၂၀၂၃ စက်တင်ဘာလ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ Chain of Commandတစ်ခုတည်းအောက်မှာ အားလုံးစုစည်းညီညွတ်စွာ တော်လှန်ရေးအောင်ပွဲ ပန်းတိုင်ကိုအရယူကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်းပြောကြား
📌 ၂။ "ခုခံတွန်းလှန်စစ်နှစ်နှစ်တာကာလအတွင်း လက်နက်ငယ်၊လက်နက်ကြီး၊ဒရုန်း၊ လေယာဥ်ပစ်စက်သေနတ်ကြီးများကို စစ်ရေးဆိုင်ရာမဟာဗျူဟာနှင့်အညီ ဒေသအလိုက်အတိုင်းအတာတစ်ခုအထိတပ်ဆင်နိူင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနအသိပေး
📌 ၃။ "တော်လှန်ရေးကာလမှာ တဦးချင်းထက် အစုအဖွဲ့လိုက် အားကောင်းဖို့လိုတယ်လို့ လူ့အခွင့်ရေးဝန်ကြီးဆို
📌 ၄။ အမှတ်(၃၀၆) အမြှောက်တပ်ရင်းမှ တနင်္သာရီမြို့ဖက်သို့ မောင်းနှင်လာသော စစ်ကောင်စီ၏ Vigo ကားတစ်စီး နှင့်စစ်ကူရန်ခြေလျင်စစ်ကြောင်းထိုးလာသည့်အဖွဲ့အား နှစ်ကြိမ်တိုင်တိုင်မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင်ရှစ်ဦးသေဆုံး
📌 ၅။ ကချင်ပြည်နယ် ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအား မြို့လှK-PDFတပ်ရင်းမှ Drone ဖြင့်(၂)ကြိမ်တိုက်ခိုက်ခဲ့ရာ ပြည်ထဲရေးဝန်ထမ်းနှစ်ဦးသေ၊ကိုးဦးထိခိုက်ဒဏ်ရာရ
📌 ၆။ မြ၀တီထွေ/အုပ်ရုံးနှင့် ရဲစခန်းအားဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်မှုမှာ ပြင်းထန်ဒဏ်ရာနဲ့ ထပ်မံသေဆုံးသူများရှိလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ Chain of Commandတစ်ခုတည်းအောက်မှာ အားလုံးစုစည်းညီညွတ်စွာ တော်လှန်ရေးအောင်ပွဲ ပန်းတိုင်ကိုအရယူကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်းပြောကြား
စက်တင်ဘာ၇ရက်
စက်တင်ဘာ၇ရက်တွင် ကျရောက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ပြည်သူ့ခုခံတော်လှန်စစ်ကြေညာခြင်း (၂) နှစ်ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ယာယီသမ္မတ ဒူဝါလရှီးလမှ အခုလိုတိုက်တွန်း ပြောကြားထားပါတယ်။
"ဒေသခံ တပ်ဖွဲ့တွေကို ကျနော့်အနေနဲ့အထူးမေတ္တာရပ်ခံလိုတာကတော့ ကျနော်တို့PDFများ၊မဟာမိတ်များက ထုအင်အားတည်ဆောက်ပြီး စစ်ကောင်စီကိုထိုးစစ်ဆင် တိုက်ခိုက်တဲ့အပိုင်းမှာ ပူးပေါင်းပါဝင်ပေးကြပါ။စစ်ကောင်စီကိုအဆုံးသတ်တိုက်ထုတ်ဖို့ရာ ကျနော်တို့အနေနဲ့စုစည်းညီညွတ်မှုရှိဖို့လိုသလိုစစ်ရေးမှာစနစ်တကျအဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှုChain of Commandရှိဖို့ဟာအသက်တမျှအရေးကြီးပါတယ်။ဒါကြောင့် Chain of Commandတစ်ခုတည်းအောက်မှာ အားလုံးစုစည်းညီညွတ်စွာ တော်လှန်ရေးအောင်ပွဲ ပန်းတိုင်ကိုအရယူကြဖို့ ကျနော်မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့စစ်ဘက်ဆိုင်ရာ စည်းကမ်းများကိုအမြဲလိုက်နာဖို့နှင့် တော်လှန်ရေးကဏ္ဍမှာ စစ်အာဏာရှင်တွေ ရဲ့ အတွေးအခေါ် အမူအကျင့်များကိုမပြုလုပ်ကြဖို့ ကိုလည်း ယာယီသမ္မတကသတိပေးပြောကြားပါတယ်။
လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့ပေါင်း ၃၀၀ ကျော်၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း၂၅၀ ကျော်နှင့် တစ်နိူင်ငံလုံးတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သိန်းနဲ့ချီအင်အားရှိနေပြီ ဖြစ်ပါတယ်။
========================
📌📌 ၂။ "ခုခံတွန်းလှန်စစ်နှစ်နှစ်တာကာလအတွင်း လက်နက်ငယ်၊လက်နက်ကြီး၊ဒရုန်း၊ လေယာဥ်ပစ်စက်သေနတ်ကြီးများကို စစ်ရေးဆိုင်ရာမဟာဗျူဟာနှင့်အညီ ဒေသအလိုက်အတိုင်းအတာတစ်ခုအထိတပ်ဆင်နိူင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနအသိပေး
စက်တင်ဘာ၇ရက်
"ခုခံတွန်းလှန်စစ်နှစ်နှစ်တာကာလအတွင်း လက်နက်ငယ်၊လက်နက်ကြီး၊ဒရုန်း၊ လေယာဥ်ပစ်စက်သေနတ်ကြီးများကို စစ်ရေးဆိုင်ရာမဟာဗျူဟာနှင့်အညီ ဒေသအလိုက်အတိုင်းအတာတစ်ခုအထိ တပ်ဆင်နိူင်ခဲ့ပါတယ်"လို့စက်တင်ဘာလ (၇) ရက်နေ့ပြည်သူ့ ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အစီရင်ခံစာထုတ်ပြန်ရာမှာဖော်ပြထားပါတယ်။
ခုခံတွန်းလှန်စစ်ပထမနှစ်အတွင်း ရန်သူ့စခန်း၂၈ခုသာတိုက်ခိုက်သိမ်းပိုက်နိူင်ခဲ့သော်လည်း ဒုတိယနှစ်တွင် ရန်သူ့စခန်းပေါင်း ၁၀၇ခုအထိ တိူက်ခိုက်သိမ်းပိုက်နိူင်ခဲ့သည့်အတွက်တနှစ်အတွင်းစခန်းသိမ်းတိုက်ပွဲ၃ဆ ကျော် ဆင်နွှဲနိူင်ခဲ့ပြီ ဖြစ်တယ်လို့ဆိုပါတယ်။
၂၀၂၁ ခုနစ်၊ စက်တင်ဘာ (၇) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီ သမ္မတ ဒူဝါလရှီးလက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် “မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ” ဟု စတင်တိုက်တွန်းခဲ့ပါတယ်။
ယနေ့ ၂၀၂၃ ခုနစ်၊ စက်တင်ဘာ (၇) ရက်နေ့တွင် ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ကြောင်း ကြေညာခြင်း (၂) နှစ် တိတိ ပြည့်ခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၃။ "တော်လှန်ရေးကာလမှာ တဦးချင်းထက် အစုအဖွဲ့လိုက် အားကောင်းဖို့လိုတယ်လို့ လူ့အခွင့်ရေးဝန်ကြီးဆို
စက်တင်ဘာ၇ရက်
"တော်လှန်ရေးကာလမှာ မိမိတယောက်တည်း အဆင်ပြေတယ်လို့ ကျေနပ်နေလို့မရဘူး။တဦးတည်း တာဝန်ကျေယုံ အလုပ်လုပ်လို့မရဘူး။အဆင်မပြေတဲ့သူတွေရဲ့ဘဝတွေအတွက် လုပ်ဆောင်ပေးချင်တဲ့ စိတ်ဓာတ်ထားဖို့လိုတယ်။တာဝန်ကျေယုံထက် အစွမ်းကုန်အလုပ်လုပ်ဖို့လိုတယ်။ တဦးချင်းထက် အစုအဖွဲ့လိုက် အားကောင်းဖို့လိုတယ်"လို့ စက်တင်ဘာလအတွင်းမှာNUGလူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းမှ ပြောပါတယ်။
လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် စစ်ရေး၊ နိူင်ငံရေးကိုပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၄။ အမှတ်(၃၀၆) အမြှောက်တပ်ရင်းမှ တနင်္သာရီမြို့ဖက်သို့ မောင်းနှင်လာသော စစ်ကောင်စီ၏ Vigo ကားတစ်စီး နှင့်စစ်ကူရန်ခြေလျင်စစ်ကြောင်းထိုးလာသည့်အဖွဲ့အား နှစ်ကြိမ်တိုင်တိုင်မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင်ရှစ်ဦးသေဆုံး
စက်တင်ဘာ၇ရက်
စက်တင်ဘာ၇ရက်မှာ စစ်ရေးသတင်းကို တနင်္သာရီတိုင်း_ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတည်ပြုဆိုထားပါတယ်။
"တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အမှတ် (၃၀၆) အမြှောက်တပ်ရင်း နှင့် အမှတ် (၅၅၇) တပ်ရင်းအကြား ကော့မပျဉ်းကျေးရွာအနီးတွင် စက်တင်ဘာ (၆) ရက်နေ့က ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ စစ်ကောင်စီ၏ ကား နှင့် ခြေလျင်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အမှတ်(၃၀၆) အမြှောက်တပ်ရင်းမှ တနင်္သာရီမြို့ဖက်သို့ မောင်းနှင်လာသော စစ်ကောင်စီ၏ Vigo ကားတစ်စီးအား ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားမှာ ပျက်စီးသွားပြီး ကားပေါ်ပါ စကစတပ်ဖွဲ့ဝင်(၁)ဦး သေဆုံး နှင့် သုံးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။
ကားမိုင်းဆွဲသည့်နေရာအား စစ်ကူရန်ခြေလျင်စစ်ကြောင်းထိုးလာသည့်အဖွဲ့အား နှစ်ကြိမ်တိတိ မိုင်းဆွဲပြီး ထပ်မံတိုက်ခိုက်ခဲ့ရာ စကစတပ်ဘက်ကအနည်းဆုံး ခုနှစ်ဦးခန့် သေဆုံးခဲ့ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီဖက်မှ ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးသေဆုံးပြီး အလောင်းကို မြိတ်မြို့သို့သယ်ယူခဲ့ကြောင်း နှင့် ကျန်အလောင်းများကို တနင်္သာရီမြို့ကို သယ်ယူခဲ့ကြောင်း သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များဖြစ်သည့် အရိပ်ပြောက်ကျားအဖွဲ့(ပုလော ပကဖ)၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့(တနင်္သာရီပကဖ)၊ တနင်္သာရီရိုးမအဖွဲ့(တနင်္သာရီ ပကဖ)၊ တောဗုံးကြီးအဖွဲ့ (တနင်္သာရီ ပကဖ) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၅။ ကချင်ပြည်နယ် ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအား မြို့လှK-PDFတပ်ရင်းမှ Drone ဖြင့်(၂)ကြိမ်တိုက်ခိုက်ခဲ့ရာ ပြည်ထဲရေးဝန်ထမ်းနှစ်ဦးသေ၊ကိုးဦးထိခိုက်ဒဏ်ရာရ
စက်တင်ဘာ၇ရက်
မနက် ၁၁နာရီ ၀၅ မိနစ်တွင် တစ်ကြိမ်၊ ၁၁နာရီ ၃၈ မိနစ်တွင်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် Drone ဖြင့်တိုက်ခိုက်ခဲ့တာလို့
စက်တင်ဘာ၆ရက်တွင် "ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီ၏ထောက်တိုင်များဖြစ်သောအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အစည်းအဝေးပြုလုပ်နေချိန် မြို့လှK-PDF တပ်ရင်းမှ မနက် ၁၁နာရီ ၀၅ မိနစ်တွင် တစ်ကြိမ်၊ ၁၁နာရီ ၃၈ မိနစ်တွင်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် Drone ဖြင့်တစ်ကြိမ်လျှင်ဗုံးသီး(၄) လုံး(၂) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်"လို့MYOHIA K-PDFကအတည်ပြုဆိုထားပါတယ်။
တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ထောက်တိုင်ပြည်ထဲရေးဝန်ထမ်း (၂ )ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီမှ အထိနာသွားပြီး သေနတ်များဖြင့် တရစပ် ရမ်းသန်းပစ်ခတ်ခဲ့ပြီး မြို့တွင်းပိတ်ဆို့စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။
========================
📌📌 ၆။ မြ၀တီထွေ/အုပ်ရုံးနှင့် ရဲစခန်းအားဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်မှုမှာ ပြင်းထန်ဒဏ်ရာနဲ့ ထပ်မံသေဆုံးသူများရှိလာ
စက်တင်ဘာ၇ရက်
စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲနေသည့် မြ၀တီထွေ/အုပ်ရုံးနှင့် ရဲစခန်းအား စက်တင်ဘာလ (၃) ရက်နေ့ ညနေပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် Cobra စစ်ကြောင်း စီမံခန့်ခွဲမှုလက်အောက်ခံ Federal Wings ဒရုန်းတပ်ဖွဲ့မှ (၂) ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီလက်အောက်ခံတပ်မှ (၅) ဦးသေဆုံးပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်းဗုံးထိမှန်၍သေဆုံးသည့် စစ်ကောင်စီလက်အောက်ခံများမှာ ခလရ (၂၇၅) ယာယီတပ်ရင်းမှူး အောင်ကျော်မင်း ၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင် နှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ဖြစ်ပြီး ထိခိုက်ဒါဏ်ရာရရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁) ဦးတွင် (၅) ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာ၅ရက်နေ့မှာ အဆိုပါ၅ဦးတွင် ဆေးကုသမှုခံယူရင်း ရဲမှူးမျိုးဝင်း၊ ဒုရဲမှူးထွန်းထွန်းနိုင်၊ ဒုရဲအုပ်သက်ခိုင်၊ ရဲဒုတပ်ကြပ်မျိုးမင်း တို့ ၄ ဦးထပ်မံသေဆုံးတယ်လို့ တော်လှန်ရေးအင်အားစုနှင့်နီးစပ်သူအချို့ထံကသိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment