၂၀၂၃ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် The Elders အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး
📌 ၂။ နွေဦးတော်လှန်ရေးမှာ အချင်းချင်း အနိုင်ယူဖို့မကြိုးစားဘဲ၊ အချင်းချင်းပူးပေါင်းပြီး အာဏာရှင်တွေကို အနိုင်ယူကြရမယ်လို့ ဒုတိယဝန်ကြီး ငိုင်းတမ်မောင်ပြောကြား
📌 ၃။ အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍာမြှင့်တင်ရေး ကုလသမဂ္ဂအထွေထွေညီလာခံဆက်စပ်အစည်းအဝေးကို NUGလူ့အခွင့်ရေးဒုတိယဝန်ကြီး တက်ရောက်ဆွေးနွေး
📌 ၄။ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့မိသူတိုင်းဟာ ကြမ္မာငင် သလိုဖြစ်တာ ကိုလည်းသတိပြုကြဖို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား
📌 ၅။ သံတမာန်ရေးရာတွေ့ဆုံမှုများမှာ မြန်မာပြည်သူတွေကိုကူညီဖို့နဲ့တော်လှန်ရေးအောင်မြင်ဖို့ အကူအညီများရလိုကြောင်း NUGက ဆွေးနွေးပြောကြားခဲ့တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြောကြား
📌 ၆။ စစ်ကောင်စီအတွက်လေယာဉ်ဆီနှင့်စစ်လက်နက်များပြည်ပမှ ကူညီတင်သွင်းပေးနေသည့် ခရိုနီအောင်မိုးမြင့်၏ ရုံးကို ဖောက်ခွဲတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် The Elders အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး
စက်တက်ဘာ၂၂ရက်
ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် The Elders အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေးခဲ့ကြောင့်
စက်တင်ဘာ၂၂ရက်မှာ နိူင်ငံခြားရေးဝန်ကြီးဌာနမှတရားဝင်အသိပေးဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူအခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့သည် ယမန်နေ့ နံနက် နယူးယောက် စံတော်ချိန် (၁၁း၃၀) နာရီအချိန် တွင် The Elders ၏ ဥက္ကဋ္ဌ နှင့် အိုင်ယာလန်နိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ H.E. Ms Mary Robison၊ မွန်ဂိုးလီးယားနိုင်ငံ၏ သမ္မတဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း၊ကိုလံဘီယာနိုင်ငံ၏ သမ္မတဟောင်းအပါအဝင် The Elders မှ အခြားသော တာဝန်ရှိပုဂ္ဂိုလ်တို့အား နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် လက်ခံတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
ထိုသို့တွေ့ဆုံရာမှာ မြန်မာ့အရေးကိစ္စနှင့်ပတ်သက်၍ အမြင်များ ဖလှယ်ကာ ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးမှာ အချင်းချင်း အနိုင်ယူဖို့မကြိုးစားဘဲ၊ အချင်းချင်းပူးပေါင်းပြီး အာဏာရှင်တွေကို အနိုင်ယူကြရမယ်လို့ ဒုတိယဝန်ကြီး ငိုင်းတမ်မောင်ပြောကြား
စက်တင်ဘာ၂၃ရက်
စက်တင်ဘာ၂၃ရက်မှာ လူသားစာနာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ငိုင်းတမ်မောင်မှ အခုလိုပြောကြားလိုက်ပါတယ်။
"တော်လှန်ရေးအင်အားစုတွေ အချင်းချင်း လေးစားအသိအမှတ်ပြုပြီး စည်းလုံးပူးပေါင်းကြတဲ့အခင်းအကျင်းဟာ တော်လှန်ရေးကိုအားကောင်းစေပြီး အမြန်ပြီးဆုံးစေမှာဖြစ်တဲ့အတွက် အင်မတန်အရေးကြီးတယ်လို့မြင်တယ်။ ဒါပေမဲ့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေ၊ နောက်ခံအမြင်တွေ မတူကြတဲ့အပြင် တော်လှန်ရေးကာလရတဲ့ စိတ်ဒဏ်ရာတွေကလည်းရှိပြန်တော့ အချင်းချင်း လေးစားအသိအမှတ်ပြုပြီး စည်းလုံးပူးပေါင်းတဲ့အခင်းအကျင်းမျိုး လွယ်လွယ်လေးဖြစ်လာမယ်လို့တော့ မျှော်လင့်လို့မရဘူး။ ယုံကြည်မှုအဆင့်ဆင့်တည်ဆောက်ပြီး စိတ်ရှည်လက်ရှည်ညှိနှိုင်းရမယ်၊ အဖြေကို ဝိုင်းရှာကြရမယ်။ အချင်းချင်း အနိုင်ယူဖို့မကြိုးစားဘဲ၊ အချင်းချင်းပူးပေါင်းပြီး အာဏာရှင်တွေကို အနိုင်ယူကြရမယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်တွေမှာ ချင်းပြည်အတွင်းက မြို့နယ်/ဒေသ အုပ်ချုပ်ရေး/ကာကွယ်ရေးအပါအဝင် ကဏ္ဍစုံကခေါင်းဆောင်များ၊ CNF ခေါင်းဆောင်များနှင့် ချင်းလွှတ်တော်ကိုယ်စားလှယ်များ အတူတကွစည်းဝေးတိုင်ပင်ကြတဲ့အခါ အချင်းချင်းကြား လေးစားအသိအမှတ်ပြုမှုနှင့် စည်းလုံးပူးပေါင်းမှု ပိုအားကောင်းလာတာတွေ့ရတယ်လို့ ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍာမြှင့်တင်ရေး ကုလသမဂ္ဂအထွေထွေညီလာခံဆက်စပ်အစည်းအဝေးကို NUGလူ့အခွင့်ရေးဒုတိယဝန်ကြီး တက်ရောက်ဆွေးနွေး
စက်တင်ဘာ၂၃ရက်
အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍာမြှင့်တင်ရေးကုလသမဂ္ဂ အထွေထွေညီလာခံဆက်စပ်အစည်းအဝေးကို NUGလူ့အခွင့်ရေးဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတက်ရောက်ဆွေးနွေးခဲ့တယ်လို့ စက်တက်ဘာ၂၃ရက်မှာ အသိပေးဖော်ပြပါတယ်။
"အိုအိုင်စီ၊ အိုင်ဒီဘီနှင့် ယူအန်ဒီပီတို့ ပူးတွဲပြုလုပ်တဲ့ အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍာမြှင့်တင်ရေးကုလသမဂ္ဂ အထွေထွေညီလာခံဆက်စပ်အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီးဦးအောင်ကျော်မိုးတက်ရောက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အစည်းအဝေးတွင်ကုလသမဂ္ဂလက်ထောက်အတွင်းရေးချုပ်၊ နှင့် အိုင်ဒီဘီဘဏ်တာဝန်ရှိသူများကို ရိုဟင်ဂျာအရေးအပါအဝင်၊ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့မိသူတိုင်းဟာ ကြမ္မာငင် သလိုဖြစ်တာ ကိုလည်းသတိပြုကြဖို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား
စက်တင်ဘာ၂၃ရက်
စက်တင်ဘာ၂၃ရက်မှာ ဒုတိယဝန်ကြီးဦးမော်ထွန်းအောင်မှ အခုလိုသုံးသပ်ပြောကြားထားပါတယ်။
"မိလ္လာပုပ်ရေ စင်မိရင် လူတွေက ရွံရှာ မှာ ဓမ္မတာပါပဲ။ ဆင်ခြင်ကြပါ။မင်းအောင်လှိုင်နဲ့ တွေ့မိသူတိုင်းဟာ ကြမ္မာငင် သလိုဖြစ်တာ ကိုလည်းသတိပြုကြပါ"လို့ဆိုထားပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီးနောက် ရုရှားနဲ့တရုတ်ရှိ အဆင့်မြင့်သံတမာန်ရေးရာတာဝန်ရှိသူတို့ဟာ ရုတ်တရက်တာဝန်မှအနားပေးခံခဲ့ရပါတယ်။
လက်ရှိပြည်တွင်းမှာ အနုပညာရှင်အချို့နဲ့စီးပွားရေးလုပ်ငန်းရှင်အချို့ဟာ စစ်ခေါင်းဆောင်ကိုဝန်းရံထောက်ခံလျက်ရှိနေပါတယ်။
========================
📌📌 ၅။ သံတမာန်ရေးရာတွေ့ဆုံမှုများမှာ မြန်မာပြည်သူတွေကိုကူညီဖို့နဲ့တော်လှန်ရေးအောင်မြင်ဖို့ အကူအညီများရလိုကြောင်း NUGက ဆွေးနွေးပြောကြားခဲ့တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြောကြား
စက်တင်ဘာ၂၃ရက်
သံတမာန်ရေးရာတွေ့ဆုံမှုများမှာ မြန်မာပြည်သူတွေကိုကူညီဖို့နဲ့တော်လှန်ရေးအောင်မြင်ဖို့ အကူအညီများရလိုကြောင်းNUGက ဆွေးနွေးပြောကြားခဲ့တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်မှ စက်တင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားထားပါတယ်။
"ခြုံပြီးပြောရရင် ဒီတွေ့ဆုံမှုကနေ မြန်မာပြည်သူပြည်သားတွေကို ဘယ်လိုအကူအညီပေးနိူင်မလဲ။ကျနော်တို့ရဲ့ ဒီတော်လှန်ရေးကို အောင်မြင်အောင်ဘယ်လိုအကူအညီပေးနိူင်မလဲ။ပြည်သူတွေခံစားနေရတဲ့ဒုက္ခအမြန်အဆုံးသတ်ရေးအဲဒါတွေဆွေးနွေးခဲ့ပါတယ်။အမေရိကန်နဲ့တွေ့ဆုံတာကတော့ အကြမ်းဖက်မှုတွေအမြန်အဆုံးသတ်ဖို့ အမေရိကန်ကစစ်ကောင်စီကိုပိတ်ဆို့အရေးယူရေးအဲဒါတွေကိုတစိုက်မတ်မတ်လုပ်မယ်။ကတိပြုခဲ့တာတွေရှိပါတယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရNUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ဒုဝန်ကြီး ဦးအောင်ကျော်မိုး ၊ သံအမတ် ကြီး ဦးကျော်မိုးထွန်းတို့ဟာအမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Joseph Kritenbrink နှင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အလားတူ တီမောလက်စတေး သမ္မတ Jose Ramos-Horta နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး ၊ ကျန်းမာရေးဝန်ကြီး ဌာနနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ တို့ နှင့်အတူ ကုလသဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ဟာ စက်တင်ဘာ ၂၁ ရက်နေ့က ကုလသမဂ္ဂညီလာခံ ပြင်ပမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၆။ စစ်ကောင်စီအတွက်လေယာဉ်ဆီနှင့်စစ်လက်နက်များပြည်ပမှ ကူညီတင်သွင်းပေးနေသည့် ခရိုနီအောင်မိုးမြင့်၏ ရုံးကို ဖောက်ခွဲတိုက်ခိုက်
စက်တင်ဘာ၂၃ရက်
စက်တင်ဘာ၂၂ရက် ည ၇ နာရီခွဲအချိန်တွင် တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ ခရိုနီ အောင်မိုးမြင့်၏ ရုံးကို ဖောက်ခွဲခဲ့တယ်လို့
Urban Special Operation (U.S.O)အဖွဲ့ကအသိပေးဆိုပါတယ်။
ခရိုနီအောင်မိုးမြင့်သည် အညာဒေသနှင့် တိုင်းရင်းသားဒေသများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့် စစ်ကောင်စီအတွက် လေယာဉ်ဆီအပါအဝင် စစ်လက်နက်များကိုလည်း ပြည်ပမှဝယ်ယူပေးနေသောကြောင့်တိုက်ခိုက်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။
"နောက်နောင်တွင် စစ်ကောင်စီ မတရားမှုများ ပြုလုပ်ရန် ကူညီပေးနေသော အကြမ်းဖက်ခရိုနီများ၏ စီးပွားရေးပိုင်ဆိုင်မှု လုပ်ငန်းအဆောက်အဦးများကို စစ်ရေးပစ်မှတ်တစ်ခုအဖြစ် စစ်ဆင်ရေးအား ဆက်လက်ဖော်ဆောင်သွားမယ်လို့လည်း Urban Special Operation (U.S.O)အဖွဲ့ကသတိပေးကြေညာပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment