1st NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)အပေါ် အမျိုးသားညီညွတ်ရေးအစိုးရမှ မူဝါဒသဘောထားထုတ်ပြန်

📌 ၂။ တော်လှန်ရေးအရှိန် မြှင့်တင်ကြရန်နှင့် စစ်ကောင်စီလက်အောက်တွင် မှိုင်းမိနေသော လက်နက်ကိုင် တပ်ဖွဲ့များ အလင်းဝင်ကြရန် ယာယီသမ္မတ တိုက်တွန်း

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ကနေဒါ နိုင်ငံခြားရေးဌာန အဆင့်မြင့်တာဝန်ရှိသူများတွေ့ဆုံ

📌 ၄။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၅။ PDF များ ကိုယ့်‌ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီဟု KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ပြောကြား

📌 ၆။ မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ဒဏ်ခတ်အရေးယူ

📌 ၇။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အားလုံး စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက်ရန် ညီနောင်မဟာမိတ် ဖွဲ့ တိုက်တွန်း

📌 ၈။ နွေဦးတော်လှန်ရေး ရက်တစ်ထောင်ပြည့် အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိမြို့၌ မြန်မာမိသားစုများ ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)အပေါ် အမျိုးသားညီညွတ်ရေးအစိုးရမှ မူဝါဒသဘောထားထုတ်ပြန်


အောက်တိုဘာ ၃၁။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် အမျိုးသား ညီညွတ်ရေး အစိုးရ NUG မှ မူဝါဒ သဘောထား ထုတ်ပြန်ချက်တစ်ရပ်ကို အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။


အကြမ်းဖက် စစ်ကောင်စီက NCA စာချုပ်ကို  အသုံးချပြီး နိုင်ငံရေး ထွက်ပေါက်ရှာရန် ကြိုးပမ်းနေခြင်းနဲ့ စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်ရန် NCA အရ ဖွဲ့စည်းထားသော JMC ကို အသုံးချနေတဲ့ နိုင်ငံတစ်ကာ အဖွဲ့အစည်းတစ်ချို့ရှိနေခြင်းကြောင့် ယခု မူဝါဒ သဘောထားကို ထုတ်ပြန် ကြောညာခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။


NCA စာချုပ်ဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများကြား ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်တာကြောင့် မတရား အာဏာသိမ်းရန် ကြိုးပမ်းနေတဲ့ တိုင်းရင်းသား လူမျိုးစုများနဲ့ ပြည်သူလူထု တစ်ရပ်လုံးက အသိအမှတ်ပြုခြင်း လုံးဝမရှိတဲ့ အကြမ်းဖက် စစ်ကောင်စီအနေဖြင့် NCA စာချုပ်ကို အကောင်အထည်ဖော်ရန် လုပ်ပိုင်ခွင့်မရှိဘူးလို့ NUG က ဆိုပါတယ်။


ထို့အပြင် ပြည်ထောင်စုလွတ်တော် ကိုယ်စားပြုကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းထားပြီးဖြစ်တာကြောင့် ၂၀၀၈ ခြေဥကိုပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့တဲ့ NCA နိုင်ငံရေး ဆွေးနွေးပွဲ များသည် အဓိပ္ပါယ် ကင်းမဲ့သွားကြပြီး ဆွေးနွေးပွဲ ယန္တယားများ ဖြစ်တဲ့ JICM, UPDJC နှင့် JMC တို့သည်လည်း ဦးတည်ချက်ပျောက်ကာ အလိုအလျောက် ပျက်ပြယ် ရပ်တန့်ခဲ့ပြီ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။


စစ်ကောင်စီအနေနဲ့ NCA ကို အသုံးချပြီး နိုင်ငံရေး ထွက်ပေါက်ရှာရန်နှင့် နိုင်ငံရေး အင်အားစုများကြား သဘောထား ကွဲလွဲမှုများ ရှုပ်ထွေးမှုများ ဖြစ်လာစေရန် အကွက်ဆင် ဖန်တီးနေကြောင်း NUG က သတိပေးထားပါတယ်။


စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး စီမံချက်များကိုစစ်တပ်သည် နိုင်ငံရေးတွင် ပါဝင်ခြင်း မရှိစေရဆိုတဲ့မူကို အခိုင်အမာ စွဲကိုင်ထားပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တွင် ပါဝင်တဲ့ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း တဆင့်ပြီးတဆင့် ဆောင်ရွက်မယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးအရှိန် မြှင့်တင်ကြရန်နှင့် စစ်ကောင်စီလက်အောက်တွင် မှိုင်းမိနေသော လက်နက်ကိုင် တပ်ဖွဲ့များ အလင်းဝင်ကြရန် ယာယီသမ္မတ တိုက်တွန်း


အောက်တိုဘာ ၃၁။ 

တော်လှန်ရေးနဲ့တည်ဆောက်ရေးကို ယခုထက်ပို၍ ဟန်ချက်ညီညီလုပ်ဆောင်ပြီး တော်လှန်ရေးအရှိန် မြှင့်တင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

အောက်တိုဘာလ ၃၁ ရက်နေ့ကပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက အခုလိုပြောကြားခဲ့တာပါ။ 

အခုချိန်မှာ ကျွန်တော်တို့အားလုံးသိတဲ့အတိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်များက၁၀၂၇ စစ်ဆင်ရေးကြီးကို မဟာဗျူဟာကျကျဆင်နွှဲနေပါတယ်။ ရက်တိုကာလအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကျွန်တော့်အနေနဲ့ အလေးအနက်ထား ဂုဏ်ယူပါကြောင်းလည်း ပြောကြားခဲ့ပါတယ်။


တိုက်ပွဲဝင်နေကြတဲ့ ညီနောင်မဟာမိတ် ဖွဲ့အပြင် မဟာမိတ်တပ်ဖွဲ့များနဲ့အတူ တစ်တိုင်းပြည်လုံးက ရပ်တည်နေသလို အမျိုးသားညီညွတ်ရေးအစိုးရကလည်း တစ်သားတည်းရပ်တည်နေတယ်လို့လည်း ယာယီသမ္မတက အလေးအနက်ထား ပြောကြားခဲ့ပါတယ်။


တော်လှန်ရေးနဲ့ပတ်သက်ပြီး လူထုရဲ့မျှော်လင့်ချက်နဲ့ စိတ်အားတက်ကြွမှုတွေဟာ စစ်ရေး စွမ်းဆောင်မှုတွေအပေါ် အများကြီးမူတည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မဟာမိတ်ဆက်ဆံရေး ဒီ့ထက်ပိုပြီး အားကောင်း ခိုင်မာစေဖို့နဲ့ နိုင်ငံတဝန်းမှာ မဟာဗျူဟာကျကျ ဟန်ချက်ညီစွာတစ်သံတည်းညီ တစ်ချီတည်းရုန်းကြဖို့ ဆထက်တံပိုး အားထုတ်သွားရမှာဖြစ်ပါတယ်လို့လည်း အသိပေးထားပါတယ်။


ဒါ့အပြင် မင်းအောင်လှိုင်နဲ့ ကိုယ်ကျိုးရှာနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ ဖျားယောင်းမှုတွေကို မှိုင်းမိပြီး ရုန်းကန်နေရတဲ့ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ရှိတဲ့ ရဲဘော်ရဲဘက်များ၊ ပြည်သူ့စစ်များ၊ ပျူစောထီးများအနေနဲ့ အချိန်မလင့်မီ ချက်ချင်း သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနဲ့ PDF များထံ လက်နက်ချ လာရောက်ပူးပေါင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက တိုက်တွန်းထားပါတယ်။

 

တော်လှန်ရေးကို ဆင်နွှဲရာမှာ စဉ်ဆက်မပြတ် လက်ကိုင်ထားရမှာကတော်လှန်ရင်း တည်ဆောက်၊ တည်ဆောက်ရင်း တော်လှန်ဆိုသည့် ခံယူလုပ်ဆောင်ချက်ဖြစ်တယ်လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။


တည်ဆောက်ရာ၌ လူအင်အား၊ လက်နက်အင်အား၊ နည်းပညာနဲ့ စွမ်းရည်အပြင် စိတ်ဓာတ်နဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုပါ တည်ဆောက်ရမှာဖြစ်တဲ့အတွက် တော်လှန်ရေးနဲ့ တည်ဆောက်ရေးကို ပိုပြီးတော့ ဟန်ချက်ညီညီလုပ်ဆောင်ပြီး တော်လှန်ရေးအရှိန်ကို မြှင့်တင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ကနေဒါ နိုင်ငံခြားရေးဌာန အဆင့်မြင့်တာဝန်ရှိသူများတွေ့ဆုံ


အောက်တိုဘာ ၃၁။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတီယဝန်ကြီး ဦးအောင်ကျော်မိုး၊ သမ္မတရုံး အကြံပေးနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့သည် ကနေဒါ နိုင်ငံခြားရေးရာဌာနမှ Assistant Deputy Minister (Indo Pacific) Mr. Weldon Epp အပါအဝင် အဆင့်မြင့်အရာရှိကြီးများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် Global Robertson Room မှာ ပြလုပ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ မြေပြင်ပေါ်မှ အခြေအနေ ဖြစ်ပေါ်တိုးတက်မှုများကို အပြန်အလှန် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


NUG အစိုးရ ကိုယ်စားလှယ်အဖွဲ့မှ မြန်မာနိုင်ငံတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့် နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်မှုအပေါ် အရေးယူနိုင်ရေးနှင့် ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။


ကနေဒါအစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ မြန်မာပြည်သူများအတွက် တရားမျှတမှု ဖော်ဆောင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြရန်၊ နိုင်ငံတကာတွင် အကြမ်းဖက် စစ်အုပ်စုကို တရားစွဲဆိုနိုင်ရေး ကြိုးပမ်းနေတဲ့ NUG ရဲ့ လုပ်ဆောင်မှုများကို ထောက်ခံပေးဖို့ကို တိုက်တွန်းပြောကြားခဲ့ပါတယ်။


ထို့ပြင် လူသားချင်းစာနာမှု အကူအညီများနဲ့ လေယာဉ်ဖြင့် ဗုံးကြဲခြင်း အပါအဝင် စစ်တပ်ရဲ့ အကြမ်းဖက်မှုမျိုးစုံကို ကာကွယ်နိုင်မယ့် လက်တွေ့ကျတဲ့ အကူအညီများ ကူညီပေးနိုင်ရန်ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


အောက်တိုဘာ ၃၁။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များတွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (၂၁/၂၀၂၃) ကို အောက်တိုဘာလ ၃၀ ရက်နေ့ မနက် ၁၀ နာရီ အချိန်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ကာ တွဲဖက်အမြဲတမ်း အတွင်းဝန်မှ (၂၀/၂၀၂၃) ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်များကို ချပြရှင်းလင်း‌ခဲ့ပါတယ်။


ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရတဲ့ အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးကို အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်း‌ ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းတို့ရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး နေ့လယ် ၁၁ နာရီခွဲအချိန်မှာ အစည်းအဝေး အောင်မြင်စွာ ရပ်နားခဲ့ပါတယ်။


========================


📌📌 ၅။ PDF များ ကိုယ့်‌ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီဟု KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ပြောကြား


အောက်တိုဘာ ၃၁။

PDF မျာက ကိုယ့်‌ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ အနေအထားမျိုး ရှိနေပါပြီလို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က BBC သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျုးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။


KIA အနေဖြင့် အစောပိုင်းကာလတွင် သင်တန်းပေးခြင်း၊ တိုက်ပွဲများတွင် ဦးဆောင်ပါဝင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး အခုနောက်ပိုင်းတွင် အတွေ့အကြုံ လုံလုံလောက်လောက် ရှိနေကြပြီ ဖြစ်ပြီး သူတို့ခြေထောက်ပေါ်မှာ တော်တော်လေး ခိုင်ခိုင်မာမာ ရပ်တည်နိုင်နေပြီ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဂွမ်မော်က ဆိုပါတယ်။


" သူတို့ တိုက်ပွဲအတွေ့အကြုံ မရှိခင်မှာ ကျွန်တော်တို့တပ်ဖွဲ့တွေ သွားပြီးမှ တိုက်ပွဲတွေမှာ ပါဝင်ပြီးမှ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူတို့က အတွေ့အကြုံရှိနေပါပြီ အသေးစား လက်နက်ပြုပြင်ရေးကအစ လုပ်နိုင်နေပါပြီ။ PDF ကို ကျွန်တော်တို့က ကူညီတယ်ဆိုတာက အခု နောက်ပိုင်းမှာတော့ စိတ်ဓာတ်ရေးရာအရပဲ အဓိကကူညီနေတာ ဖြစ်ပါတယ်။ သူတို့ခြေထောက်ပေါ်မှာ တော်တော်လေး ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်နေပြီလို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့တာပါ။


လက်ရှိတွင် NUG လက်‌အောက်ရှိ PDF တပ်ရင်းအချို့မှာမြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ဦးဆောင်နေသည့် Operation 1027 တွင် ပါဝင်တိုက်ခိုက်နေကြပါတယ်။


========================


📌📌 ၆။ မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ဒဏ်ခတ်အရေးယူ


အောက်တိုဘာ ၃၁။

မြန်မာစစ်ကောင်စီကို ပစ်မှတ်ထား ဒါဏ်ခတ်တဲ့ အနေနဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်းကို အောက်တိုဘာ ၃၁ နေ့က ကြေညာလိုက်ကြပါတယ်။


နိုင်ငံပိုင် MOGE အတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး အမေရိကန် ဘဏ္ဍာရေး လုပ်ငန်းတွေက ဝန်ဆောင်မှုတွေ မပေးကြဖို့ တားမြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ 


မြန်မာလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျုးလွန်ရာမှာ အသုံးပြုဖို့ လက်နက်တွေ မဝယ်နိုင်အောင် စစ်ကောင်စီရဲ့ ဝင်ငွေကို ဟန့်တားဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အမေရိကန်နဲ့အတူ ဗြိတိန်၊ ကနေဒါတို့ကလည်း MOGE အပေါ် ဒဏ်ခတ်မှုတွေ ချမှတ်လိုက်တယ်လို့ အောက်တိုဘာ ၃၁ နေ့ တစ်နေ့ထဲမှာပဲ ကြေညာခဲ့ကြပါတယ်။


မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်တွေ အပါအဝင် တာဝန်ရှိသူတွေကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာတွေ ရှိပါတယ်။


ဒါပေမဲ့ MOGE အပါအဝင် စစ်တပ်ရဲ့ ဝင်ငွေရပေါက်ရလမ်းတွေကို ထိရောက်အောင် ဟန့်တားပေးဖို့ ကုလသမဂ္ဂ တာဝန်ရှိသူ တချို့အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ တိုက်တွန်းခဲ့ ကြပါတာတွေ ရှိခဲ့ပါတယ်။


========================


📌📌 ၇။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အားလုံး စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက်ရန် ညီနောင်မဟာမိတ် ဖွဲ့ တိုက်တွန်း


အောက်တိုဘာ ၃၁။

တစ်နိုင်ငံလုံးရှိ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအာလုံး စစ်ကောင်စီတပ်စခန်းများ၊ စစ်ဖက်နှင့်သက်ဆိုင်သော စခန်းများကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ကြရန် ညီနောင်မဟာမိတ် ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

မိမိတို့၏ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသောမဟာမိတ်များ တပြိုင်နက် ဆင်နွှဲလာခြင်းသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် အကြိုနိမိတ်ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။


ဒါ့ကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့ ယခုလို ရတောင့်ရခဲ ကြုံတောင့်ကြုံခဲ အခွင့်အရေးကို အမိအရဖမ်းဆုပ်ကိုင်ပြီး ကိုယ့်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းများ၊ စစ်ဖက်နှင့်သက်ဆိုင်သောစခန်းများကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ကြရန်   လေးလေးနက်နက် တိုက်တွန်းလိုက်တယ်လို့ အောက်တိုဘာလ ၃၁ရက်နေ့ ညနေပိုင်းမှာ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ညီနောင် မဟာမိတ် ဖွဲ့ဟာ အောက်တိုဘာလ ၂၇ ရက်နေ့က Operation 1027 ကို စတင်ခဲ့တာမှာ ရက် မြောက်နေ့အထိ ရန်သူ့တပ်စခန်းပေါင်း ၈ဝ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းရွှေဟော်နဲ့ ဖောင်းဆိုင်မြို့တို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့အပြင် သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၈။ နွေဦးတော်လှန်ရေး ရက်တစ်ထောင်ပြည့် အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိမြို့၌ မြန်မာမိသားစုများ ကျင်းပ


အောက်တိုဘာ ၃၁။

နွေဦးတော်လှန်ရေး ရက် ၁၀၀၀ ပြည့် အနေဖြင့်၂၀၂၃ အောက်တိုဘာ ၂၉ ရက် တနင်္ဂနွေနေ့ တွင် အမေရိကန်နိုင်ငံ၊ လော့အိန်ဂျယ်လိမြို့၌ မြန်မာမိသားစုများ စုဝေးတွေ့ဆုံခဲ့တယ်လို့သိရှိရပါတယ်။


အခမ်းအနားတွင် သစ္စာအဓိဌာန်ရွတ်ဆိုခြင်းများ၊ ရက်ပေါင်းတစ်ထောင်အတွင်း မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲအတွက် အသက်ပေးလှူသွားကြတဲ့ အာဇာနည်သူရဲကောင်းများအား အလေးပြုကာ တစ်မိနစ်ငြိမ်သက်ခြင်း၊ ဆုတောင်းခြင်းနဲ့ ကယ်လီဖိုးနီးယားမြန်မာမိသားစုများ၏ လှုပ်ရှားမှုများ ဝေမျှခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ကြွေးကြော်သံများနဲ့အတူ နွေဦးတော်လှန်ရေး ရက်တစ်ထောင်ပြည့် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment