6th SEP 2023 - Morning Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးအတွင်းမှာ လက်တွေ့ကျတဲ့ စစ်ရေးရလဒ်တွေနဲ့ လက်တွေ့ကျတဲ့ အုပ်ချုပ်စီမံမှု ယန္တရားတွေကို စနစ်တကျ အကောင်အထည်ဖော်တည်ဆောက်ရေးဟာ ပဓာနကျတဲ့ တာဝန်ဆိုတာ မမေ့ဖို့ ယာယီသမ္မတပြော

📌 ၂။ နွေဦးတော်လှန်ရေးမှာ ကဏ္ဍစုံက တိုးတက်မှု တွေ့မြင်နေရတယ်လို့ ဝန်ကြီးချုပ်ပြောကြား

📌 ၃။ နွေဦးတော်လှန်ရေးအောင်မြင်ဖို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းရဲ့ပါဝင်မှုက အဓိကအရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၄။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်ကောင်စီမှ သတ်ဖြတ်ခဲ့သည့် အရပ်သားပြည်သူ၁၂၈ဦးရှိပြီး စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းမှာ အများဆုံးဖြစ်

📌 ၅။ အင်တာနက်ရရှိရေးစီမံကိန်း ဆောင်ရွက်မှုအခြေအနေကို ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာတင်ပြ

📌 ၆။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၇။ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင် စကစ ရဲဘော်တစ်ဦး တိုက်ပွဲတွင်း လက်နက်ချ အညံ့ခံ၍လွတ်လပ်စွာနေထိုင်ခွင့်နှင့် မိမိသွားလိုသောနေရာသို့ပို့ဆောင်ပေးခဲ့

📌 ၈။ ယင်းမာပင်မြို့နယ်အတွင်း ()လကျော်ကြာ စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝေဟင်မှ DY(850)တိုက်ခိုက်ရေး Drone အသုံးပြု၍ (၆၀မမ)ဗုံးသီးနဲ့ နှစ်ကြိမ်ကြဲချ

📌 ၉။ မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ် ခမရ၄၃၉ နှင့် ခလရ၆၀ တပ်များမှ လက်နက်ကြီးအလုံးရေစုစုပေါင်း (၆၃) လုံးခန့်ပစ်ခတ်ခဲ့ပြီး လေကြောင်းကပါတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးအတွင်းမှာ လက်တွေ့ကျတဲ့ စစ်ရေးရလဒ်တွေနဲ့ လက်တွေ့ကျတဲ့ အုပ်ချုပ်စီမံမှု ယန္တရားတွေကို စနစ်တကျ အကောင်အထည်ဖော်တည်ဆောက်ရေးဟာ ပဓာနကျတဲ့ တာဝန်ဆိုတာ မမေ့ဖို့ ယာယီသမ္မတပြော


စက်တင်ဘာ၅ရက်

နွေဦးတော်လှန်ရေးအတွင်းမှာ လက်တွေ့ကျတဲ့ စစ်ရေးရလဒ်တွေနဲ့ လက်တွေ့ကျတဲ့ အုပ်ချုပ်စီမံမှု ယန္တရားတွေကို စနစ်တကျ အကောင်အထည်ဖော်တည်ဆောက်ရေးဟာ ပဓာနကျတဲ့ တာဝန်ဆိုတာ မမေ့ဖို့ ယာယီသမ္မတဒူဝါလရှီးလကပြောပါတယ်။


စက်တင်ဘာ ၅ရက်မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၀ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတကထည့်သွင်းပြောကြားခဲ့ပါတယ်။


 "နွေဦးတော်လှန်ရေးအတွင်းမှာ လက်တွေ့ကျတဲ့ စစ်ရေးရလဒ်တွေနဲ့ လက်တွေ့ကျတဲ့ အုပ်ချုပ်စီမံမှု ယန္တရားတွေကို စနစ်တကျ အကောင်အထည်ဖော် တည်ဆောက်ရေးဟာ ပဓာနကျတဲ့ တာဝန်ဆိုတာ မမေ့ဖို့လိုပါတယ်။ ဒါ့အပြင် တိုင်းပြည်နဲ့ လူထုကို တော်လှန်ရေးအစိုးရအနေနဲ့ ဦးဆောင်တဲ့နေရာမှာ အစိုးရတစ်ရပ်ရဲ့ ဂုဏ်နဲ့ ထိုက်တန်သော အမူအကျင့်၊ အတွေးအခေါ်တွေကို ကျင့်ကြံကြဖို့ အထူးတိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အမျှော်အမြင်ဟာ တိုင်းပြည်နဲ့ လူထုရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တာမို့လို့၊ မိမိတို့ရဲ့ အတွေးအခေါ် အမြော်အမြင်ကို ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် ကြိုးစားဖြည့်ကျင့်ကြဖို့ ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးမှာ ကဏ္ဍစုံက တိုးတက်မှု တွေ့မြင်နေရတယ်လို့ ဝန်ကြီးချုပ်ပြောကြား


စက်တင်ဘာ၅ရက်

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို စက်တင်ဘာ၅ရက်မှာ ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောကြားပါတယ်။


"တော်လှန်ရေးကာလ နှစ်ကျော် ကြာလာပြီးနောက် လက်ရှိအခြေအနေတွေကို ကြည့်လိုက်တဲ့အခါ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်တာတွေ အများကြီးတွေ့ရပြီး နေ့တိုင်းလည်း ကဏ္ဍစုံက တိုးတက်မှုတွေ တွေ့မြင်နေရပါ တယ်။လို့ ပြောကြားပါတယ်။


ဒါ့အပြင် တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ အမြန်အောင်ပွဲရနိုင်ဖို့ဆိုရင် ဒီထက် အားစိုက်လုပ်ဆောင်ရမှာတွေအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းဖို့လိုအပ်ကြောင်း တော်လှန်ရေးသွားမယ့်လမ်းကို နိုင်ငံတကာ တာဝန်ရှိသူတွေကလည်း ရှင်းရှင်းလင်းလင်း မြင်နေနိုင်ဖို့လိုကြောင်းနဲ့ ပြည်တွင်းမှ ပြည်သူတွေက ရှင်းရှင်းလင်းလင်း သိနေစေဖို့ သတင်းအချက်အလက် ဖြန့်ဝေမှုတွေ အားကောင်းဖို့ လိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးအောင်မြင်ဖို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းရဲ့ပါဝင်မှုက အဓိကအရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


စက်တင်ဘာ၅ရက်

နွေဦးတော်လှန်ရေးအောင်မြင်ဖို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းရဲ့ပါဝင်မှုက အဓိကအရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။


စက်တင်ဘာလအတွင်း ပြည်သူမှပြည်သူသို့ အစီအစဥ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ထည့်သွင်းဆိုပါတယ်။


"တော်လှန်ရေးအောင်မြင်ဖို့ စဥ်းစားရခြင်းမှာ တစ်ဦးချင်း၊ တစ်ယောက်ချင်းရဲ့ပါဝင်မှုက အဓိကအရေးကြီးပါတယ်။ တစ်ဦးချင်း၊ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းတွေရဲ့တန်ဖိုးက အရေးကြီးပါတယ်။ အခုမြေပြင်မှာဖြစ်နေတာတွေ၊ မီဒီယာမှာဖြစ်နေတာတွေ အကုန်လုံးကို ကျွန်တော်တို့ကတန်ဖိုးထားပါတယ်။ ပါဝင်သူအားလုံးဟာလည်းတန်ဖိုးရှိပါတယ်။ အဲဒီတန်ဖိုးတွေဟာ ကျွန်တော်တို့အနာဂတ် မြန်မာနိုင်ငံအတွက်ရော၊ ဒီကနေ့တော်လှန်ရေးအတွက်ရော တကယ်ကိုတန်ဖိုးမဖြတ်နိုင်တာဖြစ်တယ်။ ပြည်သူများသည် ဒီကနေ့တော်လှန်ရေးမှာအရေးကြီးသော တန်ဖိုးမဖြတ်နိုင်သောသူများဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက် စစ်တပ်က နိုင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူနွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၄။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်ကောင်စီမှ သတ်ဖြတ်ခဲ့သည့် အရပ်သားပြည်သူ၁၂၈ဦးရှိပြီး စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းမှာ အများဆုံးဖြစ်


စက်တင်ဘာ၅ရက်

၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်းအကြမ်းဖက်စစ်ကောင်စီမှ သတ်ဖြတ်ခဲ့သည့် အရပ်သားပြည်သူ၁၂၈ဦးရှိပြီး စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းမှာ အများဆုံးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက စက်တင်ဘာ၅ရက်မှာ ထုတ်ပြန်ပါတယ်။


၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်ကောင်စီမှ သတ်ဖြတ်ခဲ့သည့် အရပ်သားပြည်သူ၁၂၈ဦးရှိရာမှာ စစ်ကိုင်းတိုင်းတွင် သတ်ဖြတ်ခြင်းခံရသူ ၆၁ဦး၊ ပဲခူးတိုင်းတွင် ၂၇ဦးတို့ သတ်ဖြတ်ခြင်းခံရပါတယ်။


မတရားဖမ်းဆီးခြင်းခံရသူ စုစုပေါင်း၅၁၄ဦးရှိပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနသ်ာရီတိုင်းတို့တွင် အရပ်သားပြည်သူအများဆုံးဖမ်းဆီးခံခဲ့ရပါတယ်။


တရားရေး၀န်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနသည် စစ်အာဏာသိမ်းမှုဖြစ်စဥ်ကာလအတွင်း စစ်အာဏာရှင်များမှ ကျူးလွန်နေသည့် စစ်ရာဇ၀တ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများ၊အများပြည်သူ၏ အိုးအိမ်အဆောက်အဦးမီးရှို့ဖျက်ဆီးမှုများ၊ ဥပဒေမဲ့အများပြည်သူတို့၏ပစ္စည်းများအား လုယူသိမ်းယူမှုများ အပါအ၀င် ပြည်သူအချင်းချင်း ဥပဒေမဲ့ညှင်းပန်းနှိပ်စက်အနိုင်ကျင့်မှုများ အရပ်ရပ်သောဥပဒေမဲ့ချိုးဖောက်ကျူးလွန်မှုများစသည်တို့ကို စာရင်းကောက်ယူမှတ်တမ်းများ ထားရှိပြုစုနေလျက်ရှိပါတယ်။


========================


📌📌 ၅။ အင်တာနက်ရရှိရေးစီမံကိန်း ဆောင်ရွက်မှုအခြေအနေကို ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာတင်ပြ


စက်တင်ဘာ၅ရက်

ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ အင်တာနက်ရရှိရေးစီမံကိန်း ဆောင်ရွက်မှုအခြေအနေကို စက်တင်ဘာ ၅ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။


အစည်းအဝေးမှာ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အင်တာနက်ရရှိရေးစီမံကိန်း ဆောင်ရွက်မှုအခြေအနေ တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါအစိုးရအစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


စက်တင်ဘာ   ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၇/၂၀၂၃)ကို စက်တင်ဘာ ၅ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ အတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ယခင်အပတ်အစည်းအဝေး (၁၆/၂၀၂၃) ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာကြသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍  သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက်၊ ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းစောဖူးမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့   ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၇။ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင် စကစ ရဲဘော်တစ်ဦး တိုက်ပွဲတွင်း လက်နက်ချ အညံ့ခံ၍လွတ်လပ်စွာနေထိုင်ခွင့်နှင့် မိမိသွားလိုသောနေရာသို့ပို့ဆောင်ပေးခဲ့


စက်တင်ဘာ၅ရက်

ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင် စကစ ရဲဘော်တစ်ဦး တိုက်ပွဲတွင်း လက်နက်ချ အညံ့ခံ၍လွတ်လပ်စွာ နေထိုင်ခွင့်နှင့် မိမိသွားလိုသောနေရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့ စက်တင်ဘာ၅ရက်မှာ MYOHLA K-PDFကတရားဝင်အသိပေးဆိုပါတယ်။

        

"ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအတွင်း အထိုင်တပ်စွဲထားသော စကစ တပ်မ (၈၈) လက်အောက်ခံတပ် ခလရ ၇၇ နှင့် မြို့လှ K-PDF တပ်ရင်းတို့  ()ရက်နေ့တွင် ဖြစ်ပွားခဲ့သော စခန်းသိမ်းတိုက်ပွဲတွင် စကစ ရဲဘော်တစ်ဦး တိုက်ပွဲတွင်း လက်နက်ချ အညံ့ခံခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါ စကစရဲဘော် (ဒုတပ်ကြပ်)အဆင့်ရှိသူအား မြို့လှK-PDFပြည်သူ့ကာကွယ်ရေးတပ်ရင်းမှ ပြည်သူ့ငြိမ်းချမ်းရေးကို ဦးထိပ်ထားလျက်ရှိသည်နှင့်အညီ လွတ်လပ်စွာနေထိုင်ခွင့်နှင့် မိမိသွားလိုသောနေရာသို့ ပို့ဆောင်ပေးလိုက်ပါတယ်လို့ဆိုပါတယ်။


ဓမ္မနှင့်အဓမ္မကို ခွဲခြားသိမြင်ပြီး အခက်အခဲအမျိုးမျိုးကြောင့် ပြည်သူ့ဘက်သို့ ခိုလှုံ ဝင်ရောက်လာရန် စိတ်ဆန္ဒရှိနေသည့် ကျန်ရှိနေသော စကစရဲဘော်များအား မြိုလှK-PDFတပ်ရင်းမှ နွေးထွေးစွာကြိုဆိုနေမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။


========================


📌📌 ၈။ ယင်းမာပင်မြို့နယ်အတွင်း ()လကျော်ကြာ စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝေဟင်မှ DY(850)တိုက်ခိုက်ရေး Drone အသုံးပြု၍ (၆၀မမ)ဗုံးသီးနဲ့ နှစ်ကြိမ်ကြဲချ


စက်တင်ဘာ၅ရက်

ယင်းမာပင်မြို့နယ်အတွင်း ()လကျော်ကြာ စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝေဟင်မှ DY(850)တိုက်ခိုက်ရေး Drone အသုံးပြု၍ (၆၀မမ)ဗုံးသီးနဲ့ နှစ်ကြိမ်ကြဲချခဲ့တယ်လို့ ULF(မဟာမိတ်တပ်ပေါင်းစု)က စက်တင်ဘာ၅ရက်မှာ အတည်ပြုထားပါတယ်။


"စက်တင်ဘာ ()ရက် မနက်()နာရီ အချိန်ခန့်က စည်သူသစ်ကွင်း၌ တပ်စွဲထားသော ​​​ကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူရန်နှင့် အကြမ်းဖက်ရန် ယင်းမာပင်မြို့နယ်၊ ကျောက်ကုန်းရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ရောက်ရှိနေကြောင်း သိရှိရ၍ ဝေဟင်မှ DY(850) တိုက်ခိုက်ရေး Drone ဖြင့် (၆၀မမ)ဗုံးသီး အသုံးပြုကာ နှစ်ကြိမ်တိတိ Drop ချ တိုက်ခိုက်နိုင်ခဲ့တယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စကစများ တည်ရှိရာနေရာကို နှစ်ကြိမ်စလုံး တိတိကျကျ Drop ချ တိုက်ခိုက်နိုင်ခဲ့ကာ စကစတပ်များ ထိခိုက်မှုရှိနိုင်ပြီး စကစများသေဆုံးမှုကိုတော့ သီးခြားအတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။


စစ်ဆင်ရေးကို ULF(တပ်ပေါင်းစု) Comrade စစ်ကြောင်းမှ ဗိုလ်မုတ်ဆိတ်အဖွဲ့၊ ဗျတ္တညီနောင်၊ နဂါးညီနောင်(DBTF) တို့အပြင် ဒေသမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် NWPDF ယင်းမာပင်ခရိုင် Drone Army MTOF အမိမြေ (တပ်ရင်း ၂၇) PDA (တပ်ရင်း ၃၅)တို့နှင့် ပူးတွဲမစ်ရှင်ဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၉။ မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ် ခမရ၄၃၉ နှင့် ခလရ၆၀ တပ်များမှ လက်နက်ကြီးအလုံးရေစုစုပေါင်း (၆၃) လုံးခန့်ပစ်ခတ်ခဲ့ပြီး လေကြောင်းကပါတိုက်ခိုက်


စက်တင်ဘာ၅ရက်

မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ် ခမရ၄၃၉ နှင့် ခလရ၆၀ တပ်များမှ လက်နက်ကြီးအလုံးရေစုစုပေါင်း (၆၃) လုံးခန့်ပစ်ခတ်ခဲ့ပြီး လေကြောင်းကပါ တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ စက်တင်ဘာ၅ရက်မှာ KNUဗဟိုကဖြစ်စဥ်ကို အတည်ပြုဖော်ပြပါတယ်။


ကေအဲန်ယူ မူး(မုန်း)မြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အာဏသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ () လက်အောက်ခံ တပ်များအကြား ၂၀၂၃ ခုနှစ် စက်တင်ဘာလ () ရက်နေ့ နံနက် (၁ဝး၀၀) နာရီအချိန်မှစပြီး () နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ၄၃၉ နှင့် ခလရ၆၀ တပ်များမှ လက်နက်ကြီးအလုံးရေစုစုပေါင်း (၆၃) လုံးခန့်ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများသည် ဟော်ခိုဝေါ် (ငထွေစုပ်)ရွာ ဘုရားအနားတွင် အလုံး (၃၀) နှင့် ဝေကော်ရွာတွင် (၃၂) လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။


ထို့နောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လေတပ်မှ ဂျက်ဖိုက်တာ () စင်းဖြင့် ဟော်ခိုဝေါ်(ငထွေစုပ်)ရွာအတွင်းသို့ (၂၃) ကြိမ်တိတိ ပစ်ခတ်တိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ () ဦးသေဆုံးပြီး () ဦးထိခိုက်ဒဏ် ရာရရှိခဲ့ကာ နေအိမ် () လုံးလည်း ပျက်စီးခဲ့ရသည့်အပြင် ရွာပေါင်း () ရွာမှ ပြည်သူလူထုများလည်း အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဆိုပါတယ်။


ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း () စောအယ်ကော်ထူး (၄၅) နှစ် (ခြေထောက်ထိ) () စောညီနိုင် (၄၄) နှစ်၊ () နော်မနိုး (၁၆) နှစ် () နော်မနိုးရီယာ (၁၈) နှစ်(လက်မောင်းထိ) () စောဝါစီ (ဦးခေါင်းထိ) () စောဂျိုး (၄၈) နှစ် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စောလားခူဝါး (၁၂) နှစ်မှာ အသက်သေဆုံးခဲ့ရပါတယ်။ 


ထို့အတူ ဟော်ခိုဝေါ်(ငထွေစုပ်)ကျေးရွာအတွင်းရှိ နေအိမ် () လုံးထိမှန်ပြီး အိမ်အတွင်းရှိ ပစ္စည်းများပါ ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် ကောက်ခံရရှိသော စာရင်းအများအရ () မျက်ရဲ ကရင်ရွာ၊ () ဟော်ခိုဝေါ် (ငထွေစုပ်)ရွာ၊ () ဆေးပုလဲရွာ၊ () မိသ္သလင် ကျေးရွာ၊ () ဗမာမျက်ရဲကျေးရွာတို့မှ ပြည်သူလူထု စုစုပေါင်း (၂၈၀၂) ဦး အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး စာရင်းကောက်ခံ၍ မရသေးသောကျေးရွာများလည်း ကျန်ရှိနေသေးတယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment