၂၀၂၃ စက်တင်ဘာလ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့်ပြည်သူ့ရဲတပ်ဖွဲ့အစည်းအဝေးကျင်းပ
📌 ၂။ အကြမ်းဖက်စစ်တပ်က အရပ်သားများကို နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေချိန်တွင် အာဆီယံ အကြီးအကဲများ ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဟာ ကမောက်ကမဖြစ်ရပ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား
📌 ၃။ အမျိုးသမီး နဲ့ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတို့ကိုပါ အာဏာရှင်စနစ်ဆိုးနှင့်အတူ အမြစ်ပါ တော်လှန်ပစ်ဖို့ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ပြောကြား
📌 ၄။ အကြမ်းဖက် စစ်ကောင်စီရဲ့ ရန်ကုန်လွှတ်တော်အဆောက်အအုံနဲ့ စုပေါင်းတိုင်းရုံးကို ဒုတိယအကြိမ်မြောက်လက်နက်ကြီးနှင့်ပစ်ခတ်ခံရ
📌 ၅။ မြိုင်မြို့နယ်ထွေအုပ်ရုံးနှင့်မီးသတ်ရုံးများကိုဗုံးသီးဖြင့်တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့်ပြည်သူ့ရဲတပ်ဖွဲ့အစည်းအဝေးကျင်းပ
စက်တင်ဘာ လ ၉ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့်ပြည်သူ့ရဲတပ်ဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၂၃)အား စက်တင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်၍ပြည်ထဲရေးနှင့် ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်နှင့်ဌာနကြီးမှူးများနှင့် မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှူးများမှလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေမှုများနှင့် မြေပြင် အခြေအနေ အခက်အခဲများအားတင်ပြဆွေးနွေးခဲ့ရာအမြဲတမ်းအတွင်းဝန်မှ ဆွေးနွေး တင်ပြချက်များကို ရှင်းလင်းပြောကြားခြင်းနှင့် လိုအပ်ချက်များအားညှိနှိုင်းဖြည့်ဆည်းပေးခြင်းများပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။
အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲအမြဲတမ်းအတွင်းဝန်၊ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်၊ဌာနကြီးမှူးများနှင့်မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးများတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်က အရပ်သားများကို နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေချိန်တွင် အာဆီယံ အကြီးအကဲများ ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဟာ ကမောက်ကမဖြစ်ရပ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား
စက်တင်ဘာ၉ရက်
အာဆီယံ အကြီးအကဲများ ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းနှင့်စပ်လျဥ်း၍ စက်တင်ဘာ၈ရက်နေ့မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းမှ၎င်း၏ Twitterမှတစ်ဆင့် အခုလိုရေးသားထားပါတယ်။
"ကမောက်ကမဆိုတာဘာလဲ အကြမ်းဖက်စစ်တပ်သည် အရပ်သားများကို နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေချိန်တွင် အာဆီယံ အကြီးအကဲများ ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။ Topis သည် "ကောင်းကင်မှကြောက်လန့်ခြင်း"လို့ဆိုထားပါတယ်။
စက်တင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် လေတပ်အစည်းအဝေးအား အင်ဒိုနီးရှား၊ မလေးရှား နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကတက်ရောက်မည်မဟုတ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာကို ၂၀၂၃ ခုနှစ်၊ဧပြီလ ၁၁ ရက်၊ မနက်ပိုင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက် ခဲ့သည့်အတွက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များအပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၃။ အမျိုးသမီး နဲ့ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတို့ကိုပါ အာဏာရှင်စနစ်ဆိုးနှင့်အတူ အမြစ်ပါ တော်လှန်ပစ်ဖို့ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ပြောကြား
စက်တင်ဘာ၉ရက်
စက်တင်ဘာ၈ရက်တွင် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်မှ ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အခုလိုပြောကြားထားပါတယ်။
"ကျမတို့တွေက တော်လှန်ရေးကို ဆောင်ရွက်ကြတဲ့ အချိန်မှာ လူအများနဲ့ ပူးပေါင်းဆောင်ရွက်ရသလို လူတွေဟာ မပြည့်စုံပါဘူး။လူပေါင်းစုံ ပါဝင်နေကြသလို ၊ အတွေးအခေါ်ပေါင်းစုံ၊ အယူအဆပေါင်းစုံ စုကြတဲ့လူတွေ ဖြစ်တဲ့အတွက် ဖြေရှင်းစရာတွေလည်း ပေါ်လာတတ်ပါတယ်။ ဒီလို ကိစ္စတွေထဲမှာ အမျိုးသမီး နဲ့ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု့၊ power abuse စတဲ့ အရာတွေ ပါလာတတ်ပြီး ဒီကိစ္စတွေ ကလည်း ကျမ တို့က အာဏာရှင်စနစ်ဆိုးနဲ့ အတူ အမြစ်ပါ တော်လှန်ပစ်ဖို့ လိုပါတယ်။ ဒီနေရာမှာ တရားဉပဒေအရ စီရင်တာရော ၊ social justice လို့ခေါ်တဲ့ လူမှု့ရေး ပြစ်ဒဏ်ပေးတာရော လုပ်လို့ ရပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ စစ်ဘေးရှောင် ကလေးသူငယ်နဲ့လူငယ်များကို ကာကွယ်စောင့်ရှောက်ခြင်း၊သက်မွေးပညာများသင်ကြားပေးခြင်းတို့အပြင် အကြမ်းဖက်ခံရမှုရန်မှလည်းအတတ်နိူင်ဆုံးကာကွယ်ပေးလျက်ရှိနေပါတယ်။
"ဒီတော့ တော်လှန်ရေးမှာ power abuse ဆိုတဲ့ လွှမ်းမိုးမှု့ ပါဝါ တွေကိုပါ အသုံးပြုပီး လိင်ပိုင်းဆိုင်ရာ စော်ကားမှု့ ၊ အကြမ်းဖက်မှု စတဲ့ ကိစ္စများကို မပြုလုပ်ကြဖို့ လိုသလို ဒီလို ကိစ္စမျိုးတွေ ကို အဂတိတရား ( ၄)ပါး ကင်းကင်း နဲ့ ဆောင်ရွက်ဖို့ လိုပါတယ်။ မဖြစ်လာဖို့အတွက် ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ Power abuse ကို သုံးပီး sexual harassment လုပ်ခြင်းဟာလဲ Zero tolerant ပါပဲ"လို့ ဒုဝန်ကြီးကထပ်မံဆိုပါတယ်။
========================
📌📌 ၄။ အကြမ်းဖက် စစ်ကောင်စီရဲ့ ရန်ကုန်လွှတ်တော်အဆောက်အအုံနဲ့ စုပေါင်းတိုင်းရုံးကို ဒုတိယအကြိမ်မြောက်လက်နက်ကြီးနှင့်ပစ်ခတ်ခံရ
စက်တင်ဘာ၉ရက်
အကြမ်းဖက် စစ်ကောင်စီရဲ့ ရန်ကုန်လွှတ်တော်အဆောက်အအုံနဲ့ စုပေါင်းတိုင်းရုံး ဒုတိယအကြိမ်မြောက်လက်နက်ကြီးနဲ့ပစ်ခတ်ခံရတယ်လို့သတင်းရရှိပါတယ်။
စက်တင်ဘာ၉ရက် မနက်ပိုင်းအစောပိုင်းမှာ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့အတည်ပြုဆိုထားပါတယ်။
ပစ်မှတ်ကို ထိရောက်ပေါက်ကွဲခဲ့ပြီးလတ်တလောမှာ ထိခိုက်မှုအခြေအနေကို စုံစမ်းအတည်ပြုလျက်ရှိပါတယ်။
၂၀၂၃ခု နှစ်မေလ၁၂ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်းရှိ တိုင်းအဖွဲ့ရုံးဝင်းအား ၄၀ မမ ဗုံးသီးဖြင့်တိုက်ခိုက်ခဲ့ပါသေးတယ်။
========================
📌📌 ၅။ မြိုင်မြို့နယ်ထွေအုပ်ရုံးနှင့်မီးသတ်ရုံးများကိုဗုံးသီးဖြင့်တိုက်ခိုက်
စက်တင်ဘာ၉ရက်
မကွေးတိုင်းမြိုင် မြို့နယ် ထွေအုပ် ရုံးနဲ့မီးသတ်ရုံးများကိုဗုံးသီးနှင့်တိုက်ခိုက်ခဲ့တယ်လို့စက်တင်ဘာ၉ရက် စစ်ရေးသတင်းကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံကအသိပေးဆိုပါတယ်။
မြိုင် မြို့နယ် ထွေအုပ် ရုံးကိုလေးပိဿာခန့်ရှိ ဗုံးသီးတစ်လုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ညပိုင်းကျတော့ မီးသတ်ရုံးထဲမှာရှိတဲ့ စကစတပ် များဆီကိုလည်း အီနာဂါ အသီး ၁၂ လုံးကျွေးခဲ့ပါသေးတယ်"လို့ဆိုပါတယ်။
လတ်တလောမှာ ထိခိုက်မှုကိုအတည်ပြုစုံစမ်းနေပြီးစစ်ဆင်ရေးကို သပြေတော( မြိုင် ပကဖ) Drone တပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment