7th SEP 2023 - Morning Daily News by Radio NUG


၂၀၂၃ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် အာဆီယံအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ပါဝင် တက်ရောက်ခြင်းအား ဖျက်သိမ်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတောင်းဆိုတိုက်တွန်း

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ တက်ရောက်

📌 ၃။ မြန်မာနိုင်ငံက အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံဧရိယာရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကိုသာ ထိန်းချုပ်ထားနိုင်တော့တယ်လို့ တီမောလက်စ်တေးနိုင်ငံသမ္မတဆို

📌 ၄။ CDMတစ်ဦးနွေဦးထီတစ်စောင် ထောက်ပို့ကမ်ပိန်း CDMများစာရင်းရှိနေသမျှကာလပတ်လုံး ထီလက်မှတ်နဲ့ ဂုဏ်ပြုလွှာများဆက်လက်ပေးပို့နေမယ်လို့ဆို

📌 ၅။ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရဲကင်းကို ကာကွယ်ရေးတပ်များနဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ကြရာ ကနဦး ပစ်ခတ်လိုက်သော RPG-2 ကျည်ရန်သူ့စခန်းအတွင်းသို့ တည့်မတ်စွာကျရောက်

📌 ၆။ မင်းကင်းမြို့နယ် လမ်းဆုံEPCရုံး၌ အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ()ဦး သေဆုံးကာ CarbineM2 ()လက်၊ MA ကျည်ဘောက် ()ခု သိမ်းဆည်းရရှိ

📌 ၇။ CDM နဲ့ Pre-CDM လုပ်ဖို့ နှိုးဆော်တဲ့စာ အစောင်ပေါင်း ၂၃၀၀ ကို ရန်ကုန်နဲ့ မန္တလေးက အထင်ကရ နေရာတွေမှာ ဖြန့်ဝေခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် အာဆီယံအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ပါဝင် တက်ရောက်ခြင်းအား ဖျက်သိမ်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတောင်းဆိုတိုက်တွန်း


စက်တင်ဘာလ ရက်

အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် အာဆီယံအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ပါဝင်တက်ရောက်ခြင်းအား ဖျက်သိမ်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက စက်တင်ဘာ၆ရက်မှာ တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။


အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ လေတပ်ကာကွယ်ရေးဦးစီးချုပ်များညီလာခံအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံ၊ နေပြည်တော်တွင် တရားမဝင် အာဏာသိမ်းစစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်များ တက်ရောက်ရန်ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် လေ့လာသိရှိရပါတယ်လို့ဖော်ပြပါတယ်။


လက်ရှိမြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမှတဆင့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရအား ပုန်ကန်၍ ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ အာဏာလုယူမှုကို ကျူးလွန်ခဲ့သည့် မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို ချုပ်ကိုင်နိုင်ရေးအတွက်  နိုင်ငံတစ်ဝှမ်း၌ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများ၊  လူမဆန်သော သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုပုံစံအမျိုးမျိုးဖြင့် ပြည်သူများအပေါ် တိုးမြှင့်ကျူးလွန်နေသည့် အချိန်အခါဖြစ်တယ်လို့ဆိုပါတယ်။ 


ဤသို့သော အခြေအနေအချိန်အခါတွင် အထက်ပါညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပါဝင်တက်ရောက်ခြင်းသည် တရားမဝင်စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်ခြင်းကို အားပေးရာရောက်ခြင်းကြောင့် အဆိုပါညီလာခံကို ပါဝင် တက်ရောက်ခြင်းအား ဖျက်သိမ်းပေးရန် ပြည်သူလူထုကိုယ်စားပြုမှုကို တရားဝင်ရရှိထားသည့် ကျွန်ုပ်တို့ မြန်မာ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မြန်မာပြည်သူများကိုယ်စား အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ လေးလေးနက်နက် တိုက်တွန်းလိုက်ပါတယ်လို့ဆိုပါတယ်။


အာဆီယံဒေသတွင်း ပြည်သူများဖြစ်သည့် မြန်မာပြည်သူများအပေါ် လူမဆန်သော အကြမ်းဖက်မှုများ ကျူးလွန်နေသည့် ရာဇဝတ်သား စစ်ကောင်စီနှင့် ယခုကဲ့သို့ ထိတွေ့ဆက်ဆံနေခြင်း၊ ပူးပေါင်းဆောင်ရွက်နေခြင်းတို့သည် အကြမ်းဖက်မှုနှင့် ဒေသတွင်း မတည်ငြိမ်မှုကို ပိုမို ဦးတည်စေနိုင်ကြောင်း မိမိတို့အနေဖြင့် အထူးသတိပေးလိုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ တက်ရောက်


စက်တင်ဘာ     ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၃၀/၂၀၂၃)ကို စက်တင်ဘာ၆ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏမှ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက်ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည့်လုပ်ငန်းများအား မှာကြားဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံက အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံဧရိယာရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကိုသာ ထိန်းချုပ်ထားနိုင်တော့တယ်လို့ တီမောလက်စ်တေးနိုင်ငံသမ္မတဆို


စက်တင်ဘာ၆ရက်

မြန်မာနိုင်ငံက အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံဧရိယာရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကိုသာ ထိန်းချုပ်ထားနိုင်တော့တယ်လို့ တီမောလက်စ်တေးနိုင်ငံသမ္မတJose Ramos-Hortaက Al Jazeera သတင်းဌာနမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။


"ဒီစစ်ပွဲကို မြန်မာစစ်တပ် အနိုင်ရစရာ အကြောင်းမရှိပါဘူး။ အခုဆိုရင် သူတို့ဟာ နိုင်ငံဧရိယာရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကိုသာ ထိန်းချုပ်ထားနိုင်ပါတော့တယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က စစ်ပွဲတွေဟာ အမျိုးသားစစ်တပ်တွေကြားမှာ ဖြစ်ခဲ့ပါတယ်။ ဒီနေ့တော့ ပြည်သူတွေနဲ့ စစ်တပ်ကြားမှာ ပေါ်ပေါက်လာပါပြီ။ ပြီးတော့ စစ်တပ်က အနိုင်ရမှာ မဟုတ်ပါဘူး။ ကျွန်တော် မျှော်လင့်ထားတာကတော့ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဆီက မြန်မာကို စစ်လက်နက်တွေ ထောက်ပံ့နေတဲ့ကိစ္စ ရပ်တန့်သွားဖို့ပါပဲ"လို့ဆိုထားပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးသောင်းကျော် သေဆုံးထားပြီး မြေပြင်စစ်ဆင်ရေးများတွင် ရှုံးနိမ့်မှုများပြားလျက်ရှိပါတယ်။


========================


📌📌 ၄။ CDMတစ်ဦးနွေဦးထီတစ်စောင် ထောက်ပို့ကမ်ပိန်း CDMများစာရင်းရှိနေသမျှကာလပတ်လုံး ထီလက်မှတ်နဲ့ ဂုဏ်ပြုလွှာများဆက်လက်ပေးပို့နေမယ်လို့ဆို


စက်တင်ဘာ၆ရက်

CDMတစ်ဦးနွေဦးထီတစ်စောင် ထောက်ပို့ကမ်ပိန်း CDMများစာရင်းရှိနေသမျှကယလပတ်လုံး ထီလက်မှတ်နဲ့ဂုဏ်ပြုလွှာများဆက်လက်ပေးပို့နေမယ်လို့ စက်တင်ဘာ၆ရက်မှာ CDM Success ကော်မတီမှ ဦးဥက္ကာကပြောပါတယ်။


"အခုကျွန်တော်တို့လက်ထဲမှာ CDMနှစ်သိန်းခွဲစာရင်းရှိတယ်။ ဒါတွေကို ထီလက်မှတ်ပေးပြီးရင် ပြီးသွားတာမဟုတ်ဘဲ CDMတစ်ဦးချင်းစီကို သူတို့အတွက် ဂုဏ်ပြုပို့စကဒ်နဲ့တကွ တလေးတစား ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီကမ်ပိန်းဟာ CDM တွေ စာရင်းရှိနေသမျှ ဆက်လက်ပေးအပ်သွားမှာ ဖြစ်တယ်။ ကမ်ပိန်းပြီးသွားမှာမဟုတ်ဘူး"လို့ဆိုပါတယ်။


CDM Success Committee တို့ ပူးပေါင်းဆောင်ရွက်သော CDM တစ်ဦးနွေဦးထီတစ်စောင် ချီးမြှင့်သည့် အစီအစဉ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ နွေဦးထီ အပတ်စဥ် ၂၁တွင် တစ်သိန်း ဆု ဆု ကို MoH MoE, MR တို့မှ ပေါက်ပြီး၁၅ သိန်းဆု တစ်ဆု ကို MoE မှ CDMer များ  ကံထူးခဲ့ကြပါတယ်။


အောင်လံလွှင့်ချီ နွေဦးထီအပတ်စဥ်၂၂ သြဂုတ်လတွင် ကျပ်သိန်းတစ်ရာဆုကို CDMတစ်ဦး ကံထူးပြီး၁၅ သိန်းဆု ဆု၊၅ သိန်းဆု ၁၅ ဆု၊၁သိန်းဆုက ၆၇ဦးကံထူးခဲ့ကြပါတယ်။


"ထီလက်မှတ်ရဖို့က CDMဝန်ထမ်းအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနမှာ အမည်စာရင်းပေးထားဖို့၊ စာရင်းသွင်းထားဖို့လိုပါတယ်။ ဒါဆိုရင်သူက ထီလက်မှတ်ရဖို့၅၀ရာခိုင်နှုန်းသေချာပါတယ်"လို့ CDM Success Committeeက တာဝန်ရှိသူတစ်ဦးကထပ်မံပြောပါတယ်။


CDM တစ်ဦးနွေဦးထီတစ်စောင် ချီးမြှင့်သည့်ကမ်ပိန်းကို မည်သူမဆိုပါဝင်နိုင်ပြီးCDMဝန်ထမ်းများအတွက် ထီလက်မှတ်ဆယ်စောင်နှင့်အထက်ဝယ်ယူပေးသူအား ကော်မတီက လက်ဆောင်ပို့စကဒ်များ ပြန်လည်ပေးပို့မှာဖြစ်ပါတယ်။


CDM Success Committee တို့ပူးပေါင်းဆောင်ရွက်သော CDM တစ်ဦးနွေဦးထီတစ်စောင် ချီးမြှင့်သည့် အစီအစဉ်တွင် ထီလက်မှတ်တွေကို ဝန်ကြီးဌာနမှာရှိတဲ့ CDM တွေကို ခွဲတမ်းအလိုက်ကော်မတီက ပြန်လည်ပို့ပေးလျက်ရှိပါတယ်။


========================


📌📌 ၅။ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရဲကင်းကို ကာကွယ်ရေးတပ်များနဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ကြရာ ကနဦး ပစ်ခတ်လိုက်သော RPG-2 ကျည်ရန်သူ့စခန်းအတွင်းသို့ တည့်မတ်စွာကျရောက်


စက်တင်ဘာ၆ရက်

စက်တင်ဘာ၆ရက်မှာ စစ်ရေးသတင်းကို မိုးကုတ်ဗျူဟာ အမှတ် (၁၂၂၂) တပ်ရင်းကအတည်ပြုပါတယ်။


"စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရဲကင်း ကို စက်တင်ဘာ၅ရက်နေ့ ၊ည (၁၂) နာရီခန့်တွင် မိုးကုတ်ဗျူဟာ အမှတ် (၁၂၂၂) တပ်ရင်း၊ စစ်ဒေသ()တပ်ရင်းတစ်ခုနှင့် စဉ့်ကူးမြို့နယ်(.က.)ပူးပေါင်းမဟာမိတ်အဖွဲ့တို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ကြရာ မိမိတို့ဖက်မှ ကနဦး ပစ်ခတ်လိုက်သော RPG-2 ကျည်သည် ရန်သူ့စခန်းအတွင်းသို့ တည့်မတ်စွာကျရောက်ခဲ့ပြီးနောက် လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထို့နောက် Padaing () လုံး၊ ထောက်တွဲ ၄၀ မမ () လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ရန်သူ့ဖက်မှ ၄၀ မမ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ 


ရွှေပြည်ရဲကင်းသည် မန္တလေး မိုးကုတ် ကားလမ်းမပေါ်တွင် တည်ရှိပြီး ထုံးကြီးရဲကင်းနှင့် ()မိုင်ခန့်၊ လက်ပန်လှရဲကင်းနှင့် () မိုင်ခန့် 

သာဝေးသည့်အတွက် တိုက်ပွဲဖြစ်ပွားချိန် (၁၅) မိနစ်ခန့် ကြာပြီးသည့်အခါ စစ်ကူလျင်မြန်စွာ ရောက်လာသဖြင့်ကာကွယ်ရေး အဖွဲ့များ ဘေးကင်းစွာ လျင်လျင်မြန်မြန် ဆုတ်ခွာနိုင်ခဲ့ပါတယ်။ 


ရန်သူ့စခန်းအဆောက်အဦး အပေါ်ထပ်တည့်တည့်ကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့သည့်အတွက် ရန်သူများထိခိုက်ကျဆုံးမှုများနိုင်တယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ မင်းကင်းမြို့နယ် လမ်းဆုံEPCရုံး၌ အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ()ဦး သေဆုံးကာ CarbineM2 ()လက်၊ MA ကျည်ဘောက် ()ခု သိမ်းဆည်းရရှိ


စက်တင်ဘာ၆ရက်

မင်းကင်းမြို့နယ် လမ်းဆုံEPCရုံး၌ အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ()ဦး သေဆုံးကာ CarbineM2 ()လက်၊ MA ကျည်ဘောက် ()ခု သိမ်းဆည်းရရှိခဲ့တယ်လို့ စက်တင်ဘာ၅ရက်နေ့မှာ  ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)ကအသိပေးဆိုပါတယ်။


"စက်တင်ဘာလ ()ရက်နေ့တွင်  မင်းကင်းမြို့နယ် လမ်းဆုံEPCရုံး၌ အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကျွန်ုပ်တို့ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) ရင်း၂ ခွဲ() တိမ်လွှာဒေါင်းမင်း(.က.) မင်းကင်းမြို့နယ်(.က.) Wolf Fighterနှင့် LDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ကာကွယ်ရေးတပ်ပေါင်းစုမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးရန်သူ့ဘက်မှ CarbineM2 ()လက်၊ MA ကျည်ဘောက် ()ခု ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ()ဦး သေဆုံးခဲ့ပါတယ်။


========================


📌📌 ၇။ CDM နဲ့ Pre-CDM လုပ်ဖို့ နှိုးဆော်တဲ့စာ အစောင်ပေါင်း ၂၃၀၀ ကို ရန်ကုန်နဲ့ မန္တလေးက အထင်ကရ နေရာတွေမှာ ဖြန့်ဝေခဲ့


စက်တင်ဘာ၆ရက်

စက်တင်ဘာ ၆ရက်နေ့မှာ  စကစလက်အောက်ခံတွေကို CDM နဲ့ Pre-CDM လုပ်ဖို့ နှိုးဆော်တဲ့စာ အစောင်ပေါင်း ၂၃၀၀ ကို ရန်ကုန်နဲ့ မန္တလေးက အထင်ကရ နေရာတွေမှာ ဖြန့်ဝေခဲ့ကြတယ်လို့ "ပြည်သူ့ရင်ခွင် - People's Embraceကအသိပေးဆိုပါတယ်။


အဆိုပါ လှုပ်ရှားမှုကို  ပြည်သူ့ရင်ခွင် (People’s Embrace) နှင့် မြို့ပြတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ Kyimyindaing Networks (K.M.D18) နဲ့ Mayangone Democratic Front (M.D.F)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။


ရန်ကုန်မြို့မှာတော့ မရမ်းကုန်း၊ တာမွေ၊ စမ်းချောင်း၊ ဆူးလေ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ မင်္ဂလာဒုံစစ်ဈေးပတ်ဝန်းကျင်တို့မှာ ဖြန့်ကျဲခဲ့တာဖြစ်ပြီး မန္တလေးမြို့မှာတော့ ဂျာနယ်နှင့် စာစောင်အမျိုးမျိုးတို့ရဲ့ အတွင်းဘက်စာမျက်နှာတွေမှာ လှုံ့ဆော်စာတွေကပ်ပြီး အခမဲ့ဖတ်ရှုနိုင်ကြောင်း လူစည်ကားရာနေရာတွေဖြစ်တဲ့ ဦးပိန်တံတား၊ မဟာမြတ်မုနိဘုရားကြီး၊ နန်းတွင်း ကျုံးဘေး၊ ကုသိုလ်တော်(သို့)မန်းလေးတောင်တော် တို့မှာ ချထားမျှဝေခဲ့တာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment