24thOCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တနင်္သာရီ .က. ရဲ့ မွမ်းမံစစ်သင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးမှ သဝဏ်လွှာ ပေးပို့

📌 ၂။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကို မကြာခဏ ခံနေရတဲ့ ကျောက်ကြီး ဒေသခံများအား လက်နက်ကြီးနှင့် လေကြောင်းရန် ကာကွယ်ရေး သင်တန်းပေး

📌 ၃။ စစ်ဘေးနှင့်ရေဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ရသော ဒေသခံများ၏ စပါးခင်းများကို PDF များက ရိတ်သိမ်းပြီး ပိုင်ရှင်များထံပို့ဆောင်

📌 ၄။ အိမ်အလှူတော်အစီအစဉ်မှ အိမ်အလုံးတစ်ထောင်ပြည့်ပြီဟု S&C အဖွဲ့ပြော

📌 ၅။ ဆားလင်းကြီးတွင် တော်လှန်ရေးအနုပညာ ရံပုံငွေ ဖျော်ဖြေပွဲပြုလုပ်

📌 ၆။ မြင်းမူနှင့်မြောင်မြို့နယ်တို့တွင် အထိုင်ချတပ်စွဲနေ‌သော စစ်ကောင်စီတပ်ဖွဲ့များကို ဒရုန်းဖြင့်တိုက်ခိုက်

📌 ၇။ မင်းလှမြို့နယ် ဧကနှစ်ရာ ကျွန်းစိုက်ခင်းအနီး PDFနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်

📌 ၈။  လမ်းလုံခြုံရေးဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့ကို စစ်တပ်က အမြောက်နှင့်ပစ်၊ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာမှ စစ်သား ၄ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တနင်္သာရီ .က. ရဲ့ မွမ်းမံစစ်သင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးမှ သဝဏ်လွှာ ပေးပို့


အောက်တိုဘာ ၂၃။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့  စိုးမိုးနယ်မြေ တစ်နေရာမှာ မွမ်းမံ စစ်သင်တန်း သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ Tanintharyi Defense Guerrilla Force က သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ (၂၀) ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အဆိုပါ သင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က သဝဏ်လွှာ ပေးပို့ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ဖတ်ကြားခဲ့ပါတယ်။


ထို့နောက် မြို့နယ် .က. စစ်ရေး တာဝန်ခံမှအမှာစကား ပြောကြားခဲ့ပြီး စစ်သည်တော်တွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေနဲ့ လုပ်ဆောင်ရမယ့် တာဝန် ဝတ္တရားတွေကို သင်တန်းဆင်း ရဲဘော်တွေအား ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် သင်တန်းဆင်းရဲဘော်တွေက သစ္စာအဓိဌာန်ဆိုတာ၊ စစ်ရေးပြချီတက်တာ၊ တပ်ဖွဲ့အလံကိုအလေးပြုတာတွေ ပြုလုပ်ခဲ့ကြပြီး ပြည်သူတွေမှ ပန်းကုံးတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကို မကြာခဏ ခံနေရတဲ့ ကျောက်ကြီး ဒေသခံများအား လက်နက်ကြီးနှင့် လေကြောင်းရန် ကာကွယ်ရေး သင်တန်းပေး


အောက်တိုဘာ ၂၃။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ() ညောင်လေးပင်ခရိုင် ကျောက်ကြီး (လယ်ဒို) မြို့နယ်ရှိ ဒေသခံပြည်သူများကို လေကြောင်းရန်နှင့် လက်နက်ကြီးရန် ကာကွယ်ရေးဆိုင်ရာ သင်တန်းပို့ချခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကို မကြာခဏခံနေရတဲ့ ကျောက်ကြီး (လယ်ဒို) မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်နေရသော ကျေးရွားများမှ ပြည်သူများကို KNU လယ်ဒိုမြို့နယ် ကျန်းမားရေးဌာန၊ Free Burma Ranger (FBR) နှင့် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့တို့မှ ပူးပေါင်းပြီး ကူညီရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေရင်း အထက်ပါ သင်တန်းကို ပို့ချပေးခဲ့တာ ဖြစ်ပါတယ်။


အောက်တိုဘာ ၁၈ ရက်မှ စတင်ကာ ကျန်းမားရေးကူညီစောင့်ရှောင်မှုများနှင့် လိုအပ်နေသော စားနပ်ရိက္ခာများကို ထောက်ပံ့ပေးခဲ့ပြီး လက်နက်ကြီးဘေးနှင့် လေယာဉ်ပျံဘေးမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သင်တန်းများ ပို့ချသင်ကြားပေးလျက်ရှိကြောင်း KNU ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ထိုခရီးစဉ်အတွင်း လိုအပ်သည့် စားနပ်ရိက္ခာများနှင့် ဆေးဝါးများကို Free Burma Ranger (FBR) အဖွဲ့မှ အဓိကထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။


ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို မကြာခဏ လုပ်ဆောင်လျက်ရှိပြီး ယခုလအတွင်းမှာလည်း ဒေသတွင်း ကျေးရွာများကို တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်မှု နေအိမ်ပျက်စီးမှုနှင့် အိမ်မွေးတိရိစ္ဆာန် ထိခိုက်သေဆုံးမှုများ ရှိခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ဘေးနှင့်ရေဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ရသော ဒေသခံများ၏ စပါးခင်းများကို PDF များက ရိတ်သိမ်းပြီး ပိုင်ရှင်များထံပို့ဆောင်


အောက်တိုဘာ ၂၃။

ကရင်နီ ကယားပြည်နယ်အတွင်း စစ်ဘေးနှင့်ရေဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ကြရတဲ့ ဒေသခံတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို PDF များက ရိတ်သိမ်းပြီး ပိုင်ရှင်များထံပို့ဆောင်ပေးခဲ့တယ်လို့ Moebyae Local PDF က အသိပေးထုတ်ပြန်လိုက်ပါတယ်။


မိုးဗြဲမြို့နယ်အတွင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ထပ်မံပြီး နေရာရွှေပြောင်းနေထိုင်ခဲ့ရတာကြောင့် စပါးခင်းတွေကို ရိတ်သိမ်းနိုင်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော် PDF တွေက စပါးခင်းအချို့ကို ရိတ်သိမ်းပေးခဲ့ပြီး စပါးခင်းပိုင်ရှင်တွေဖြစ်တဲ့ စစ်ဘေးရှောင်တောင်သူတွေထံ ပို့ဆောင်ပေးခဲ့တာလို့ Moebyae Local PDF ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ Moebyae Local PDF အနေနဲ့ ပြည်သူနဲ့ တသားတည်းရှိပြီး အရေးတော်ပုံအောင်တဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ 


ပြီးခဲ့တဲ့ရက်ပိုင်းက မိုးဗြဲမြို့နယ်အတွင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အပြင် မိုးဗြဲရေကာတာကိုလည်း စစ်ကောင်စီတပ်က အဆမတန်ဖွင့်ချခဲ့တာကြောင့် မိုးဗြဲမြို့အနီးတဝိုက်နဲ့ တောင်ဘက်တကြောမှာရှိတဲ့ ရိတ်သိမ်းခါနီးလယ်တွေ ရာနဲ့ချီပြီး ရေနစ်ပျက်စီးခဲ့ရပါတယ်။ ဒါအပြင် ဘီလူးချောင်းတလျှောက်မှာနေထိုင်ကြရတဲ့ စစ်ဘေးရှောင် ၁၅၀၀ခန့်ဟာလည်း ထပ်မံရွှေ ပြောင်းနေထိုင်ခဲ့ရပါတယ်။


========================


📌📌 ၄။ အိမ်အလှူတော်အစီအစဉ်မှ အိမ်အလုံးတစ်ထောင်ပြည့်ပြီဟု S&C အဖွဲ့ပြော


အောက်တိုဘာ ၂၃။ 

ရွှေဘိုခရိုင်နှင့် မုံရွာခရိုင်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ထောင်စုများအတွက် နေအိမ်များဆောက်လုပ်ပေးလျက်ရှိရာ မကြာမီ အိမ်အလုံးတစ်ထောင်ပြည့်မှာဖြစ်တယ်လို့ S&C စစ်ဘေး၊ မီးဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။


S&C စစ်ဘေး၊ မီးဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ဟာ ရွှေဘိုခရိုင်ထဲက ရွှေဘို၊ ဒီပဲယင်း၊ ရေဦးနဲ့ မုံရွာခရိုင်ထဲက အကြမ်းဖက်စစ်တပ်တွေ မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရတဲ့ကျေးရွာတွေက အိမ်ထောင်စုတွေကို နေအိမ်တွေ ပြန်လည်ဆောက်လုပ်ပေးနေတာဖြစ်ပါတယ်။ အိမ်တစ်လုံးကုန်ကျစရိတ်ဟာ စတင်ဆောက်လုပ်ပေးခဲ့ချိန်က ကျပ်၂သိန်းသာ ကုန်ကျပေမယ့် နောက်ပိုင်းမှာ ကုန်စျေးနှုန်းတွေ တက်လာတာကြောင့် လက်ရှိမှာ အိမ်တစ်လုံးကုန်ကျစရိတ်ဟာ ကျပ်၂သိန်းခွဲဝန်းကျင်ရှိတယ်လို့ S&C အဖွဲ့တာဝန်ခံကိုစိုးမိုးအောင်က Radio NUG ကိုပြောပါတယ်။


စတင်ဆောက်လုပ်ချိန်တုန်းကတော့ ၂သိန်းပေါ့။ ၂သိန်းကနေ ကုန်ဈေးနှုန်းတွေ နည်းနည်းတက်လာတော့ ၂သိန်း၃သောင်းဖြစ်တယ်ပေါ့။ ခုနောက်ပိုင်းကတော့ ၂သိန်းခွဲဝန်းကျင်လောက်ကျနေပြီပေါ့နော်။ အိမ်အလုံးတစ်ထောင်ကလည်း ကျွန်တော်တို့ ပြည့်နေပြီပေါ့နော်။ အလှူခံထားတာနဲ့ဆိုရင် ကျွန်တော်တို့ အလှူငွေအရပြည့်သွားပြီ။ မြေပြင်မှာ ၉၆၇လုံး ဆောက်လုပ်ပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ နောက်ထပ် ၃၇လုံးပဲ ၃၇လုံးကလည်း လက်ရှိမြေပြင်မှာ ဆောက်နေပါတယ်။ ဒီလထဲကိုပြီးဖို့မျှော်လင့်ထားပါတယ်။


ယခုဆောက်လုပ်နေသော အိမ်အလှူတော်စီမံကိန်းပြီးပါက အလွယ်တကူရွှေ့ပြောင်းဆောက်လုပ်နိုင်သော ရွှေ့လျားအိမ်များ ဆောက်လုပ်ရန်စီစဉ်ထားတယ်လို့လည်း သိရပါတယ်။


S&C စစ်ဘေး၊ မီးဘေး ပညာရေးကူညီ စောင့်ရှောက်ရေးအဖွဲ့ဟာ ယခု နှစ်ဆန်းပိုင်းကစပြီး မီးဘေးသင့် အိမ်ထောင်စုများကို နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးနေသလို စစ်ဘေးရှောင်အိမ်ထောင်စုများကို စားနပ်ရိက္ခာများ လှူဒါန်းခြင်း၊ အလှူရှင်များ၏ထောက်ပံ့မှုဖြင့် စစ်ဘေးသင့် မီးဘေးသင့်ကလေးငယ်များကို ပညာရေးသင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို လုပ်ဆောင်ပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။


========================


📌📌 ၅။ ဆားလင်းကြီးတွင် တော်လှန်ရေးအနုပညာ ရံပုံငွေ ဖျော်ဖြေပွဲပြုလုပ်


အောက်တိုဘာ ၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်တွင် သပိတ်ကော်မတီဝင်များက ကျေးရွာများသို့ သွားရောက်ပြီး တော်လှန်ရေးအနုပညာ ရံပုံငွေဖျော်ဖြေပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ၂၃ ရက်နေ့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီက သွားလာရေး ခက်ခဲနေတဲ့ကြားမှ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို သွားရောက်ပြီး အဆို၊ အက များဖြင့် တော်လှန်ရေး ရံပုံငွေပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


"ပျော်ရွှင်နေလို့ ပြုလုပ်ရတဲ့ပွဲ မဟုတ်ပါ။ တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ နိုင်ရာတာဝန်ကို ထမ်းရွက်ရင်း စစ်ရှောင် မီးဘေး အစရှိသည့် နေရာတို့တွင် အသုံးပြုဖို့ ပြုလုပ်ရခြင်း ဖြစ်ပါတယ်" ဟု ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီက ပြောပါတယ်။


အဆိုပါ ရံပုံငွေပွဲကို ကျေးရွာ တာဝန်ရှိသူများက လုံခြုံရေးယူပေးခဲ့ကြောင်း သိရပါတယ်။


ထို့အပြင် ပြည်သူတစ်ယောက်ချင်းစီ အနေဖြင့်လည်း နိုင်ရာတာဝန်ကို ထမ်းရင်း တော်လှန်ရေး ပန်းတိုင်ကို ရဲရဲလျှောက်လှမ်း ပေးကြရန် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီက တိုက်တွန်းထားပါတယ်။


========================


📌📌 ၆။ မြင်းမူနှင့်မြောင်မြို့နယ်တို့တွင် အထိုင်ချတပ်စွဲနေ‌သော စစ်ကောင်စီတပ်ဖွဲ့များကို ဒရုန်းဖြင့်တိုက်ခိုက်


အောက်တိုဘာ ၂၃။ 

စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့နယ်နဲ့ မြောင်မြို့နယ်တွေမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ် CDSOM အဖွဲ့က ပြောပါတယ်။


အောက်တိုဘာလ ၂၁ ရက်နေ့က မြင်းမူမြို့နယ်နဲ့ မြောင်မြို့နယ်တွေမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို Shar Htoo WAW နည်းပညာသုံး မောင်းသူမဲ့လေယာဉ်တွေနဲ့ ဝေဟင်စစ်ဆင်ရေး ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။


မြင်းမူမြို့နယ် ဂွေးပင်တောအနီးမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မောင်းသူမဲ့လေယာဉ် စင်းအသုံးပြုကာ ဗုံးသီး ၈လုံး ကြဲချတိုက်ခိုက်တာမှာ ဗုံးသီး လုံးဟာ ပစ်မှတ်နေရာကို ထိထိမိမိ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အသိပေးထားပါတယ်။ အဲဒီအထိုင်စခန်းကို မောင်းသူမဲ့လေယာဉ်တွေနဲ့ အချိန် နာရီခွဲကြာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။


အဲဒီနေ့ ညနေပိုင်းမှာတော့ ကျောက်ရစ်ရဲစခန်းမှာ အထိုင်ချတပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မောင်းသူမဲ့ လေယာဉ်အသုံးပြုပြီး ဗုံးသီး လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုတွေကို မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ -CDSOM 001 Drone Team စစ်ကိုင်းခရိုင် တပ်ရင်း၆ တပ်ခွဲ မြောင်မြိုနယ် .. ဖ၊ မြင်းမူမြိုနယ် .က.ဖ၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ Sintkhaing Revolution Force စဥ့်ကိုင် .ကဖ Wild Bird ကောလင်း အဖွဲတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ မြောင်မြို့နယ် CDSOM အဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ မင်းလှမြို့နယ် ဧကနှစ်ရာ ကျွန်းစိုက်ခင်းအနီး PDFနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်


အောက်တိုဘာ ၂၃။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမ အတွင်းရှိ ဧကနှစ်ရာ ကျွန်းစိုက်ခင်းအနီးတွင် PDF နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ က သတင်းထုတ်ပြန်ထားပါတယ်။


ပြည်သူ ဦးကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ အင်အား ၂၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ တို့ဟာ အောက်တိုဘာ ၂၂ရက် မနက် ၉နာရီခွဲက ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။


တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သား ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့ပြီး အဲဒီစစ်သားကို အရသယ်ကာ တပ်ဆုတ်သွားတယ်လို့ သိရပါတယ်။


========================


📌📌 ၈။  လမ်းလုံခြုံရေးဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့ကို စစ်တပ်က အမြောက်နှင့်ပစ်၊ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာမှ စစ်သား ၄ဦးသေဆုံး


အောက်တိုဘာ ၂၃။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှာရှိတဲ့ အပြင်စခန်းကြီးကျေးရွာအနီးမှာ လမ်းလုံခြုံရေးဆောင်ရွက်နေတဲ့ KNLA နဲ့ PDF ပူးပေါင်းအဖွဲ့ကို စစ်ကောင်စီတပ်တွေက အမြောက်နဲ့ပစ်ခတ်ခဲ့တာကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာမှာ စစ်သား ၄ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး စစ်ဒေသခွဲ- တောင်ပိုင်းတိုင်းက အသိပေး ထုတ်ပြန်ထားပါတယ်။ 


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အောက်တိုဘာလ ၂၂ ရက်နေ့ မနက် နာရီခန့်အချိန်မှာ အပြင်စခန်းကြီးရွာအနီးက မော်လမြိုင်- ရေး-ထားဝယ် အမှတ် ပြည်ထောင်စုလမ်းမကြီးမှာ လုံခြုံရေးရယူစစ်ဆေးနေချိန် မနက် ၁၀ နာရီ ခွဲခန့်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အမြှောက်နဲ့ ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ လုံး ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ 


ခုလိုတိုက်ခိုက်ခံရတဲ့အတွက် ပူးပေါင်းအဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ပြီး အပြင်စခန်းကြီးရွာအနီးက ဘုရားကုန်းမှာ တပ်ဖြန့်ပြီး စောင့်ဆိုင်းနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဝ ခန့် ချဉ်းကပ်လာတဲ့အတွက် တိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်။ ၁၀ မိနစ်ခန့်ကြာတဲ့ ဒီတိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်သား ဦးခန့်သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘူးလို့ ဒုစစ်ဒေသခွဲမှူးရုံး စစ်ဒေသခွဲ- တောင်ပိုင်းတိုင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


မော်လမြိုင်-ရေး-ထားဝယ် အမှတ် ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနဲ့ ခရီးသွား ပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် KNLA PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးရယူ စစ်ဆေးဆောင်ရွက်တာတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာသွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ KNLA PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါမှာ ကြည်ဖြူစွာလက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေ တင်ဆောင်တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေကလည်း ကြည်ဖြူစွာအစစ်ဆေးခံဖို့ တိုက်တွန်းထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment