နဲ့ ကောက်ပဲသီးနှံ ကုန်သည်တွေပါ လွတ်မယ်မဟုတ်ပါ။ဒီအချိန်မျိုးမှပြည်သူ့တော်လှန်ရေးဘက် အတူမလိုက်ရင် လည်စင်းခံစောင့်နေတာနဲ့အတူတူပါပဲ"လို့ သြဂုတ်လ၃၁ရက်မှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိူင်မှ လူမှုကွန်ရက်မှာဆိုထားပါတယ်။
MFTBဘဏ်နဲ့ MICBဘဏ်တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူထားမှုကြောင့် စစ်ကောင်စီဟာ နိူင်ငံခြားငွေအကြပ်တည်းဆိုက်ကပ်နေချိန်ဖြစ်ပါတယ်။
လတ်တလောမှာ ဘဏ္ဍာရေးတိုက်စစ်ဖွင့်ရန်နှိုးဆော်ထားပြီး စစ်တပ်ထုတ်ကုန်များဖြစ်သော မြန်မာဘီယာ၊ ဒဂုံဘီယာနှင့်ရူဘီစီးကရက်အပါအဝင် စစ်တပ်ထုတ်ကုန်များကိူလူထုကသပိတ်မှောကိ၍ မသုံးစွဲရန် တိုက်တွန်းထားပါတယ်။
========================
📌📌 ၅။ ဒေါနစစ်ကြောင်းမှ ဦးစီးကျင်းပသော ဆေးတပ်သားသင်တန်းအပတ်စဥ်(၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
စက်တင်ဘာ၁ရက်
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁)ရက်တွင်နယ်မြေစစ်ဆင်ရေး လိုအပ်ချက်အရ ၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုအတွက်ဆေးတပ်သားသင်တန်းအပတ်စဉ် (၇)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဒေါနစစ်ကြောင်းမှ ဦးစီးကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
အခမ်းအနားတွင် ဒေါနစစ်ကြောင်းမှူး၊နယ်မြေခံ တပ်ဖွဲများ၏တာဝန်ရှိသူများတက်ရောက်၍ ဆေးတပ်သား တစ်ဦး၏တာဝန် အရေးကြီးမှုများ၊ မရှိမဖြစ်ဆေးတပ်သားများသည် တပ်စုတိုင်း တပ်ဖွဲ့တိုင်းတွင် လိုအပ်ကြောင်းအမှာစကားများပြာကြားခဲ့ပါတယ်။
ထို့ပြင်ဒေါနစစ်ကြောင်းမှ ဂုဏ်ထူးဆောင်ဆုရရှိ ထားသော ရဲဘော်သူရိန်နှင့် ရဲဘော်တရုတ်တို့က ရှေ့တန်းစစ်မျက်နှာပြင်တွင်ကြုံတွေ့ခဲ့ရသော အခက်အခဲများ နှင့် ဆေးပညာသင်တန်းတက်ရောက်ထားမှုကြောင့် ရရှိခဲ့သော အကျိုးများအား ပြန်လည်၍ မျှဝေခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ KNUခလယ်လယ်လွီထူခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူဦးရေစုစုပေါင်း (၅၆၆၂) ဦး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရ
စက်တင်ဘာ၁ရက်
KNUကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့နယ် နှင့် ဆောထိ(ရွှေကျင်)မြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ ပြည်သူလူထုများအားပစ်မှတ်ထားပြီး ပြည်သူလူထုများနေထိုင်ရာ နေရာဒေသများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကိုပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ရပ်သားပြည်သူ (၁) ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁) လုံးပျက်စီးကာ ကျေးရွာပေါင်း (၈) ရွာမှ အိမ်ခြေစုစုပေါင်း (၇၄၁)လုံး ရှိ လူဦးရေစုစုပေါင်း (၅၆၆၂) ဦးမှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စက်တင်ဘာ၁ရက်နေ့မှာ ကေအဲန်ယူဗဟိုကအသိပေးဖော်ပြပါတယ်။
========================
📌📌 ၇။ ထန်းတပင်မြို့နယ် မြို့ဆိုးကျေးရွာရှိ စစ်တောင်းမြစ်ကူးတံတား ကင်းဂိတ်စခန်းနှင့်ကင်းပုန်းနေရာအား အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း(၂) နှင့် ပူးပေါင်းမဟာမိတ် အဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ စကစဘက်ကရှစ်ဦး သေဆုံး
စက်တင်ဘာ၁ရက်
ဩဂုတ်လ ၃၁ ရက် မနက် ၄ နာရီ ၁၀မိနစ်အချိန် မှ မနက် ၅ နာရီ ၃၀ မိနစ် အချိန်အထိထန်းတပင်မြို့နယ် မြို့ဆိုးကျေးရွာရှိ စစ်တောင်းမြစ်ကူးတံတား ကင်းဂိတ်စခန်းနှင့်ကင်းပုန်းနေရာအား အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း(၂) နှင့် ပူးပေါင်းမဟာမိတ် အဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈ ဦး သေးဆုံးခဲ့ကြောင်းသိရှိရပါတယ်လို့ စက်တင်ဘာ၁ရက်မှာ အထူးကွန်မန်ဒို တောင်ပိုင်းတိုင်းမှ စစ်ရေးသတင်းကို အတည်ပြုဆိုပါတယ်။ဆိုပါတယ်။
ထိတွေ့တိုက်ပွဲမှာအထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း (၂) နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့ တို့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ အောင်လံလွှင့်ချီ နွေဦးထီအပတ်စဥ်၂၂တွင် ကျပ်သိန်းတစ်ရာဆုကို CDMတစ်ဦး ကံထူးပြီး အခြားသိန်းဂဏန်းဆုမဲများကိုလည်း CDMများပင်ကံထူး
သြဂုတ်လ၃၁ရက်
သြဂုတ်လ၃၁ရက်နေ့ညပိုင်းမှာ CDM Success Committee မှ တာဝန်ရှိသူတစ်ဦးက Radio NUGကိုအခုလို အတည်ပြုဆိုထားပါတယ်။
"သိန်း၁၀၀ က ၁ ဆု၊၁၅ သိန်းဆု ၃ ဆု၊ ၅ သိန်းဆု ၁၅ ဆု၊ ၁သိန်းဆုက၆၇ဦးကံထူးကြတယ်။အားလုံးကCDM တွေကံထူးကြတာပါ။ CDM တစ်ဦးနွေဦးထီ တစ်စောင် ထောက်ပို့ campaign ကနေ ပေါက်ကြတာပေါ့"လို့ဆိုပါတယ်။
CDM တစ်ဦးနွေဦးထီတစ်စောင် ထောက်ပို့ကမ်ပိန်းတွင် CDMဝန်ထမ်းများကို ထီလက်မှတ် ဝေမျှရန် NUG ဘဏ္ဍာရေး ကော်မရှင်ကဘက်ဂျက်ချပေးပြီး ပြင်ပ မှ ဝယ်ယူ ကူညီပေးသည့် အလှူရှင်များလည်းရှိလာခဲ့ပါတယ်။
CDM Success Committee တို့ပူးပေါင်းဆောင်ရွက်သော CDM တစ်ဦးနွေဦးထီတစ်စောင် ချီးမြှင့်သည့် အစီအစဉ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ နွေဦးထီ အပတ်စဥ် ၂၁တွင် တသိန်းဆု ၅ ဆု ကို MoE၊ MoH၊MR၊ MoCIT ၊ MoC၊ MoEE၊ MoNREC, MoI တို့မှ ပေါက်ပြီး သိန်း ၁၀၀ ဆု ကို MoC မှ ကံထူးပြီး ၁၅ သိန်းဆု နှစ်ဆု ကို MoE နှင့် MoI မှ CDMer များ ကံထူးခဲ့ကြပါတယ်။
CDM တစ်ဦးနွေဦးထီတစ်စောင် ေချီးမြှင့်သည့်ကမ်ပိန်းကို မည်သူမဆိုပါဝင်နိူင်ပြီးCDMဝန်ထမ်းများအတွက် ထီလက်မှတ်ဆယ်စောင်နှင့်အထက်ဝယ်ယူပေးသူအား ကော်မတီက လက်ဆောင်ပို့စကဒ်များ ပြန်လည်ပေးပို့မှာဖြစ်ပါတယ်။
CDM Success Committee တို့ပူးပေါင်းဆောင်ရွက်သော CDM တစ်ဦးနွေဦးထီတစ်စောင် ချီးမြှင့်သည့် အစီအစဉ် တွင် ထီလက်မှတ်တွေကို ဝန်ကြီးဌာနမှာရှိတဲ့ CDM တွေကို ခွဲတမ်းအလိုက်ကော်မတီက ပြန်လည်ပို့ပေးလျက်ရှိပါတယ်။
========================
📌📌 ၉။ အမေရိကန်နိူင်ငံ ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြ
စက်တင်ဘာ၁ရက်
အမေရိကန်နိူင်ငံ ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
စက်တင်ဘာ၁ရက် ၄င်းစကစရဲ့ သံရုံးရှေ့ကို အမေရိကန်ရောက် မြန်မာပြည်ဖွား အင်အားစုများကလှုပ်ရှားခဲ့ကြပါတယ်။
အမေရိကန်၊ ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေစဥ်စကစရဲ့ စစ်သံမှူး အောင်သူရိန် ထွက်လာရာ"စစ်ခွေး အလိုမရှိ" ဘူးလို့ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
စကစဟာ အမေရိကန်အစိုးရရဲ့ အသိအမှတ်ပြုမှုရယူလိုသော်လည်း အမေရိကန်အစိုးရဟာ ယနေ့ထက်ထိ စစ်ကောင်စီအဖွဲ့ဝင်များနဲ့ ဆက်စပ်ပတ်သတ်သည့်လုပ်ငန်းရှင်များကိုအရေးယူဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment