15th OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တရားရေးရာ ဝန်ကြီးဌာန နှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများ တွေ့ဆုံဆွေးနွေး

📌 ၂။ NCA သဘောတူစာချုပ် လုံးဝမရှိတော့ဟု စာချုပ်ရေးထိုးမှု နှစ်မြောက်နေ့တွင် KNU ထပ်မံထုတ်ပြန် 

📌 ၃။ နယူးယောက်စီးတီးတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ

📌 ၄။ ရဲ၊ စစ်သားနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အချိန်မှီ အလင်းဝင်ကြရန် PDF-Zoland ထုတ်ပြန်

📌 ၅။ ကော့ကရိတ်မြို့က တန် တံတားဂိတ်ကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး၊ ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို တိုက်ခိုက်ခဲ့ရာတွင် စစ်သား ဦး ဒဏ်ရာရ

📌 ၆။ ပုလောနယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ပြည်သူအချို့ ရိုက်နှက်ဖမ်းဆီးခံရပြီး နာရေးယာဥ် နှစ်စီးနှင့် နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တရားရေးရာ ဝန်ကြီးဌာန နှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများ တွေ့ဆုံဆွေးနွေး


အောက်တိုဘာ ၁၅။


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများ တွေ့ဆုံဆွေးနွေးခဲ့သည့် အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၃) ကို အောက်တိုဘာလ ၁၄ ရက် မနက် ၁၀ နာရီ အချိန်တွင် Zoom မှတဆင့် ကျင်းပခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးကို တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် တရားရေး ဝန်ကြီးဌာန ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနမှ ရုံးအဖွဲ့နှင့် တာဝန်ရှိများ၊ မြေပြင်တရားရုံးများမှ တရားသူကြီးများ တက်ရောက်ခဲ့ကြပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသူ တရားသူကြီးများရဲ့ မေးမြန်းမှုများကို တာဝန်ရှိသူများမှ အသီးသီးပြန်လည် ဖြေကြားခဲ့ကြ ပါတယ်။


ထိုနောက်  အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ခဲ့ပြီး နေ့လယ်  ၁၁ နာရီ အချိန်တွင် အစည်းအဝေးကို အောင်မြင်စွာရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ NCA သဘောတူစာချုပ် လုံးဝမရှိတော့ဟု စာချုပ်ရေးထိုးမှု နှစ်မြောက်နေ့တွင် KNU ထပ်မံထုတ်ပြန် 


စစ်အာဏာရှင်များက သဘောတူညီချက်အားလုံးကို ချိုးဖောက်လိုက်ပြီဖြစ်၍ NCA သဘောတူစာချုပ် လုံးဝမရှိတော့ဟု စာချုပ်ရေးထိုးမှု နှစ်မြောက်နေ့မှာ KNU ထပ်မံထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးမှု နှစ်ပြည့် အခမ်းအနားကို ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပနေချိန်မှာ KNU က ထပ်မံ ထုတ်ပြန်လိုက်တာပါ။ 

ကျတော်တို့တိုင်းပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာဖြစ်နေတဲ့ ပဋိပက္ခကိုဖြေရှင်းဖို့ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ အကောင်းဆုံးကြိုးစားခဲ့တယ်။ နောက်ဆုံး အပစ်အခတ်ရပ်စဲရေးကတဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ တက်ကြွစွာပါဝင်ပြီး  ကိုယ်စွမ်းညဏ်စွမ်းရှိသမျှ အရင်းအမြစ်အားလုံးပုံအောပြီး အချိန်တွေပေးဆပ်ပြီးတော့ ကျတော်တို့လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ စစ်အာဏာရှင်တွေကနေ ဒီသဘောတူညီချက်တွေအားလုံးကို ချိုးဖောက်လိုက်ပြီးတော့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေရော နိုင်ငံရေးဆွေးနွေးပွဲတွေရော ဖျက်ဆီးလိုက်တယ်။ အဲ့တာကြောင့် ကျတော်တို့ပြောချင်တာကတော့ NCA သဘောတူညီချက်စာချုပ်ဆိုတာ လုံးဝမရှိတော့ပါဘူးလို့ KNU အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

ဆက်လက်ပြီး စစ်ကောင်စီကနေပြီး အကြမ်းဖက်နည်းနဲ့ အာဏာသိမ်းလိုက်တဲ့အပေါ်မှာ သူကိုယ်တိုင်က သဘောတူ ညီချက်ရရှိဖို့အတွက် ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါပေမဲ့ NCA ထဲမှာ အဓိကသဘောတူညီချက်ဖြစ် တဲ့ အခန်း () မှာဘာပြောသလည်းဆိုရင် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရမယ် နိုင်ငံရေးယဉ်ကျေးမှု အသစ်နဲ့သွားရမယ်ဆိုတာ NCA တစ်ခုလုံးရဲ့အသဲနှလုံးပဲဖြစ်ပါတယ်။ အဲ့တာကိုချိုးဖောက်လိုက်တယ်ဆိုတာ ကျတော်တို့ဘယ်လိုမှ လက်ခံလို့မရပါဘူးလို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီသည် NCA စာချုပ်ပါအချက်များကို လိုက်နာမှမရှိဘဲ ချိုးဖောက်နေသည်မှာ အာဏာမသိမ်း ခင်ကတည်းကဖြစ်တယ်လို့လည်း ဆိုပါတယ်။

နောက်ဆုံး ၂၀၂၁ ခုနှစ်ရောက်လာတဲ့အချိန်မှာ အာဏာကိုငမ်းငမ်းတက်တဲ့အကြမ်းဖက်စစ်တပ်က အကြမ်းဖက်နည်းနဲ့ အာဏာသိမ်းလိုက်တဲ့အခါမှာ ကျတော်တို့သဘောတူထားတဲ့ သဘောတူညီထားတဲ့အရာတွေအားလုံးကို ချိုးဖောက် လိုက်တာဘဲဖြစ်တယ်။ ကျတော်တို့နားလည်တာက ဒီ NCA စာချုပ်က အသက်ရှင်ရပ်တည်လို့မရတော့ဘူး၊ အကောင်အထည်ဖော်လို့မရတော့ဘူး။ အာဏာသိမ်းလိုက်တဲ့အခါတိုင်းမှာ နိုင်ငံတကာမှာဘဲဖြစ်ဖြစ် ကျတော်တို့ နိုင်ငံမှာဘဲဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလည်းမရှိတော့ဘူးလို့ ပဒိုစောတောနီးက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ၁၉၄၇ ခုနှစ်အခြေခံဥပဒေမရှိတော့သကဲ့သို့ ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းလိုက်သောကြောင့် ၁၉၇၄ ဖွဲ့စည်းပုံမရှိတော့ကြောင်းလည်း ရှင်းပြထားပါတယ်။

ဒီနေ့တွေ့နေရတဲ့ စစ်အုပ်စုက ဘာလည်းဆိုတော့ သူတို့ကိုယ်တိုင်းကလည်း အာဏာသိမ်းတယ်၊ အကြမ်းဖက်နည်းနဲ့ ပြသနာကို ဖြေရှင်းလာတဲ့အခါမှာကျတော့ NCA စာချုပ်ကရှိနေပါသေးတယ် ငြိမ်းချမ်းရေးဖြစ်စဉ်က ရှိနေပါသေးတယ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့ ၂၀၀၈ သူတို့ကိုယ်တိုင်ရေးထားတဲ့ မတရားတဲ့ဥပဒေလည်း ရှိနေပါသေးတယ်ဆိုပြီး သူတို့ ဝါဒဖြန့်ထားတယ်။ နိုင်ငံတကာကိုလည်း လိမ်လည်လှည့်ဖြားထားတယ်။ ပြည်တွင်းမှာလည်း ဒီအတိုင်းပြောနေတယ် လို့ KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဒါ့ကြောင့် NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ချင်းအမျိုးသားတပ်ဦးတို့က NCA စာချုပ် လုံးဝအကောင်အထည်ဖော်၍မရတော့ကြောင်းနဲ့ NCA ခရီး လမ်းဆုံးသွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာလည်းရှိပါတယ်။


========================


📌📌 ၃။ နယူးယောက်စီးတီးတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ


အောက်တိုဘာ ၁၅။


အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဈေးရောင်းပွဲ တစ်ခုကို NYCBC မှ ဦးဆောင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။


၎င်းရန်ပုံငွေ ဈေးရောင်းပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၁၁ နာရီမှ ညနေ နာရီခွဲ ထိ ကျင်းပခဲ့တာ ဖြစ်ပြီး နယူးယောက်စီးတီးရှိ မြန်မာတိုင်းရင်းသားများ နှင့်အတူ သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်အားပေးခဲ့တာ ဖြစ်ပါတယ်။


အခမ်းအနားတွင် အကြမ်းဖက်စစ်တပ်က ယုတ်မာပက်စက်စွာ ဗုံးကြဲသတ်ဖြတ်ခဲ့သော ကချင်ပြည်နယ်လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းမှ တိုင်းရင်းသားပြည်သူများနှင့် ကလေးငယ်များအတွက် ဆုတောင်းပွဲကိုလည်း တဆက်တည်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ထိုအပြင် တေးသံရှင် ကျော်သီဟ၊ ဝင်းနိုင်စိုး၊ လှိုင်မြတ်ဝေ တို့က တော်လှန်ရေးဂီတ အစီအစဉ်များ ကံစမ်းမဲ အစီအစဉ်များ ဂိမ်းအစီစဉ်များ စုံလင်စွာ ထည့်သွင်းကျင်းပခဲ့ပြီး မြန်မာ အစားအစာမျိုးစုံ၊ မြန်မာ့လက်မှူရတနာမျိုးစုံ နှင့် မြန်မာအဝတ်အထည်မျိုးစုံတို့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ 


အဆိုပါဈေးရောင်းပွဲတွင် မိုးရွာနေသည့်ကြားမှ ပြည်သူအများအပြား တက်ရောက်အားပေး ခဲ့ကြပြီး တော်လှန်ရေးရံပုံငွေ အမေရိကန်ဒေါ်လာ (၂၁,၁၈၆) ဒေါ်လာ ရှာဖွေရရှိခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ရဲ၊ စစ်သားနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အချိန်မှီ အလင်းဝင်ကြရန် PDF-Zoland ထုတ်ပြန်


အောက်တိုဘာ ၁၅။


ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အခြေစိုက် PDF-Zoland က ချင်းပြည်နယ်မှာ ရှိတဲ့ ရဲနှင့် စစ်သားများကို အချိန်မှီ CDM ပြုလုပ်ရန် နှင့် လက်နက်နဲ့တကွ CDM ပြုလုပ်လာတဲ့သူတွေကို ဆုငွေချီးမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။


ရဲနှင့် စစ်သားများအပြင် စစ်ကောင်စီ လက်အောက်မှာရှိတဲ့ ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်း တွေကိုလည်း အချိန်မှီ CDM ပြုလုပ်ဖို့ကို PDF-Zoland က တောင်းဆိုထားပါသေးတယ်။


အမြန်ဆုံး CDM ပြုလုပ်ဖို့ ကျွန်တော်တို့ ပြောချင်တယ်၊ အကြောင်းအမျိုးမျိုးကြောင့် ရုံးမထွက်နိုင်တဲ့ လူတွေ ရဲ၊ စစ်သား၊ ဝန်ထမ်းတွေ ရှိနေကြတယ်၊ သူတို့ကို ငဲ့ညာသော အနေနှင့် မြို့သိမ်းတိုက်ပွဲ မတိုင်မှီ လာရောက် ပူးပေါင်းဖို့ပြောချင်တယ်။လို့ PDF-Zoland တာဝန်ရှိသူတဦးက ပြောထားပါတယ်။


မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်တဲ့ အခါမှာ ပြည်သူ့ဘက်ကို လာရောက်ပူးပေါင်းခြင်း မရှိတဲ့ ရဲ၊ စစ်သားနှင့် ဝန်ထမ်းတွေကို ထပ်ပြီး ညှာတာနေတော့မှာ မဟုတ်တော့ဘူးလို့လည်း ၎င်းတို့က အသိပေးထားပါတယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သား စုစုပေါင်း ၃၀ ကျော် PDF-Zoland ထံကို ဆက်သွယ်ပြီး CDM ပြုလုပ်ထားတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ကော့ကရိတ်မြို့က တန် တံတားဂိတ်ကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး၊ ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို တိုက်ခိုက်ခဲ့ရာတွင် စစ်သား ဦး ဒဏ်ရာရ


မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာ စစ်မျက်နှာဖွင့်ထားတဲ့ ဒေါနစစ်ကြောင်းနဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေဟာ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းက တန်စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်သားတွေကိုတိုက်ခိုက်ခဲ့တာမှာ စစ်သား ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ အမှတ် ၃၊ ဒေါနစစ်ကြောင်းနဲ့ KNLA မဟာမိတ်အဖွဲ့တွေဟာ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ နာရီခွဲအချိန်မှာ အဲဒီစစ်ဆေးရေးဂိတ်ကို ပြောက်ကျားစနစ်နဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်မှာ တပ်မ ၂၂ လက်အောက်ခံ ၂ဝ၁ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂ဝ ခန့်ရှိ ပြီး ခရီးသွားပြည်သူတွေဆီကနေ ဆက်ကြေးကောက်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။

ရန်သူ့တည်နေရာနဲ့လှုပ်ရှားမှုအခြေအနေတွေကို စနစ်တကျသတင်းရယူပြီး ပွိုင့် ၃၃၈ စနိုက်ဘာ၊ ၄ဝ မမ တို နဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်သား ၃ဦး သေဆုံးသွားတဲ့အပြင် ထိခိုက်ဒဏ်ရာရသူများစွာရှိခဲ့တယ်လို့လည်း ဒေါနစစ်ကြောင်းက အသိပေးထားပါတယ်။ 

ဒါ့အပြင် မွန်ပြည်နယ်အတွင်းက ရေးမြို့နယ်မှာအခြေစိုက်တဲ့ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို တိုက်ခိုက်ခဲ့တာမှာလည်း စစ်သား ဦး ဒဏ်ရာရသွားတယ်လို့လည်း သိရပါတယ်။

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ ရန်သူအင်အား ၁ဝဝ ကျော်ထပ်တိုးထားတယ်ဆိုတဲ့သတင်းရခဲ့ တာကြောင့် ရေးပြောက်ကျားတပ်ဖွဲ့ YGF မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဒေါနစစ်ကြောင်း တာဝန်ရှိသူက ဆိုပါတယ်။ 

အဲဒီတိုက်ခိုက်မှု ခုစလုံးမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်တပ်တွေဘက်က ထိခိုက်မှုမရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။


========================


📌📌 ၆။ ပုလောနယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ပြည်သူအချို့ ရိုက်နှက်ဖမ်းဆီးခံရပြီး နာရေးယာဥ် နှစ်စီးနှင့် နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရ


အောက်တိုဘာ ၁၅။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ကြဲကျေးရွာအုပ်စုသို့ စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ ရိုက်နှက်ဖမ်းဆီးခံရမှုများ ရှိနေတယ်လို့ သိရပါတယ်။


အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ကျော်ဖြင့် ကြဲကျေးရွာကို ရောက်ရှိလာပြီး ကျေးရွာရှိ နားရေးကူညီမှုအသင်းမိုင် ယာဥ်နှစ်စီးကို မီးရှို့ဖျက်ဆီး ခဲ့တဲ့အပြင် နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


"ပြည်သူတွေ ရိုက်နှက် ဖမ်းဆီးခံရတာတွေလည်း ရှိပေမယ့် အတိအကျ မသိရသေးပါဘူး။ ရွာသား အများစုကတော့စစ်ကောင်စီတပ်တွေ မဝင်ခင် နှစ်ရက်လောက် ကတည်းက ရှောင်နေကြ ရတာပါ" ဟု ပုလောဒေသခံ အမျိုးသားတစ်ဦးက People Spring ကို ဖြေထားပါတယ်။


ပြီးခဲ့သည့် ရက်လောက်ထဲက ကြဲကျေးရွာအုပ်စုအနီး သံပုံကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး လာတာကြောင့် ကြဲရွာအပါအဝင် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများ ဘေးလွတ်ရာ ကြိုတင်တိမ်းရှောင် နေကြတာဖြစ်ပြီး ကြဲကျေးရွာအုပ်စု တစ်ခုထဲမှာတင် အိမ်ခြေ ,၀၀၀ ကျော်၊ လူဦးရေ ,၀၀၀ ကျော်တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


ယခုကဲ့သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်၍ ပြည်သူအချို့အား ဖမ်းဆီးခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခံနေရတဲ့ ကြဲကျေးရွာသည် ပုလောမြို့မှ ၂၃ မိုင်ခန့် အကွာတွင် ရှိပြီး ပုလောမြို့နယ်နှင့် မြိတ်မြို့နယ် အစပ်တွင် တည်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် မင်းစစ်‌ သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment