26th SEP 2023 - Morning Daily News by Radio NUG


၂၀၂၃ စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကော်သူးလေ တရားစီရင်ရေးနဲ့ တွေ့ဆုံပြီး တရားစီရင်ရေး လုပ်ငန်းရပ်များအားလေ့လာခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးအသိပေးပြောကြား

📌 ၂။ တော်လှန်ရေးကာလအတွင်း ပေးဆပ်မှုတွေရှိပြီး ရဲဘော်တွေရဲ့ ပေးဆပ်မှုတွေက အလဟဿမဖြစ်စေရဘူးလို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို

📌 ၃။ အမှတ်(၉၃၀) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း(နမခ)မှ ဒု-တပ်ကြပ်တစ်ဦး ပြည်သူ့ဘက်သို့ အလင်းဝင် 

📌 ၄။ 96- Soldiers PDF (တောင်ပိုင်းတိုင်း) ကနေ Sniper အခြေခံသင်တန်းကို ရဲဘော်များအားသင်တန်းပေးခဲ့

📌 ၅။ စစ်အုပ်စုကအရပ်သားပြည်သူများ၏ နေအိမ်၊ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို မတရားသဖြင့် ချိပ်ပိတ်သိမ်းဆည်းမှုများ လုပ်ဆောင်လာ

📌 ၆။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စကစတပ်နဲ့ ပျူများစစ်ကြောင်းထိုးဝင်ရောက်၍  တနယ် ပန်းရွာ လှော်ကားရွာမှ ပြည်သူများ စစ်ဘေးရှောင်နေကြရ

📌 ၇။ စစ်ကောင်စီတပ်မှ လူနေရပ်ကွက်တွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့၍လွိုင်လင်လေးမြို့တွင်းရှိ လူနေရပ်ကွက် အတွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့

📌 ၈။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာသုံးနေရာအား ကာကွယ်ရေးတပ်များပစ်ခတ်၍ မိုင်းဆွဲတိုက်ခိုက်

📌 ၉။လူထုအကျပ်အတည်း အရင်းခံ၊ စစ်အာဏာရှင် စနစ် အမြစ်လှန်ခေါင်းစဥ်ဖြင့် ပိုစတာကပ် ကမ်ပိန်းအား DPNS/YNS ရဲဘော်များပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကော်သူးလေ တရားစီရင်ရေးနဲ့ တွေ့ဆုံပြီး တရားစီရင်ရေး လုပ်ငန်းရပ်များအားလေ့လာခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးအသိပေးပြောကြား


စက်တင်ဘာ၂၅ရက်

ကော်သူးလေ တရားစီရင်ရေးနဲ့ တွေ့ဆုံပြီး တရားစီရင်ရေး လုပ်ငန်းရပ်များအား လေ့လာခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးမှ စက်တင်ဘာ၂၅ရက်မှာ အသိပေးပြောကြားပါတယ်။


လက်ရှိမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနကလည်း ကြားကာလတရားစီရင်မှုကဏ္ဍများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။


NUGတရားရေးဝန်ကြီးဌာနအနေဖြင့်  ၂၀၂၃ ခုနှစ်တွင် မြို့နယ် တရားရုံးပေါင်း (၁၀၀)ဖွဲ့စည်းသွားနိုင်ရန် ရည်မှန်းထားပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးကာလအတွင်း ပေးဆပ်မှုတွေရှိပြီး ရဲဘော်တွေရဲ့ ပေးဆပ်မှုတွေက အလဟဿမဖြစ်စေရဘူးလို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို


စက်တင်ဘာ၂၅ရက်

တော်လှန်ရေးကာလအတွင်း ပေးဆပ်မှုတွေရှိပြီး ရဲဘော်တွေရဲ့ ပေးဆပ်မှုတွေက အလဟဿမဖြစ်စေရဘူးလို့ လူ့အခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက စက်တင်ဘာ၂၄ရက်မှာ ပြုလုပ်တဲ့  Ring 88 ကမ်ပိန်းအခမ်းအနားမှာ ပြောပါတယ်။


"တော်လှန်ရေးမှာ ပေးဆပ်မှုတွေရှိပါတယ်။ ပေးဆပ်မှုတစ်ခုတွေ့တိုင်း ရင်ထဲမှာမချိအောင်နာပါတယ်။ ကိုယ့်ဘက်က ဒီမိုကရေစီစိတ်ဓာတ်နဲ့ တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေနဲ့ ဘာမှအသိပညာ၊ အတွေးအခေါ်မရှိတဲ့ အကြမ်းဖက်အုပ်စုနဲ့မလဲနိုင်ပါဘူး။ ပေးဆပ်မှုတွေရှိလာတယ်။ ဒီပေးဆပ်မှုတွေက အလဟဿမဖြစ်စေရပါဘူး။ ပေးဆပ်မှုတစ်ခုမှာ နောက်ထပ်အောင်မြင်မှုတစ်ခုကိုသွားဖို့ ခွန်အားတွေ၊ စိတ်ဓာတ်တွေ ဖြစ်စေပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကာလအတွင်း အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်သုံးသောင်းကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၃။ အမှတ်(၉၃၀) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း(နမခ)မှ ဒု-တပ်ကြပ်တစ်ဦး ပြည်သူ့ဘက်သို့ အလင်းဝင် 


စက်တင်ဘာ၂၅ရက်

အမှတ်(၉၃၀) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း(နမခ)မှ ဒု-တပ်ကြပ်တစ်ဦး ပြည်သူ့ဘက်သို့ အလင်းဝင်ခဲ့တယ်လို့ စက်တင်ဘာ၂၅ရက်မှာ CDF CDM Siyinကအသိပေးဆိုပါတယ်။


"ကျွန်တော်တို့  CDF CDM Siyin အနေဖြင့်လည်း ယခုလိုအချိန်မှာ ဘေးနံကြပ်ရောက်‌သော စကစတပ်သားများအနေဖြင့် ပြည်သူ့ရင်ခွင်ဆီသို့ ဘေးကင်းလုံခြုံစွာ အလင်းဝင်လာနိုင်ရေးအတွက် တော်လှန်ရေးတာဝန်တစ်ရပ်အဖြစ် ဆက်လက်ကြိုးစားဆောင်ရွက်နေကြသည်မှာလည်း အများပြည်သူ အသိပင်ဖြစ်ပါသည်။ ကျွန်တော်တို့နှင့် ပူးပေါင်းပြီး ပြည်သူ့ဘက်သို့ အလင်းဝင်လာကြသော စကစတပ်သားပေါင်း အယောက် (၁၀)ဦးမက ရှိပြီးလည်း ဖြစ်ပါတယ်။ ယခုလည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် (မုံရွာ)မှ အမှတ်(၉၃၀) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း၊ ဒုတိယတပ်ကြပ် ဦးငိုလျန်ကျင်သည် ကျွန်တော်တို့ CDF CDM Siyin နှင့် ယုံကြည်စွာ ပူပေါင်းပြီး ပြည်သူ့ဘက်ဆီကို ဘေးကင်းလုံခြုံစွာ အလင်းဝင်လာခဲ့ပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


နောက်ထပ် ပြည်သူ့ရင်ခွင်ဆီသို့ အချိန်မှီအလင်းဝင်လာလိုသည့် မည်သူမဆို CDF CDM Siyin အနေဖြင့် ဘေးကင်းလုံခြုံသည့်နေရာ ရောက်သည့်တိုင်အောင် တာဝန်ယူပေးမှာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ 96- Soldiers PDF (တောင်ပိုင်းတိုင်း) ကနေ Sniper အခြေခံသင်တန်းကို ရဲဘော်များအားသင်တန်းပေးခဲ့


စက်တင်ဘာ၂၅ရက်

96- Soldiers PDF (တောင်ပိုင်းတိုင်း) ကနေ Sniper အခြေခံသင်တန်းကို ရဲဘော်များအားသင်တန်းပေးခဲ့တယ်လို့ စက်တင်ဘာ၂၅ရက်မှာ ကျားဖြူတပ်ခွဲ၂က အသိပေးဆိုထားပါတယ်။


"96- Soldiers PDF (တောင်ပိုင်းတိုင်း) ကနေ Sniper အခြေခံသင်တန်းကို ယခုကာလအတွင်း ပြုလုပ်ဖြစ်ခဲ့ပါတယ်။ သင်တန်းဖြစ်မြောက်ရေးအတွက် ကူညီပေးခဲ့ကြတဲ့ ရဲဘော်ရဲဘက်များအားလုံးနဲ့ သင်တန်းဆရာ၊ ဆရာမများကို ကျေးဇူးတင်ပါတယ်"လို့ဆိုပါတယ်။


သင်တန်းကာလအတွင်း ရှေ့တန်းမှာ ဒိုင်ခံတာဝန်ယူပေးခဲ့တဲ့ ရှေ့တန်းရောက်ရဲဘော်များကိုလည်း အထူးကျေးဇူးတင်ရှိတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၅။ စစ်အုပ်စုကအရပ်သားပြည်သူများ၏ နေအိမ်၊ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို မတရားသဖြင့် ချိပ်ပိတ်သိမ်းဆည်းမှုများ လုပ်ဆောင်လာ


စက်တင်ဘာ၂၅ရက်

စစ်အုပ်စုက အရပ်သားပြည်သူများ၏ နေအိမ်၊ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို မတရားသဖြင့် ချိပ်ပိတ်သိမ်းဆည်းမှုများ လုပ်ဆောင်လာတယ်လို့ စက်တင်ဘာ၂၅ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ အသိပေးဆိုပါတယ်။


 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း၌ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြကြသည့် လက်နက်မဲ့ အရပ်သားပြည်သူများကို ပစ်ခတ်သတ်ဖြတ်၍ မတရားဖမ်းဆီး၊ ထောင်ချသည့်အပြင် နိုင်ငံရေးပါတီဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ၎င်းတို့ကို ဆန့်ကျင်ဆန္ဒပြကြသည့် သပိတ်အဖွဲ့ဝင်များ အပါအဝင် အရပ်သားပြည်သူများ၏ နေအိမ်၊ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို မတရားသဖြင့် ချိပ်ပိတ်သိမ်းဆည်းမှုများ လုပ်ဆောင်လာပါတယ်လို့ဆိုပါတယ်။


စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်းရှိ စစ်ကိုင်းမြို့၊ ပဲခူးတိုင်းရှိ မင်းလှမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်၊ ဧရာဝတီတိုင်းရှိ မြန်အောင်မြို့နယ်နှင့် မွန်ပြည်နယ်ရှိ သိမ်ဇရပ်မြို့ အပါအဝင် နိုင်ငံတဝန်း၌ နေအိမ်နှင့် ပြည်သူပိုင်ပစ္စည်း ၁၁ ခုကို စစ်အုပ်စုက ချိပ်ပိတ်သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပါတယ်။


စက်တင်ဘာလ ၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ဈေးလမ်းရှိ “Hello Mobile” ဖုန်းဆိုင်ပိုင်ရှင် ကိုဝေဖြိုးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် တိမ်းရှောင်နေသူဟု စွပ်စွဲ၍ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် ၎င်း၏ဖုန်းအရောင်းဆိုင်ကို ထိုနေ့ညပိုင်းအချိန်၌ ချိပ်ပိတ်ခဲ့ပါတယ်။ 


ထို့ပြင် စက်တင်ဘာလ ၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ စိန်ကုန်းတိုက်နယ်၊ သာစည်ရပ်ကွက်ရှိရင်သွေးရတနာကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဒေါ်ထားထားဦးကို အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ရန် ဝန်ထမ်းများကို လှုံ့ဆော်သည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရမှ ဖွင့်လှစ်သည့် စစ်ကိုင်းဖက်ဒရယ်ကျောင်း၌ စာသင်ပေးသည်ဟု စွပ်စွဲ၍ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ၎င်း၏ကိုယ်ပိုင်ကျောင်းကို ချိပ်ပိတ်ခဲ့ပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စကစတပ်နဲ့ ပျူများစစ်ကြောင်းထိုးဝင်ရောက်၍  တနယ် ပန်းရွာ လှော်ကားရွာမှ ပြည်သူများ စစ်ဘေးရှောင်နေကြရ


စက်တင်ဘာ၂၅ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စကစတပ်နဲ့ ပျူများစစ်ကြောင်းထိုးဝင်ရောက်၍  တနယ် ပန်းရွာ လှော်ကားရွာမှ ပြည်သူများ စစ်ဘေးရှောင်နေကြရတယ်လို့ စက်တင်ဘာ၂၅ရက်မှာ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးဆိုပါတယ်။


"စက်တင်ဘာ၂၂ရက် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာမှတဆင့်၊ အင်မထီးပျူစခန်းကို (စကစ)စစ်ကြောင်းရောက်လာခဲ့သဖြင့် အင်မထီးပျူစခန်းအနီးရှိ ကျေးရွာနေပြည်သူများ ညအချိန်မှာ စတင် စစ်ဘေးရှောင်ခဲ့ကြရပါတယ်။ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် ၂၃ရက်မနက် (:၄၅)နာရီတွင် တနယ်ရွာ သို့ လက်နက်ကြီး၊ လက်နက်‌ငယ်များ ပစ်ဖောက်ဝင်ရောက်ခဲ့ပါတယ်။ ပျူစောထီးများက လှည်းအစီး(၅၀)ဖြင့် တနယ်ရွာကို လာခဲ့ရာ တော်လှန်ရေးအင်အားစုများက မိုင်းဆွဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် (၁၇)စီးခန့် နောက်ပြန်ဆုတ်သွားခဲ့ပြီး တနယ်ရွာမှ ပြည်သူပိုင်ပစ္စည်းမျာကို လှည်း(၃၃)စီးခန့်ဖြင့် အဓမ္မယူဆောင်ကာ အင်မထီးပျူစောထီးစခန်းသို့ ညနေ()နာရီခန့်တွင် ပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်"လို့ဆိုပါတယ်။


စက်တင်ဘာ၂၅ရက်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ တနယ်ရွာတွင် တပ်စွဲထားသဖြင့် တနယ် ပန်းရွာ လှော်ကားရွာမှ ပြည်သူများ စစ်ဘေးရှောင်နေကြရပါတယ်။


========================


📌📌 ၇။ စစ်ကောင်စီတပ်မှ လူနေရပ်ကွက်တွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့၍လွိုင်လင်လေးမြို့တွင်းရှိ လူနေရပ်ကွက် အတွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့


စက်တင်ဘာ၂၅ရက်

စစ်ကောင်စီတပ်မှ လူနေရပ်ကွက်တွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့၍လွိုင်လင်လေးမြို့တွင်းရှိ လူနေရပ်ကွက် အတွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့တယ်လို့ စက်တင်ဘာ၂၅ရက်မှာ KNDF Bတပ်ရင်း၁၂က အသိပေးဆိုပါတယ်။


"စက်တင်ဘာလ (၂၄) ရက်နေ့တွင် လွိုင်လင်းလေးမြို့ အခြေစိုက် စစ်ကောင်စီ၏ ခလရ (၅၃၀) တပ်မှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ  လက်နက်ကြီးများ ပစ်ခက်ခဲ့၍ လွိုင်လင်လေးမြို့တွင်းရှိ လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့ပါတယ်" လို့ဆိုပါတယ်။


အဆိုပါ လက်နက်ကြီးများထိမှန်၍ ဒေသခံပြည်သူများ၏  နေအိမ်အချို့ ထိခိုက် ပျက်ဆီးခဲ့ရပြီး စစ်ကောင်စီမှ အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် လက်နက်ကြီးပစ်ခက်မှုများ ဆက်၍ ပြုလုပ်လာနိုင်သောကြောင့် အများပြည်သူများ အနေဖြင့် အထူးဂရုပြု သွားလာကြပါရန် တိုက်တွန်းထားပါတယ်။


========================


📌📌 ၈။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာသုံးနေရာအား ကာကွယ်ရေးတပ်များပစ်ခတ်၍ မိုင်းဆွဲတိုက်ခိုက်


စက်တင်ဘာ၂၅ရက်

စက်တင်ဘာ၂၅ရက်မှာ စစ်ရေးသတင်းကို တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတည်ပြုဆိုပါတယ်။


"စက်တင်ဘာ၂၃ရက်နေ့ (၁၀:၅၀)နာရီအချိန်တွင် တနင်္သာရီမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း() တပ်ခွဲ() နှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ 40mm နှင့် လက်နက်ငယ်တို့ဖြင့် မိနစ်(၃၀) ကြာ သွားရောက်ပစ်ခတ်ခဲ့ပြီး တစ်နေ့တည်းမှာပင် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု ရွှေကြက်ယက်ဘုရားတောင်အနီးတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့များအား တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့မှ စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦး ထိခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


စက်တင်ဘာ၂၄ ရက်နေ့တွင် မြိတ်မြို့နယ်၊ မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လသာကျေးရွာအနီးတွင် အကြမ်းဖက်စစ်‌ကောင်စီတပ်အား တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထိခိုက်ပြီး သေဆုံးကြောင်း သိရပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိခိုက်မရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။


မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထား‌သည့် စည်းကမ်းချက်များကို အလေးထားလိုက်နာပေးကြပါရန် အသိပေးကြေညာထားပါတယ်။


========================


📌📌 ၉။လူထုအကျပ်အတည်း အရင်းခံ၊ စစ်အာဏာရှင် စနစ် အမြစ်လှန်ခေါင်းစဥ်ဖြင့် ပိုစတာကပ် ကမ်ပိန်းအား DPNS/YNS ရဲဘော်များပြုလုပ်


စက်တင်ဘာလ ၂၅ ရက်

ရန်ကုန်မြို့တစ်နေရာတွင်လူထုအကျပ်အတည်း အရင်းခံ၊ စစ်အာဏာရှင် စနစ် အမြစ်လှန်ခေါင်းစဥ်ဖြင့် ပိုစတာကပ် ကမ်ပိန်းအား ပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာ၂၅ရက်မနက်ပိုင်းမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ် (DPNS)ကအတည်ပြုဆိုပါတယ်။


"ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်ပြည့် အထိမ်းအမှတ် ၁၀ ရက်တာ လူထုလှုပ်ရှားမှုအား စက်တင်ဘာလ၂၅ ရက်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ် (DPNS) လူ့ဘောင်သစ်လူငယ် (YNS) ရဲဘော်များမှ ရန်ကုန်မြို့တွင် ပြည်သူလူထုထံ လက်ကမ်းစာစောင်များဝေခြင်း၊ ပိုစတာများ ကပ်ခြင်းအားဖြင့် စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းရေးဆိုင်ရာ  လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုကို  ပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


 "ရွှေဝါရောင်အကြောင်း ပြောကြ/ဟောကြ" "လူထုအသံ နဲ့ အလံ ကို မြင့်မားစွာလွှင့်ကြ" ဖက်ဆစ်ရွေးကောက်ပွဲကိုသပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်ကြလို့ တိုက်တွန်းထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment