24th OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူလူထုရဲ့ အရှိန်အဟုန်မပျက် ဆက်လက်လိုက်ပါ ထောက်ကူမှုက လျော့ကျမသွားတာ မြင်ရလို့ စိတ်ခွန်အားတိုးရတယ်လို့ စီမံ၊ဘဏ္ဍာဝန်ကြီးပြောကြား

📌 ၂။ စစ်ကောင်စီက စစ်သားများကို ပေးသောထမင်းထုပ်များသည် ရက်လွန်ထမင်းထုပ်များဖြစ်သည်ကို တွေ့ရဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြောကြား

📌 ၃။ မော်လိုက်တွင် သောင်တင်နေသော သင်္ဘောကိုဆယ်ယူရန်ကြိုးစားနေသည့် စစ်တပ်နှင့် PDF တို့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်အုပ်စုဘက်မှ သေဆုံးမှုများ

📌 ၄။ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်သား သုံးဦးအားပစ်ခတ်ရာ တစ်ဦးသေဆုံး၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

📌 ၅။ မြိတ်မြို့နယ်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းအားတော်လှန်ရေးအဖွဲ့များ တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၁၃ ဦးသေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့

📌 ၆။ ကျိုက်ထိုအခြေစိုက် ခြေလျင်တပ်ရင်းက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတဦး ဒဏ်ရာရ

📌 ၇။ ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူလူထုရဲ့ အရှိန်အဟုန်မပျက် ဆက်လက်လိုက်ပါ ထောက်ကူမှုက လျော့ကျမသွားတာ မြင်ရလို့ စိတ်ခွန်အားတိုးရတယ်လို့ စီမံ၊ဘဏ္ဍာဝန်ကြီးပြောကြား


အောက်တိုဘာ၂၄။


ပြည်သူလူထုရဲ့ အရှိန်အဟုန်မပျက် ဆက်လက်လိုက်ပါ ထောက်ကူမှုက လျော့ကျမသွားတာ မြင်ရလို့ စိတ်ခွန်အားတိုးရတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိူင်က အောက်တိုဘာလ ၂၃ ရက်နေ့မှာ လူမှုကွန်ယက် စာမျက်နှာကနေတဆင့် ပြောဆို လိုက်ပါတယ်။


နွေဦးပြင်ဦးလွင် (Spring Pyin Oo Lwin) ရဲ့ ပထမခြေလှမ်းဖြစ်တဲ့ ဖက်ဒရယ်စမ်းရေ (Federal Spring) စီမံကိန်း စတင်ဆောင်ရွက်တဲ့ အချိန်က အရင်စီမံကိန်းတွေလောက် အောင်မြင်ပါ့မလားလို့ ပူပန်စိတ် ဖြစ်မိတယ် လို့ဆိုပါတယ်။


ဒီအထိ တောင့်ခံအားတင်း လိုက်ပါလာတဲ့ တော်လှန်ပြည်သူတွေရဲ့ ပြတ်သားခိုင်ကျည်တဲ့ သန္နိဋ္ဌာန်ကို ယုံမှားသံသယနည်းနည်းမှ မရှိပေမယ့် ငွေအား၊ လူအား နွမ်းနယ်ပင်ပမ်း လာနေကြတာလဲ လက်တွေ့ပဲမလို့မပူဘဲ မနေနိုင်အောင် ဖြစ်မိတာပါလို့ ဝန်ကြီးက ပြောပါတယ်။


ဒါပေမယ့် အောက်တိုဘာလ ၂၃ ရက်နေ့ထိတွင် ဖက်ဒရယ်စမ်းရေ စီးဆင်းမှုက ဒေါ်လာ () သန်း ကျော်သွားပြီလို့ သိရကြောင်း ဆိုပါတယ်။


တော်လှန်ရေးရဲ့ အလှုပ်အခတ်၊ အရွေ့အတိုးကလဲ တနေ့ထက်တနေ့ အောင်ပွဲရရှိမှုတွေနဲ့ အတူ ပန်းတိုင်နဲ့ နီးသထက်နီးလာတာကို မြင်တွေ့ကြားသိနေရချိန်မှာ ပြည်သူလူထုရဲ့ အရှိန်အဟုန်မပျက် ဆက်လက်လိုက်ပါ ထောက်ကူမှုက လျော့ကျမသွားတာကို မြင်ရလို့ စိတ်ဓါတ်ခွန်အား တိုးရပါတယ် လို့ ဝန်ကြီး ဦးတင်ထွန်းနိူင်က ထပ်လောင်းပြောပါတယ်။


တကယ်တော့.. တော်လှန်ရေးပြည်သူတွေရဲ့  ခံနိုင်ရည်ရှိမှုနဲ့ မဆုတ်မနစ် ဇွဲနဘဲကြီးမှု ကြောင့်သာ အခုလို လွတ်မြောက်ရာလမ်းက ပွင့်လန်းပေါ်ထွန်းလာတာပါ..” လို့လည်း ဝန်ကြီးက ထည့်သွင်း ပြောဆိုထားပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီက စစ်သားများကို ပေးသောထမင်းထုပ်များသည် ရက်လွန်ထမင်းထုပ်များဖြစ်သည်ကို တွေ့ရဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြောကြား

 

KIA က သိမ်းယူခဲ့သော အောင်ဂျာစစ်မြေပြင်သို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်သွားရောက်ခဲ့ရာမှာ စစ်ကောင်စီက စစ်သားတွေကို လေကြောင်းကနေချပေးသောထမင်းထုပ်များမှာ ရက်လွန်ထမင်းထုပ်များဖြစ်နေတာကို တွေ့ရှိခဲ့ ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

စစ်ကောင်စီတပ်စခန်းတခုဖြစ်တဲ့ မိုးမောက်မြို့နယ်က အောင်ဂျာစစ်စခန်းကို KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ အောက်တိုဘာလ ၂ဝ ရက်နေ့က တိုက်ခိုက်သိမ်းသိုက်ခဲ့ပြီး နောက် ရက်အကြာမှာ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်သွားရောက်ခဲ့တာပါ။

 အဲဒီလိုသွားရောက်ခဲ့တာမှာ စစ်မြေပြင်ကအပြန်အတွေးဆိုတဲ့ ခေါင်းစဉ်နဲ့ စာစုတခုကို လက်ရေးမူနဲ့ မှတ်စုစာအုပ် မှာရေးသားပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အောက်တိုဘာ ၂၃ ရက်နေ့ညမှာ ဖော်ပြလိုက်တာပါ။

ကိုယ့်ရဲဘော်တွေကို အားပေးဖို့သွားတာ။ စကစ က လေကြောင်းကနေချပေးတဲ့ ထမင်းကြော်ထုပ်ရဲ့ နေ့စွဲမှတ်တမ်းကိုကြည့်တော့ ၁၈..၂၀၂၁ တဲ့။ ဒီ ထမင်းကြော်ထုတ်ရရှိခဲ့တဲ့ စကစ စစ်သည် (နောက်ဆုံးအချိန်မှာ) ဘယ်လိုများခံစားခဲ့ရမလဲလို့ အပြန်ခရီးမှာ တွေးနေမိပါတော့တယ်လို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ရေးသားတားပါတယ်။  

အောင်ဂျာစစ်စခန်းကို မသိမ်းပိုက်မီ အောက်တိုဘာလ ၁၉ ရက်နေ့မှာ စစ်ကောင်စီက လေယာဉ်အသုံးပြုပြီး လေထီး တွေအသုံးပြုကာ ရိက္ခာနဲ့ခဲယမ်းတွေ ချပေးသွားတာရှိတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ မော်လိုက်တွင် သောင်တင်နေသော သင်္ဘောကိုဆယ်ယူရန်ကြိုးစားနေသည့် စစ်တပ်နှင့် PDF တို့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်အုပ်စုဘက်မှ သေဆုံးမှုများ


စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်က ချင်းတွင်းမြစ်ထဲမှာ သောင်တင်နေတဲ့ သင်္ဘောကိုဆယ်ယူရန်ကြိုးစားနေသော စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်အုပ်စုဘက်က သေဆုံးမှုများစွာရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့က ဖောင်းပြင်မြို့ကနေ သစ်တွေထင်ထားတဲ့ စစ်တပ် ဖလပ်ခွံသင်္ဘော စင်း ချင်းတွင်း မြစ်အတိုင်း စုန်ဆင်းလာခဲ့ရာမှာ မော်လိုက်မြို့နယ် သဝန်မှုကြီးကျေးရွာအနီး ရေလက်ကြားမှာ ဖလပ်သင်္ဘောတစင်း သောင်တင်ခဲ့တာလို့ သိရပါတယ်။ 

ဖလပ်သင်္ဘောတစင်းသောင်တင်သွားတဲ့အတွက် ကျန်ရေယာဉ် စင်းဟာ ဆက်လက်စုန်ဆင်းတာမရှိဘဲ သဝန်မှုံကြီး တောင်ပေါက်အနီးမှာ စခန်းချခဲ့တယ်လို့ဆိုပါတယ်။

အဲဒီသောင်တင်နေတဲ့သင်္ဘောကို ဆယ်ယူဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၂ဝ ရက်နေ့မှာ သဝန်ကျေးရွာဘက်ကိုတက်လာတဲ့အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာမှာ စစ်သား ဦး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ မော်လိဒ်က အသိပေးထားပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၂ ရက်နေ့မှာလည်း သဝန်မှုံကြီးကျေးရွာ တောင်ပေါက်အနီးမှာ ရပ်နားထားတဲ့ ဖလပ်သင်္ဘော စင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာမှာ စစ်တပ်ဘက်က ၂ဝ ဦးထက်မနည်းသေဆုံးသွားခဲ့ပြီး ၁၅ ဦးခန့် ဒဏ်ရာရသွားတဲ့အပြင် ဖလပ်ခွံသင်္ဘောတစင်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အထိနာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ အောက်တိုဘာလ ၂၃ ရက်နေ့မှာ သောင်တင်နေတဲ့ဖလပ်ခွံသင်္ဘောကို စွန့်ပစ်ထားခဲ့ပြီး မီးလောင်ပျက်စီးသွားတဲ့ ဖလပ်ခွံသင်္ဘောကို နောက်တွန်းသင်္ဘောနဲ့ဆွဲယူကာ သစ်တင်ထားတဲ့ ဖလပ်ခွံသင်္ဘော စင်းအတူ မော်လိုက်မြို့ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်သား သုံးဦးအားပစ်ခတ်ရာ တစ်ဦးသေဆုံး၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ


အောက်တိုဘာ ၂၃။


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်သား သုံးဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း မုံရွာခရိုင် PDFတပ်ရင်း (၂၇) တပ်ခွဲ () - သလ္လာဝတီကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ၂၃ရက် မနက် နာရီခန့်က မုံရွာမြို့နယ်၊ ကျောက်ဆစ်ပုံကျေးရွာ အခြေစိုက် အမတ (၅၀၈) အမြောက်တပ်မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းမှ နောက်ချန် စစ်သား သုံးဦးအား ခြုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သလ္လာဝတီကာကွယ်ရေးတပ်က ဆိုပါတယ်။


မဟာမိတ်တွေနဲ့ အတူကင်းပုန်းဝပ်ပြီး တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား တစ်ယောက်ကို အရှင်ဖမ်းမိပြီးမှ ပြန်လည်ခုခံဖို့လုပ်ရင်း သေဆုံးသွားခဲ့ကာ နှစ်ယောက်ကတော့ ပြန်လည်ပစ်ခတ်ရင်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။


၎င်းထံမှ (MA-1) တစ်လက်၊ ကျည် (၂၀၀) ကျော်၊ ရိုင်ဖယ်တပ် ဗုံးသီးတစ်လုံး၊ (၆၀) မမတစ်လုံး၊ ကျည်ဘောက်ပို နှစ်ခု၊ ကျည်ကာပြား ဝတ်ဆုံတစ်ထည်၊ ဖုန်းတစ်လုံး သိမ်းဆည်းရခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ပြည်သူ့ကာကွယ်ရေး ရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားရဲ့ ရုပ်အလောင်းကို စစ်စည်းကမ်းနှင့်အညီ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း သလ္လာဝတီကာကွယ်ရေးတပ်က အသိပေးထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကို သလ္လာဝတီ ကာကွယ်ရေးတပ်၊ တိုက်တန်း ကာကွယ်ရေးတပ်နှင့် မိုးဟိန်း ကာကွယ်ရေးတပ်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ မြိတ်မြို့နယ်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းအားတော်လှန်ရေးအဖွဲ့များ တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၁၃ ဦးသေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့


အောက်တိုဘာ ၂၃။


မြိတ်မြို့နယ်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းအား ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၁၃ ဦးသေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိတ် (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


အောက်တိုဘာ ၂၀ ရက်နေ့ နံနက် နာရီခွဲခန့်က မြိတ်-တနင်္သာရီ လမ်းပိုင်းရှိ တုံးဗျောကြီး စစ်တပ်ရှေ့တန်းစခန်းအား မြိတ် (ပကဖ) တနင်္သာရီ (ပကဖ) နှင့် KNDO တပ်ရင်း () စတဲ့ ပူးပေါင်းစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မနက် နာရီခွဲအထိ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


နှစ်နာရီခန့် ကြာသော အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြိတ် (ပကဖ) က အသိပေးထားပါတယ်။


အဆိုပါ တပ်စခန်းကို သိမ်းနိုင်လု ခြေအနေရောက်ပြီးမှ ကျည်နှင့်ခဲယမ်း နည်းလာသဖြင့် မသိမ်းနိုင်ခဲ့ခြင်း ဖြစ်တယ်လို့ မြိတ် (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။


ထို့အပြင် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ နာရီတွင် ငါးရံ့အင်းကျေးရွာ အနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများပြီး ပူးပေါင်းစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ၎င်းက ဆက်ပြောထားပါတယ်။


========================


📌📌 ၆။ ကျိုက်ထိုအခြေစိုက် ခြေလျင်တပ်ရင်းက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတဦး ဒဏ်ရာရ


ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ ၄၄ လက်အောက်ခံ အမှတ် ခြေလျင်တပ်ရင်းက လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတဦး ကျည်စထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ နာရီခွဲခန့်အချိန်က ကျိုက်ထိုမြို့နယ် လက်ပံပင်ရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဟာ တပ်စခန်းကနေပြီး ပျဉ်းတိုးကုန်းကျေးနယ် မဲရုံးလေးရွာဘက်ကို လက်နက်ကြီး လုံး ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီကျ‌ည်တွေဟာ မဲရုံးလေးရွာထဲကိုကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၂၇ နှစ်အရွယ်အမျိုးသမီး တဦး ကျည်စထိမှန်ခဲ့တာလို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ကင်းစခန်းတွေက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့စေရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အရပ်သားပြညသူတွေနေထိုင်ရာ ကျေးရွာ တွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာမှာ ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နေ့ကလည်း အရပ်သားအလုပ်သမား ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်မှာ တပ်မ ၄၄ အခြေစိုက်ပြီး လက်အောက်ခံတပ်တွေဖြစ်တဲ့ အမှတ်- ၃၁ဝ အမြောက်တပ်၊ အမှတ် ၆ဝ၂ အမြောက်တပ်၊ ခလရ-၂၊ခလရ ၂ဝ၇ တပ်တွေအပြင် ရဲစခန်းတွေမှာအထိုင်ချနေတဲ့ စစ်ကောင်စီ တပ်တွေက အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ထိခိုက်သေဆုံးမှု၊ ကျောင်း၊ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနဲ့လူနေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေရှိနေ တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့


အောက်တိုဘာ ၂၃


စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာ ရွာမှ စစ်ဘေးရှောင် ပြည်သူများကို အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေး အဖွဲ့က ဆိုပါတယ်။


အောက်တိုဘာလ ၂၃ ရက် နေ့တွင် ဝက်လက်မြို့နယ် အတွင်းရှိ ထန်းကြီးရွာ၊ ကျောင်းဖြူရွာနှင့် ပဲ့သူကြီးရွာမှ စစ်ဘေးရှောင်ပြည်သူ ၁၅၀ ကျော်ကို အရေးပေါ် စားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်၊ အသားတု၊ ယမ်ယမ် ခေါက်ဆွဲခြောက်များနှင့် ရှုးရှဲလက်ဖက် စသည်တို့ကို ကူညီထောက်ပံ ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါ ထောက်ပံမှုကို ပြည်တွင်း၊ ပြည်ပ အလှူရှင်များရဲ့ ထောက်ပံကူညီမှုဖြင့် သွားရောက် လှူဒါန်း ပေးခဲ့တာ ဖြစ်တယ်လို့ အဆိုပါ ထောက်ပို့ရေး အဖွဲ့က ဆိုပါတယ်။


အဆိုပါ သွားရောက်လှူဒါန်းမှုကို ဘေးအန္တရာယ် ကင်းစေဖို့ နန်းတက်မင်းတပ်ဖွဲ့ နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များက လုံခြုံရေး လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment