26th SEP 2023 - Evening Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ယူကေနိုင်ငံနှင့် ကနေဒါနိုင်ငံတို့၏ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ စစ်အုပ်စုအား လက်နက်တင်သွင်းမှု၊ လေယာဥ်ဆီတင်သွင်းမှုတို့အား ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူနိုင်ရေးဆွေးနွေး

📌 ၂။ president of the Federal Union of European Nationalities (FUEN)Mr.Vnicze Lorantနှင့် NUGလူ့အခွင့်ရေးဝန်ကြီးတို့တွေ့ဆုံ

📌 ၃။ ဓမ္မနဲ့ အဓမ္မကြားမှာ ဆင်ခြင်တုံတရားကို သုံးပြီး ဓမ္မဘက်မှ တစိုက်မတ်မတ်ရပ်တည်နိုင်သူက ပိုပြီး လူသားဆန်တယ်လို့ လူ့အခွင့်ရေးရာ ဒုတိယဝန်ကြီးပြောကြား

📌 ၄။ "တော်လှန်ရေးအမြန်အောင်ဖို့ ဆက်သွယ်ရေးမှာထောက်ပံ့စို့" ကမ်ပိန်းခေါ်သံ စတင်

📌 ၅။ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာကိုယနေ့မနက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းကားပစ်ခတ်၍ ဝင်ရောက်သောင်းကျန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ယူကေနိုင်ငံနှင့် ကနေဒါနိုင်ငံတို့၏ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ စစ်အုပ်စုအား လက်နက်တင်သွင်းမှု၊ လေယာဥ်ဆီတင်သွင်းမှုတို့အား ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူနိုင်ရေးဆွေးနွေး


စက်တင်ဘာ၂၆


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ယူကေနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် Barbara Woodward နှင့် စက်တင်ဘာ ၂၅ ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ NUGနိူင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


ထိုသို့တွေ့ဆုံရာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ အားချမှတ်ရာတွင် ယူကေနိုင်၏ ဦးဆောင်မှု အခန်းကဏ္ဍအား အထူးပင်အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီး စစ်အုပ်စုအား လက်နက်တင်သွင်းမှု၊ လေယာဥ်ဆီတင်သွင်းမှုတို့အား ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူနိုင်ရေး ကိစ္စရပ်များကိုလည်းဆွေးနွေးခဲ့ပါတယ်။


 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကနေဒါနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် Bob Rae နှင့်လည်းဆက်လက်တွေ့ဆုံခဲ့ပြီး စစ်အုပ်စုအား ပိုမိုဖိအားပေးအရေးယူနိုင်ရေးကိစ္စရပ်များကို ဆက်လက်ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ president of the Federal Union of European Nationalities (FUEN)Mr.Vnicze Lorantနှင့် NUGလူ့အခွင့်ရေးဝန်ကြီးတို့တွေ့ဆုံ


စက်တင်ဘာ၂၆ရက်


president of the Federal Union of European Nationalities (FUEN)Mr.Vnicze Lorantနှင့်NUGလူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းတို့တွေ့ဆုံခဲ့ကြောင်းကိုစက်တင်ဘာ၂၅ရက်နေ့ တွင်president of the Federal Union of European Nationalities (FUEN)Mr.Vnicze LorantTwitter မှတစ်ဆင့် အသိပေးရေးသားထားပါတယ်။


"စစ်ကောင်စီကရိုဟင်ဂျာတွေနဲ့ တခြားဘာသာရေး လူနည်းစုတွေကို နှိပ်စက်ညှဉ်းပန်းမှုတွေအတွက်မြန်မာလူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီမိုကရေစီနှင့် သည်းခံနိုင်သော လူ့အဖွဲ့အစည်းဆီသို့ ဦးတည်သွားသောNUGအစိုးရကို ဆက်လက်ထောက်ခံရမှာဖြစ်တယ်"လို့ဆိုပါတယ်။


တွေ့ဆုံမှုတွင်နှစ်ဖက်ဆွေးနွေးခဲ့ပြီးနောက် လူ့အခွင့်ရေးဝန်ကြီးနှင့်အတူpresident of the Federal Union of European Nationalities (FUEN)ကမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။


========================


📌📌 ၃။ ဓမ္မနဲ့ အဓမ္မကြားမှာ ဆင်ခြင်တုံတရားကို သုံးပြီး ဓမ္မဘက်မှ တစိုက်မတ်မတ်ရပ်တည်နိုင်သူက ပိုပြီး လူသားဆန်တယ်လို့ လူ့အခွင့်ရေးရာ ဒုတိယဝန်ကြီးပြောကြား


စက်တင်ဘာ၂၆ရက်


ဓမ္မနဲ့ အဓမ္မကြား မှာ ဆင်ခြင်တုံတရားကို သုံးပြီး ဓမ္မဘက်က တစိုက်မတ်မတ်ရပ်တည်နိုင်သူက ပိုပြီး လူသားဆန်တယ်လို့ လူ့အခွင့်ရေးရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးမှ စက်တင်ဘာလအတွင်းမှာ သုံးသပ်ပြောကြားထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်ရာဇဝတ်မှုများကိုမှတ်တမ်းရယူကာ အရေးယူအပြစ်ပေးနိူင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၄။ "တော်လှန်ရေးအမြန်အောင်ဖို့ ဆက်သွယ်ရေးမှာထောက်ပံ့စို့" ကမ်ပိန်းခေါ်သံ စတင်


စက်တင်ဘာ၂၆ရက်


"တော်လှန်ရေးအမြန်အောင်ဖို့ ဆက်သွယ်ရေးမှာထောက်ပံ့စို့" ကမ်ပိန်းခေါ်သံ စတင်မည်ဖြစ်ကြောင်း သိရပါတယ်။


ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ဌာနတာဝန်ခံများ၊ မြေပြင်ဆက်သွယ်ရေးတာဝန်ခံများနှင့် နိုင်ငံတကာ Fundraisers များသည် စက်တင်ဘာ ၂၄ရက်နေ့က မြေပြင်ဒေသများတွင် အင်တာနက် တပ်ဆင်နိုင်ရေး ကမ်ပိန်း ပထမနေ့အတွက် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


"ဆက်သွယ်ရေးပြတ်တောက်သွားမည်ဆိုလျှင် တော်လှန်ရေးအတွက် အင်မတန်နှောင့်နှေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီတပ် ခြေလှမ်းများကို သတင်းအချက်အလက်ဖြန့်ဝေရာတွင် ဆက်သွယ်ရေးကဏ္ဍသည် အင်မတန်အရေးကြီးကြောင်း၊ ကရင်နီပြည်တွင် အင်တာနက်များ တပ်ဆင်ပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းအတွင်းလည်း တပ်ဆင်မှုများတိုးမြှင့်ဆောင်ရွက်နေကြောင်း" ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ပြည်သူများ အင်တာနက်အသုံးပြုနိုင်အောင် Share Holders များခေါ်ယူပြီး ဝန်ကြီးဌာနမှ၅၁ရာခိုင်နှုန်း ပြည်သူက ၄၉ရာခိုင်နှုန်းဖြင့် ကမ်ပိန်းပြုလုပ်မည်ဖြစ်ကာမြို့နယ် ၅မြို့နယ်စာ အတွက် တမြို့နယ်လျှင် ဒေါ်လာ ၅၀၀၀၀လိုအပ်ကြောင်း ၎င်းကမ်ပိန်းအတွက် ဆက်စပ်အစည်းအဝေးများပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။


ဆွေးနွေးပွဲအား "တော်လှန်ရေးအမြန်အောင်ဖို့ ဆက်သွယ်ရေးမှာထောက်ပံ့စို့"ဟု ()ကြိမ်ရွတ်ဆိုကာ ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၅။ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာကိုယနေ့မနက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းကားပစ်ခတ်၍ ဝင်ရောက်သောင်းကျန်း


စက်တင်ဘာ၂၆ရက်


စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာကိုယနေ့မနက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းကားပစ်ခတ်၍ ဝင်ရောက်သောင်းကျန်းခဲ့တယ်လို့ စက်တင်ဘာ၂၆ရက်မှာ  ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ အသိပေးဆိုပါတယ်။

၄င်းနောက် မူးခံတွင်းကျေးရွာကို ပစ်ခတ်ဝင်ရောက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ပြည်သူများအနေနဲ့ လက်နက်ကြီး အန္တရာယ်ရှိ၍အထူးသတိထား တိမ်းရှောင်ကြဖို့လိုသတိပေးနှိုးဆော်ထားပါတယ်။


စစ်ရှောင်များအား မြေပြင်အခြေအနေပေါ် မူတည်ပြီး ကူညီရေးဆောင်ရွက်သွားမယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များကဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment