6th SEP 2023 - Evening Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နေ့တဓူဝ ဒုက္ခမျိုးစုံ ခါးစည်းခံနေရတဲ့ ဒုက္ခများကနေ ပြည်သူတွေကို ကယ်တင်ပေးချင်တယ်ဆိုရင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို အမြစ်ကနေ ရှင်းပစ်နိုင်ဖို့ပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ လူသားချင်းစာနာမှုအကူအညီများ အမေရိကန်က တိုင်းရင်းသားနယ်မြေရှိ ပြည်သူများဆီတိုက်ရိုက်ထောက်ပံ့ဖို့အစီအစဥ်ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၃။ ယနေ့ စတင်ကျင်းပသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိ

📌 ၄။ မြန်မာအမျိုးသမီးထုရှေ့မှ ဆက်လက်ရပ်တည်၍ အမျိုးသမီးများအပေါ် ကျူးလွန်နေသည့် မတရားမှုမှန်သမျှ၊ ဖိနှိပ်မှုမှန်သမျှကို တိုက်ထုတ်သွားမည်ဖြစ်ကြောင်း အမျိုးသမီးမဟာမိတ်အင်အားစုထုတ်ပြန်

📌 ၅။ စစ်ကိုင်း၊ မုံရွာမြို့၊ ရွှေတောင်ဦးကွန်ပျူတာစာသင်ကျောင်းတွင် တပ်စွဲထားသည့်စကစစစ်တပ်ကို ရော့ကတ် သုံးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နေ့တဓူဝ ဒုက္ခမျိုးစုံ ခါးစည်းခံနေရတဲ့ ဒုက္ခများကနေ ပြည်သူတွေကို ကယ်တင်ပေးချင်တယ်ဆိုရင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို အမြစ်ကနေ ရှင်းပစ်နိုင်ဖို့ပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


စက်တင်ဘာ၆ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၃၀/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အခုလိုပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့အစိုးရအနေနဲ့ ဒီတော်လှန်ရေးမှာ အဓိက တာဝန်အရှိဆုံး လုပ်ရမယ့် အလုပ်ဖြစ်တဲ့ စစ်ကောင်စီကို အပြီးတိုင် ဖယ်ရှားနိုင်ရေးကိစ္စကို အမြဲ ဦးစားပေးနေရမှာ ဖြစ်ပါတယ်။ နေ့တဓူဝ ဒုက္ခမျိုးစုံ ခါးစည်းခံနေရတဲ့ ဒုက္ခများကနေ ပြည်သူတွေကို ကယ်တင်ပေးချင်တယ်ဆိုရင် အမြစ်ဖြတ်မယ့်အရာကတော့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီ ကို အမြစ်ကနေ ရှင်းပစ်နိုင်ဖို့ပါပဲ။ ဒါကြောင့် ဝန်ကြီးဌာနတွေရဲ့ ပုံမှန်လည်ပတ်နေတဲ့ လုပ်ငန်းစဉ် တွေထက် တော်လှန်ရေးအတွက် တိုက်ရိုက် အားထည့် ဆောင်ရွက်ရမယ့် ကဏ္ဍတွေဘက်ကိုလည်း ပိုမိုအားဖြည့် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စကစတပ်ဖွဲ့ဝင်များဟာ ကရင်နီဒေသ၊ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်းတို့မှာအထိနာကျရှုံးလာပြီး စကစရဲ့စိုးမိုးနယ်မြေများ လျော့နည်းလာလျက်ရှိနေပါတယ်။


========================


📌📌 ၂။ လူသားချင်းစာနာမှုအကူအညီများ အမေရိကန်က တိုင်းရင်းသားနယ်မြေရှိ ပြည်သူများဆီတိုက်ရိုက်ထောက်ပံ့ဖို့အစီအစဥ်ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


စက်တင်ဘာ၆ရက်


လူသားချင်းစာနာမှုအကူအညီများ ပေးမည့်အစီအစဉ်နှင့်ပတ်သက်ပြီး စက်တင်ဘာလအတွင်း ပြည်သူမှ ပြည်သူသို့မေးမြန်းခြင်းအစီအစဥ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အခုလိုပြောကြားခဲ့ပါတယ်။


"အမေရိကန်အစိုးရအနေနဲ့ရော၊အမေရိကန်အဖွဲ့အစည်းအနေနဲ့ရော ကျနော်တို့နဲ့ဆက်လက်ဆောင်ရွက်နေတာရှိတယ်။NUCCအနေနဲ့ရော၊ NUGအနေနဲ့ရော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ရော နိူင်ငံတကာနဲ့ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ အမေရိကန်မှာဆိုရင်တချို့ကို MOUတို့LOAတို့စာချုပ်ချုပ်ပြီးဆောင်ရွက်နေတာရှိတယ်။ သက်ဆိုင်ရာပါလီမာန်နဲ့ရောအစိုးရနဲ့ရောဆောင်ရွက်နေတာရှိတယ်။အခုဆိုရင် USကအဖွဲ့အစည်းနဲ့ဆောင်ရွက်နေတာရှိတယ်။တိုက်ရိုက်NUGကိုလာမှာမဟုတ်ပေမယ့် မြေပြင်ကိုတိုက်ရိုက်သွားမှာဖြစ်တယ်။မြေပြင်ကတိုင်းရင်းသားအဖွဲ့အစည်းတွေဆီကိုတိုက်ရိုက်သွားမှာဖြစ်ပါတယ်။ NUGအနေနဲ့မရလည်းတိုင်းရင်းသားနဲ့မြေပြင်ကပြည်သူတွေဆီသွားတာဟာ အကောင်းဆုံးဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ပြီးခဲ့သည့် အမေရိကန်ပြည်ထောင်စုခရီးစဥ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အမေရိကန်အစိုးရ၊အမေရိကန်အစိုးရနှင့်ဆက်စပ်လျက်ရှိတဲ့အဖွဲ့အစည်းများနှင့်တရားဝင်တွေ့ဆုံမှု၁၄ကြိမ်၊ အလွတ်သဘောတွေ့ဆုံမှု ၆ကြိမ်တွေ့ဆုံခဲ့ပါတယ်။


========================

 

📌📌 ၃။ ယနေ့ စတင်ကျင်းပသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိ


စက်တင်ဘာ၆


နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွညီလာခံ (77th session of the United Nations General Assembly – 77th UNGA) ပိတ်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ရက် (အင်္ဂါနေ့) နံနက် (၁၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။


 (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (78th session of the United Nations General Assembly – 78th UNGA) ပထမဆုံး မျက်နှာစုံညီ အစည်းအဝေးနှင့် ဖွင့်ပွဲအခမ်းအနားကို ယင်းနေ့မွန်းလွဲပိုင်း () နာရီအချိန်တွင်ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။


77th UNGA ပိတ်ပွဲအခမ်းအနားအား ကျင်းပရာတွင် ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Ms. Amina J. Mohammed က 77th UNGA သဘာပတိ (President of the General Assemble – PGA) H.E. Csaba Kőrösi အား ဂုဏ်ပြုစကားပြောကြားခဲ့ပြီး၊ သဘာပတိမှလည်း ၎င်းတာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်ချက်များ၊ တွေ့ရှိချက်များ၊ နောင်လာမည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံးမှ ပူးပေါင်းဆောင်ရွက်ရေး အကြံပြုချက်များနှင့်တကွ သက်ဆိုင်သူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။


 ထို့နောက် 78th UNGA အတွက် သဘာပတိအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံထားရသည့် President-elect ထြီနီဒတ်နှင့် တိုဘာဂိုနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး H.E. Mr. Dennis Francis က ကုလသမဂ္ဂကျင့်ထုံးနှင့်အညီ ကျမ်းသစ္စာကျိန်ဆိုကာ 77th UNGA သဘာပတိထံမှ Gavel အား လွှဲပြောင်းလက်ခံခဲ့ပါတယ်။


========================


📌📌 ၄။ မြန်မာအမျိုးသမီးထုရှေ့မှ ဆက်လက်ရပ်တည်၍ အမျိုးသမီးများအပေါ် ကျူးလွန်နေသည့် မတရားမှုမှန်သမျှ၊ ဖိနှိပ်မှုမှန်သမျှကို တိုက်ထုတ်သွားမည်ဖြစ်ကြောင်း အမျိုးသမီးမဟာမိတ်အင်အားစုထုတ်ပြန်


စက်တင်ဘာ၆ရက်


စက်တင်ဘာလ ()ရက်တွင် အမျိုးသမီးမဟာမိတ်အင်အားစု ဖွဲ့စည်းခြင်း()နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ကြေညာချက်တစ် ရပ်ကိုထုတ်ပြန်ခဲ့ပါတယ်။


 "အမျိုးသမီးမဟာမိတ်အင်အားစု - Women Alliance Burma ကို  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ()ရက်နေ့၌ မြေပြင်သပိတ်အင်အားစုအသီးသီးတွင် ပါဝင်လှုပ်ရှားနေကြသော လူငယ်အမျိုးသမီးများဖြင့်စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့တွင် ဖွဲ့စည်းတည်ထောင်မှု () နှစ်တိတိ ပြည့်‌မြောက်ခဲ့ပြီဖြစ်ပါတယ်။ စတင်တည်ထောင်ချိန်မှစ၍ စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ်တိုက်ထုတ်၍ အမျိုးသမီးများ၏ ဦးဆောင်ပါဝင်မှုနှင့်အတူ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ဖြစ်ထွန်း လာစေရန် ဟူသော အဖွဲ့၏ရည်မှန်းချက်များမှသွေဖယ်ခြင်းမရှိဘဲ  ပြည်သူလူထုအားဖြင့် ယနေ့တိုင် ဆက်လက် တိုက်ပွဲဝင်လျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။


အမျိုးသမီးမဟာမိတ်အင်အားစုသည် ယနေ့()နှစ်ပြည့်မှစတင်၍ ရှေ့ဆက်မည့် တော်လှန်ရေးခရီးတွင် မြန်မာအမျိုးသမီးထုရှေ့မှ ဆက်လက်ရပ်တည်၍ အမျိုးသမီးများအပေါ် ကျူးလွန်နေသည့် မတရားမှုမှန်သမျှ၊ ဖိနှိပ်မှုမှန်သမျှကို တိုက်ထုတ်သွားမည်ဖြစ်ပြီး မိမိတို့ချမှတ်ထားသည့် ရည်မှန်းချက်များ ပြည့်ဝသည်အထိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ အစဉ်တစိုက်ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုလိုက်ရတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၅။ စစ်ကိုင်း၊ မုံရွာမြို့၊ ရွှေတောင်ဦးကွန်ပျူတာစာသင်ကျောင်းတွင် တပ်စွဲထားသည့်စကစစစ်တပ်ကို ရော့ကတ် သုံးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်


စက်တင်ဘာ၆ရက်


စက်တင်ဘာ၆ရက်မှာ စစ်ရေးသတင်းကို Brother Defence Force ကအတည်ပြုပါတယ်။


"စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရွှေတောင်ဦးကွန်ပျူတာစာသင်ကျောင်းတွင် တပ်စွဲထားသည့်အာဏာသိမ်းစစ်တပ်ကို ရော့ကတ် သုံးလုံးဖြင့် စက်တင်ဘာ၅ရက်မွန်းလွဲ နာရီ ၄၅ မိနစ်နှင့် နာရီ ၂၀ မိနစ်မှာ ကျွန်တော်တို့ Brother Defence Force နှင့် မဟာမိတ်တပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါတိုက်ခိုက်မှုတွင် စစ်တပ်ဘက်က အင်အားတိုးချဲ့ထားပြီး အထိအခိုက်ကို စုံစမ်းလျက်ရှိတယ်လို့ဆိုပါတယ်။


စစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ () Brother Defence Force တပ်ခွဲ () One Star Task Force - OSTFနှင့် မဲမှောင်ပျောက်ကြားတပ်တို့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment