21st OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ "နွေဦးဘဏ်အကောင့် သိန်း၊ ကမ်ပိန်းမှာပါဝင်ဖို့ NUGစီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိူင်တိုက်တွန်း

📌 ၂။ မြန်မာနွေဦးတော်လှန်ရေးအောင်မြင်မည့် အခွင့်အလမ်း တွေကလည်း ပိုပြီး ပီပြင်လာမှာ ဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား

📌 ၃။ မွန်ပြည်နယ် ရေးမြို့ထိတွေ့တိုက်ပွဲတွင် ရန်သူ့ဘက်ကအယောက်၄၀သေဆုံးပြီး ကားသုံးစီးဖြင့် စကစဘက်ကရုပ်အလောင်းများလာကောက်ယူ

📌 ၄။ ပခုက္ကူမြို့နယ်, ညောင်ဂျစ်ပင်ကျေးရွားရှိ အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မဟာမိတ်အင်အားစုများပူးပေါင်း၍ Droneဖြင့်ဗုံးသီးချတိုက်ခိုက်

📌 ၅။ Spring UAV Force G3မှ မောင်းသူမဲ့လေယာဥ်ငယ်WINTERကို စတင်မိတ်ဆက်

📌 ၆။ ဘီးလင်းမြို့၊ ဒေါက်ရပ်ကျေးရွာ နှင့် ခဲမောက်ကျေးရွာ တို့၏ ရွာချင်းဆက်လမ်းအား  အကြမ်းဖက် စစ်တပ်မှ ဘတ်ဖိုး မြေတူးစက် () စီး နှင့်အတူ လာရောက်ဖျက်ဆီး၍ ကာကွယ်ရေးတပ်များကပစ်ခတ်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "နွေဦးဘဏ်အကောင့် သိန်း၊ ကမ်ပိန်းမှာပါဝင်ဖို့ NUGစီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိူင်တိုက်တွန်း


အောက်တိုဘာ၂၁ရက်


"နွေဦးဘဏ်အကောင့် သိန်း၊ ကမ်ပိန်းမှာပါဝင်ဖို့  NUGစီမံ ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိူင်မှအောက်တိုဘာ၂၁ရက်မှာ အသိပေးတိုက်တွန်းထားပါတယ်။ 


"တော်လှန်ရေးအောင်မြင်ရေးအတွက် လက်ရှိပစ္စုပ္ပန်ကာလမှာ ပြည်သူ့ဘဏ္ဍာတည်ဆောက်ရင်း ဖက်ဆစ်ဝင်ငွေဖြတ်တောက်နိုင်ရေးဟာ သိပ်အရေးကြီးတဲ့ လုပ်ငန်းစဉ် တရပ်ဖြစ်ပါတယ်။တော်လှန်ရေးအောင်မြင်ပြီးနောက် အသွင်ကူးပြောင်းရေးကာလရောက်ရင်လည်း ဖက်ဆစ်တွေထင်တိုင်းကြဲဖျက်ဆီးလို့၊ပျက်စီးခဲ့ရတဲ့ တိုင်းပြည်စီးပွားရေး နဲ့ လူမှုစီးပွားဘဝတွေကို အမြန်ဆုံးကုစား၊ ပြန်လည်ထူထောင် တည်ဆောက်ရေး မဖြစ်မနေဆောင်ရွက်ကြရပါမယ်..။ဒါမှသာ သန်စွမ်း ရွှင်လန်း၊ ခိုင်မြဲ ရှင်သန်တဲ့ အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ကျနော်တို့ တက်လှမ်းပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်..။နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank-SDB) ကို ဆိုခဲ့ပါ ကာလသုံးပါးလုံး လွှမ်းခြုံ ရည်မျှော်ပြီး အကောင်အထည်ဖော်ထားတာပါ"လို့ဆိုပါတယ်။


နွေဦးဖွံဖြိုးရေးဘဏ်ဟာ ပြည်သူ့တော်လှန်ရေးနှင့်အတူပေါက်ဖွားလာတဲ့ ပြည်သူ့ဘဏ် စစ်စစ်ဖြစ်သည့်အတွက် ငွေစာရင်း (အကောင့်) ဖွင့်လှစ်ပြီး တော်လှန်ခွန်အားတွေ စုစည်းမျှဝေပေးကြဖို့ဆိုထားပါတယ်။


========================


📌📌 ၂။ မြန်မာနွေဦးတော်လှန်ရေးအောင်မြင်မည့် အခွင့်အလမ်း တွေကလည်း ပိုပြီး ပီပြင်လာမှာ ဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား


အောက်တိုဘာ၂၁ရက်


ကမ္ဘာ့ ဖြစ်ရပ်များက အကြီးအကျယ်သက်ရောက်မှာ ဖြစ်လို့ မြန်မာနွေဦးတော်လှန်ရေး အောင်မြင်မည့် အခွင့်အလမ်း တွေကလည်း ပိုပြီး ပီပြင်လာမှာ ဖြစ်တယ်လို့ အောက်တိုဘာ၂၁ရက်မှာ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်မှ သုံးသပ်ဆိုထားပါတယ်။


"မြန်မာ နိုင်ငံဟာ ကမ္ဘာ့ နိုင်ငံရေး လှိုင်းလုံး တွေရဲ့ အစဦး လက္ခဏာလား လို့ စဉ်းစားမိရင်း တကမ္ဘာလုံး က ဖြစ်ရပ်တွေဟာ ဆက်စပ် နေတဲ့ အတိုင်းအတာ က ပိုများလာတာ ကို သတိပြုမိတယ်။၁၉၈၈ အရေးတော်ပုံဟာ သူ့နောက် ဆယ်စုနှစ် တဝက်လောက် ဖြစ်လာတဲ့ ဒီမိုကရေစီ လှိုင်းရဲ့ အစ ဖြစ်ခဲ့တယ်။ ၁၉၈၉ မှာ တရုတ် နိုင်ငံရဲ့ ရှားရှားပါးပါး ဒီမိုကရေစီ လှုပ်ရှား မှု ဖြစ်တဲ့ ကမ္ဘာကျော် တရုတ်ကျောင်းသားတွေ ဦးဆောင်တဲ့ တိန့်အန်မန် ရင်ပြင် အရေးတော်ပုံ ဖြစ်ခဲ့တယ်။ ဘာလင် တံတိုင်းပြို ပြီး ဂျာမနီ ပေါင်းစည်းခဲ့တယ်။ ဒီတခါ ၂၀၂၀ ကနေ ၂၀၃၀ ကြားကလည်း ကမ္ဘာ့နိုင်ငံရေး အကြီးအကျယ် ပြောင်းမဲ့လက္ခဏာ တွေကြားမှာ မြန်မာ က ပွဲဦးထွက် လှိုင်းထိပ် မှာ ရောက်ခဲ့ပြန်တယ်။ နွေဦးတော်လှန်ရေး က ဒီလို ဖြစ်ရပ် အလယ်မှာ ရောက်နေတာ ဖြစ်လို့  အပေါင်း အနှုတ် သက်ရောက်မှု နှစ်ခုလုံး ကိုခံစားရမှာ ဖြစ်တယ်။ ကမ္ဘာ့ ဖြစ်ရပ်များ က အကြီးအကျယ်လာသက်ရောက်မှာ ဖြစ်လို့ တော်လှန်ရေး အောင် မယ့် အခွင့်အလမ်း တွေကလည်း ပိုပြီး ပီပြင်လာမှာ ဖြစ်သလို၊ ဒီ အခွင့်အရေးက ချော်ထွက်စေမယ့် သက်ရောက်မှု များ ကိုလည်း ကြံ့ကြံ့ခံဖို့ လိုပါမယ်"လို့ဆိုပါတယ်။


လက်ရှိမှာ နွေဦးတော်လှန်ရေးဟာ စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပြီးတော့ စစ်ကောင်စီကိုလည်း ဘဏ္ဍာရေးပိတ်ဆို့မှုများလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၃။ မွန်ပြည်နယ် ရေးမြို့ထိတွေ့တိုက်ပွဲတွင် ရန်သူ့ဘက်ကအယောက်၄၀သေဆုံးပြီး ကားသုံးစီးဖြင့် စကစဘက်ကရုပ်အလောင်းများလာကောက်ယူ


အောက်တိုဘာ၂၁ရက်


မွန်ပြည်နယ် ရေးမြို့နယ်ထိတွေ့တိုက်ပွဲ တွင် ရန်သူ့ဘက်ကအယောက်၄၀သေဆုံးပြီး ကားသုံးစီးဖြင့် စကစဘက်ကရုပ်အလောင်းများလာကောက်ယူခဲ့တယ်လို့ အောက်တိုဘာ၂၁ရက်မနက်ပိုင်းမှာ ဒေါနစစ်ကြောင်းကအတည်ပြုဆိုပါတယ်။


တိုက်ပွဲဖြစ်စဉ်မှာရေးတံတားဂိတ်တွင်တိုးလာသည့် ရန်သူအင်အား (၁၀၀) အား  မိမိတို့ဘက်မှ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ မိမိတို့ဘက်မှ Sniper လက်နက်ကြီး၊ ချေမှုန်းတပ်ဖွဲ့များချည်းကပ်စတင်တိုက်ခိုက်ခဲ့ရာ စကစဘက်မှ လက်နက်ကြီး(၆၀ မမ၊ ၈၁ မမ ၊၄၀ မမ )နှင့် စက်လက်() လက်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ မိမိတို့ဘက်မှ ()ဦး ဝမ်းဗိုက်သို့ လက်နက်ကြီးစ ထိမှန်ကာ မစိုးရိမ်ဒဏ်ရာရရှိခဲ့ပြီး ရန်သူဘက်မှ(၁၈)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်လို့ဆိုပါတယ်။


ထို့နောက်ပူးပေါင်းတပ်ဖွဲ့များနှင့် ပြန်လည်ဆုတ်ခွာလာပြီး ဒဏ်ရာရရှိသူများအား ဆေးခန်းသို့ ပြန်လည်ပို့ဆောင်စဉ် ကျုံလောင်းရွှာနှင့် ဝဲပေါင်ကျေးရွာကြား ကားလမ်းဘေး ရာဘာခြံအတွင်းတွင် ကင်းပုန်း စောင့်ဆိုင်းခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရကာ မိမိတို့ လူနာသယ်ဆောင်လာ‌သော ကားနှင့်ဆိုင်ကယ် တစ်စီးအား စကစဘက်မှ လက်ဦးမှုယူကာ တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၁)ဦးရှိပြီး ()ဦးမှာစိုးရိမ်ရတယ်လို့ဆိုပါတယ်။


 ရန်သူဘက်မှ  (၂၇)ဦး သေဆုံးပြီး () ဦး မှာ ထွက်ပြေးသွားကြောင်းသိရှိရပါတယ်။


ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ သာလွန်အင်အားဖြင့် လက်နက်ငယ်၊ လက်နက်ကြီး(RPG)ပစ်အား နှင့် တိုက်စစ်ဗျူဟာ ကောင်းမွန်မှုကြောင့် ထိတွေ့ကြာချိန် မိနစ် (၃၀) ခန့်အကြာတွင်ကင်းပုန်းနေရာအား  သိမ်းဆည်းရမိလက်နက်များဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။


စကစ ခန့်မှန်းအင်အား (၆၀)ခန့် ကားသုံးစီးဖြင့် ကျုံလောင်းရွာဟောင်းဘက်မှ တက်လာခဲ့ပြီး စကစ အလောင်းများအားပြန်လည်ကောက်ယူ ဆုတ်ခွာသွားကြောင်း ဒေသခံများထံမှသိရှိရတယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ ပခုက္ကူမြို့နယ်, ညောင်ဂျစ်ပင်ကျေးရွားရှိ အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မဟာမိတ်အင်အားစုများပူးပေါင်း၍ Droneဖြင့်ဗုံးသီးချတိုက်ခိုက်


အောက်တိုဘာ၂၁ရက်


ပခုက္ကူမြို့နယ်, ညောင်ဂျစ်ပင်ကျေးရွားရှိ အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မဟာမိတ်အင်အားစုများပူးပေါင်း၍ Droneဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်းကိုအောက်တိုဘာ၂၁ရက်မှာ  MRTFကအတည်ပြုပါတယ်။


အောက်တိုဘာ၂၀ရက်နေ့လယ် (1:30) အချိန်တွင် ပခုက္ကူမြို့နယ်, ညောင်ဂျစ်ပင်ကျေးရွားရှိ အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို MRTF, သူရိန်, black ကော်ဘရာ, မြိုင်ပကဖ မဟာမိတ်အင်အားစုများပူးပေါင်း၍ Droneဖြင့်ဗုံးသီး (1.6kg) လေးလုံး,(1kg) တလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သား နှင့် ပျူ (ဖက်ဆစ် စစ်ကောင်စီဘက်တော်သား) () ယောက် ထိခိုက်တယ်လို့  သတင်းရှိခဲ့ရပါတယ်။


========================


📌📌 ၅။ Spring UAV Force G3မှ မောင်းသူမဲ့လေယာဥ်ငယ်WINTERကို စတင်မိတ်ဆက်


အောက်တိုဘာ၂၁ရက်


အောက်တိုဘာ၂၁ရက်မှာSpring UAV Force G3မှ အခုလိုအသိပေးဆိုထားပါတယ်။


"ကျနော်တို့ G-3 အဖွဲ့ရဲ့ အဖွဲ့၀င်အသစ်လေး  WINTER နဲ့မိတ်ဆက်ပေးပါရစေ။ အဖွဲ့၀င်အသစ် ဖြစ်တဲ့အတွက် experience အများကြီးမရှိသေးပေမယ့် အဖွင့်အနေနဲ့ကတော့ စကစတပ်ရင်းတွေကို အရင်ဦးဆုံး ထိတွေ့ပြီးခဲ့ပါပြီခင်ဗျ။ညီအစ်ကိုတွေဖြစ်တဲ့ CYCLONE နဲ့ TYPHOON ကတော့ တစ်လအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့ လုံခြုံပါတယ် ဆိုတဲ့ တပ်ရင်းတွေ အထိုင်စခန်းတွေကို ချဲထားခဲ့တာဖြစ်လို့ ဒီအစ်ကိုတွေရဲ့ ခြေရာကို နင်းနိုင်ဖို့ တစ်ဆင့်ချင်းကြိုးစားလာမှာဖြစ်လို့ ကျွန်တော်တို့ရဲ့ ပြည်သူတွေက အားပေးပြီး ကြိုဆိုပေးပါဦး"လို့ဆိုထားပါတယ်။


လက်ရှိမှာ စကစတပ်များဟာ ကာကွယ်ရေးတပ်ဖွဲ့များရဲ့ ဒရုန်းစစ်ဆင်ရေးနဲ့ မောင်းသူမဲ့လေယာဥ်ငယ်စစ်ဆင်ရေးတို့ကိုအလူးအလဲခံနေရပါတယ်။


========================


📌📌 ၆။ ဘီးလင်းမြို့၊ ဒေါက်ရပ်ကျေးရွာ နှင့် ခဲမောက်ကျေးရွာ တို့၏ ရွာချင်းဆက်လမ်းအား  အကြမ်းဖက် စစ်တပ်မှ ဘတ်ဖိုး မြေတူးစက် () စီး နှင့်အတူ လာရောက်ဖျက်ဆီး၍ ကာကွယ်ရေးတပ်များကပစ်ခတ်တိုက်ခိုက်


အောက်တိုဘာ၂၁ရက်


အောက်တိုဘာ၂၀ရက် ညပိုင်းမှာ ရွာချင်းဆက်လမ်းကိုစကစတပ်များက လာရောက်ဖျက်ဆီးခဲ့တာလို့ တောကျီးကန်းစစ်ကြောင်းကအသိပေးဆိုပါတယ်။


"မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဒေါက်ရပ်ကျေးရွာ နှင့် ခဲမောက်ကျေးရွာ တို့၏ ရွာချင်းဆက်လမ်းအား (၂၀) ရက်နေ့ညတွင် အကြမ်းဖက် စစ်တပ်မှ ဘတ်ဖိုး မြေတူးစက် () စီး နှင့်အတူ အမြှောက်တပ်မှ ပစ်ကူပေးပြီး လုံခြုံရေး အင်အားများစွာဖြင့် လာရောက်ဖျက်စီးသဖြင့် တောကျီးကန်းစစ်ကြောင်း နှင့် KNLA ပူးပေါင်းတပ်များမှာ သွားရောက်တိုက်ခိုက် () နာရီခွဲတွင် လက်နက်ကြီးများ သွားရောက်ပစ်ခက်ရှင်းလင်း မောင်းထုတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိတွေ့မှုမှာစကစ တို့၏ ထိခိုက်ကျရှုံးမှု အတိကျမသိရသေးဘဲတော်လှန်ရေးတပ်သားများ ထိခိုက်ဒဏ်ရာ မရှိခဲ့ဘူးလို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment