16th OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူ့တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမည်ဟု KNDF တပ်ရင်း ထုတ်ပြန်

📌 ၂။ အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ UNOCHA ရဲ့ လူသားချင်းစာနာမှု အစီအစဥ်မှာ ကိုယ်စားလှယ် အဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်မှုကို တနင်္သာရီ အရပ်ဘက် အဖွဲ့အစည်းတွေ ငြင်းဆန်

📌 ၃။ ခင်ဦးနယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်က စစ်ရှောင်အမျိုးသားတဦးကိုပစ်သတ်၊ နင်းမိုင်းများကြောင့် ဒေသခံတဦး ဒဏ်ရာရ 

📌 ၄။ တောင်သာမြို့နယ် ထွေအုပ်ရုံးကိုတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံး

📌 ၅။ နောင်ချို ၊ဒိုးပင်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၂၀ ဦးခန့်သေဆုံးပြီး MDY PDF မှရဲဘော် ၃ဦးကျဆုံး

📌 ၆။ ဆိုးလ်မြို့မှာ မြန်မာနိုင်ငံသားတွေက မုန်လိုင်ခက် ကျဆုံးပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ဆန္ဒပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမည်ဟု KNDF တပ်ရင်း ထုတ်ပြန်


မဆုတ်မနစ်သောဇွဲ၊လုံးလတို့နဲ့ ပြည်သူ့တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်ရပ်တည်ပြီး တိုက်ပွဲဝင် သွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF - တပ်ရင်း- က ထုတ်ဖော်ပြောဆိုလိုက် ပါတယ်။

 KNDF - တပ်ရင်း- က တပ်ဖွဲ့ဝင်တွေ ဒုတိယအကြိမ်မြောက်တွေဆုံပွဲမှာ တာဝန်ရှိသူတွေက ပြောဆိုလိုက်တာပါ။


ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ရင်းအမှတ်- ဟာ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲဆင်နွှဲခဲ့ တာမှာ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းနဲ့ တော်လှန်ရေးခရီးကြာမြင့်လာတာနဲ့အမျှ  KNDF တပ်ရင်း အမှတ်- က ရဲဘော်တွေဟာလည်း ကျရာတာဝန်ကဏ္ဍအသီးသီးမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသလို မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တဲ့ အာဇာနည်သူရဲကောင်းများအတွက်လည်း လေးစားဂုဏ်ယူ‌မိပါတယ်လို့ အသိပေးထားပါတယ်။ 

ရဲဘော်အားလုံးရဲ့ စိတ်အားထက်သန်မှုနဲ့ ကြိုးစားအားထုတ်မှုတွေ ရဲဘော်တွေနဲ့ လုပ်ဆောင်ခဲ့မှုတွေကို အသိအမှတ်ပြု‌ ကြောင်းနဲ့ စိတ်ဓာတ်မြှင့်တင်ပြီး မဆုတ်နစ်သော ဇွဲ၊ လုံ့လတို့နဲ့ ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက် ရပ်တည် တိုက်ပွဲဝင်သွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ရင်း- သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ UNOCHA ရဲ့ လူသားချင်းစာနာမှု အစီအစဥ်မှာ ကိုယ်စားလှယ် အဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်မှုကို တနင်္သာရီ အရပ်ဘက် အဖွဲ့အစည်းတွေ ငြင်းဆန်


အောက်တိုဘာ ၁၆။


ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က ဆောင်ရွက်မယ့် AHCT (Aera of Humanitarian Country Team) မှာ  ကိုယ်စားလှယ်အဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်မှုကို တနင်္သာရီတိုင်း အရပ်ဘက်အဖွဲ့အစည်း ၁၁ ဖွဲ့ ပူးပေါင်းထားတဲ့ CSO Nexus Consortium Tanintharyi က ငြင်းဆန်လိုက်ပါတယ်။


AHCT အခင်းအကျင်းမှာ မပါဝင်ရတာက UNOCHA အနေနဲ့ အာဏာသိမ်း အကြမ်းဖက် စစ်တပ်နဲ့ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက် နေတာကြောင့် ဖြစ်တယ်လို့  CNC Tanintharyi က ဆိုပါတယ်။


CNC – Tanintharyi ရဲ့ ထုတ်ပြန်ချက်မှာတော့ UNOCHA ဟာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ စစ်တပ်နဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ်တွေ ပူးပေါင်းဆောင်ရွက် နေတဲ့အပေါ် လက်မခံသလို သံတမန်ရေးအရ မြန်မာနိုင်ငံ တရားဝင်အစိုးရဖြစ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီကို အထောက်အပံ့ ဖြစ်စေတယ်လို့ ပြောထားပါတယ်။


လက်ရှိ မြန်မာနိုင်ငံက ပြည်သူတွေ ခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ အဓိက တရားခံဟာ အကြမ်းဖက်စစ်ကောင်စီ ဖြစ်တာကြောင့် UNOCHA အနေနဲ့ လူသားချင်းစာနာ ထောက်ထားမှု လုပ်ငန်းစဉ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်မယ် ဆိုတာက လက်ခံနိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။


အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ UNOCHA ရဲ့ အကြီးအကဲ Martin Griffiths တို့က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပြီး လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။


စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဟာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာကူညီမှုဆိုင်ရာ အကြပ်အတည်းကို လျော့ပါးစေရမယ့်အစား စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို UNOCHA က အသိအမှတ်ပြု ထောက်ခံအားပေးရာ‌ ရောက်တဲ့အတွက် ရက်စက်ကြမ်းကြုတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာမှာ ကိုလည်း အလွန်အမင်းစိုးရိမ်တယ်လို့ CNC Tanintharyi ကဆိုပါတယ်။


ထို့ကြောင့် UNOCHA ကဆောင်ရွက်မယ့် AHCT (Aera of Humanitarian Country Team) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခင်းအကျင်းမှာ ပါဝင်ဆောင်ရွက်မှာ မဟုတ်တော့ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ရက်နေ့က AHCT အတွင်းရေးမှူးရုံးကို CNC Tanintharyi က သဘောထား ပေးပို့ခဲ့တာဖြစ်ပါတယ်။


အခုလိုဆုံးဖြတ်တာကို CNC Tanintharyiမှာ ပါဝင်နေတဲ့ အရပ်ဘက် လူထုအဖွဲ့အစည်းတွေ တွေ့ဆုံးဆွေးနွေးပြီးနောက် မပါဝင်သင့်ကြောင်း ဆုံးဖြတ်ခဲ့ကြတာလို့ ဆိုထားပါတယ်။


UNOCHA အနေနဲ့ စစ်ကောင်စီ လမ်းကြောင်းတခုတည်းကို အဖြေလို့ သတ်မှတ်ပြီးတော့ ချဉ်းကပ်တာမျိုးမလုပ်ဘဲ လူသားချင်းစာနာမှု လုပ်ငန်းစဉ်တွေကို နယ်စပ်မျဉ်းပေါ်မှာ၊ ပြင်ပနိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကနေ တဆင့်/တိုက်ရိုက် ပေးပို့တာမျိုးက အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့ CNC - Tanintharyi က တိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ ခင်ဦးနယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်က စစ်ရှောင်အမျိုးသားတဦးကိုပစ်သတ်၊ နင်းမိုင်းများကြောင့် ဒေသခံတဦး ဒဏ်ရာရ 


စစ်ကိုင်းတိုင်းထဲက ခင်ဦးမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စစ်ဘေးရှောင် အမျိုးသားတဦးကိုပစ်သတ်သွားတဲ့အပြင် နင်မိုင်းတွေထောင်ထားခဲ့တာကြောင့် ဒေသခံတဦး မိုင်းထိတဲ့ဒဏ်ရာရ ခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။


ရွှေဘိုနယ် ညောာင်ပင်သာ စိုက်သိပ္ပံကျောင်းက အင်အား-၁၀၀ကျော်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်ဟာ အောက်တိုဘာလ ၁၄ ရက်နေ့ကတည်းက ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။


အဲဒီစစ်ကြောင်းဟာ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ခင်ဦးနယ်က ညောင်ပင်ကြီးစုရွာကို ဝင်ရောက်ခဲ့ပြီး အသက် ၄၅ နှစ်အရွယ်ရှိတဲ့ ကျေးရွာဒေသခံ ဦးမင်းမင်းကို ပစ်သတ်သွားခဲ့တယ်လို့ သိရပါတယ်။


ဦးမင်းမင်းဟာ စစ်ကြောင်းပြန်ထွက်းသွားပြီအထင်နဲ့ ဆိုင်ကယ်စီးပြီး ကျေးရွာထဲကိုပြန်ဝင်လာချိန်မှာ ရွာမှာကျန်နေတဲ့ နောက်ချန်ကင်းပုန်းအဖွဲ့က ရေဦး-ညောင်ပင်သာကာလမ်းဘေးက ညောင်ပင်ကြီးစုရွာ အထက်တန်းကျောင်းအနီးမှာ ပစ်သတ်ခံလိုက်ရတာလို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးထားပါတယ်။


ဦးမင်းမင်း ပစ်သတ်ခံထားရတာကို အောက်တိုဘာလ ၁၆ ရက်နေ့မနက်မှ ရွာထဲကိုပြန်ဝင်လာတဲ့ ကျေးရွာဒေသခံတွေ က တွေ့ရှိခဲ့တာပါ။


ကျေးရွာဒေသခံတွေ ရွာထဲပြန်ဝင်လာချိန်မှာလည်း ရေဦး-ညောင်ပင်သာကာလမ်းဘေးက မူးတိမ်ချောင်းကူးတံတား အဆင်းမှာ စစ်ကောင်စီတပ်ကထောင်ထားတဲ့ နင်းမိုင်းတလုံးကို နင်းမိခဲ့တာကြောင့် ဒေသခံတဦးလည်း ခြေထောက် ဖြတ်ပစ်ရနိုင်တဲ့ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။


ဒါ့ကြောင့် စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ရွာတွေက ဒေသခံတွေအနေနဲ့ ရွာတွေထဲကို အလျှင်စလိုမဝင်ကြဖို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။ 


အကြမ်းဖက်စစ်ကြောင်းဟာ အောက်တိုဘာလ ၁၆ ရက်နေ့မှာ သက်ပေးကျေးရွာကတဆင့် မူးသာကျေးရွာကိုဝင်ကာ ရေဦး-ညောင်ပင်သာကာလမ်းအနီးတဝိုက် ခြေလျင်စစ်ကြောင်းဖြန့်လာတဲ့အတွက် မူးသာ၊ သက်ပေး၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ရွာသစ်၊ ချမ်းသာကုန်း၊ အင်းပတ် စတဲ့ကျေးရွာတွေက ဒေသခံ ၅ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့သိရပါတယ်။


========================


📌📌 ၄။ တောင်သာမြို့နယ် ထွေအုပ်ရုံးကိုတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံး


မြင်းခြံခရိုင် တောင်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက Sharr Htoo WAW နည်းပညာသုံး ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးခဲ့ တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အီနာဂါ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာမှာ တောင်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဦးစီးမှူး၊ မြို့နယ်ရဲ တပ်ဖွဲ့မှူးနဲ့ ထွေအုပ်ဝန်ထမ်း ဦးလည်း ဗုံဆန်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် () တပ်ရင်း - NRDF Myaung Special Drone Force – MSDF မြင်းခြံခရိုင် အမှတ် () တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် () တပ်ရင်း၊ မိတ္ထီလာခရိုင် အမှတ် () တပ်ရင်းနဲ့ တောင်သာမြို့နယ် .က. တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတာပါ။ 

မြင်းခြံခရိုင် အမှတ်()တပ်ရင်း - NRDF ဟာ အောက်တိုဘာလ ရက်နေ့ကလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အတူ တူးရွင်းဘို့ကျေးရွာနဲ့ သစ်ရုံကြားကျေးရွာကြားမှာ ကျောက်ကန်ကျေးရွာက ပျူစောထီးတွေလိုက်ပါလာတဲ့ကား ကို တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုဟာ အချိန် မိနစ်သာ ကြာခဲ့ပေမယ့် ပျူစောထီး ဦး သေဆုံးခဲ့ပါတယ်။


========================


📌📌 ၅။ နောင်ချို ၊ဒိုးပင်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၂၀ ဦးခန့်သေဆုံးပြီး MDY PDF မှရဲဘော် ၃ဦးကျဆုံး


အောက်တိုဘာ ၁၆။


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး ( MDY PDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၀ ခန့်သေဆုံးပြီး ထိခိုက်မှုများနိုင်ကာ  MDF PDF ဘက်မှလည်း ရဲဘော် ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


ကနောင်စစ်ဆင်ရေး အစိတ်အပိုင်းတစ်ခု အဖြစ် အောက်တိုဘာလ ရက်နေ့က စစ်ကောင်စီ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ စစ်ကြောင်းနှင့် ပြင်ဦးလွင်-မိုးကုတ် လမ်းမပေါ်ရှိ ဒိုးပင်ကျေးရွာအနီးတွင် တစ်နေကုန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့  MDF PDF က သတင်းထုတ်ပြန် ထားပါတယ်။


မနက် နာရီခွဲ ခန့်မှ နာရီ ခန့်အထိ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ခန့် သေဆုံးကာ ၃၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိသွားပြီး ၁၅ ယောက်ခန့်သာ အကောင်းအတိုင်း ပြန်ရောက်တယ်လို့ သတင်းရကြောင်း MDY PDF က ဆိုပါတယ်။


၎င်းတိုက်ပွဲမှာ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က သေဆုံးမှု များသကဲ့သို့ MDY - PDF ဘက်ကလည်း ရဲဘော် ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။


ကျဆုံးရဲဘော် သုံးဦးအတွက် များစွာ နှမြောတသ ဝမ်းနည်းကြေကွဲရကြောင်း နဲ့ ငယ်စဥ်က မိတ်ဆွေများနှင့် ညီအစ်ကိုများထက်ပင် တိုက်ပွဲဝင်ဖော်ဝင်ဘက် ရဲဘော်များကို ပိုတန်ဖိုးထား ပိုချစ်ခင်ရ ရန်သူ ၁၀၀သေလျှင်ပင် PDF ဦးနဲ့ မလဲနိုင်ကြောင်း MDY-PDF အဖွဲ့ဝင် အချို့ကပြောပါတယ်။


ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး MDY PDF ဟာ ယခုနှစ် ဇူလိုင်လ မှစတင်ပြီး ကနောင်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်ကို ဆက်တိုက် တိုက်ခိုက်နေပြီး ဇူလိုင်လလည်မှာ စက်တင်ဘာလ ဒုတိယအပတ်အထိ စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် ၈၀ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်း များစွာကိုလည်း MDY-PDF က သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ ဆိုးလ်မြို့မှာ မြန်မာနိုင်ငံသားတွေက မုန်လိုင်ခက် ကျဆုံးပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ဆန္ဒပြ


အောက်တိုဘာ ၁၆။


တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြည်ပရောက် မြန်မာများစုပေါင်းပြီး လိုင်ဇာဒေသ  မုန်လိုင်ခက်ကျေးရွာ စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှု ကျဆုံးပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။ 

ဆန္ဒပြပွဲကို အောက်တိုဘာ ၁၅ ရက်နေ့က ဆိုးလ်မြို့ရှိ စစ်သံရုံးရှေ့တွင် ကျင်းပခဲ့ပြီး "စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)" က ဦးဆောင်ပြုလုပ် ခဲ့တာ ဖြစ်ပြီး ကချင်၊ ချင်း တိုင်းရင်းသား အဖွဲ့များ နှင့် ကိုရီးယား မြန်မာ တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင် ခဲ့ကြပါတယ်။


အဆိုပါ ဆန္ဒပြပွဲနှင့် သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ခဲ့ပြီး စစ်ကောင်စီ၏ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း၊ ကချင်တိုင်းရင်းသားများနှင့်အတူ ရပ်တည်ကြောင်း၊ အကြမ်းဖက်စစ်တပ် အမြစ်ပြတ်သည်အထိ ဆက်လက် တိုက်ပွဲဝင်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


CDM ဗိုလ်ကြီးလင်းထက်အောင်လည်း ၎င်းဆန္ဒပြပွဲကို တက်ရောက်ခဲ့ပြီး စစ်တပ် ရှိနေသမျှ ယခုကဲ့သို့ အကြမ်းဖက်မှုမျိုး မြင်နေရဦးမည်ဖြစ်ကြောင်းနဲ့ စစ်တပ် လုံးဝပြိုကျသွားမှသာ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နိုင်မည် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။


ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ကြေညာချက်ကို မြန်မာ-ကိုရီးယား နှစ်ဘာသာဖြင့် ဖတ်ကြားခဲ့ကြတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် မင်းစစ်‌ သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment