17th OCT 2023 - Morning Daily News by Radio NUG



၂၀၂၃ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ချက်နိုင်ငံမှာ ကျင်းပနေတဲ့ (၂၇) ကြိမ်မြောက် Forum 2000 Conference ကို NUG ပြည်ထောင်စုဝန်ကြီးများနှင့် ချက်နိုင်ငံဆိုင်ရာကိုယ်စားလှယ်တို့  တက်ရောက်

📌 ၂။ စီးပွားကူးသန်းဝန်ကြီးဌာနက CDM ကျောင်းသားတွေနဲ့ CDM ဝန်ထမ်းတွေ အတွက် Development Economics Program သင်တန်းပြုလုပ်မည်

📌 ၃။ NUG လူသားစာနာဝန်ကြီးဌာနက ဒုဝန်ကြီး ချင်းပြည်နယ်တောင်ပိုင်းရှိ ရှေ့တန်းစခန်းများသို့သွားရောက်ကာ ထောက်ပံ့ငွေများပေးအပ်

📌 ၄။ NCA ရှစ်နှစ်ပြည့် တက်ရောက်ခဲ့သည့် ရဲဘော်မျိုးဝင်းအပါအဝင် ABSDF တပ်ဖွဲ့ဝင် () ဦးကို တာဝန်မှ ရပ်စဲ။

📌 ၅။ ကရင်နီတိုက်ပွဲအကြောင်း လျှို့ဝှက်ရိုက်ကူးခဲ့တဲ့ သတင်းထောက် စစ်မြေပြင်သတင်းဆုဆွတ်ခူး

📌 ၆။ ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကို အကြမ်းဖက် စစ်ကောင်စီမှ ထောင်ဒဏ် နှစ်လေးဆယ်ကျော် ချမှတ်

📌 ၇။ KIA တပ်မဟာ နယ်မြေဘက်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိနိုင်

📌 ၈။ ဝက်လက်နယ် စိုင်နိုင်ကြီးကျေးရွာဘက်သို့ထွက်လာသော စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှု စစ်သား ဦး သေဆုံး 

📌 ၉။ ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဦး သေဆုံး၊ ပူးပေါင်းတပ်ဖွဲ့မှ ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ချက်နိုင်ငံမှာ ကျင်းပနေတဲ့ (၂၇) ကြိမ်မြောက် Forum 2000 Conference ကို NUG ပြည်ထောင်စုဝန်ကြီးများနှင့် ချက်နိုင်ငံဆိုင်ရာကိုယ်စားလှယ်တို့  တက်ရောက်


အောက်တိုဘာ ၁၆။

ချက်နိုင်ငံ၊ ပရာ့ဂ်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ (၂၇) ကြိမ်မြောက် Forum 2000 Conference ကို အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီးများနဲ့ ချက်နိုင်ငံဆိုင်ရာကိုယ်စားလှယ်တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


"For a Democratic World Order “ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်နေတဲ့ အဆိုပါ ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ချက်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့်တို့က တက်ရောက်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။


အဆိုပါ ဖိုရမ် အစီအစဥ်အတွင်း "Myanmar’s Overlooked Struggle” ခေါင်းစဉ်ဖြင့်  ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့်အတူ တိုင်းရင်းသားအဖွဲ့အစည်း ကိုယ်စားလှယ်များမှလည်း ဝင်ရောက်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ထို့အပြင် ဖိုရမ်ကိုတက်ရောက်လာတဲ့ အစိုးရကိုယ်စားလှယ်များနှင့်လည်း သီးသန့်တွေ့ဆုံမှုဆွေးနွေးမှုများကို လုပ်ဆောင်လျက်ရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ယက် စာမျက်နှာကနေတဆင့် အသိပေးထားပါတယ်။


========================


📌📌 ၂။ စီးပွားကူးသန်းဝန်ကြီးဌာနက CDM ကျောင်းသားတွေနဲ့ CDM ဝန်ထမ်းတွေ အတွက် Development Economics Program သင်တန်းပြုလုပ်မည်


အောက်တိုဘာ ၁၆။

အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဦးစီးပြီး CDM ကျောင်းသားတွေနဲ့ CDM ဝန်ထမ်းတွေအတွက် ရည်ရွယ်ပြီး Development Economics Program သင်တန်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။


ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်များထဲမှ Myanmar Institute of Economy, Commerce and Industry ရဲ့ စီးပွားရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု လုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်လျက်ရှိရာ “Development Economics Program” သင်တန်းကို အောက်တိုဘာ ၂၁ နဲ့ ၂၂ ရက်နေ့မှာ နာရီ ကနေ ၁၀ နာရီ အထိ သင်ကြားပို့ချသွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။


“Development Economics Program” ကို စိတ်ဝင်စားတဲ့ CDM ကျောင်းသားများနဲ့ CDM ဝန်ထမ်းများကို ပါဝင်တက်ရောက်ကြဖို့အတွက်လည်း ဖိတ်ခေါ်ထားပါတယ်။


သင်တန်းလျှောက်လွှာကို  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားတဲ့ လင့်ကနေ ရယူနိုင်မှာ ဖြစ်ပါတယ်။


 လျှောက်လွှာကို အောက်တိုဘာ ၁၉ ရက်ညမှာ ပိတ်မှာဖြစ်ပြီး သင်တန်း တက်ရောက်ခွင့်ကို အောက်တိုဘာ ၂၀ ရက်မှာ အီးမေးလ်ကနေတဆင့် အကြောင်းပြန်သွားမယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၃။ NUG လူသားစာနာဝန်ကြီးဌာနက ဒုဝန်ကြီး ချင်းပြည်နယ်တောင်ပိုင်းရှိ ရှေ့တန်းစခန်းများသို့သွားရောက်ကာ ထောက်ပံ့ငွေများပေးအပ်


အောက်တိုဘာ ၁၆။ 

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း ဦးဆောင်တဲ့အဖွဲ့ဟာ ချင်းပြည်နယ်တောင်ပိုင်းက ရှေ့တန်းစခန်း တာဝန်ခံများ၊ ဒေသခံပြည်သူများနဲ့တွေ့ဆုံကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပါတယ်။


အဲဒီလိုတွေ့ဆုံခဲ့တာမှာ မိုးတွင်းကာလအတွင်း မြေပြိုမှုတွေကြောင့် ပြည်သူတွေအသုံးပြုနေတဲ့ လမ်းများပျက်စီးမှု အခြေအနေတွေကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး လမ်းများပြန်လည်ပြုပြင်ရေးအတွက် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့ရေးဝန်ကြီးဌာနက ကျပ်သိန်း ၂ဝ  ကူညီပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာမြို့နယ်အသီးသီးက ဒေသခေါင်းဆောင်တွေနဲ့လည်းတွေ့ဆုံခဲ့ပြီး ချင်းပြည်နယ်က တော်လှန်ရေးအခြေအနေ၊ အမျိုးသားညီညွတ်ရေးအစိုးရက တော်လှန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့အနေအထားများနဲ့ ခရီးစဉ်အတွင်းမှာ တွေ့ရှိခဲ့တဲ့ မြေပြင်အခြေအနေလိုအပ်ချက်တွေကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း ဦးဆောင်တဲ့အဖွဲ့ဟာ တော်လှန်ရေးအင်အားစုများနဲ့ ဒေသခံပြည်သူတွေကို စိတ်ခွန်အားပေးဆွေးနွေးခြင်းများကို ပြုလုပ်ပေးခဲ့ပြီး ၎င်းတို့ကြုံတွေ့နေရတဲ့အခက်အခဲနဲ့စိန်ခေါ်မှုများကိုလည်း ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ NCA ရှစ်နှစ်ပြည့် တက်ရောက်ခဲ့သည့် ရဲဘော်မျိုးဝင်းအပါအဝင် ABSDF တပ်ဖွဲ့ဝင် () ဦးကို တာဝန်မှ ရပ်စဲ။


အောက်တိုဘာ ၁၆။

စစ်ကောင်စီကပြုလုပ်သည့် NCAစာချုပ်လက်မှတ်ရေးထိုးခြင်း ရှစ်နှစ်ပြည့် အခမ်းအနားကိုတက်ရောက်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF တပ်ဖွဲ့ဝင်သုံးဦးကို နိုင်ငံရေး၊ စစ်ရေးတာဝန်များမှ ရပ်စဲကြောင်း ABSDF ဗဟိုကော်မတီက ယနေ့ထုတ်ပြန်ခဲ့သည်။


ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သဖြင့် တာဝန်မှရပ်စဲခံရသူ သုံးဦးမှာ ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်း၊ တပ်မမှူး ရဲဘော် မင်းဇော်နှင့် ရဲဘော် စောမောင်မောင်ဦးတို့ဖြစ်ကြောင်း ဗဟိုကော်မတီဝင်ရဲဘော်ဆန်နီက အတည်ပြုပြောကြားသည်။


ယနေ့ပြုလုပ်သည့် ABSDF ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ၄င်းတို့၏ နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာတာဝန်များကို ရုတ်သိမ်းလိုက်ခြင်းဖြစ်ပြီး အဖွဲ့၏ သဘောထားရပ်တည်ချက်များနှင့် ဆန့်ကျင်သည်များကို ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် သတိပေးထားသည်။


၁၉၈၈ က တည်ထောင်ခဲ့သော ABSDF သည် ၂၀၁၅ ခုနှစ်တွင် NCAစာချုပ်လက်မှတ်ထိုးရာတွင်ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ရက်နေ့က စစ်ကောင်စီကြောင့် NCAစာချုပ်မှာပျက်ပြယ်သွားပြီဖြစ်ကြောင်းနှင့် NCA ရှစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်မည်မဟုတ်ကြောင်း ABSDF CNF KNU စသည့် EROs သုံးဖွဲ့က သဘောထားပူးတွဲထုတ်ပြန်ခဲ့သေးသည်။


========================


📌📌 ၅။ ကရင်နီတိုက်ပွဲအကြောင်း လျှို့ဝှက်ရိုက်ကူးခဲ့တဲ့ သတင်းထောက် စစ်မြေပြင်သတင်းဆုဆွတ်ခူး


အောက်တိုဘာ ၁၆။

ကရင်နီ ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ပြင်းထန်တိုက်ပွဲတွေ အတွင်းမှာ စစ်ပွဲသတင်းရယူ ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်တဲ့ ဗြိတိန်-အီတလီ အလွတ်တန်း ဓာတ်ပုံသတင်းထောက် Siegfried Modola(ဆစ်ဖရိဒ် မော်ဒိုလာ)  ကို စစ်ပွဲဓါတ်ပုံသတင်းထောက် Bayeux (ဘိုင်ယု)ဆု ချီးမြှင့်ခံခဲ့ရတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဧပြီ (၁၆) ရက်နေ့က ကယားပြည်နယ် ဒေါ်ညေးခူးကျေးရွာမှာ ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မော်တာကျည်ဆန် ကျရောက်ပေါက်ကွဲမှုကြောင့် ကရင်နီ စစ်သားတွေဟာ အနီးနားရှိ ရေမြောင်းတစ်ခုအတွင်းမှာ ခိုလှုံနေတဲ့ဓါတ်ပုံနဲ့ ဒီဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်တယ်လို့ ပြင်သစ်သံရုံးက ဖော်ပြထားပါတယ်။


ဆုရသတင်း‌ထောက် မစ္စတာ Modola ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ မြန်မာနိုင်ငံကို လျှို့ဝှက်ဝင်ရောက်ခဲ့ကာ ကရင်နီကာကွယ်ရေး တပ်ဖွဲ့တွေနဲ့အတူ ရှေ့တန်းကိုလိုက်ပါပြီး ဒီဓါတ်ပုံတွေ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သူ့ဓာတ်ပုံအက်ဆေးကို ဖော်ပြခဲ့တဲ့ Canada's Globe and Mail မှာ ရေးသားထားပါတယ်။


ပြင်သစ်နိုင်ငံက ထင်ရှားတဲ့ Bayeux စစ်မြေပြင်သတင်းထောက်ဆုကို ဟေတီ၊ မြန်မာ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ ယူကရိန်းက ပဋိ ပက္ခတွေကို သတင်းရယူ၊ ရိုက်ကူးသူတွေ ဆွတ်ခူးရရှိ သွားတာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကို အကြမ်းဖက် စစ်ကောင်စီမှ ထောင်ဒဏ် နှစ်လေးဆယ်ကျော် ချမှတ်


အောက်တိုဘာ ၁၆။

ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ ထားဝယ်ခရိုင် တရားရုံးက ထောင်ဒဏ် အနှစ် ၄၀ ကျော် အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။


ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့ အသက် ၃၄ နှစ် အရွယ်ရှိ မယဥ်ယဥ်ချိုကို ထားဝယ်ခရိုင် တရားရုံးက အကြမ်းဖက်မှုဆိုင်ရာ ပုဒ်မ ခု နဲ့ စွပ်စွဲဆိုထားပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အပြီးသတ်အမိန့်ချမှတ်ခဲ့တာလို့ အကျဉ်းဦးစီးနဲ့ နီးစပ်သူတွေက ပြောပါတယ်။


အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသူကို ငွေကြေးထောက်ပံ့မှုဆိုင်ရာပုဒ်မ ၅၀ () အမှု နှစ်ခုအတွက် ထောင်ဒဏ် ၂၂ နှစ်၊ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းနဲ့ပတ်သက်တဲ့ အကြမ်းဖက်မှု၊ ငွေကြေးထောက်ပံ့မှုတွေနဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၅၁ နဲ့ ပုဒ်မ ၅၂ အတွက် ထောင်ဒဏ် ၁၀ နှစ်၊ အကြမ်းဖက်မှု ကျူးလွန်ခံရသူကို သေစေလိုမှု သို့မဟုတ် နာကျင်စေမှုဆိုင်ရာ ပုဒ်မ ၅၄ အတွက် ထောင်ဒဏ် ၁၂ နှစ်၊ စုစုပေါင်း ၄၄ နှစ် အမိန့်ချခဲ့တာပါ။


အကျဉ်းသားအရေး ဆောင်ရွက်နေသူတွေ ပြောပြချက်အရ ထားဝယ်ထောင်မှာ အကျဉ်းကျနေသူ အမျိုးသမီး ၆၀ ဦးဝန်းကျင်ရှိပြီး အမိန့်ချခံထားရသူ အားလုံးနီးပါးဟာ ထောင်ဒဏ် ၁၅ နှစ်အောက်တွေ ဖြစ်တဲ့အတွက် မယဉ်ယဉ်ချိုက ထောင်ဒဏ်အများဆုံး ကျခံရသူဖြစ်တယ်လို့ သိရပါတယ်။


ထားဝယ်ထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသား အမျိုးသားတွေထဲမှာတော့ ထောင်ဒဏ် တသက်တကျွန်း အမိန့်ချမှတ်ခံထားရသူ နှစ်ဦး နဲ့ အနှစ် ၄၀ အထက် ထောင်ဒဏ် ချမှတ်ခံထားရသူ နှစ်ဦးရှိပါတယ်။


ယခုနှစ် ဇန်နဝါရီလက မယဥ်ယဥ်ချို နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ မောင်တော်စပ်သူ ကိုသက်ဇော်ဝင်းကိုလည်း အကြမ်းဖက်မှု ပုဒ်မ ခုနဲ့ ထောင်ဒဏ် ၂၂ နှစ် အခုရက်ပိုင်းမှာပဲ အမိန့်ချ ထားပါတယ်။


တနင်္သာရီတိုင်းမှာ ထားဝယ်အကျဥ်းထောင်ဟာ နိုင်ငံရေးအကျဥ်းသား အများဆုံးထောင်ဖြစ်ပြီး စုစုပေါင်းအကျဥ်းသား တစ်ထောင်ကျော်မှာ တဝက်ခန့်ဟာ နိုင်ငံရေးအကျဥ်းသားတွေဖြစ်ပါတယ်။


========================


📌📌 ၇။ KIA တပ်မဟာ နယ်မြေဘက်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိနိုင်


အောက်တိုဘာ ၁၆။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ကံဆီးဒေသ အထက်ဘက်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ () ထိန်းချုပ်နယ်မြေထဲကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ စီးနဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ Kachin News Group ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။


အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ နာရီ အချိန်ခန့်တွင် ဂျက်ဖိုက်တာ စီးနဲ့ လာရောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး  ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ KIA တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။


ဖားကန့်ဒေသမှာ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက် စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA, PDF တို့အကြား နှစ်ဖက်စစ်ရေး တင်းမာနေပြီး နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာလည်း ဖြစ်ပါတယ်။


ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်မဟာ ထိန်းချုပ်ရာ အနမ့်ပါဒေသကို စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်း အချိန်က စစ်တပ်က လေယာဥ်နဲ့ လာရောက်ပစ်ခတ် ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားပြည်သူ သုံးဆယ်ကျော် သေဆုံးခဲ့ဖူးပါတယ်။


========================


📌📌 ၈။ ဝက်လက်နယ် စိုင်နိုင်ကြီးကျေးရွာဘက်သို့ထွက်လာသော စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှု စစ်သား ဦး သေဆုံး 


အောက်တိုဘာ ၁၆။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာရှိတဲ့ စိုင်နိုင်လေးကျေးရွာကနေ စိုင်နိုင်ကြီးကျေးရွာဘက်ကိုထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ စစ်သား ဦး သေဆုံးသွားတယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၃ က အသိပေးပြောဆိုလိုက်ပါတယ်။


အောက်တိုဘာလ ၁၅ ရက်နေ့ မနက် နာရီကျော်အချိန်မှာ စိုင်နိုင်လေးကျေးရွာကနေ စိုင်နိုင်ကြီးကျေးရွာ ဘက်ကိုထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို အသင့်စောင့်နေပြီး မိုင်းကွင်းတွေကိုဖြတ်နေချိန်မှာ လုံးတွဲ ပဒေသာမိုင်း ပွိုင့်နဲ့ ထိထိမိမိမိုင်းဆွဲနိုင်ခဲ့တာကြောင့် ရှေ့ပြေးစစ်သား ဦး လေထဲလွင့်သွားပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။


ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ အခြားစစ်သား ဦးလည်း ပြင်းထန်ဒဏ်ရာတွေရရှိသွားခဲ့ကြတယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၃ က အသိပေးထားပါတယ်။ နောက်ဆက်တွဲသိရတဲ့ သတင်းတွေအရဆိုရင် မဟာမိတ်ရဲဘော်တွေစုပေါင်းတိုက်ခိုက်မှုကြောင့် စစ်သား ၁ဝ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ သိရပေမယ့် လတ်တလောမှာ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။


ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၂၃ Buffalo soldier နဂါးမင်းပျောက်ကြားတပ်ဖွဲ့၊ Revolution soldier နဲ့ ဒေသခံပကဖအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

ရွှေဘိုခရိုင် တပ်ရင်း ၂၃ ဟာ အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့အတူ ရွှေဘိုနန်းတော်ရာမှာရှိတဲ့ ဘန်ကာထဲမှာ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်ပစ်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာမှာ စစ်သား ၂ဦးသေဆုံးပြီး ဦး ထက်မနည်းဒဏ်ရာရအောင် စွမ်းဆောင်နိုင်ခဲ့ပါသေးတယ်။


========================


📌📌 ၉။ ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဦး သေဆုံး၊ ပူးပေါင်းတပ်ဖွဲ့မှ ဦး ဒဏ်ရာရ


အောက်တိုဘာ ၁၆။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဦးသေဆုံးကာ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့  KNLA ပူးပေါင်းတပ်ဖွဲ့ ထံက သိရပါတယ်။


အောက်တိုဘာလ ၁၃ ရက်နေ့ နေ့လည် နာရီ ခွဲခန့်က ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးလေး လမ်းခွဲကို နယ်မြေကျူးကျော် ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ KNLA, PDF, တောကျီးကန်းစစ်ကြောင်း, KRF ပူးပေါင်းတပ်ဖွဲ့ တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။


ကျိုက်ထီးရိုးလေးဘက်ကို နယ်မြေကျူးကျော်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်တာ စကစဘက်က ယောက်လောက် သေတယ် ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ ပူးပေါင်းတပ်ဖွဲ့ မှ ရဲဘော်တစ်ဦးက ပြောပါတယ်။


အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံး ရှိခဲ့သလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်ကလည်း တပ်ဖွဲ့ဝင် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဦးက ဒဏ်ရာ ပြင်းထန်ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။


ကျိုက်ထိုမြို့နယ်အတွင်း နှစ်ဖက်တပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေနဲ့ မြေမြှုတ်မိုင်း အန္တရာယ်ကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုတွေ မကြာခဏ ဖြစ်ပွားလျက် ရှိနေပါတယ်။


ထို့အပြင် ယခုလပိုင်းအတွင်း ကျိုက်ထိုမြို့နယ်မှ ကျေးရွာများထဲကို စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုတွေ နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ စားဝတ်နေရေးနဲ့ အသက်အန္တရာယ် စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment